မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ကြမ္တာေက်းရြာအနီး ေမာ္လၿမိဳင္-သံျဖဴဇရပ္ကားလမ္းမွာ  ဒီဇင္ဘာလ ၂၆ ရက္ မနက္ ၁၀ နာရီခြဲေလာက္က ေမာ္လၿမိဳင္မွမုဒုံသို႔ ေမာင္းႏွင္လာတဲ့ Hijet ယာဥ္နဲ႔ Hino ကားတစီးဝင္တိုက္မိၿပီး လူ  ၁၀ ဦး ေသဆုံးကာ ၅ ဦး ဒဏ္ရာရသြားတယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။

Hijet ယာဥ္က Hino ၆ ဘီးယာဥ္ကို ေက်ာ္တက္စဥ္ ႐ုတ္တရက္ ဟန္ခ်က္ပ်က္ တိမ္းေစာင္းမႈေၾကာင့္ Hino ၆ ဘီးယာဥ္က  ဝင္ေရာက္တိုက္မိခဲ့ရာမွာ Hijet ယာဥ္ေမာင္း တင္နိုင္စိုးအပါအဝင္ အမ်ိဳးသား ၆ ဦး၊ အမ်ိဳးသမီး ၄ ဦးတို႔ ဦးေခါင္းဒဏ္ရာေတြနဲ႔ အခင္းျဖစ္ေနရာမွာ  ေသဆုံးသြားခဲ့တာပါ။

က်န္ဒဏ္ရာရသြားတဲ့ အမ်ိဳးသမီး ၄ ဦးနဲ႔  အသက္ (၁၃)ႏွစ္သား တဦးကိုေတာ့ ေမာ္လၿမိဳင္ၿမိဳ႕ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ထားပါတယ္။

 အဆိုပါယာဥ္တိုက္မႈနဲ႔ ပတ္သက္ၿပီး ယာဥ္ေမာင္း တင္နိုင္စိုး (ေသဆုံး)နဲ႔ တင္ေအာင္စိုး (ဖမ္းမိ)တို႔ ႏွစ္ဦးအား မုဒုံၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈/၃၀၄-က ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈ၊ ေပါ့ေလ်ာ့မႈေၾကာင့္ ျပင္းထန္နာက်င္ေစမႈ၊ လူေသမႈနဲ႔ အမႈဖြင့္စစ္ေဆးေနပါတယ္။

Unicode


မုဒုံမြို့နယ် ယာဉ်တိုက်မှု လူ ၁၀ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမှာ  ဒီဇင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီခွဲလောက်က မော်လမြိုင်မှမုဒုံသို့ မောင်းနှင်လာတဲ့ Hijet ယာဉ်နဲ့ Hino ကားတစီးဝင်တိုက်မိပြီး လူ  ၁၀ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

Hijet ယာဉ်က Hino ၆ ဘီးယာဉ်ကို ကျော်တက်စဉ် ရုတ်တရက် ဟန်ချက်ပျက် တိမ်းစောင်းမှုကြောင့် Hino ၆ ဘီးယာဉ်က  ဝင်ရောက်တိုက်မိခဲ့ရာမှာ Hijet ယာဉ်မောင်း တင်နိုင်စိုးအပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦးတို့ ဦးခေါင်းဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ  သေဆုံးသွားခဲ့တာပါ။

ကျန်ဒဏ်ရာရသွားတဲ့ အမျိုးသမီး ၄ ဦးနဲ့  အသက် (၁၃)နှစ်သား တဦးကိုတော့ မော်လမြိုင်မြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ထားပါတယ်။

 အဆိုပါယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း တင်နိုင်စိုး (သေဆုံး)နဲ့ တင်အောင်စိုး (ဖမ်းမိ)တို့ နှစ်ဦးအား မုဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု၊ လူသေမှုနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။