ဘူးသီးေတာင္ NLD ပါတီဥကၠ႒ဦးရဲသိန္းေသဆံုးမႈမွာ ၄င္းအားဖမ္းဆီးထားေသာ ေအေအ အဖြဲ႕တြင္ တာ၀န္ရွိေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ပါတီ၊ ဗဟိုျပန္ၾကားေရးေကာ္မတီမွအတြင္းေရးမွဴး မံုရြာေအာင္ရွင္က ေျပာသည္။ဘူးသီးေတာင္ NLD ပါတီဥကၠ႒ဦးရဲသိန္းေသဆံုးမႈႏွင့္ပတ္သက္၍ဆက္သြယ္ေမးျမန္းရာတြင္ အထက္ပါအတိုင္းေျဖၾကားျခင္းျဖစ္သည္။
Image may contain: outdoor
“ ဒီလိုဖမ္းဆီးထားတဲ့အခ်ိန္မွာေသဆံုးရတဲ့ကိစၥက ေအေအ ကလည္း တပ္ေၾကာင့္လက္နက္ႀကီးက်တယ္လို႔ ေျပာတယ္။ တပ္ဘက္ကလည္း ေအေအ ကသတ္တယ္လို႔ေျပာတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ေပါ့ေလ ဒီလိုျဖစ္သြားရတာဟာဖမ္းဆီးထားတဲ့ ေအေအ မွာတာဝန္ရွိတယ္။ အျပစ္မဲ့တဲ့ျပည္သူတစ္ေယာက္ကို တကယ္လည္းတိုက္ေနရတဲ့ကာလမဟုတ္ဘဲနဲ႔ အျပစ္မဲ့တဲ့လူထုကို ဒီလိုဖမ္းဆီးတာဟာ ညွင္းပန္းႏွိပ္စက္တာဟာ ႏိုင္ငံေရးအင္အားစုေတြရဲ႕လုပ္ထံုးလုပ္နည္းမဟုတ္ပါဘူး။” ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ပါတီ၊ ဗဟိုျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမွဴး မံုရြာေအာင္ရွင္က ေျပာသည္။
Related image
ဘူးသီးေတာင္အေျခစုိက္ စကခ (၁၅)မွပစ္ခတ္ေသာ လက္နက္ႀကီးက်ည္မ်ားက ေအေအ တပ္စြဲရာ ေတာင္ကုန္းေပၚသို႔က်ေရာက္ေပါက္ကြဲသျဖင့္ ဘူးသီးေတာင္ NLD ပါတီဥကၠ႒ ဦးရဲသိန္း ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ေအေအ အဖြဲ႕ဘက္မွထုတ္ျပန္ထားသည္။“ ေအေအ ဘက္က အဲဒီလိုသာဆက္တိုးၿပီးလုပ္လာမယ္ဆိုရင္ အဲဒီေဒသမွာေတာ့ ျပင္းထန္တဲ့ထိေတြ႔မႈေတြ အမ်ားႀကီးျဖစ္လာလိမ့္မယ္။ ျပည္သူလူထုနဲ႔သူတို႔နဲ႔လည္းထိေတြ႔ေတာ့မယ္။ အစိုးရနဲ႔တပ္နဲ႔လည္း သူတို႔နဲ႔ ထိပ္တိုက္ေတြ႔ေတာ့မယ္။ ပြတ္တိုက္မႈေတြအမ်ားႀကီးျဖစ္လာေတာ့မယ္။ အလားအလာမေကာင္းဘူးလို႔ ကြ်န္ေတာ္ေျပာခ်င္ပါတယ္”ဟု မံုရြာဦးေအာင္ရွင္က ဆက္ေျပာသည္။
ဘူးသီးေတာင္ NLD ပါတီဥကၠ႒ ဦးရဲသိန္းသည္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ေထာက္ခံပြဲကို ဘူးသီးေတာင္ၿမိဳ႕တြင္က်င္းပရန္နယ္သို႔ဆင္းရာ၌ ေအေအ အဖြဲ႕၏ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။ေအေအ လက္နက္ကိုင္အဖြဲ႔အေနျဖင့္ ၿပီးခဲ့သည့္ႏိုဝင္ဘာလအတြင္း NLD ပါတီဝင္ ခ်င္းျပည္နယ္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းအပါအဝင္ ေရႊနဒီအျမန္ေရယာဥ္လိုင္းမွ လူအခ်ိဳ႕မ်ားကိုလည္းလက္ရွိအထိဖမ္းဆီးထားဆဲျဖစ္ကာ ဒီဇင္ဘာ ၂၄ ရက္တြင္လည္း ဘူးသီးေတာင္ၿမိဳ႕မွ ေတာင္ပဇာနယ္ျခားေစာင့္စခန္းသို႔သြားသည့္ လူဝင္မႈၾကီးၾကပ္ေရး (လ၀က) အရာရွိ ၃ ဦးကုိပါ ထပ္မံဖမ္းဆီးထားသည္။
Source-အကုန္သိ

