နန္းဆုဦးတစ္ေယာက္ ေၾကာက္ေၾကာက္ေၾကာက္ ၂ ႐ုပ္ရွင္ကားႀကီးရိုက္ေနတုန္းက ေရနစ္ၿပီး ေသရေတာ့မယ္လို႔ေတာင္ ေတြးမိတဲ့ အႏၲရာယ္မ်ိဳးျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။
Photo: Nan Su Oo
နန္းဆုဦးကေတာ့ “ေၾကာက္ေၾကာက္ေၾကာက္ ၂” ႐ုပ္ရွင္ဇာတ္ကားရိုက္တုန္းက အဖြဲ႕သားေတြနဲ႔ အတူ ေရနစ္ေတာ့မယ့္ အႏၲရာယ္မ်ိဳး ၾကဳံခဲ့တယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။ ေလွာ္ကားမွာ ရိုက္တာျဖစ္တဲ့အတြက္ အခုလို အႏၲရာယ္မ်ိဳးျဖစ္လာမယ္လို႔ မထင္ထားဘူးလို႔ ဆိုပါတယ္။
“ကိုယ့္ကိုယ္ကိုယ္ ေသေတာ့မွာလို႔ပဲ သတ္မွတ္လိုက္တယ္။ ေရထဲနစ္ၿပီး ေသေတာ့မယ္။ သူတို႔ဘဝေတြေတာ့ သြားၿပီေပါ့ေနာ္။ အဲဒီမွာ တစ္ဘက္မွာရွိတဲ့ ကမ္းစပ္ကလူေတြကို အက်ယ္ႀကီးပဲ လွမ္းေအာ္ရတယ္။ သူတို႔က လွမ္းသာၾကည့္ေနတာ နန္းဆုအသံကို မၾကားရဘူး။ နန္းဆုတို႔ လက္နဲ႔ေခၚေနတာ ျမင္ရတဲ့အတြက္ ခဏေနေတာ့ Speed Boat ေလးေတြနဲ႔ လာကယ္တယ္။ ေရမနစ္ခင္မွာ အကုန္လုံးကို ကယ္ဆယ္နိုင္သြားတယ္။ ဒါေပမယ့္ အထိတ္တလန႔္ေတာ့ ျဖစ္သြားတယ္” လို႔ သူကေျပာပါတယ္။
Photo: Nan Su Oo
သရဲဇာတ္ကားရိုက္တဲ့အခ်ိန္တုန္းက အေတြ႕အၾကဳံေတြကိုလည္း နန္းဆုဦးက ေျပာျပခဲ့ပါေသးတယ္။ သူ႔ရဲ့ သရဲေၾကာက္တဲ့ အမူအရာကို သ႐ုပ္ေဆာင္ ဂ်ိဳကာ ကေတာင္ စေနာက္ခဲ့ေသးတယ္လို႔ ဒီဇင္ဘာလ ၂၄ ရက္ေန႔ညက “ေၾကာက္ ေၾကာက္ ေၾကာက္ ၂” ႐ုပ္ရွင္အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
“ ကိုယ္က သရဲကားရိုက္ေနတယ္ ဆိုေပမယ့္ လုံးဝကို ေၾကာက္စိတ္မျဖစ္ဘူး။ သရဲလုပ္တဲ့လူေတြကလည္း ကိုယ့္ရဲ့ အႏုပညာညီအစ္ကို ေမာင္ႏွမေတြပဲ ဆိုေတာ့ လုံးဝမေၾကာက္ဘူး။ ဇာတ္ဝင္ခန္းမွာ သရဲနဲ႔ ထိပ္တိုက္ဆုံရတဲ့ေန႔တုန္းကေတာ့ တကယ္လန႔္သြားတာ ကိုဂ်ိဳကာကေတာင္ ေျပာေနေသးတယ္ ဒီမ်က္ႏွာ အမူအရာကို မွတ္ထားေပါ့။ တကယ္ သရဲေျခာက္ခံရရင္ အဲဒီပုံစံအတိုင္းလုပ္ရမယ္တဲ့” လို႔ ဆိုပါတယ္။
Photo: 7Sense
ေၾကာက္ ေၾကာက္ ေၾကာက္ ၂ ႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ 7Sense ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး ဒါရိုက္တာ ၾသရသက ပုံေဖာ္ရိုက္ကူးထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဒီဇင္ဘာလ ၂၆ ရက္ေန႔က စၿပီး ျမန္မာတစ္နိုင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသေနတာျဖစ္ပါတယ္။ ဇာတ္ကားအမ်ိဳးအစားကေတာ့ Horror Comedy အမ်ိဳးအစားျဖစ္ပါတယ္။ အဓိက သ႐ုပ္ေဆာင္ေတြကေတာ့ ေနတိုး၊ ထြန္းထြန္း၊ တိုင္ရြန္၊ဂ်ိဳကာ၊ နန္းဆုဦး၊ ေမျမင့္မိုရ္ နဲ႔ ကေလးသ႐ုပ္ေဆာင္ ျပည့္ျပည့္တို႔ ပါဝင္ထားပါတယ္။
Photo: 7Sense
နန္းဆုဦးကိုေတာ့ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္စတင္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ သူမဟာ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာလည္းရိုက္ကူးထားသူျဖစ္ပါတယ္။ အဲဒီေနာက္ ႐ုပ္ရွင္ကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနရသူပါ။ သူမရဲ့ အႏုပညာသက္တမ္းကေတာ့ ၄ ႏွစ္ေက်ာ္ ၅ ႏွစ္ ရွိၿပီျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေၾကာက္ေၾကာက္ေၾကာက္ ၂ ႐ုပ္ရွင္ဇာတ္ကားႀကီးလည္း ႐ုံတင္ျပသေနတာျဖစ္ပါတယ္
