ခရစၥမတ္ေန႔ နံနက္အေစာပိုင္းက နယူးဟမ့္ရွိုင္းယားျပည္နယ္ (New Hampshire) ျပည္နယ္ခ်င္းဆက္လမ္းမႀကီး အမွတ္(၉၃)ေပၚမွာ အေရးေပၚ မီးဖြားခဲ့ရတဲ့ အမ်ိဳးသမီး နယူးဟမ့္ရွိုင္းယားျပည္နယ္ ရဲအရာရွိႏွစ္ဦးနဲ႔ ေဘာ့စကာဝမ္ရဲဌာနက အရာရွိတစ္ဦးက ပါဝင္ကူညီေပးခဲ့ၾကပါတယ္။ ျပည္သူ႔ဝန္ထမ္းဆိုတာ ျပည္သူေတြ လိုအပ္ခ်ိန္မွာ အကူအညီေပးဖို့ အသင့္ရွိေနတယ္ဆိုတာကို ဒီရဲအရာရွိေတြက အေျပာမဟုတ္၊ အလုပ္နဲ႔ သက္ေသျပခဲ့ၾကပါတယ္။

သူတို့ရဲ့ လုပ္ရပ္ဟာ ေတြ႕ျမင္ၾကားသိရသူေတြကို  စိတ္ႏွလုံး ၾကည္ႏူးေစသလို လူ႔အဖြဲ႕အစည္းမွာ သူတို့လို လူေတြ မ်ားမ်ားေပၚလာဖို့လည္း လိုအပ္ေနပါတယ္။ ခရစၥမတ္ေန႔မွာ လူ႔ေလာကထဲ ေရာက္ရွိလာတဲ့ ကေလးငယ္ ဒိုမီနစ္ (Dominic)၊ သူ႔မိဘႏွစ္ပါးနဲ႔ ဝိုင္းဝန္းကူညီေပးခဲ့ၾကတဲ့ ရဲအရာရွိေတြက ဓာတ္ပုံတြဲရိုက္ခဲ့ၾကၿပီး အဲဒီဓာတ္ပုံကို နယူးဟမ့္ရွိုင္းယားျပည္နယ္ ရဲတပ္ဖြဲ႕က သူတို့ရဲ့ တြစ္တာစာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္။

Ref : ABC "Officers help deliver baby boy on interstate on Christmas morning"
Team (ရိုးရာေလး)


#Team_yyl #News_yyl



Unicode


လမ်းပေါ်မှာ မီးဖွားခဲ့ရတဲ့ အမျိုးသမီးကို ရဲအရာရှိတွေ ကူညီပေးခဲ့

ခရစ္စမတ်နေ့ နံနက်အစောပိုင်းက နယူးဟမ့်ရှိုင်းယားပြည်နယ် (New Hampshire) ပြည်နယ်ချင်းဆက်လမ်းမကြီး အမှတ်(၉၃)ပေါ်မှာ အရေးပေါ် မီးဖွားခဲ့ရတဲ့ အမျိုးသမီး နယူးဟမ့်ရှိုင်းယားပြည်နယ် ရဲအရာရှိနှစ်ဦးနဲ့ ဘော့စကာဝမ်ရဲဌာနက အရာရှိတစ်ဦးက ပါဝင်ကူညီပေးခဲ့ကြပါတယ်။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူတွေ လိုအပ်ချိန်မှာ အကူအညီပေးဖို့ အသင့်ရှိနေတယ်ဆိုတာကို ဒီရဲအရာရှိတွေက အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြခဲ့ကြပါတယ်။

သူတို့ရဲ့ လုပ်ရပ်ဟာ တွေ့မြင်ကြားသိရသူတွေကို  စိတ်နှလုံး ကြည်နူးစေသလို လူ့အဖွဲ့အစည်းမှာ သူတို့လို လူတွေ များများပေါ်လာဖို့လည်း လိုအပ်နေပါတယ်။ ခရစ္စမတ်နေ့မှာ လူ့လောကထဲ ရောက်ရှိလာတဲ့ ကလေးငယ် ဒိုမီနစ် (Dominic)၊ သူ့မိဘနှစ်ပါးနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ ရဲအရာရှိတွေက ဓာတ်ပုံတွဲရိုက်ခဲ့ကြပြီး အဲဒီဓာတ်ပုံကို နယူးဟမ့်ရှိုင်းယားပြည်နယ် ရဲတပ်ဖွဲ့က သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

Ref : ABC "Officers help deliver baby boy on interstate on Christmas morning"
Team (ရိုးရာလေး)


#Team_yyl #News_yyl