
အက္စတာ ကေတာ့ သူမကို ေဝဖန္တိုက္ခိုက္လာတဲ့ ပရိသတ္ေတြသိေအာင္ အမွန္တရားေတြကို ထုတ္ေဖာ္ေျပာျပလာပါတယ္။ သူမဟာ ဆင္းရဲတဲ့မိသားစုဝင္တစ္ဦးျဖစ္ေပမယ့္ ဝါသနာပါတဲ့ ဂီတအလုပ္ကို အခက္အခဲေတြၾကားက ႀကိဳးစားခဲ့ရတယ္လို႔ဆိုပါတယ္။

Myanmar idol(Season-4) Winner ဆုရွင္ အက္စတာေဒါ့သ္ခ်င္းဆုန္ ကေတာ့ သူမနဲ႔ ပတ္သက္တဲ့ ေကာလာဟလ သတင္းေတြအေပၚ ျပန္လည္ေျဖရွင္း ခ်က္ ထုတ္လာပါတယ္။ သူမဟာ Myanmar idol ၿပိဳင္ပြဲဝင္တစ္ေယာက္မျဖစ္ခင္က Chin Idol ဆိုတဲ့ သီခ်င္းဆိုၿပိဳင္ပြဲမွာ winner ဆုရရွိခဲ့တာေၾကာင့္ ျပည္ပမွာေနထိုင္တဲ့ ခ်င္းလူမ်ိဳးေတြရဲ႕အကူအညီေၾကာင့္ ႏိုင္ငံျခားခရီးကို သြားခဲ့ရတာလို႔ ဆိုပါတယ္။

“သမီးက 2017 မွာ Chin Idol မွာ winner ဆုရခဲ့တယ္ အဲကေနတစ္ဆင့္ winner ရတဲ့သူကို ႏိုင္ငံျခားမွာေနတဲ့ခ်င္းအဖြဲ႕အစည္းကေနၿပီးေတာ့ တဆင့္ Gospel concert လုပ္ဖို႔ေခၚတယ္( သမီးတို႔ခ်င္းလူမ်ိဳးကဆင္းရဲတယ္ ရွင့္။ သီခ်င္းဆိုၿပီးေတာ့ ပိုက္ဆံအမ်ားႀကီးရဖို႔ အရမ္းခက္ခဲတယ္။ ဒါေပမယ့္ျပည္ပမွာ ေနတဲ့ႏိုင္ငံအသီးသီးက ခ်င္းလူမ်ိဳးေတြကေနတစ္ဆင့္ သမီးတို႔ ခ်င္းလူမ်ိဳးထဲက Gospel singer ပဲျဖစ္ျဖစ္၊ love song singer ပဲျဖစ္ျဖစ္ သူတို႔ပံ့ပိုးမႈကေနတဆင့္ အဆိုေတာ္ေတြအရမ္းေတာ္လြန္းလို႔ေခၚတယ္ဆိုတာထက္ ကိုယ့္လူမ်ိဳးအခ်င္းခ်င္းသမီးတို႔ရဲ႕ ႀကိဳးစားမႈကိုအသိမွတ္ျပဳေပးတဲ့ အေနနဲ႔ျမႇင့္တင္ၿပီးေတာ့႐ိုင္းပင္းကူညီေပးခဲ့ၾကတယ္။ အဲဒီလိုျမႇင့္တင္ခံရတဲ့ထဲမွာ သမီးလည္းပါတယ္ေပါ့ေနာ္) ဒီလိုႏိုင္ငံျခားသြားတာ သမီးပိုက္ဆံတစ္ျပားေတာင္မကုန္ခဲ့ပါဘူး ကိုယ့္ပိုက္ဆံနဲ႔ဆိုရင္လည္းမသြားႏိုင္ပါဘူးအဲဒီေလာက္မခ်မ္းသာဘူးရွင့္” လို႔ သူကဆိုပါတယ္။

ျပည္ပႏိုင္ငံမွာရွိတဲ့ ခ်င္းလူမ်ိဳးေတြဟာ အက္စတာရဲ႕ ဂီတဖန္တီးမႈေတြအေပၚ အမ်ားႀကီး အားေပးခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ျပည္ပက ပရိသတ္ေတြေပးတဲ့ ဆုေတြကိုလည္း အျမတ္တႏိုးထားၿပီး လက္ခံခဲ့တာျဖစ္တယ္လို႔ ဒီဇင္ဘာလ ၃၀ ရက္ေန႔ညေန ၄ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။