Unicode


ဘူးသီးတောင် NLD ပါတီဥက္ကဋ္ဌသေဆုံးမှု အေအေ အဖွဲ့တွင်တာဝန်ရှိဟု NLD ပါတီမှမုံရွာဦးအောင်ရှင် ပြော


ဘူးသီးတောင် NLD ပါတီဥက္ကဋ္ဌဦးရဲသိန်းသေဆုံးမှုမှာ ၄င်းအားဖမ်းဆီးထားသော အေအေ အဖွဲ့တွင် တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။ဘူးသီးတောင် NLD ပါတီဥက္ကဋ္ဌဦးရဲသိန်းသေဆုံးမှုနှင့်ပတ်သက်၍ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။

Image may contain: outdoor

“ ဒီလိုဖမ်းဆီးထားတဲ့အချိန်မှာသေဆုံးရတဲ့ကိစ္စက အေအေ ကလည်း တပ်ကြောင့်လက်နက်ကြီးကျတယ်လို့ ပြောတယ်။ တပ်ဘက်ကလည်း အေအေ ကသတ်တယ်လို့ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဒီလိုဖြစ်သွားရတာဟာဖမ်းဆီးထားတဲ့ အေအေ မှာတာဝန်ရှိတယ်။ အပြစ်မဲ့တဲ့ပြည်သူတစ်ယောက်ကို တကယ်လည်းတိုက်နေရတဲ့ကာလမဟုတ်ဘဲနဲ့ အပြစ်မဲ့တဲ့လူထုကို ဒီလိုဖမ်းဆီးတာဟာ ညှင်းပန်းနှိပ်စက်တာဟာ နိုင်ငံရေးအင်အားစုတွေရဲ့လုပ်ထုံးလုပ်နည်းမဟုတ်ပါဘူး။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

Related image

ဘူးသီးတောင်အခြေစိုက် စကခ (၁၅)မှပစ်ခတ်သော လက်နက်ကြီးကျည်များက အေအေ တပ်စွဲရာ တောင်ကုန်းပေါ်သို့ကျရောက်ပေါက်ကွဲသဖြင့် ဘူးသီးတောင် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားခြင်းဖြစ်ကြောင်း အေအေ အဖွဲ့ဘက်မှထုတ်ပြန်ထားသည်။“ အေအေ ဘက်က အဲဒီလိုသာဆက်တိုးပြီးလုပ်လာမယ်ဆိုရင် အဲဒီဒေသမှာတော့ ပြင်းထန်တဲ့ထိတွေ့မှုတွေ အများကြီးဖြစ်လာလိမ့်မယ်။ ပြည်သူလူထုနဲ့သူတို့နဲ့လည်းထိတွေ့တော့မယ်။ အစိုးရနဲ့တပ်နဲ့လည်း သူတို့နဲ့ ထိပ်တိုက်တွေ့တော့မယ်။ ပွတ်တိုက်မှုတွေအများကြီးဖြစ်လာတော့မယ်။ အလားအလာမကောင်းဘူးလို့ ကျွန်တော်ပြောချင်ပါတယ်”ဟု မုံရွာဦးအောင်ရှင်က ဆက်ပြောသည်။

ဘူးသီးတောင် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲကို ဘူးသီးတောင်မြို့တွင်ကျင်းပရန်နယ်သို့ဆင်းရာ၌ အေအေ အဖွဲ့၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။အေအေ လက်နက်ကိုင်အဖွဲ့အနေဖြင့် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း NLD ပါတီဝင် ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ရွှေနဒီအမြန်ရေယာဉ်လိုင်းမှ လူအချို့များကိုလည်းလက်ရှိအထိဖမ်းဆီးထားဆဲဖြစ်ကာ ဒီဇင်ဘာ ၂၄ ရက်တွင်လည်း ဘူးသီးတောင်မြို့မှ တောင်ပဇာနယ်ခြားစောင့်စခန်းသို့သွားသည့် လူဝင်မှုကြီးကြပ်ရေး (လဝက) အရာရှိ ၃ ဦးကိုပါ ထပ်မံဖမ်းဆီးထားသည်။

Source-အကုန်သိ