မီးနိုကေတာ့ သူၾကဳံေတြ႕ခဲ့ရတဲ့ အခ်စ္ေရးက အေႏွာင္အဖြဲ႕ဆိုတဲ့ သီခ်င္းေလးထဲက အတိုင္းပါပဲတဲ့။ အခုခ်ိန္မွာေတာ့ အခ်စ္ဆိုတာကိုလည္း မယုံၾကည္ေတာ့ဘူးလို႔ ဆိုပါတယ္။
Photo: Mee No
အဆိုေတာ္ မီးနိုကေတာ့ ပရိသတ္ၾကားမွာေရပန္းစားခဲ့တဲ့ “အေႏွာင္အဖြဲ႕” ဆိုတဲ့ သီခ်င္းေလးက သူမရဲ့ ခံစားခ်က္အမွန္ပါပဲတဲ့။ ကိုယ္တိုင္ ၾကဳံဖူးခဲ့တဲ့ အခ်စ္ေရးကို ခ်ျပခဲ့တာပါလို႔လည္း Duwun Media အင္တာဗ်ဴးကေန ေျဖဆိုခဲ့ပါတယ္။
“ ကိုယ္တိုင္ၾကဳံဖူးတဲ့အခ်စ္ကေတာ့ ေပးဆပ္ျခင္းေပါ့။ မီးနို အရမ္းေပးဆပ္တဲ့ခ်စ္သူတစ္ေယာက္ရွိတယ္။ ဒါေပမယ့္ မီးနိုနဲ႔သူ ျပတ္သြားတာ သိပ္မၾကာေသးပါဘူး။ အခ်စ္ေတြကို ယုံစားလို႔မရေတာ့ဘူး။ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ ခ်စ္တတ္ေအာင္ ႀကိဳးစားေနတယ္။ အေႏွာင္အဖြဲ႕သီခ်င္းေလးကလည္း မီးနိုရဲ့ တကယ့္ျဖစ္ရပ္ေလး ျဖစ္တဲ့အတြက္ ခံစားေပးနိုင္မယ္ဆိုရင္ ခ်ည္ ဇာတ္ကားေလးကိုပဲ ၾကည့္ေစခ်င္ပါတယ္” လို႔ သူကဆိုပါတယ္။
Photo: kreative
ကိုယ္ခ်စ္တဲ့ ခ်စ္သူကိုေတာ့ ပိုင္ဆိုင္ခ်င္တယ္လို႔ မီးနိုက ေျပာပါတယ္။ အသက္အရြယ္ႀကီးလာတာနဲ႔အမၽွ အခ်စ္ေရးအေၾကာင္း ေတြးမိတာေတြကလည္း ရင့္က်က္လာတယ္လို႔ ဆိုပါတယ္။
“မီးနိုက ကိုယ္ခ်စ္တဲ့ ခ်စ္သူကို ပိုင္ဆိုင္ခ်င္တဲ့ စိတ္ရွိတယ္။ ဒါေပမယ့္ လူဆိုတာက ကိုယ္ခ်စ္တဲ့ ခ်စ္သူကို ပိုင္ဆိုင္ခ်င္ၾကမွာပဲ။ ဒါေပမယ့္ ျဖစ္သင့္တာ မျဖစ္သင့္တာဆိုတဲ့အရာေတြက ရွိတယ္။ အဲဒီအရာေလးေတြကို ေသခ်ာစဥ္းစားၿပီးေတာ့ ကိုယ္လုပ္သင့္လား မလုပ္သင့္လားဆိုတာ ေတြးရမွာေပါ့။ အဓိက က ကိုယ္တကယ္ခ်စ္ၿပီဆိုရင္ ကိုယ့္ခ်စ္သူကို စိတ္ခ်မ္းသာေအာင္ ထားတတ္တဲ့အက်င့္တစ္ခုေတာ့ရွိတယ္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၂၄ ရက္ေန႔ညက ခ်ည္ ႐ုပ္ရွင္ကားႀကီးအထူးျပသပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
Photo: Mee No
အခုခ်ိန္ထိ အိမ္ေထာင္မျပဳေသးတာ ဘာေၾကာင့္လဲဆိုတာကိုလည္း မီးနိုက ျပန္လည္ ေျပာျပလာပါတယ္။ ခ်စ္သူ သက္တမ္းအၾကာႀကီးထားရင္ အဆင္မေျပဘူးလို႔လည္း သူကဆိုပါတယ္။