“ၿပီးေတာ့ အႏုပညာေၾကးက ျမန္မာႏိုင္ငံကအႏုပညာေၾကးရသလိုမ်ိဳးမရဘူးရွင့္။ ၿပီးေတာ့အဲဒီတုန္းက အႏုပညာေၾကးကဘယ္ေလာက္ပါ ဆိုၿပီးေတာ့မသတ္မွတ္ရဲခဲ့ဘူး။ သတ္မွတ္ရေအာင္လည္းကိုယ္ကခြၽန္ထြက္ၿပီးေတာ့ေတာ္တာ၊တက္ေနတာလည္းမဟုတ္ခဲ့ဘူး။ သမီးရဲ႕ႀကိဳးစားမႈကို အသိမွတ္ျပဳလို႔သာ သမီးကိုေမတၱာနဲ႔ေခၚတာျဖစ္တဲ့အတြက္သူတို႔ေပးတဲ့လက္ေဆာင္ကိုအၿမဲတမ္းေက်ေက်နပ္နပ္လက္ခံခဲ့တယ္။ ေပ်ာ္လည္းေပ်ာ္ခဲ့တယ္၊ လက္ေဆာင္မေပးလည္း အဲဒီႏိုင္ငံေရာက္တာနဲ႔တင္သမီးဘက္ကေျပာျပလို႔မရေအာင္ေက်နပ္ေနတယ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့အျမင္ေတြက်ယ္လာခဲ့တယ္ အဲဒါဘာနဲ႔မွဝယ္လို႔မရတဲ့အရာမို႔လို႔ပါ”လို႔ ဆိုပါတယ္။

အက္စတာဟာ နာမည္ေက်ာ္အဆိုေတာ္ တစ္ေယာက္မဟုတ္လို႔ ျပည္ပမွာ သြားေရာက္ေဖ်ာ္ေျဖခဲ့စဥ္က အႏုပညာေၾကးအမ်ားႀကီးမရေပမယ့္လည္း ရရွိတဲ့ေငြေၾကးကို မိခင္ျဖစ္သူ နဲ႔ ေမာင္ေလးကို အဆင္ေျပေျပ ေထာက္ပံ့ေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ ရည္မွန္းခ်က္အတြက္ Myanmar idol မွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ ေနရာထိုင္ခင္းအတြက္ အခက္အခဲေတြရွိခဲ့တာေၾကာင့္ ဖခင္ျဖစ္သူကို အကူအညီေတာင္းခဲ့ရတယ္လို႔ ရင္ဖြင့္ထားပါေသးတယ္။ ဝါသနာပါတဲ့ ဂီတအလုပ္ေတြလုပ္ရင္း တကၠသိုလ္ေနာက္ဆုံးႏွစ္ ေက်ာင္းတက္ေနရတဲ့ အက္စတာအတြက္ဒီလို ေဝဖန္မႈမ်ိဳးေတြဟာ အရမ္းကို စိတ္မေကာင္းျဖစ္ရတယ္လို႔ သူက ဆိုထားပါေသးတယ္။

“လူတစ္ေယာက္ရဲ႕ဘဝအေၾကာင္းကို ေသခ်ာမသိဘဲနဲ႔မေျပာပါနဲ႔အပူေတြ မယူၾကပါနဲ႔ ညီမကိုေျပာတာအေၾကာင္းမဟုတ္ဘူး ခံႏိုင္ပါတယ္ ဒါေပမယ့္ေျပာေနတဲ့ သူေတြ ဘဝသံသရာအဆက္ဆက္ဝဋ္ေႂကြးေတြဆက္ရမွာစိုးလို႔ပါ အားလုံးေမတၱာနဲ႔ပါၿပီးေတာ့သမီးကို ဘာသာျခားအမ်ိဳးတို႔ အားလုံးကဘုရားမွာ အလႉေတြလုပ္ေပးတဲ့ သူအားလုံး အမွ် အမွ် အမွ်ပါ က်န္းမာပါေစခ်မ္းသာၾကပါေစ လို႔ဆုေတာင္းေပးပါတယ္ ႏွစ္သစ္မွာဘုရားသခင္ၿငိမ္ သက္ျခင္းေပးၾကပါေစရွင့္” ဆိုၿပီးေတာ့လည္း ဆက္လက္ေရးသားခဲ့ပါေသးတယ္။အက္စတာေဒါ့သ္ခ်င္းဆုန္ ကေတာ့ Myanmar idol(Season-4) သီခ်င္းဆိုၿပိဳင္ပြဲႀကီးမွာ Vote No.07778 နဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ အဆိုေတာ္ တစ္ေယာက္ပါ။ အခုဆိုရင္ေတာ့ Myanmar idol ရဲ႕ ပထမဆုံး winner ဆုရွင္ မိန္းကေလးတစ္ေယာက္အျဖစ္နဲ႔ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။ Myanmar idol(Seasom-4) ယွဥ္ၿပိဳင္ေနတဲ့ ပြဲစဥ္တစ္ေလွ်ာက္လုံးမွာလည္း သူမကို အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္အမ်ားႀကီးရဲ႕ အခ်စ္ေတြကို ပိုင္ဆိုင္ႏိုင္ခဲ့သူျဖစ္ပါတယ္။
ဆယ္လီရပ္ကြက္
Unicode
ဝေဖန်နေကြတဲ့ အဖြစ်အပျက်အပေါ် ရင်ဖွင့်လာတဲ့ အက်စတာ
