လင္မယား ကြာရွင္းျပတ္စဲတယ္ဆုိတာ အေျခအေန အေၾကာင္းေၾကာင္းေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ တစ္ေယာက္ေယာက္က လူမႈေရးေဖာက္ျပန္တာတုိ႔၊ စီးပြားေရး အဆင္မေျပတာတုိ႔၊ သေဘာထားခ်င္း မတုိက္ဆုိင္တာတုိ႔ စတဲ့အေၾကာင္းျပခ်က္ေတြေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ တ႐ုတ္ႏုိင္ငံက စုံတြဲတစ္တြဲကေတာ့ အဲဒီလုိ အေျခအေနေတြေၾကာင့္ လင္မယား ကြာရွင္းတာမ်ိဳးမဟုတ္ပါဘူး
အမ်ိဳးသမီးနာမည္ကေတာ့ Jia ျဖစ္ၿပီး၊ တ႐ုတ္ႏုိင္ငံ ရွန္ေဒါင္မွာ ေနပါတယ္။ သူမရဲ႕ ပထမခင္ပြန္းျဖစ္သူမွာ လြန္ခဲ့တဲ့ႏွစ္(၂၀)ေလာက္က အျမင့္(၄၀~၅၀)မီတာေလာက္ရွိတဲ့ ေတာင္ေပၚကေန ဒလိမ့္ေခါက္ေကြး ျပဳတ္က်ခဲ့တာေၾကာင့္ ဦးေႏွာက္အာ႐ုံေၾကာကို ထိခုိက္မိၿပီး၊ မသန္စြမ္းဘဝနဲ႔ အိပ္ရာေပၚ လဲပါေတာ့တယ္။
Jia ဟာ ခင္ပြန္းကုိ ျပဳစုေစာင့္ေရွာက္ရ၊ ကေလးေတြကို ေကၽြးေမြးျပဳစုရနဲ႔ ပုံမွန္လစာဝင္ေနတဲ့ အလုပ္ကေန ထြက္လုိက္ရပါတယ္။ ဝင္ေငြမရွိေတာ့ သူမတုိ႔မိသားစု ဘဝရပ္တည္ေရး ပုိၿပီးခက္ခဲလာပါတယ္။ ေငြေရးေၾကးေရး အခက္အခဲျဖစ္လာေတာ့ သူမမွာ အားကုိးရာ ဘယ္သူမွ ရွိမေနခဲ့ပါဘူး။
ဒီလုိအေျခအေနေတြေၾကာင့္ Jia ဟာ ခင္ပြန္းကို ကြာရွင္းလုိက္ၿပီး၊ ဒုတိယခင္ပြန္းကုိ ယူဖုိ႔ ဆုံးျဖတ္လုိက္ပါတယ္။ ဒီလုိမွသာ သူမရဲ႕ ပထမခင္ပြန္းကို ေစာင့္ေရွာက္ႏုိင္မွာပါ။ သူမရဲ႕ဆုံးျဖတ္ခ်က္ကို ခင္ပြန္းေဟာင္းရဲ႕ မိဘေတြကလည္း သေဘာက်လက္ခံခဲ့ပါတယ္။ ကနဦးတုန္းက Jia အေနနဲ႔ စိတ္သေဘာထားေကာင္းတဲ့ ခင္ပြန္းတစ္ေယာက္ေတာ့ ရႏုိင္လိမ့္မယ္ ထင္မထားခဲ့ပါဘူး။
သုိ႔ေသာ္လည္း သူမရဲ႕ဒုကၡေတြကို စာနာနားလည္တဲ့ အိမ္နီးနားခ်င္းေတြက အမ်ိဳးသားတစ္ေယာက္နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ သူက Jia ရဲ႕ မိသားစုကုိ စိတ္ႏွစ္အကူအညီေပးလုိေၾကာင္း၊ ေငြေရးေၾကးေရးကိုလည္း ပူပင္ဖုိ႔မလုိေၾကာင္း၊ ခင္ပြန္းေဟာင္းကို ျပဳစုေစာင့္ေရွာက္တဲ့အခါမွာလည္း သူလည္း တက္ႏုိင္သေလာက္ ဝုိင္းဝန္ေစာင့္ေရွာက္ပါ့မယ္လုိ႔ ကတိေပးခဲ့ပါတယ္။
Jai ဟာ ခင္ပြန္းေဟာင္းကို ဒီလုိအေျခအေနမွ ပစ္မထားရက္ပါဘူး။ သူမအေနနဲ႔ ခင္ပြန္းေဟာင္း က်န္းမာစဥ္က မိသားစုကုိ အသက္နဲ႕ရင္းၿပီး ေစာင့္ေရွာက္လုပ္ေကၽြးခဲ့တဲ့ ဂုဏ္ေက်းဇူးကိုေထာက္ၿပီး၊ အခုအခ်ိန္မွာ သူကမက ျပဳစုေစာင့္ေရွာက္ရမယ့္အလွည့္ျဖစ္ေၾကာင္း ဆုိပါတယ္။ အခုလည္း အခက္အခဲေတြ မ်ားစြာ ႀကဳံရဦးမွာျဖစ္ၿပီး၊ ဒါေတြကုိ ရဲစြမ္းသတၱိ၊ ခ်စ္ျခင္းေမတၱာေတြသာ ရွိေနရင္ ေက်ာ္လႊားႏုိင္မယ္လုိ႔ ယုံၾကည္ပါသတဲ့။
လင္းေဇာ္ကုိ
Unicode
မသန်စွမ်းခင်ပွန်းကို ရေရှည်ပြုစုနိုင်ဖို့ နောက်ယောက်ျား မဖြစ်မနေ ယူလိုက်ရတဲ့ဇနီး
