Twitter / @AriesaSandino
အေျခခံပညာေက်ာင္းတစ္ခုမွာ ေက်ာင္းသူေလးတစ္ေယာက္ဟာ ခရစ္စမတ္ဒီဇုိင္းပုံစံ ဆံပင္နဲ႔ေက်ာင္းကို ေရာက္လာတဲ့အတြက္ ေက်ာင္းအာဏာပုိင္ေတြက သူမကို ဒီ,ဒီဇုိင္းကုိဖ်က္မလား၊ မဟုတ္ရင္ အိမ္ျပန္မလားဆုိၿပီး အက်ပ္ကိုင္ ၿခိမ္းေျခာက္ခဲ့ပါသတဲ့။ ေက်ာင္းသူေလးအမည္ကေတာ့ Poppy Leigh ျဖစ္ၿပီး အသက္(၁၃)ႏွစ္ ျဖစ္ပါတယ္။
သူမဟာ Manchester Health Academy ေက်ာင္းတြင္း ခရစ္စမတ္အႀကိဳပြဲကို ဒီပုံစံနဲ႔ တမူထူးျခားစြာ သြားေရာက္ခဲ့တာျဖစ္ၿပီး၊ ေက်ာင္းတာဝန္ရွိသူေတြက ဒီပုံစံအတုိင္း ေက်ာင္းတြင္း ဝင္ေရာက္ခြင့္ မေပးဘူးလုိ႔ ဆုိခဲ့တာပါ။ Poppy ဟာ ဒီလုိဒီဇုိင္းကိုရရွိဖုိ႔အတြက္ ေရဘူးအလြတ္တစ္လုံးကို ဉာဏ္ေကာင္းစြာ အသုံးျပဳထားတာပါ။
မိခင္ျဖစ္သူ Christie က “ ကၽြန္မ သိပ္ကုိ စိတ္ထိခိုက္ရတယ္ … ဒါက ခရစ္စမတ္ကိုေဖာ္က်ဴးထားတာ သက္သက္ပါ …. အေပ်ာ္သေဘာနဲ႔ ခရစ္စမတ္ကုိ ပုံေဖာ္တာ … ဒါေပမယ့္ အေပ်ာ္ေတြအားလုံး ပ်က္ျပယ္ခဲ့ရပါတယ္ ”လုိ႔ ေျပာခဲ့ပါတယ္။ သူမက ဆက္လက္ၿပီး “ သမီးက အရာဝတၳဳတစ္ခုကို ပုိၿပီးစိတ္လႈပ္ရွားစရာေကာင္းေအာင္ ဖန္တီးခဲ့႐ုံ သက္သက္ပါဘဲ ”လုိ႔ ေျပာခဲ့ပါတယ္။
Christie က “မနက္ပုိင္း သမီးက ေမးတယ္ .. သူမက ဆံပင္နဲ႔ပတ္သက္ရင္ အၿမဲလုိလုိ ႐ႈပ္ပြေနတတ္သူ … ကၽြန္မကိုေမးတယ္ … အေမ ဒီပုံစံအတုိင္း ကၽြန္မ ေက်ာင္းသြားလုိ႔ ရမလားေပါ့ … သူမက Volvic ေရဘူးအလြတ္တစ္ခုနဲ႔ ေခါင္းကိုျပင္ဆင္ထားတာ … အဲဒီအေပၚမွာ မီးေတြဆင္ေပးဖုိ႔ ကၽြန္မကုိ အကူညီေတာင္းတယ္ …”လုိ႔ ေျပာခဲ့ပါတယ္။
ေက်ာင္းကို ေရာက္တဲ့အခ်ိန္မွာ ဆရာမတစ္ဦးက Poppy ျပင္ဆင္လာတဲ့ ပုံစံဟာ ၾကည့္ေကာင္းေပမယ့္ အိမ္ကို ျပန္ဖုိ႔ ေျပာပါသတဲ့။ ဒါေပမယ့္ Poppy က အိမ္ကို ျပန္မလာေတာ့ဘဲ ဆရာမေတြ တုိက္တြန္းတဲ့ဆံပင္ပုံစံနဲ႔ ေက်ာင္းရဲ႕ ခရစ္စမတ္အႀကိဳပြဲကုိ ၿပီးဆုံးေအာင္ တက္ေရာက္ခဲ့ပါတယ္။
Manchester Health Academy ကေတာ့ အဲဒီေန႔က ဘယ္သူ႕ကိုမွ အိမ္ျပန္မလႊတ္ခဲ့ဘူးလုိ႔ ျငင္းပယ္ခဲ့ပါတယ္။ သုိ႔ေသာ္လည္း ေက်ာင္းသူေလး ျပင္ဆင္ခဲ့တဲ့အျပင္အဆင္ဟာ စိတ္လႈပ္ရွားစရာ ေကာင္းေပမယ့္ ကံဆုိးခ်င္ေတာ့ ေက်ာင္းရဲ႕ ဝတ္စားဆင္ယင္ပုံ စည္းမ်ဥ္းနဲ႔မကိုက္ညီလုိ႔ ပုံစံျပင္ေပးခဲ့ရတာေတာ့ ရွိတယ္လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။
လင္းသူရိန္

