ရန္ကုန္၊ ဒီဇင္ဘာ ၃၀။              ။ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္၊ ေမွာ္ဘီၿမိဳ႕နယ္၊ ေျမာင္းတကာေက်း႐ြာတြင္ မိခင္ျဖစ္သူအေပၚ ႐ိုက္ႏွက္ႏွိပ္စက္ေနသည့္ ပေထြးျဖစ္သူကို ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးက ဓားျဖင့္ခုတ္သတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
လူသတ္မႈက်ဴးလြန္ခဲ့သည့္ မိန္းကေလးမွာ ဒီဇင္ဘာ ၂၈ ရက္ ညေနပိုင္းက ၎၏ ေနအိမ္တြင္ ရွိေနခ်ိန္ ပေထြးျဖစ္သူ ဖိုးေထြး(ခ)သက္ေဆြႏွင့္ ၎၏ မိခင္ျဖစ္သူတို႔မွာ ေနအိမ္ေဘးတြင္ လုံးေထြးသတ္ပုတ္ေနေသာေၾကာင့္ ၎က ဖိုးေထြး(ခ) သက္ေဆြ၏ လည္ပင္းႏွင့္ ဘယ္လက္တို႔အား ထင္းခုတ္ဓားမျဖင့္ ခုတ္ခဲ့သည္။
Image result for ေမွာ္ဘီၿမိဳ႕နယ္
ဓားျဖင့္ခုတ္ခံရသူ ဖိုးေထြး(ခ) သက္ေဆြ (၄၂)ႏွစ္မွာ ျပတ္ရွဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ေသာေၾကာင့္ လူသတ္မႈက်ဴးလြန္ခဲ့သည့္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးကို ေမွာ္ဘီၿမိဳ႕မ ရဲစခန္းမွ (ပ)၃၁၁၅/၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂(လူသတ္မႈ)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
Source-The Voice


Unicode



မိခင်ဖြစ်သူကို ရိုက်နှက်နှိပ်စက်နေသော ပထွေးကို ၁၅ နှစ်အရွယ်သမီးက ဓားဖြင့် ခုတ်သတ်


ရန်ကုန်၊ ဒီဇင်ဘာ ၃၀။              ။ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် မိခင်ဖြစ်သူအပေါ် ရိုက်နှက်နှိပ်စက်နေသည့် ပထွေးဖြစ်သူကို ၁၅ နှစ်အရွယ် မိန်းကလေးက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှုကျူးလွန်ခဲ့သည့် မိန်းကလေးမှာ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ၎င်း၏ နေအိမ်တွင် ရှိနေချိန် ပထွေးဖြစ်သူ ဖိုးထွေး(ခ)သက်ဆွေနှင့် ၎င်း၏ မိခင်ဖြစ်သူတို့မှာ နေအိမ်ဘေးတွင် လုံးထွေးသတ်ပုတ်နေသောကြောင့် ၎င်းက ဖိုးထွေး(ခ) သက်ဆွေ၏ လည်ပင်းနှင့် ဘယ်လက်တို့အား ထင်းခုတ်ဓားမဖြင့် ခုတ်ခဲ့သည်။

Image result for မှော်ဘီမြို့နယ်

ဓားဖြင့်ခုတ်ခံရသူ ဖိုးထွေး(ခ) သက်ဆွေ (၄၂)နှစ်မှာ ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် လူသတ်မှုကျူးလွန်ခဲ့သည့် ၁၅ နှစ်အရွယ် မိန်းကလေးကို မှော်ဘီမြို့မ ရဲစခန်းမှ (ပ)၃၁၁၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Source-The Voice