လန္ဒင္ဝက္စဝါ့သ္ (Landyn Wadsworth) ကေတာ့ ခရစၥမတ္ဘိုးဘိုး ဆန္တာကေလာ့စ္ရဲ့ စိတ္ထားေကာင္းသူစာရင္းမွာ ပါဝင္ခဲ့ပါၿပီ။ ေခြးေလးေတြ၊ ေၾကာင္ေလးေတြကို ေကၽြးေမြးခ်င္တာက ရွစ္ႏွစ္သမီးေလး လန္ဒင္ရဲ့ ခရစၥမတ္ဆႏၵပါပဲ။ လန္ဒင္ဟာ ခရစၥမတ္ေန႔မွာ မုန႔္ဖိုးလိုက္ေတာင္းခဲ့ေပမဲ့ တျခားကေလးေတြလို အ႐ုပ္မဝယ္ခဲ့ဘဲ တိရစၧာန္ေလးေတြအတြက္ အစာထုပ္ေတြ ဝယ္ယူခဲ့တာေပါ့။

သူ ဝယ္ခဲ့တဲ့ အစာထုပ္ေတြက ေတာ္ေတာ္မ်ားပါတယ္။ လွူဒါန္းမွုအတြက္ ဓာတ္ပုံရိုက္ခ်ိန္မွာ အစာထုပ္ေတြက လန္ဒင္ရဲ့ အရပ္ထက္ေတာင္ ပိုျမင့္ေနပါေသးတယ္။ လန္ဒင္ဟာ ဝါရွင္တန္ျပည္နယ္၊ ပက္စကိုၿမိဳ့က Tri-Cities တိရစၧာန္ေဂဟာအတြက္ တိရစၧာန္အစာ အေလးခ်ိန္ ေပါင္ ၆၀၀ လွူဒါန္းနိုင္ခဲ့ပါတယ္။ အခုလို လွူဒါန္းတာ သူ႔အတြက္ ပထမဆုံးအႀကိမ္မဟုတ္ပါဘူး။ သုံးႀကိမ္ေျမာက္ ျဖစ္ပါတယ္။

လန္ဒင္ဟာ ၂၀၁၆ ခုႏွစ္တုန္းကလည္း Tri-Cities တိရစၧာန္ေဂဟာကို သြားေရာက္ခဲ့ဖူးပါတယ္။ အဲဒီတုန္းက ခရစၥမတ္ေန႔မွာ ခိုလွုံရာအိမ္မရွိတဲ့ တိရစၧာန္ေလးေတြကိုေတြ႕ၿပီး လန္ဒင္ ဝမ္းနည္းခဲ့တယ္လို့ သူ႔အေမ အလစ္ရွာက ေျပာပါတယ္။ လန္ဒင္ဟာ ေနာက္ႏွစ္ ခရစၥမတ္ေန႔မွာ လွူဒါန္းဖို့အတြက္ေတာင္ တိရစၧာန္အစာေတြ လိုက္လံစုေဆာင္းေနပါၿပီ။



Nz (ရိုးရာေလး)


#Nz_yyl #News_yyl #Christmas


Unicode



ရှစ်နှစ်သမီးလေးရဲ့ မွန်မြတ်တဲ့ ခရစ္စမတ်ဆန္ဒ





လန်ဒင်ဝက်စဝါ့သ် (Landyn Wadsworth) ကတော့ ခရစ္စမတ်ဘိုးဘိုး ဆန်တာကလော့စ်ရဲ့ စိတ်ထားကောင်းသူစာရင်းမှာ ပါဝင်ခဲ့ပါပြီ။ ခွေးလေးတွေ၊ ကြောင်လေးတွေကို ကျွေးမွေးချင်တာက ရှစ်နှစ်သမီးလေး လန်ဒင်ရဲ့ ခရစ္စမတ်ဆန္ဒပါပဲ။ လန်ဒင်ဟာ ခရစ္စမတ်နေ့မှာ မုန့်ဖိုးလိုက်တောင်းခဲ့ပေမဲ့ တခြားကလေးတွေလို အရုပ်မဝယ်ခဲ့ဘဲ တိရစ္ဆာန်လေးတွေအတွက် အစာထုပ်တွေ ဝယ်ယူခဲ့တာပေါ့။

သူ ဝယ်ခဲ့တဲ့ အစာထုပ်တွေက တော်တော်များပါတယ်။ လှူဒါန်းမှုအတွက် ဓာတ်ပုံရိုက်ချိန်မှာ အစာထုပ်တွေက လန်ဒင်ရဲ့ အရပ်ထက်တောင် ပိုမြင့်နေပါသေးတယ်။ လန်ဒင်ဟာ ဝါရှင်တန်ပြည်နယ်၊ ပက်စကိုမြို့က Tri-Cities တိရစ္ဆာန်ဂေဟာအတွက် တိရစ္ဆာန်အစာ အလေးချိန် ပေါင် ၆၀၀ လှူဒါန်းနိုင်ခဲ့ပါတယ်။ အခုလို လှူဒါန်းတာ သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သုံးကြိမ်မြောက် ဖြစ်ပါတယ်။

လန်ဒင်ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း Tri-Cities တိရစ္ဆာန်ဂေဟာကို သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ခရစ္စမတ်နေ့မှာ ခိုလှုံရာအိမ်မရှိတဲ့ တိရစ္ဆာန်လေးတွေကိုတွေ့ပြီး လန်ဒင် ဝမ်းနည်းခဲ့တယ်လို့ သူ့အမေ အလစ်ရှာက ပြောပါတယ်။ လန်ဒင်ဟာ နောက်နှစ် ခရစ္စမတ်နေ့မှာ လှူဒါန်းဖို့အတွက်တောင် တိရစ္ဆာန်အစာတွေ လိုက်လံစုဆောင်းနေပါပြီ။



Nz (ရိုးရာလေး)


#Nz_yyl #News_yyl #Christmas