ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ စေကာ့ေမာရစ္ဆင္ဟာ ေတာမီးအႀကီးအက်ယ္ေလာင္လို့ အက်ပ္အတည္းၾကဳံ ေနစဥ္မွာပဲ ဟာဝိုင္အီကို အားလပ္ရက္အပန္းေျဖခရီးထြက္ခဲ့တဲ့အေပၚ ျပန္လည္ေတာင္းပန္လိုက္ပါတယ္။
မစၥတာေမာရစ္ဆင္ဟာ ဒီကိစၥေၾကာင့္သူ႔အေပၚ ေဝဖန္မွုေတြျမႇင့္တက္လာေနစဥ္မွာပဲ ခရီးစဥ္ကို ရက္တိုနဲ႔ဖ်က္သိမ္းၿပီး ျပန္လာခဲ့ပါတယ္။
ေတာမီးဟာ ျပည္နယ္ ၃ခုမွာ အႀကီးအက်ယ္ ေလာင္ကၽြမ္းေနၿပီး ၿပီးခဲ့တဲ့စေနေန႔မွာေတာ့ ေတာမီးေၾကာင့္ ေသဆုံးသူတစ္ဦးရဲ့အေလာင္းကို ရွာေတြ႕ခဲ့ပါတယ္။
ၾသစေၾတးလ်မွာၿပီးခဲ့တဲ့ စက္တင္ဘာလထဲကစတင္ေလာင္ကၽြမ္းခဲ့တဲ့ ေတာမီးေၾကာင့္ အနည္းဆုံး လူ ၉ ဦး ေသဆုံးခဲ့ၿပီး ေနအိမ္ ၇၀၀ ေက်ာ္ပ်က္စီးဆုံးရွုံးခဲ့ရပါတယ္။
ဒီႏွစ္အတြင္းမွာ ရာသီဥတုေျပာင္းလဲမွုေၾကာင့္ မီးေလာင္ကၽြမ္းမွုေတြျဖစ္ပြားခဲ့ၿပီး ၾသစေၾတးလ်ျပည္သူ အမ်ားအျပားအေပၚ ျပင္းထန္တဲ့သက္ေရာက္မွုေတြရွိခဲ့အၿပီးမွာေတာ့ ဒုဝန္ႀကီးခ်ဳပ္ မိုက္ကယ္ မက္ကြန္မက္ခ္ဟာကမၻာႀကီးပူေႏြးလာတဲ့အေရးကို စတင္ကိုင္တြယ္ေျဖရွင္းဖို့လိုအပ္ေနၿပီလို့ ဝန္ခံေျပာဆို ခဲ့ပါတယ္။
#ဘီဘီစီျမန္မာပိုင္း
Unicode
နိုင်ငံတွင်း တောမီးကြောင့် အခက်ကြုံနေစဉ် အပန်းဖြေခရီးထွက်ခဲ့တဲ့အပေါ် သြစတြေးလျ ဝန်ကြီးချုပ် တောင်းပန်
သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်ဟာ တောမီးအကြီးအကျယ်လောင်လို့ အကျပ်အတည်းကြုံ နေစဉ်မှာပဲ ဟာဝိုင်အီကို အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်လိုက်ပါတယ်။
မစ္စတာမောရစ်ဆင်ဟာ ဒီကိစ္စကြောင့်သူ့အပေါ် ဝေဖန်မှုတွေမြှင့်တက်လာနေစဉ်မှာပဲ ခရီးစဉ်ကို ရက်တိုနဲ့ဖျက်သိမ်းပြီး ပြန်လာခဲ့ပါတယ်။
တောမီးဟာ ပြည်နယ် ၃ခုမှာ အကြီးအကျယ် လောင်ကျွမ်းနေပြီး ပြီးခဲ့တဲ့စနေနေ့မှာတော့ တောမီးကြောင့် သေဆုံးသူတစ်ဦးရဲ့အလောင်းကို ရှာတွေ့ခဲ့ပါတယ်။
သြစတြေးလျမှာပြီးခဲ့တဲ့ စက်တင်ဘာလထဲကစတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး နေအိမ် ၇၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဒီနှစ်အတွင်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး သြစတြေးလျပြည်သူ အများအပြားအပေါ် ပြင်းထန်တဲ့သက်ရောက်မှုတွေရှိခဲ့အပြီးမှာတော့ ဒုဝန်ကြီးချုပ် မိုက်ကယ် မက်ကွန်မက်ခ်ဟာကမ္ဘာကြီးပူနွေးလာတဲ့အရေးကို စတင်ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်နေပြီလို့ ဝန်ခံပြောဆို ခဲ့ပါတယ်။
#ဘီဘီစီမြန်မာပိုင်း
0 Comments