မိတၳီလာ၊ ဒီဇင္ဘာ ၂၁

မိတၳီလာခရိုင္ ဝမ္းတြင္းၿမိဳနယ္ ေရဆုံးေက်းရြာတြင္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ညပိုင္းက ေဒသခံအမ်ိဳးသား တစ္ဦးႀကိဳးဆြဲခ် ေသဆုံးသြားခဲ့ေၾကာင္း ဝမ္းတြင္းၿမိဳ႕ခံ သႏၲိသုခပရဟိတ (နာကူ) အသင္းထံမွ စုံစမ္းသိရွိရသည္။

ေသဆုံးသူမွာ ဝမ္းတြင္းၿမိဳ႕နယ္ ေရဆုံးေက်းရြာေန ရက္ကန္းလုပ္သား ဦးေက်ာ္မင္း (၄၅ ႏွစ္) ျဖစ္ၿပီး ဒီဇင္ဘာ ၁၉ ရက္ ည ၈ နာရီေက်ာ္က ဇနီးျဖစ္သူက ေက်းရြာအတြင္း ေဆးဝယ္ၿပီးျပန္လာစဥ္ ခင္ပြန္းျဖစ္သူမွာ ေနအိမ္ေရွ႕အဖီတဲ အတြင္းရွိ ထုပ္တန္းတြင္ ဒူးေခါင္းေကြးလ်က္ ႀကိဳးဆြဲခ်ေနသည့္ အေနအထားကို ေတြ႕ျမင္ရသျဖင့္ ေဆး႐ုံပို႔ရန္ပတ္ဝန္းက်င္ထံ အကူအညီေတာင္းခံခဲ့ၿပီး လည္ပင္းမွ ႀကိဳးကြင္းျဖဳတ္ကာ ေနအိမ္ေရွ႕ရွိ ခုံတန္းလ်ားတြင္တင္ၿပီး ၾကည့္ရႈရာတြင္ေသဆုံး ေနသည္ကိုသိရွိရသျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူဦးေက်ာ္မင္းမွာ အေသးစားေခ်းေငြဘဏ္မ်ားမွ ေခ်းယူထားေသာ ေငြသိန္း ၃၀ ကို ျပန္လည္ေပးဆပ္နိုင္ျခင္းမရွိသည့္အျပင္ ဇနီးျဖစ္သူမွာလည္း ႏွလုံးေရာဂါျဖင့္ ေဆးကုသေနရျခင္းတို႔ေၾကာင့္ စိတ္ဖိစီးမႈမ်ားၿပီးႀကိဳးဆြဲခ် ေသဆုံးျခင္းျဖစ္ေၾကာင္း ေဒၚခင္အုန္းျမင့္၏ ေျပာျပခ်က္အရ သိရသည္။

အဆိုပါေသဆုံးမႈကို ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္ မဟုတ္သိရွိနိုင္ေရး အတြက္ ဒုရဲအုပ္ေစာနိုင္ဦး၏ တိုင္တန္းခ်က္အရ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ (၁၃/၂၀၁၉) ျဖင့္ ေရးဖြင့္စုံစမ္း စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ယင္းရဲစခန္းမွ စုံစမ္းသိရွိရသည္။

R-01

Unicode



ဘဏ်ချေးငွေ ပြန်မဆပ်နိုင်သူ အမျိုးသား ကြိုးဆွဲချ သေဆုံး
22-Dec-2019
မိတ္ထီလာ၊ ဒီဇင်ဘာ ၂၁

မိတ္ထီလာခရိုင် ဝမ်းတွင်းမြိုနယ် ရေဆုံးကျေးရွာတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ညပိုင်းက ဒေသခံအမျိုးသား တစ်ဦးကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း ဝမ်းတွင်းမြို့ခံ သန္တိသုခပရဟိတ (နာကူ) အသင်းထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ် ရေဆုံးကျေးရွာနေ ရက်ကန်းလုပ်သား ဦးကျော်မင်း (၄၅ နှစ်) ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီကျော်က ဇနီးဖြစ်သူက ကျေးရွာအတွင်း ဆေးဝယ်ပြီးပြန်လာစဉ် ခင်ပွန်းဖြစ်သူမှာ နေအိမ်ရှေ့အဖီတဲ အတွင်းရှိ ထုပ်တန်းတွင် ဒူးခေါင်းကွေးလျက် ကြိုးဆွဲချနေသည့် အနေအထားကို တွေ့မြင်ရသဖြင့် ဆေးရုံပို့ရန်ပတ်ဝန်းကျင်ထံ အကူအညီတောင်းခံခဲ့ပြီး လည်ပင်းမှ ကြိုးကွင်းဖြုတ်ကာ နေအိမ်ရှေ့ရှိ ခုံတန်းလျားတွင်တင်ပြီး ကြည့်ရှုရာတွင်သေဆုံး နေသည်ကိုသိရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူဦးကျော်မင်းမှာ အသေးစားချေးငွေဘဏ်များမှ ချေးယူထားသော ငွေသိန်း ၃၀ ကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့်အပြင် ဇနီးဖြစ်သူမှာလည်း နှလုံးရောဂါဖြင့် ဆေးကုသနေရခြင်းတို့ကြောင့် စိတ်ဖိစီးမှုများပြီးကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း ဒေါ်ခင်အုန်းမြင့်၏ ပြောပြချက်အရ သိရသည်။

အဆိုပါသေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်သိရှိနိုင်ရေး အတွက် ဒုရဲအုပ်စောနိုင်ဦး၏ တိုင်တန်းချက်အရ ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၉) ဖြင့် ရေးဖွင့်စုံစမ်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-01