ရန္ကုန္၊ ဒီဇင္ဘာ ၂၁

အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ ေငြစကၠဴမ်ားကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၇ ရက္ေန႔ ႐ုံးဖြင့္ရက္မွစတင္၍ ျမန္မာနိုင္ငံအတြင္းရွိ ဘဏ္မ်ားအားလုံးတြင္ စတင္ျဖန႔္ခ်ိမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ထံမွ သိရသည္။

“ဇန္နဝါရီလ ၄ ရက္ေန႔က ပိတ္ရက္ျဖစ္ေနတဲ့အတြက္ဘဏ္ဖြင့္ရက္ကစၿပီး ဘဏ္အားလုံးမွာ ျဖန႔္သြားမယ္။ ဒီပိုက္ဆံပုံစံအသစ္ထုတ္ဖို႔ ဒီဇင္ဘာလကတည္းက လုံျခဳံေရးစည္းတံဆိပ္ေတြ၊ မိုေတြထုတ္ၿပီး ထုတ္ေဝတာ။ ေလးရက္ေန႔စထုတ္မွာျဖစ္လို႔ ဝန္ထမ္းလစာေပးတဲ့ေနရာမွာေတာ့ ပါဝင္မွာမဟုတ္ဘူး” ဟု ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္မွ အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားသည္။

အဆိုပါေငြစကၠဴအသစ္မ်ား စတင္ထုတ္ေဝမည္ျဖစ္ေသာ္လည္း လက္ရွိေဈးကြက္အတြင္း အသုံးျပဳေနသည့္ ေငြစကၠဴအေဟာင္းမ်ားကိုလည္း ဖ်က္သိမ္းျခင္းမရွိသည့္အတြက္ ေငြေၾကးေဖာင္းပြမႈႏွင့္ ေငြတန္ဖိုးမၿငိမ္သက္မႈမ်ား မျဖစ္နိုင္ေၾကာင္း ဗဟိုဘဏ္ထံမွ သိရသည္။

“ေငြစကၠဴအသစ္ထုတ္လိုက္တဲ့အတြက္ ေငြေၾကးေဖာင္းပြတာမ်ိဳးျဖစ္မွာေတာ့ စိတ္ပူစရာမရွိဘူး။ နိုင္ငံေတာ္ အေျခခံဥပေဒအရ ေငြစကၠဴအေဟာင္းေတြကို အရင္လိုမဖ်က္သိမ္းေတာ့ဘူး။ အရင္ထုတ္ထားတဲ့ အေဟာင္းေတြကိုလည္း သုံးခြင့္ျပဳသြားမယ္။ အသစ္ေတြကိုလည္း အေဟာင္းေနရာမွာအစားထိုးထုတ္တာျဖစ္လို႔ ကုန္က်စရိတ္ေတြလည္း မရွိဘူး။ ပုဂၢလိကဘဏ္ေတြကိုေတာ့ စမထုတ္ခင္တစ္ရက္ႀကိဳၿပီး ထုတ္ေပးမယ့္ေန႔ အသုံးျပဳနိုင္ေအာင္ အေၾကာင္းၾကားတာမ်ိဳး လုပ္ေနတယ္” ဟု ကမၻာဇဘဏ္မွ အႀကီးတန္းအႀကံေပး ဦးသန္းလြင္က ရွင္းျပသည္။

အဆိုပါဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ တစ္ေထာင္က်ပ္တန္ ေငြစကၠဴအရြယ္အစားမွာ အလ်ား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရွိၿပီး ေငြစကၠဴသည္ ေပၚလြင္ေသာ အျပာေရာင္ျဖင့္ ေငြစကၠဴ၏အေပၚဘက္တြင္ ‘ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ႅ စာတန္းရိုက္ႏွိပ္ထားသည္ဟု ဗဟိုဘဏ္ထံမွ သိရသည္။

တစ္ေထာင္က်ပ္တန္ေငြစကၠဴ၏ မ်က္ႏွာစာဘက္တြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ ရိုက္ႏွိပ္ထားၿပီး ေငြစကၠဴ၏ လက္ယာဘက္တြင္ ေငြစကၠဴ၏တန္ဖိုးကို ျမန္မာစာသားျဖင့္ ‘တစ္ေထာင္က်ပ္’ ဟု ေဖာ္ျပထားေၾကာင္း အဆိုပါဘဏ္ထံမွ သိရသည္။

ေထာင့္သုံးေထာင့္တြင္လည္း ေငြစကၠဴ၏တန္ဖိုးကို ဂဏန္းမ်ားျဖင့္ ရိုက္ႏွိပ္ထားၿပီးေငြစကၠဴနံပါတ္ကို ျမန္မာအကၡရာ၊ ျမန္မာဂဏန္းျဖင့္ အလ်ားလိုက္၊ အဂၤလိပ္အကၡရာ၊ အဂၤလိပ္ဂဏန္းျဖင့္ ေဒါင္လိုက္ရိုက္ႏွိပ္ထားေၾကာင္း ယင္းဘဏ္ထံမွ သိရသည္။

