ေအာက္ဖို႔ဒ္တကၠသိုလ္က အခ်စ္သုေတသီေတြဟာ ဒီအခ်က္ကို ရွာေဖြေတြ႔ရွိခဲ့ၾကၿပီး အမ်ိဳးသမီးေတြဟာ သူတိုခ်စ္သူဆီကရတဲ့ အနမ္းကိုလိုက္ၿပီး သူတို႔နဲ႔သင့္ေတာ္တဲ့ လက္တြဲေဖာ္ကို ေရြးခ်ယ္တတ္ၾကတယ္လို႔ ဆိုပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္နမ္းၾကစဥ္မွာ တစ္ဖက္လူရဲ႕အသက္ရႈမႈနဲ႔ ခံစားရတဲ့အရသာကိုလိုက္ၿပီး အဲဒီလူရဲ႕က်န္းမာေရးေကာင္းမေကာင္းကိုပါ ခံစားသိႏိုင္တယ္လို႔ ဆိုပါတယ္။
အဲဒီကေနလိုက္ၿပီး ကိုယ့္ကိုနမ္းလိုက္တဲ့သူဟာ မိသားစုတစ္ခုကို ဦးေဆာင္ႏိုင္ေလာက္တဲ့အထိ က်န္းမာေရးေကာင္းမြန္တဲ့ သူတစ္ေယာက္ျဖစ္တယ္ မျဖစ္ဘူးဆုိတာကို ဦးေႏွာက္ကအလိုလို ခံစားသိပါတယ္လို႔ ဆိုပါတယ္။ ဒီေနရာမွာဦးေႏွာက္ဟာ ဘယ္လိုဘယ္ပံု အလုပ္လုပ္တယ္ေတာ့ မေျပာတတ္ပါ။ ဒါေပမဲ့လည္း ဦးေႏွာက္ရဲ႕ မသိစိတ္နဲ႔ဆိုင္တဲ့ သိစိတ္ကေတာ့ ဒီအေပၚမွာ အလိုလိုခံစားသိတယ္လို႔ ဆိုပါတယ္။
သုေတသနျဖစ္စဥ္မွာ ေတြ႔ရွိရတဲ့ ေနာက္ထပ္အနမ္းဆိုင္ရာ အခ်က္တစ္ခုကေတာ့  ၆၀ ရာခိုင္ႏႈန္းေသာ လူေတြဟာ ပထမဆံုးရတဲ့ အနမ္းဟာ မေကာင္းတဲ့စိတ္ခံစားမႈကို ျဖစ္ေစတယ္ဆုိရင္ အဲဒီလူနဲ႔ တကယ္လက္တြဲဖို႔ရာမွာ စိတ္ဝင္စားမႈေလ်ာ့က်သြားတယ္ ဆိုတာပါပဲ။ ဘာလို႔ဆို အဲဒီအခ်ိန္မွာရတဲ့အနမ္းကေနတစ္ဆင့္ ဒီလူဟာကိုယ့္အတြက္ အစစ္အမွန္မဟုတ္ေသးဘူးဆိုတာကို ဦးေႏွာက္ကေျပာတယ္လို႔ ဆိုတာပါပဲ။
အနမ္းဟာ လူေတြရဲ႕ဆြဲေဆာင္မႈကို တိုးပြားေစတယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမဲ့လို႔ ဒီအနမ္းမွာမေပ်ာ္ေမြ႕ဘူးဆိုရင္ေတာ့ အဲဒီလူဟာကိုယ့္အတြက္ မဟုတ္ဘူးဆိုတာ သိလိုက္ပါေတာ့။ ဒါေၾကာင့္ေနာက္တစ္ခါ သင္ခ်စ္ရတဲ့သူကို နမ္းတဲ့အခါ ဒီအခ်က္ေလးေတြကို သတိထားေစလိုပါတယ္။ ဒါဟာ ေနာက္ေျပာင္ေနျခင္းမဟုတ္ဘူးဆိုတာကိုေတာ့ သတိခ်ပ္လိုက္ပါေနာ္။
Ref: Connection Between How Often You Kiss and the Length of Your Relationship 