“ ကိုယ္က တစ္ခုခုဆိုအရမ္း serious အရမ္းျဖစ္တယ္၊ ကိုယ္လိုခ်င္ၿပီဆိုလည္း မရမကေပါ့။ အခုက်ေတာ့ ကိုယ္အသက္အရြယ္ရလာတဲ့အခ်ိန္မွာ ခ်စ္ျခင္းေမတၱာဆိုတာကို နားလည္မႈ ယူရတဲ့အရာမ်ိဳးေတြရွိလာတယ္။ အဲဒီအေနာက္မွာမွ အိမ္ေထာင္ျပဳတာျဖစ္သြားၿပီ။ အိမ္ေထာင္ျပဳရင္လည္း ေပးတဲ့ ကတိေတြ ဖ်က္သြားတာမ်ိဳးဆို ဘယ္လိုမွ သည္းခံနိုင္မွာ မဟုတ္ပါဘူး။ Relationship တစ္ခုကို ႏွစ္ေတြအၾကာႀကီး မထားပါနဲ႔လို႔လည္း ေျပာခ်င္တယ္” လို႔ဆိုပါတယ္။
Photo: Mee No
မီးနိုကေတာ့ ဂီတကို အရမ္း႐ူးသြပ္သူ တစ္ေယာက္ျဖစ္ပါတယ္။ Melody World သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို ဝင္ေရာက္လာခဲ့တာပါ။ သီဆိုလိုက္တဲ့ သီခ်င္းတိုင္းကလည္း အခ်စ္သီခ်င္း ခ်ိဳခ်ိဳေလးေတြ၊ အသည္းကြဲသီခ်င္းေလးေတြျဖစ္လို႔ ပရိသတ္နားထဲကို စြဲေနတာေတာ့ အမွန္ပါပဲ။ အခုဆိုရင္လည္း "အေႏွာင္အဖြဲ႕"သီခ်င္းေလးက သူမရဲ့ တကယ့္ ခံစားခ်က္ကို ေရးထားတာျဖစ္သလို ပရိသတ္ အားေပးမႈေတြလည္း အမ်ားႀကီးရရွိေနတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။
Unicode
"အနှောင်အဖွဲ့" သီချင်းထဲက အတိုင်းပါပဲ။
မီးနိုကတော့ သူကြုံတွေ့ခဲ့ရတဲ့ အချစ်ရေးက အနှောင်အဖွဲ့ဆိုတဲ့ သီချင်းလေးထဲက အတိုင်းပါပဲတဲ့။ အခုချိန်မှာတော့ အချစ်ဆိုတာကိုလည်း မယုံကြည်တော့ဘူးလို့ ဆိုပါတယ်။
Photo: Mee No
အဆိုတော် မီးနိုကတော့ ပရိသတ်ကြားမှာရေပန်းစားခဲ့တဲ့ “အနှောင်အဖွဲ့” ဆိုတဲ့ သီချင်းလေးက သူမရဲ့ ခံစားချက်အမှန်ပါပဲတဲ့။ ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အချစ်ရေးကို ချပြခဲ့တာပါလို့လည်း Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။
“ ကိုယ်တိုင်ကြုံဖူးတဲ့အချစ်ကတော့ ပေးဆပ်ခြင်းပေါ့။ မီးနို အရမ်းပေးဆပ်တဲ့ချစ်သူတစ်ယောက်ရှိတယ်။ ဒါပေမယ့် မီးနိုနဲ့သူ ပြတ်သွားတာ သိပ်မကြာသေးပါဘူး။ အချစ်တွေကို ယုံစားလို့မရတော့ဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် ကြိုးစားနေတယ်။ အနှောင်အဖွဲ့သီချင်းလေးကလည်း မီးနိုရဲ့ တကယ့်ဖြစ်ရပ်လေး ဖြစ်တဲ့အတွက် ခံစားပေးနိုင်မယ်ဆိုရင် ချည် ဇာတ်ကားလေးကိုပဲ ကြည့်စေချင်ပါတယ်” လို့ သူကဆိုပါတယ်။
Photo: kreative