China Press
လင်မယား ကွာရှင်းပြတ်စဲတယ်ဆိုတာ အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ယောက်ယောက်က လူမှုရေးဖောက်ပြန်တာတို့၊ စီးပွားရေး အဆင်မပြေတာတို့၊ သဘောထားချင်း မတိုက်ဆိုင်တာတို့ စတဲ့အကြောင်းပြချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက စုံတွဲတစ်တွဲကတော့ အဲဒီလို အခြေအနေတွေကြောင့် လင်မယား ကွာရှင်းတာမျိုးမဟုတ်ပါဘူး
အမျိုးသမီးနာမည်ကတော့ Jia ဖြစ်ပြီး၊ တရုတ်နိုင်ငံ ရှန်ဒေါင်မှာ နေပါတယ်။ သူမရဲ့ ပထမခင်ပွန်းဖြစ်သူမှာ လွန်ခဲ့တဲ့နှစ်(၂၀)လောက်က အမြင့်(၄၀~၅၀)မီတာလောက်ရှိတဲ့ တောင်ပေါ်ကနေ ဒလိမ့်ခေါက်ကွေး ပြုတ်ကျခဲ့တာကြောင့် ဦးနှောက်အာရုံကြောကို ထိခိုက်မိပြီး၊ မသန်စွမ်းဘဝနဲ့ အိပ်ရာပေါ် လဲပါတော့တယ်။
China Press
Jia ဟာ ခင်ပွန်းကို ပြုစုစောင့်ရှောက်ရ၊ ကလေးတွေကို ကျွေးမွေးပြုစုရနဲ့ ပုံမှန်လစာဝင်နေတဲ့ အလုပ်ကနေ ထွက်လိုက်ရပါတယ်။ ဝင်ငွေမရှိတော့ သူမတို့မိသားစု ဘဝရပ်တည်ရေး ပိုပြီးခက်ခဲလာပါတယ်။ ငွေရေးကြေးရေး အခက်အခဲဖြစ်လာတော့ သူမမှာ အားကိုးရာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး။
ဒီလိုအခြေအနေတွေကြောင့် Jia ဟာ ခင်ပွန်းကို ကွာရှင်းလိုက်ပြီး၊ ဒုတိယခင်ပွန်းကို ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုမှသာ သူမရဲ့ ပထမခင်ပွန်းကို စောင့်ရှောက်နိုင်မှာပါ။ သူမရဲ့ဆုံးဖြတ်ချက်ကို ခင်ပွန်းဟောင်းရဲ့ မိဘတွေကလည်း သဘောကျလက်ခံခဲ့ပါတယ်။ ကနဦးတုန်းက Jia အနေနဲ့ စိတ်သဘောထားကောင်းတဲ့ ခင်ပွန်းတစ်ယောက်တော့ ရနိုင်လိမ့်မယ် ထင်မထားခဲ့ပါဘူး။
China Press
သို့သော်လည်း သူမရဲ့ဒုက္ခတွေကို စာနာနားလည်တဲ့ အိမ်နီးနားချင်းတွေက အမျိုးသားတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ သူက Jia ရဲ့ မိသားစုကို စိတ်နှစ်အကူအညီပေးလိုကြောင်း၊ ငွေရေးကြေးရေးကိုလည်း ပူပင်ဖို့မလိုကြောင်း၊ ခင်ပွန်းဟောင်းကို ပြုစုစောင့်ရှောက်တဲ့အခါမှာလည်း သူလည်း တက်နိုင်သလောက် ဝိုင်းဝန်စောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။
Jai ဟာ ခင်ပွန်းဟောင်းကို ဒီလိုအခြေအနေမှ ပစ်မထားရက်ပါဘူး။ သူမအနေနဲ့ ခင်ပွန်းဟောင်း ကျန်းမာစဉ်က မိသားစုကို အသက်နဲ့ရင်းပြီး စောင့်ရှောက်လုပ်ကျွေးခဲ့တဲ့ ဂုဏ်ကျေးဇူးကိုထောက်ပြီး၊ အခုအချိန်မှာ သူကမက ပြုစုစောင့်ရှောက်ရမယ့်အလှည့်ဖြစ်ကြောင်း ဆိုပါတယ်။ အခုလည်း အခက်အခဲတွေ များစွာ ကြုံရဦးမှာဖြစ်ပြီး၊ ဒါတွေကို ရဲစွမ်းသတ္တိ၊ ချစ်ခြင်းမေတ္တာတွေသာ ရှိနေရင် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါသတဲ့။
လင်းဇော်ကို
0 Comments