
လူတစ္ေယာက္ရဲ႕ တစ္ေန႔တာ သၾကားဓာတ္လိုအပ္ခ်က္ဟာ ကယ္လိုရီလိုအပ္ခ်က္စုစုေပါင္းရဲ႕ ၁၀ ရာခိုင္ႏႈန္းသာရွိပါတယ္။ ဒါကို က်န္းမာေရးျမွင့္တင္မႈဘုတ္အဖြဲ႕ကေန တင္ျပထားတာျဖစ္ပါတယ္။ ဒါဆိုရင္ ကိုယ္ေတြေန႔စဥ္ ႏွစ္ၿခိဳက္စြာေသာက္သံုးေနတဲ့ Bubble Tea ေတြမွာေကာ သၾကားဓာတ္ဘယ္ႏွရာခိုင္ႏႈန္းပါၿပီး ကိုယ္ေတြရဲ႕က်န္းမာေရးအတြက္ေကာ ဘယ္လိုေတြဆိုးက်ိဳးရွိေနမလဲ ၾကည့္လိုက္ရေအာင္။
ကမၻာ့က်န္းမာေရးအဖြဲ႕အစည္းႀကီးက ပိုမိုေကာင္းမြန္တဲ့ က်န္းမာေရးရရွိေစဖို႔ရာ လူတစ္ေယာက္ရဲ႕ေန႔စဥ္ လိုအပ္တဲ့ ကယ္လိုရီရဲ႕ ၅ ရာခိုင္ႏႈန္းအတြက္သာ သၾကားကိုစားေပးဖို႔ တိုက္တြန္းထားပါတယ္။ သၾကားေနရာမွာ သၾကားမဟုတ္တဲ့ သၾကားဓာတ္အတြက္ စားပြဲတင္သၾကား၊ ပ်ားရည္၊ သကာရည္နဲ႔ အသီးအႏွံမွာပါတဲ့အရသာေတြကို အစားထိုးၿပီး သံုးစြဲႏိုင္ေၾကာင္း တင္ျပထားပါတယ္။
“ကၽြန္မတစ္ပတ္ကို ၃ ခါေတာ့ Bubble Tea ေသာက္တယ္။ ဒါေပမဲ့ တစ္ပတ္ကို ၃ ရက္ေလ့က်င့္ခန္းလုပ္ၿပီး ကိုယ့္ရဲ႕အစာစားမႈကိုလည္း ေစာင့္ၾကည့္ထားတယ္။ ဒီလိုဆိုရင္ေကာ ကၽြန္မမွာ ဆီးခ်ိဳျဖစ္ႏိုင္ေသးလား” လို႔ စင္ကာပူက အမ်ိဳးသမီးတစ္ဦးက ေမးထားပါတယ္။
တကယ္ေတာ့ ၅၀၀ မီလီမီတာရွိတဲ့ Bubble Tea တစ္ခြက္မွာဆိုရင္ သၾကား ၈ ဇြန္းခြဲကေန အျမင့္ဆံုး အဇြန္း ၂၀ ေက်ာ္အထိ ပါပါတယ္။ သင္ဟာ တစ္ပတ္မွာ Bubble Tea ကို ၃ ရက္ (သို႔) ၃ ခြက္ ထက္ ပိုေသာက္ျဖစ္မယ္ဆိုရင္ေတာ့ အဲဒီအပတ္အတြက္ တျခားသၾကားပါဝင္တဲ့ ဘယ္အစားအစာကိုမွ စားလို႔ရမွာ မဟုတ္ေတာ့ပါဘူး။ ဒါေပမဲ့လည္း တကယ့္တကယ္ေျပာေၾကးဆိုရင္ Bubble Tea တစ္ခြက္မွာပါတဲ့ သၾကားအဇြန္း ၂၀ ေက်ာ္ေက်ာ္ကေတာ့ျဖင့္ ကိုယ္ေတြစားေနတဲ့ ထမင္းပန္းကန္လံုးတစ္လံုးရဲ႕ တစ္ဝက္မွာပါတဲ့ ကာဗိုဟိုက္ဒရိတ္နဲ႔ တူတူပဲလို႔ဆိုထားပါတယ္။
ဒါ့အျပင္ Bubble Tea ကိုမွ ထမင္းနဲ႔အတူ တြဲဖက္ေသာက္သံုးမယ္၊ ဒါမွမဟုတ္ ထမင္းမစားခင္ ႀကိဳတင္ေသာက္သံုးတာမ်ိဳး လုပ္ခဲ့မယ္ဆိုရင္ေတာ့ ေသြးတြင္းသၾကားဓာတ္ကို ျမင့္တက္ေစရံုသာမက အင္ဆူလင္ပမာဏကိုပါ တိုးျမွင့္ရာေရာက္ေစပါတယ္။ အင္ဆူလင္ဆိုတာကေတာ့ သိၾကၿပီးတဲ့အတိုင္း ဆီးခ်ိဳပမာဏကို တိုးျမင့္ေစတဲ့ ေဟာ္မုန္းတစ္မ်ိဳးျဖစ္ၿပီး ဆီးခ်ိဳေရာဂါရွိၿပီးသားလူေတြအတြက္ဆုိရင္လည္း သၾကားဓာတ္ပမာဏကို ဆိုးဆိုးရြားရြား မထိန္းခ်ဳပ္ႏိုင္ေအာင္ ျဖစ္ေစတဲ့ေဟာ္မုန္းတစ္ခုပါ။
