မိုမိုလေး


Unicode




ယဉ်ကျေးမှုမရှိ၊ အလိုက်ကန်းဆိုးမသိတဲ့သူနဲ့ ဓာတ်လှေကားထဲဆုံခဲ့ရတာကြောင့် ဒေါသဖြစ်ခဲ့ရတဲ့ မယ်လိုဒီ


ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် မယ်လိုဒီဟာ လှပကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမင်းသမီးလေးလို လှပတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားသူပါ။ မယ်လိုဒီက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်အားပေးလျက်ပါပဲ။ မယ်လိုဒီက သူမရဲ့သားလေး သိဒ္ဒိစစ်ကို အချိန်ပေးရင်း ကြော်ငြာတွေ၊ ဓာတ်ပုံတွေကိုတော့ လက်ခံရိုက်ကူးပေးနေလျက်ရှိပါတယ်။



ဒီနေ့မှာတော့ မယ်လိုဒီက ယဉ်ကျေးမှုမရှိ၊ အလိုက်ကန်းဆိုးမသိတဲ့သူတစ်ယောက်နဲ့ ဓာတ်လှေကားထဲ ဆုံခဲ့ရတာကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ဝေမျှပြောပြထားပါတယ်။



“ယဉ်ကျေးမှု့မရှိတာ.. ဓာတ်လှေခါးထဲဆုံတာနဲ့တစ်ယောက်တည်းလား? မသိရင် ကိုယ်ကမိသားစုမပါရင်လမ်းမသွားတတ်တော့သလို ခလေးကိုအမြဲချီထားရတော့မလို။ ကလေးကစကားပြောတတ်ပြီလား စကားပြောနောက်ကျတယ် အင်တာဗျူးတွေထဲ ဖြေမိလို့လား?”



” အရမ်းဝလာတယ်နော် ဝိတ်ချဦး.. ဒေါသကိုအမြင့်ဆုးံပို့လိုက်သလိုဘဲ 🤬 ကျွန်မကဗိုက်တစ်လုးံထဲကွက်ဝနေတာမဟုတ်ဘူး။ ရှိသမျှအကုန်ကြီးပြီးလှနေတာ ရှင်းရှင်းပြောရရင် ပြည့်ပြည့်ဝဝလှနေတာ။ တသားမွေး တသွေးလှ ဆိုတာမကြားဖူးဘူးလား? နောက်တွေ့ရင် ရင်းနှီးတဲ့သူမဟုတ်ဘဲ ဝတယ်လာပြောရင်သည်းခံမှာမဟုတ်ဘူး” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။



မယ်လိုဒီကတော့ သူမရဲ့ဘဝကို အကောင်းဆုံးဖြတ်သန်းနေတာဖြစ်ပြီး သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူတွေကြောင့် စိတ်ရှုပ်နေရတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး