ရန္ကုန္၊ ဒီဇင္ဘာ ၁၉
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕တြင္ ငါးႏွစ္အရြယ္ ကေလးငယ္တစ္ဦးကို ခိုးယူေျပးသည့္ အမ်ိဳးသမီးအား ဒီဇင္ဘာ ၁၈ ရက္ နံနက္ပိုင္းက ေရျဖဴၿမိဳ႕နယ္ မလႊဲေတာင္ စစ္ေဆးေရးဂိတ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ေပ်ာက္ဆုံးခဲ့ေသာ ငါးႏွစ္အရြယ္ ေယာက်ာ္းေလးမွာ ဒီဇင္ဘာ ၁၇ ရက္ ညပိုင္းက အဘြားျဖစ္သူ၏ ေနအိမ္အနီးတြင္ တစ္ဦးတည္းေဆာ့ကစားေနစဥ္ အမ်ိဳးသမီးတစ္ဦးက ေခၚေဆာင္သြားေၾကာင္း ပတ္ဝန္းက်င္ထံမွ စုံစမ္းသိရွိရသျဖင့္ ရဲစခန္းက လူေပ်ာက္တိုင္ခ်က္ဖြင့္ၿပီး ဆက္စပ္နယ္ေျမရဲစခန္းႏွင့္ စစ္ေဆးေရး ဂိတ္မ်ားထံ ခ်ိတ္ဆက္စုံစမ္းခဲ့သည္။
ယင္းသို႔ စုံစမ္းခဲ့ရာ ဒီဇင္ဘာ ၁၈ ရက္ နံနက္ ၃ နာရီခြဲတြင္ ေရျဖဴၿမိဳ႕နယ္၊ မလႊဲေတာင္စစ္ေဆးေရးဂိတ္၌ ၿမိတ္- ရန္ကုန္ ခရီးစဥ္ေျပးဆြဲေနေသာ ယာဥ္တစ္စီးေပၚတြင္ ေပ်ာက္ဆုံးေနသည့္ ကေလးႏွင့္အတူ ေဒၚခင္ခ်ိဳ(ခ) ေဒၚစီဝါကို ေတြ႕ရွိ ရသျဖင့္ ဖမ္းဆီးစစ္ေဆးခဲ့သည္။
စစ္ေဆးေပၚေပါက္ခ်က္အရ ေဒၚခင္ခ်ိဳ (ခ) ေဒၚစီဝါမွာ ၎ခိုးယူ ေခၚေဆာင္လာေသာ ကေလး၏ ေနအိမ္တြင္ အိမ္အကူ အလုပ္လုပ္ကိုင္ခဲ့ၿပီး အိမ္ရွင္ျဖစ္သူႏွင့္ မၾကာခဏ စကားမ်ားေသာေၾကာင့္ ဒီဇင္ဘာ ၁၇ ရက္ေန႔က ၎ကို အိမ္ရွင္အမ်ိဳးသမီးက လုပ္အားခ ရက္ ၂၀ စာေပး၍ အလုပ္ထုတ္သည္ကို မေက်နပ္သျဖင့္ အိမ္ရွင္အမ်ိဳးသမီး၏ ကေလးကို ေခၚေဆာင္လာခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
ခိုးယူေခၚေဆာင္လာသည့္ ကေလးကို ရန္ကုန္ၿမိဳ႕ရွိ ပရဟိတေက်ာင္းတစ္ခုသို႔ ပို႔ေဆာင္ရန္ ၿမိတ္-ရန္ကုန္ ခရီးသည္ယာဥ္ျဖင့္ လိုက္ပါလာစဥ္ လမ္းခုလတ္တြင္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ေဒၚခင္ခ်ိဳ(ခ) ေဒၚစီဝါ (၅၆)ႏွစ္ကို ၿမိတ္ၿမိဳ႕မရဲစခန္းက (ပ) ၃၄၃၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၃ (လူခိုးမႈ)ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
(S-03)
Unicode
ငါးနှစ်အရွယ် ကလေးငယ်ကို ခိုးယူပြေးသည့် အမျိုးသမီးအား မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခိုးယူပြေးသည့် အမျိုးသမီးအား ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ရေဖြူမြို့နယ် မလွှဲတောင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပျောက်ဆုံးခဲ့သော ငါးနှစ်အရွယ် ယောကျာ်းလေးမှာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက အဘွားဖြစ်သူ၏ နေအိမ်အနီးတွင် တစ်ဦးတည်းဆော့ကစားနေစဉ် အမျိုးသမီးတစ်ဦးက ခေါ်ဆောင်သွားကြောင်း ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိရသဖြင့် ရဲစခန်းက လူပျောက်တိုင်ချက်ဖွင့်ပြီး ဆက်စပ်နယ်မြေရဲစခန်းနှင့် စစ်ဆေးရေး ဂိတ်များထံ ချိတ်ဆက်စုံစမ်းခဲ့သည်။
ယင်းသို့ စုံစမ်းခဲ့ရာ ဒီဇင်ဘာ ၁၈ ရက် နံနက် ၃ နာရီခွဲတွင် ရေဖြူမြို့နယ်၊ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ မြိတ်- ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသော ယာဉ်တစ်စီးပေါ်တွင် ပျောက်ဆုံးနေသည့် ကလေးနှင့်အတူ ဒေါ်ခင်ချို(ခ) ဒေါ်စီဝါကို တွေ့ရှိ ရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါ်ခင်ချို (ခ) ဒေါ်စီဝါမှာ ၎င်းခိုးယူ ခေါ်ဆောင်လာသော ကလေး၏ နေအိမ်တွင် အိမ်အကူ အလုပ်လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်ဖြစ်သူနှင့် မကြာခဏ စကားများသောကြောင့် ဒီဇင်ဘာ ၁၇ ရက်နေ့က ၎င်းကို အိမ်ရှင်အမျိုးသမီးက လုပ်အားခ ရက် ၂၀ စာပေး၍ အလုပ်ထုတ်သည်ကို မကျေနပ်သဖြင့် အိမ်ရှင်အမျိုးသမီး၏ ကလေးကို ခေါ်ဆောင်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ခိုးယူခေါ်ဆောင်လာသည့် ကလေးကို ရန်ကုန်မြို့ရှိ ပရဟိတကျောင်းတစ်ခုသို့ ပို့ဆောင်ရန် မြိတ်-ရန်ကုန် ခရီးသည်ယာဉ်ဖြင့် လိုက်ပါလာစဉ် လမ်းခုလတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ခင်ချို(ခ) ဒေါ်စီဝါ (၅၆)နှစ်ကို မြိတ်မြို့မရဲစခန်းက (ပ) ၃၄၃၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
(S-03)
0 Comments