သၾကားနဲ႔ပတ္သက္ရင္လည္း ျပန္ၿပီးျပဳျပင္ထားတဲ့သၾကား (ဥပမာ- အေရာင္ခၽြတ္ထားတဲ့ Refine Sugar) က က်န္းမာေရးကို ဆိုးရြားစြာထိခိုက္ေစပါတယ္။ ဒါေၾကာင့္ Bubble Tea ေတြမွာသံုးတဲ့သၾကားက ဘယ္လိုအမ်ိဳးအစားျဖစ္ေနမလဲဆိုတာ ကိုယ္မသိရပါဘူး။ ဒါ့အျပင္ Bubble Tea ကို ပုလဲသီးလို႔ေခၚတဲ့ သာကူေစ့ေတြထည့္သြင္းေသာက္သံုးျခင္းကလည္း ကယ္လိုရီပမာဏကို ပိုမိုတိုးပြားေစတာေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ကို တိုးျမွင့္ေပးရာ ေရာက္ေစပါတယ္။ ဒါေၾကာင့္ Bubble Tea ကို ေန႔စဥ္ေသာက္သံုးျခင္းမွ အတတ္ႏိုင္ဆံုးေရွာင္ရွားၿပီး ေသာက္မယ္ဆိုရင္လည္း သၾကားေလွ်ာ့ထည့္ခိုင္းတာတို႔ တစ္ခြက္ကိုမွ အေပါင္းအသင္းေတြနဲ႔ မွ်ေသာက္တာတို႔ လုပ္ေဆာင္သင့္ပါေၾကာင္း…။
Ref: Will frequent drinking of bubble tea raise your risk of diabetes?
Unicode
Bubble Tea သောက်ပါ၊ ဆီးချိုဖြစ်မှာကိုလည်း ကြောက်ပါ
Bubble Tea and Diabetes| Yangon Life
လူတစ်ယောက်ရဲ့ တစ်နေ့တာ သကြားဓာတ်လိုအပ်ချက်ဟာ ကယ်လိုရီလိုအပ်ချက်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါကို ကျန်းမာရေးမြှင့်တင်မှုဘုတ်အဖွဲ့ကနေ တင်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ်တွေနေ့စဉ် နှစ်ခြိုက်စွာသောက်သုံးနေတဲ့ Bubble Tea တွေမှာကော သကြားဓာတ်ဘယ်နှရာခိုင်နှုန်းပါပြီး ကိုယ်တွေရဲ့ကျန်းမာရေးအတွက်ကော ဘယ်လိုတွေဆိုးကျိုးရှိနေမလဲ ကြည့်လိုက်ရအောင်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးရရှိစေဖို့ရာ လူတစ်ယောက်ရဲ့နေ့စဉ် လိုအပ်တဲ့ ကယ်လိုရီရဲ့ ၅ ရာခိုင်နှုန်းအတွက်သာ သကြားကိုစားပေးဖို့ တိုက်တွန်းထားပါတယ်။ သကြားနေရာမှာ သကြားမဟုတ်တဲ့ သကြားဓာတ်အတွက် စားပွဲတင်သကြား၊ ပျားရည်၊ သကာရည်နဲ့ အသီးအနှံမှာပါတဲ့အရသာတွေကို အစားထိုးပြီး သုံးစွဲနိုင်ကြောင်း တင်ပြထားပါတယ်။
“ကျွန်မတစ်ပတ်ကို ၃ ခါတော့ Bubble Tea သောက်တယ်။ ဒါပေမဲ့ တစ်ပတ်ကို ၃ ရက်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ့်ရဲ့အစာစားမှုကိုလည်း စောင့်ကြည့်ထားတယ်။ ဒီလိုဆိုရင်ကော ကျွန်မမှာ ဆီးချိုဖြစ်နိုင်သေးလား” လို့ စင်ကာပူက အမျိုးသမီးတစ်ဦးက မေးထားပါတယ်။