 ေငြစကၠဴ၏လက္ဝဲဘက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ ေရစာပါရွိၿပီး ေငြစကၠဴတြင္ လုံျခဳံေရးႀကိဳးကို ေဒါင္လိုက္ျမႇုပ္ႏွံထည့္သြင္းထားေၾကာင္း ဗဟိုဘဏ္ထံမွ သိရသည္။
 ေငြစကၠဴ၏ ဘယ္ညာအစြန္းမ်ားတြင္ ေဖာင္းႂကြလိုင္းတိုမ်ား ရိုက္ႏွိပ္ထားၿပီး တစ္ေထာင္က်ပ္တန္ ေငြစကၠဴ၏ ေက်ာဘက္တြင္ လႊတ္ေတာ္အေဆာက္အအုံ ပုံရိုက္ႏွိပ္ထားကာ အေပၚပိုင္း၌ ‘CENTRAL BANK OF MYANMAR’ စာတန္း ေအာက္ပိုင္းတြင္ ‘ONE THOUSAND KYATS’  ဟူေသာ စာတန္းမ်ား ရိုက္ႏွိပ္ထားေၾကာင္း ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျပည့္ၿဖိဳးျမင့္မြန္


Unicode


ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်တန်ငွေစက္ကူများ ဇန်နဝါရီ ၇ ရက်မှစ၍ ဘဏ်များအားလုံးမှဖြန့်ချိမည်



ရန်ကုန်၊ ဒီဇင်ဘာ ၂၁

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့ ရုံးဖွင့်ရက်မှစတင်၍ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များအားလုံးတွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

“ဇန်နဝါရီလ ၄ ရက်နေ့က ပိတ်ရက်ဖြစ်နေတဲ့အတွက်ဘဏ်ဖွင့်ရက်ကစပြီး ဘဏ်အားလုံးမှာ ဖြန့်သွားမယ်။ ဒီပိုက်ဆံပုံစံအသစ်ထုတ်ဖို့ ဒီဇင်ဘာလကတည်းက လုံခြုံရေးစည်းတံဆိပ်တွေ၊ မိုတွေထုတ်ပြီး ထုတ်ဝေတာ။ လေးရက်နေ့စထုတ်မှာဖြစ်လို့ ဝန်ထမ်းလစာပေးတဲ့နေရာမှာတော့ ပါဝင်မှာမဟုတ်ဘူး” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါငွေစက္ကူအသစ်များ စတင်ထုတ်ဝေမည်ဖြစ်သော်လည်း လက်ရှိဈေးကွက်အတွင်း အသုံးပြုနေသည့် ငွေစက္ကူအဟောင်းများကိုလည်း ဖျက်သိမ်းခြင်းမရှိသည့်အတွက် ငွေကြေးဖောင်းပွမှုနှင့် ငွေတန်ဖိုးမငြိမ်သက်မှုများ မဖြစ်နိုင်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

“ငွေစက္ကူအသစ်ထုတ်လိုက်တဲ့အတွက် ငွေကြေးဖောင်းပွတာမျိုးဖြစ်မှာတော့ စိတ်ပူစရာမရှိဘူး။ နိုင်ငံတော် အခြေခံဥပဒေအရ ငွေစက္ကူအဟောင်းတွေကို အရင်လိုမဖျက်သိမ်းတော့ဘူး။ အရင်ထုတ်ထားတဲ့ အဟောင်းတွေကိုလည်း သုံးခွင့်ပြုသွားမယ်။ အသစ်တွေကိုလည်း အဟောင်းနေရာမှာအစားထိုးထုတ်တာဖြစ်လို့ ကုန်ကျစရိတ်တွေလည်း မရှိဘူး။ ပုဂ္ဂလိကဘဏ်တွေကိုတော့ စမထုတ်ခင်တစ်ရက်ကြိုပြီး ထုတ်ပေးမယ့်နေ့ အသုံးပြုနိုင်အောင် အကြောင်းကြားတာမျိုး လုပ်နေတယ်” ဟု ကမ္ဘာဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က ရှင်းပြသည်။

အဆိုပါဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိပြီး ငွေစက္ကူသည် ပေါ်လွင်သော အပြာရောင်ဖြင့် ငွေစက္ကူ၏အပေါ်ဘက်တွင် ‘မြန်မာနိုင်ငံတော်ဗဟိုဘဏ်္လ စာတန်းရိုက်နှိပ်ထားသည်ဟု ဗဟိုဘဏ်ထံမှ သိရသည်။

တစ်ထောင်ကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် ‘တစ်ထောင်ကျပ်’ ဟု ဖော်ပြထားကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပြီးငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ၊ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ၊ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားကြောင်း ယင်းဘဏ်ထံမှ သိရသည်။

 ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပြီး ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
 ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားပြီး တစ်ထောင်ကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် လွှတ်တော်အဆောက်အအုံ ပုံရိုက်နှိပ်ထားကာ အပေါ်ပိုင်း၌ ‘CENTRAL BANK OF MYANMAR’ စာတန်း အောက်ပိုင်းတွင် ‘ONE THOUSAND KYATS’  ဟူသော စာတန်းများ ရိုက်နှိပ်ထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည့်ဖြိုးမြင့်မွန်