Unicode
သရဲဇာတ်ကားရိုက်ခဲ့ရတဲ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။
နန်းဆုဦးတစ်ယောက် ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ကားကြီးရိုက်နေတုန်းက ရေနစ်ပြီး သေရတော့မယ်လို့တောင် တွေးမိတဲ့ အန္တရာယ်မျိုးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: Nan Su Oo
နန်းဆုဦးကတော့ “ကြောက်ကြောက်ကြောက် ၂” ရုပ်ရှင်ဇာတ်ကားရိုက်တုန်းက အဖွဲ့သားတွေနဲ့ အတူ ရေနစ်တော့မယ့် အန္တရာယ်မျိုး ကြုံခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ လှော်ကားမှာ ရိုက်တာဖြစ်တဲ့အတွက် အခုလို အန္တရာယ်မျိုးဖြစ်လာမယ်လို့ မထင်ထားဘူးလို့ ဆိုပါတယ်။
“ကိုယ့်ကိုယ်ကိုယ် သေတော့မှာလို့ပဲ သတ်မှတ်လိုက်တယ်။ ရေထဲနစ်ပြီး သေတော့မယ်။ သူတို့ဘဝတွေတော့ သွားပြီပေါ့နော်။ အဲဒီမှာ တစ်ဘက်မှာရှိတဲ့ ကမ်းစပ်ကလူတွေကို အကျယ်ကြီးပဲ လှမ်းအော်ရတယ်။ သူတို့က လှမ်းသာကြည့်နေတာ နန်းဆုအသံကို မကြားရဘူး။ နန်းဆုတို့ လက်နဲ့ခေါ်နေတာ မြင်ရတဲ့အတွက် ခဏနေတော့ Speed Boat လေးတွေနဲ့ လာကယ်တယ်။ ရေမနစ်ခင်မှာ အကုန်လုံးကို ကယ်ဆယ်နိုင်သွားတယ်။ ဒါပေမယ့် အထိတ်တလန့်တော့ ဖြစ်သွားတယ်” လို့ သူကပြောပါတယ်။
Photo: Nan Su Oo
သရဲဇာတ်ကားရိုက်တဲ့အချိန်တုန်းက အတွေ့အကြုံတွေကိုလည်း နန်းဆုဦးက ပြောပြခဲ့ပါသေးတယ်။ သူ့ရဲ့ သရဲကြောက်တဲ့ အမူအရာကို သရုပ်ဆောင် ဂျိုကာ ကတောင် စနောက်ခဲ့သေးတယ်လို့ ဒီဇင်ဘာလ ၂၄ ရက်နေ့ညက “ကြောက် ကြောက် ကြောက် ၂” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
“ ကိုယ်က သရဲကားရိုက်နေတယ် ဆိုပေမယ့် လုံးဝကို ကြောက်စိတ်မဖြစ်ဘူး။ သရဲလုပ်တဲ့လူတွေကလည်း ကိုယ့်ရဲ့ အနုပညာညီအစ်ကို မောင်နှမတွေပဲ ဆိုတော့ လုံးဝမကြောက်ဘူး။ ဇာတ်ဝင်ခန်းမှာ သရဲနဲ့ ထိပ်တိုက်ဆုံရတဲ့နေ့တုန်းကတော့ တကယ်လန့်သွားတာ ကိုဂျိုကာကတောင် ပြောနေသေးတယ် ဒီမျက်နှာ အမူအရာကို မှတ်ထားပေါ့။ တကယ် သရဲခြောက်ခံရရင် အဲဒီပုံစံအတိုင်းလုပ်ရမယ်တဲ့” လို့ ဆိုပါတယ်။
Photo: 7Sense
ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ 7Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။ ဇာတ်ကားအမျိုးအစားကတော့ Horror Comedy အမျိုးအစားဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့ နေတိုး၊ ထွန်းထွန်း၊ တိုင်ရွန်၊ဂျိုကာ၊ နန်းဆုဦး၊ မေမြင့်မိုရ် နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ ပါဝင်ထားပါတယ်။
Photo: 7Sense
နန်းဆုဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာလည်းရိုက်ကူးထားသူဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသူပါ။ သူမရဲ့ အနုပညာသက်တမ်းကတော့ ၄ နှစ်ကျော် ၅ နှစ် ရှိပြီဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသနေတာဖြစ်ပါတယ်။
0 Comments