တကယ်တော့ ၅၀၀ မီလီမီတာရှိတဲ့ Bubble Tea တစ်ခွက်မှာဆိုရင် သကြား ၈ ဇွန်းခွဲကနေ အမြင့်ဆုံး အဇွန်း ၂၀ ကျော်အထိ ပါပါတယ်။ သင်ဟာ တစ်ပတ်မှာ Bubble Tea ကို ၃ ရက် (သို့) ၃ ခွက် ထက် ပိုသောက်ဖြစ်မယ်ဆိုရင်တော့ အဲဒီအပတ်အတွက် တခြားသကြားပါဝင်တဲ့ ဘယ်အစားအစာကိုမှ စားလို့ရမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း တကယ့်တကယ်ပြောကြေးဆိုရင် Bubble Tea တစ်ခွက်မှာပါတဲ့ သကြားအဇွန်း ၂၀ ကျော်ကျော်ကတော့ဖြင့် ကိုယ်တွေစားနေတဲ့ ထမင်းပန်းကန်လုံးတစ်လုံးရဲ့ တစ်ဝက်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ တူတူပဲလို့ဆိုထားပါတယ်။
ဒါ့အပြင် Bubble Tea ကိုမှ ထမင်းနဲ့အတူ တွဲဖက်သောက်သုံးမယ်၊ ဒါမှမဟုတ် ထမင်းမစားခင် ကြိုတင်သောက်သုံးတာမျိုး လုပ်ခဲ့မယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေရုံသာမက အင်ဆူလင်ပမာဏကိုပါ တိုးမြှင့်ရာရောက်စေပါတယ်။ အင်ဆူလင်ဆိုတာကတော့ သိကြပြီးတဲ့အတိုင်း ဆီးချိုပမာဏကို တိုးမြင့်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဆီးချိုရောဂါရှိပြီးသားလူတွေအတွက်ဆိုရင်လည်း သကြားဓာတ်ပမာဏကို ဆိုးဆိုးရွားရွား မထိန်းချုပ်နိုင်အောင် ဖြစ်စေတဲ့ဟော်မုန်းတစ်ခုပါ။
သကြားနဲ့ပတ်သက်ရင်လည်း ပြန်ပြီးပြုပြင်ထားတဲ့သကြား (ဥပမာ- အရောင်ချွတ်ထားတဲ့ Refine Sugar) က ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဒါကြောင့် Bubble Tea တွေမှာသုံးတဲ့သကြားက ဘယ်လိုအမျိုးအစားဖြစ်နေမလဲဆိုတာ ကိုယ်မသိရပါဘူး။ ဒါ့အပြင် Bubble Tea ကို ပုလဲသီးလို့ခေါ်တဲ့ သာကူစေ့တွေထည့်သွင်းသောက်သုံးခြင်းကလည်း ကယ်လိုရီပမာဏကို ပိုမိုတိုးပွားစေတာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို တိုးမြှင့်ပေးရာ ရောက်စေပါတယ်။ ဒါကြောင့် Bubble Tea ကို နေ့စဉ်သောက်သုံးခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားပြီး သောက်မယ်ဆိုရင်လည်း သကြားလျှော့ထည့်ခိုင်းတာတို့ တစ်ခွက်ကိုမှ အပေါင်းအသင်းတွေနဲ့ မျှသောက်တာတို့ လုပ်ဆောင်သင့်ပါကြောင်း…။
Ref: Will frequent drinking of bubble tea raise your risk of diabetes?
0 Comments