Unicode



ခရစ္စမတ်ဒီဇိုင်း ဆံပင်ပုံစံကြောင့် ကျောင်းထဲကို ဝင်ခွင့်မရတဲ့ ကောင်မလေး


Twitter / @AriesaSandino

အခြေခံပညာကျောင်းတစ်ခုမှာ ကျောင်းသူလေးတစ်ယောက်ဟာ ခရစ်စမတ်ဒီဇိုင်းပုံစံ ဆံပင်နဲ့ကျောင်းကို ရောက်လာတဲ့အတွက် ကျောင်းအာဏာပိုင်တွေက သူမကို ဒီ,ဒီဇိုင်းကိုဖျက်မလား၊ မဟုတ်ရင် အိမ်ပြန်မလားဆိုပြီး အကျပ်ကိုင် ခြိမ်းခြောက်ခဲ့ပါသတဲ့။ ကျောင်းသူလေးအမည်ကတော့ Poppy Leigh ဖြစ်ပြီး အသက်(၁၃)နှစ် ဖြစ်ပါတယ်။


သူမဟာ Manchester Health Academy ကျောင်းတွင်း ခရစ်စမတ်အကြိုပွဲကို ဒီပုံစံနဲ့ တမူထူးခြားစွာ သွားရောက်ခဲ့တာဖြစ်ပြီး၊ ကျောင်းတာဝန်ရှိသူတွေက ဒီပုံစံအတိုင်း ကျောင်းတွင်း ဝင်ရောက်ခွင့် မပေးဘူးလို့ ဆိုခဲ့တာပါ။ Poppy ဟာ ဒီလိုဒီဇိုင်းကိုရရှိဖို့အတွက် ရေဘူးအလွတ်တစ်လုံးကို ဉာဏ်ကောင်းစွာ အသုံးပြုထားတာပါ။


မိခင်ဖြစ်သူ Christie က “ ကျွန်မ သိပ်ကို စိတ်ထိခိုက်ရတယ် … ဒါက ခရစ်စမတ်ကိုဖော်ကျူးထားတာ သက်သက်ပါ …. အပျော်သဘောနဲ့ ခရစ်စမတ်ကို ပုံဖော်တာ … ဒါပေမယ့် အပျော်တွေအားလုံး ပျက်ပြယ်ခဲ့ရပါတယ် ”လို့ ပြောခဲ့ပါတယ်။ သူမက ဆက်လက်ပြီး “ သမီးက အရာဝတ္ထုတစ်ခုကို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းအောင် ဖန်တီးခဲ့ရုံ သက်သက်ပါဘဲ ”လို့ ပြောခဲ့ပါတယ်။

Christie က “မနက်ပိုင်း သမီးက မေးတယ် .. သူမက ဆံပင်နဲ့ပတ်သက်ရင် အမြဲလိုလို ရှုပ်ပွနေတတ်သူ … ကျွန်မကိုမေးတယ် … အမေ ဒီပုံစံအတိုင်း ကျွန်မ ကျောင်းသွားလို့ ရမလားပေါ့ … သူမက Volvic ရေဘူးအလွတ်တစ်ခုနဲ့ ခေါင်းကိုပြင်ဆင်ထားတာ … အဲဒီအပေါ်မှာ မီးတွေဆင်ပေးဖို့ ကျွန်မကို အကူညီတောင်းတယ် …”လို့ ပြောခဲ့ပါတယ်။


ကျောင်းကို ရောက်တဲ့အချိန်မှာ ဆရာမတစ်ဦးက Poppy ပြင်ဆင်လာတဲ့ ပုံစံဟာ ကြည့်ကောင်းပေမယ့် အိမ်ကို ပြန်ဖို့ ပြောပါသတဲ့။ ဒါပေမယ့် Poppy က အိမ်ကို ပြန်မလာတော့ဘဲ ဆရာမတွေ တိုက်တွန်းတဲ့ဆံပင်ပုံစံနဲ့ ကျောင်းရဲ့ ခရစ်စမတ်အကြိုပွဲကို ပြီးဆုံးအောင် တက်ရောက်ခဲ့ပါတယ်။

Manchester Health Academy ကတော့ အဲဒီနေ့က ဘယ်သူ့ကိုမှ အိမ်ပြန်မလွှတ်ခဲ့ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ သို့သော်လည်း ကျောင်းသူလေး ပြင်ဆင်ခဲ့တဲ့အပြင်အဆင်ဟာ စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် ကံဆိုးချင်တော့ ကျောင်းရဲ့ ဝတ်စားဆင်ယင်ပုံ စည်းမျဉ်းနဲ့မကိုက်ညီလို့ ပုံစံပြင်ပေးခဲ့ရတာတော့ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။


လင်းသူရိန်