ကိုယ်ချစ်တဲ့ ချစ်သူကိုတော့ ပိုင်ဆိုင်ချင်တယ်လို့ မီးနိုက ပြောပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အချစ်ရေးအကြောင်း တွေးမိတာတွေကလည်း ရင့်ကျက်လာတယ်လို့ ဆိုပါတယ်။
“မီးနိုက ကိုယ်ချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ချင်တဲ့ စိတ်ရှိတယ်။ ဒါပေမယ့် လူဆိုတာက ကိုယ်ချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ချင်ကြမှာပဲ။ ဒါပေမယ့် ဖြစ်သင့်တာ မဖြစ်သင့်တာဆိုတဲ့အရာတွေက ရှိတယ်။ အဲဒီအရာလေးတွေကို သေချာစဉ်းစားပြီးတော့ ကိုယ်လုပ်သင့်လား မလုပ်သင့်လားဆိုတာ တွေးရမှာပေါ့။ အဓိက က ကိုယ်တကယ်ချစ်ပြီဆိုရင် ကိုယ့်ချစ်သူကို စိတ်ချမ်းသာအောင် ထားတတ်တဲ့အကျင့်တစ်ခုတော့ရှိတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့ညက ချည် ရုပ်ရှင်ကားကြီးအထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Mee No
အခုချိန်ထိ အိမ်ထောင်မပြုသေးတာ ဘာကြောင့်လဲဆိုတာကိုလည်း မီးနိုက ပြန်လည် ပြောပြလာပါတယ်။ ချစ်သူ သက်တမ်းအကြာကြီးထားရင် အဆင်မပြေဘူးလို့လည်း သူကဆိုပါတယ်။
“ ကိုယ်က တစ်ခုခုဆိုအရမ်း serious အရမ်းဖြစ်တယ်၊ ကိုယ်လိုချင်ပြီဆိုလည်း မရမကပေါ့။ အခုကျတော့ ကိုယ်အသက်အရွယ်ရလာတဲ့အချိန်မှာ ချစ်ခြင်းမေတ္တာဆိုတာကို နားလည်မှု ယူရတဲ့အရာမျိုးတွေရှိလာတယ်။ အဲဒီအနောက်မှာမှ အိမ်ထောင်ပြုတာဖြစ်သွားပြီ။ အိမ်ထောင်ပြုရင်လည်း ပေးတဲ့ ကတိတွေ ဖျက်သွားတာမျိုးဆို ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ Relationship တစ်ခုကို နှစ်တွေအကြာကြီး မထားပါနဲ့လို့လည်း ပြောချင်တယ်” လို့ဆိုပါတယ်။
Photo: Mee No
မီးနိုကတော့ ဂီတကို အရမ်းရူးသွပ်သူ တစ်ယောက်ဖြစ်ပါတယ်။ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာပါ။ သီဆိုလိုက်တဲ့ သီချင်းတိုင်းကလည်း အချစ်သီချင်း ချိုချိုလေးတွေ၊ အသည်းကွဲသီချင်းလေးတွေဖြစ်လို့ ပရိသတ်နားထဲကို စွဲနေတာတော့ အမှန်ပါပဲ။ အခုဆိုရင်လည်း "အနှောင်အဖွဲ့"သီချင်းလေးက သူမရဲ့ တကယ့် ခံစားချက်ကို ရေးထားတာဖြစ်သလို ပရိသတ် အားပေးမှုတွေလည်း အများကြီးရရှိနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
0 Comments