Unicode


အနမ်းတစ်ပွင့်ကပြောတဲ့ ချစ်သက်တမ်း


Kiss_secrets YangonLife
အချစ်မှာ အနမ်းနဲ့ကင်းတဲ့အချစ် မရှိနိုင်ပါဘူး။ ကိုယ်ချစ်ရတဲ့သူကို မြတ်မြတ်နိုးနိုး နမ်းရှိုက်တတ်ကြတာ ချစ်သူတွေကြားက ဆန်းကြယ်မှုမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုပါ။ ဒါပေမဲ့လို့ အဲဒီအနမ်းတစ်ခုရဲ့ တိုချိန်၊ ကြာချိန်ကိုလိုက်ပြီး အဲဒီချစ်သူနှစ်ယောက်ကြားက ချစ်သက်တမ်းကို တွက်ဆလို့ရနိုင်တယ်လို့ဆိုရင်တော့ ဆန်းကြယ်မှုဖြစ်သွားပါပြီ။ သုတေသနတွေ့ရှိချက်တွေမှာတော့ အဲဒီနှစ်ခုကြားမှာ မမြင်နိုင်တဲ့ဆက်သွယ်မှုတွေရှိတယ်လို့ ဆိုထားပါတယ်။
အောက်ဖို့ဒ်တက္ကသိုလ်က အချစ်သုတေသီတွေဟာ ဒီအချက်ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အမျိုးသမီးတွေဟာ သူတိုချစ်သူဆီကရတဲ့ အနမ်းကိုလိုက်ပြီး သူတို့နဲ့သင့်တော်တဲ့ လက်တွဲဖော်ကို ရွေးချယ်တတ်ကြတယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်နမ်းကြစဉ်မှာ တစ်ဖက်လူရဲ့အသက်ရှုမှုနဲ့ ခံစားရတဲ့အရသာကိုလိုက်ပြီး အဲဒီလူရဲ့ကျန်းမာရေးကောင်းမကောင်းကိုပါ ခံစားသိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီကနေလိုက်ပြီး ကိုယ့်ကိုနမ်းလိုက်တဲ့သူဟာ မိသားစုတစ်ခုကို ဦးဆောင်နိုင်လောက်တဲ့အထိ ကျန်းမာရေးကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်တယ် မဖြစ်ဘူးဆိုတာကို ဦးနှောက်ကအလိုလို ခံစားသိပါတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာဦးနှောက်ဟာ ဘယ်လိုဘယ်ပုံ အလုပ်လုပ်တယ်တော့ မပြောတတ်ပါ။ ဒါပေမဲ့လည်း ဦးနှောက်ရဲ့ မသိစိတ်နဲ့ဆိုင်တဲ့ သိစိတ်ကတော့ ဒီအပေါ်မှာ အလိုလိုခံစားသိတယ်လို့ ဆိုပါတယ်။



သုတေသနဖြစ်စဉ်မှာ တွေ့ရှိရတဲ့ နောက်ထပ်အနမ်းဆိုင်ရာ အချက်တစ်ခုကတော့  ၆၀ ရာခိုင်နှုန်းသော လူတွေဟာ ပထမဆုံးရတဲ့ အနမ်းဟာ မကောင်းတဲ့စိတ်ခံစားမှုကို ဖြစ်စေတယ်ဆိုရင် အဲဒီလူနဲ့ တကယ်လက်တွဲဖို့ရာမှာ စိတ်ဝင်စားမှုလျော့ကျသွားတယ် ဆိုတာပါပဲ။ ဘာလို့ဆို အဲဒီအချိန်မှာရတဲ့အနမ်းကနေတစ်ဆင့် ဒီလူဟာကိုယ့်အတွက် အစစ်အမှန်မဟုတ်သေးဘူးဆိုတာကို ဦးနှောက်ကပြောတယ်လို့ ဆိုတာပါပဲ။



အနမ်းဟာ လူတွေရဲ့ဆွဲဆောင်မှုကို တိုးပွားစေတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့လို့ ဒီအနမ်းမှာမပျော်မွေ့ဘူးဆိုရင်တော့ အဲဒီလူဟာကိုယ့်အတွက် မဟုတ်ဘူးဆိုတာ သိလိုက်ပါတော့။ ဒါကြောင့်နောက်တစ်ခါ သင်ချစ်ရတဲ့သူကို နမ်းတဲ့အခါ ဒီအချက်လေးတွေကို သတိထားစေလိုပါတယ်။ ဒါဟာ နောက်ပြောင်နေခြင်းမဟုတ်ဘူးဆိုတာကိုတော့ သတိချပ်လိုက်ပါနော်။

Ref: Connection Between How Often You Kiss and the Length of Your Relationship