အက်စတာ ကတော့ သူမကို ဝေဖန်တိုက်ခိုက်လာတဲ့ ပရိသတ်တွေသိအောင် အမှန်တရားတွေကို ထုတ်ဖော်ပြောပြလာပါတယ်။ သူမဟာ ဆင်းရဲတဲ့မိသားစုဝင်တစ်ဦးဖြစ်ပေမယ့် ဝါသနာပါတဲ့ ဂီတအလုပ်ကို အခက်အခဲတွေကြားက ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။
Image result for အက်စတာ
Myanmar idol(Season-4) Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန် ကတော့ သူမနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေအပေါ် ပြန်လည်ဖြေရှင်း ချက် ထုတ်လာပါတယ်။ သူမဟာ Myanmar idol ပြိုင်ပွဲဝင်တစ်ယောက်မဖြစ်ခင်က Chin Idol ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲမှာ winner ဆုရရှိခဲ့တာကြောင့် ပြည်ပမှာနေထိုင်တဲ့ ချင်းလူမျိုးတွေရဲ့အကူအညီကြောင့် နိုင်ငံခြားခရီးကို သွားခဲ့ရတာလို့ ဆိုပါတယ်။
Image result for အက်စတာ
“သမီးက 2017 မှာ Chin Idol မှာ winner ဆုရခဲ့တယ် အဲကနေတစ်ဆင့် winner ရတဲ့သူကို နိုင်ငံခြားမှာနေတဲ့ချင်းအဖွဲ့အစည်းကနေပြီးတော့ တဆင့် Gospel concert လုပ်ဖို့ခေါ်တယ်( သမီးတို့ချင်းလူမျိုးကဆင်းရဲတယ် ရှင့်။ သီချင်းဆိုပြီးတော့ ပိုက်ဆံအများကြီးရဖို့ အရမ်းခက်ခဲတယ်။ ဒါပေမယ့်ပြည်ပမှာ နေတဲ့နိုင်ငံအသီးသီးက ချင်းလူမျိုးတွေကနေတစ်ဆင့် သမီးတို့ ချင်းလူမျိုးထဲက Gospel singer ပဲဖြစ်ဖြစ်၊ love song singer ပဲဖြစ်ဖြစ် သူတို့ပံ့ပိုးမှုကနေတဆင့် အဆိုတော်တွေအရမ်းတော်လွန်းလို့ခေါ်တယ်ဆိုတာထက် ကိုယ့်လူမျိုးအချင်းချင်းသမီးတို့ရဲ့ ကြိုးစားမှုကိုအသိမှတ်ပြုပေးတဲ့ အနေနဲ့မြှင့်တင်ပြီးတော့ရိုင်းပင်းကူညီပေးခဲ့ကြတယ်။ အဲဒီလိုမြှင့်တင်ခံရတဲ့ထဲမှာ သမီးလည်းပါတယ်ပေါ့နော်) ဒီလိုနိုင်ငံခြားသွားတာ သမီးပိုက်ဆံတစ်ပြားတောင်မကုန်ခဲ့ပါဘူး ကိုယ့်ပိုက်ဆံနဲ့ဆိုရင်လည်းမသွားနိုင်ပါဘူးအဲဒီလောက်မချမ်းသာဘူးရှင့်” လို့ သူကဆိုပါတယ်။
Related image
ပြည်ပနိုင်ငံမှာရှိတဲ့ ချင်းလူမျိုးတွေဟာ အက်စတာရဲ့ ဂီတဖန်တီးမှုတွေအပေါ် အများကြီး အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြည်ပက ပရိသတ်တွေပေးတဲ့ ဆုတွေကိုလည်း အမြတ်တနိုးထားပြီး လက်ခံခဲ့တာဖြစ်တယ်လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
“ပြီးတော့ အနုပညာကြေးက မြန်မာနိုင်ငံကအနုပညာကြေးရသလိုမျိုးမရဘူးရှင့်။ ပြီးတော့အဲဒီတုန်းက အနုပညာကြေးကဘယ်လောက်ပါ ဆိုပြီးတော့မသတ်မှတ်ရဲခဲ့ဘူး။ သတ်မှတ်ရအောင်လည်းကိုယ်ကချွန်ထွက်ပြီးတော့တော်တာ၊တက်နေတာလည်းမဟုတ်ခဲ့ဘူး။ သမီးရဲ့ကြိုးစားမှုကို အသိမှတ်ပြုလို့သာ သမီးကိုမေတ္တာနဲ့ခေါ်တာဖြစ်တဲ့အတွက်သူတို့ပေးတဲ့လက်ဆောင်ကိုအမြဲတမ်းကျေကျေနပ်နပ်လက်ခံခဲ့တယ်။ ပျော်လည်းပျော်ခဲ့တယ်၊ လက်ဆောင်မပေးလည်း အဲဒီနိုင်ငံရောက်တာနဲ့တင်သမီးဘက်ကပြောပြလို့မရအောင်ကျေနပ်နေတယ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့အမြင်တွေကျယ်လာခဲ့တယ် အဲဒါဘာနဲ့မှဝယ်လို့မရတဲ့အရာမို့လို့ပါ”လို့ ဆိုပါတယ်။
အက်စတာဟာ နာမည်ကျော်အဆိုတော် တစ်ယောက်မဟုတ်လို့ ပြည်ပမှာ သွားရောက်ဖျော်ဖြေခဲ့စဉ်က အနုပညာကြေးအများကြီးမရပေမယ့်လည်း ရရှိတဲ့ငွေကြေးကို မိခင်ဖြစ်သူ နဲ့ မောင်လေးကို အဆင်ပြေပြေ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရည်မှန်းချက်အတွက် Myanmar idol မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ နေရာထိုင်ခင်းအတွက် အခက်အခဲတွေရှိခဲ့တာကြောင့် ဖခင်ဖြစ်သူကို အကူအညီတောင်းခဲ့ရတယ်လို့ ရင်ဖွင့်ထားပါသေးတယ်။ ဝါသနာပါတဲ့ ဂီတအလုပ်တွေလုပ်ရင်း တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းတက်နေရတဲ့ အက်စတာအတွက်ဒီလို ဝေဖန်မှုမျိုးတွေဟာ အရမ်းကို စိတ်မကောင်းဖြစ်ရတယ်လို့ သူက ဆိုထားပါသေးတယ်။
“လူတစ်ယောက်ရဲ့ဘဝအကြောင်းကို သေချာမသိဘဲနဲ့မပြောပါနဲ့အပူတွေ မယူကြပါနဲ့ ညီမကိုပြောတာအကြောင်းမဟုတ်ဘူး ခံနိုင်ပါတယ် ဒါပေမယ့်ပြောနေတဲ့ သူတွေ ဘဝသံသရာအဆက်ဆက်ဝဋ်ကြွေးတွေဆက်ရမှာစိုးလို့ပါ အားလုံးမေတ္တာနဲ့ပါပြီးတော့သမီးကို ဘာသာခြားအမျိုးတို့ အားလုံးကဘုရားမှာ အလှူတွေလုပ်ပေးတဲ့ သူအားလုံး အမျှ အမျှ အမျှပါ ကျန်းမာပါစေချမ်းသာကြပါစေ လို့ဆုတောင်းပေးပါတယ် နှစ်သစ်မှာဘုရားသခင်ငြိမ် သက်ခြင်းပေးကြပါစေရှင့်” ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။အက်စတာဒေါ့သ်ချင်းဆုန် ကတော့ Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာ Vote No.07778 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ။ အခုဆိုရင်တော့ Myanmar idol ရဲ့ ပထမဆုံး winner ဆုရှင် မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ Myanmar idol(Seasom-4) ယှဉ်ပြိုင်နေတဲ့ ပွဲစဉ်တစ်လျှောက်လုံးမှာလည်း သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများကြီးရဲ့ အချစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။
ဆယ်လီရပ်ကွက်
0 Comments