မ်ားေသာအားျဖင့္ ကေလးငယ္ေတြဟာ အိပ္ရာႏိုးကာခအခ်ိန္မွာ ေအာ္ငိုေလ့ရွိၾကပါတယ္။ ေန႔ခင္းဖက္အခ်ိန္မွာ မသိသာေပမယ့္ ဉာဥ့္နက္သန္းေခါင္အခ်ိန္ ဒီလိုထျဖစ္ရင္ေတာ့ မိဘေတြအဖို႔ မသက္သာလွပါဘူး။ ကေလးအငုိတိတ္ဖို႔ဆိုတာ လြယ္မေယာင္နဲ႔ခက္ ၊ တိမ္မေယာင္နဲ႔ခက္ ဆိုသလိုပါပဲ။ သူတို႔ဘာ့ေၾကာင့္ ငိုၾကတာလဲ။ အထူးသျဖင့္ အိပ္ရာႏိုးခါစ အခ်ိန္မ်ိဳးမွာေပါ့။
ကေလးတစ္ေယာက္ငိုတယ္ဆိုတာ သူမေပ်ာ္မရႊင္ျဖစ္ေနတဲ့အေၾကာင္းကို ေဖာ္ျပျခင္းလို႔ သတ္မွတ္ရပါမယ္။ သူ႔မွာ ငိုရတဲ့အေၾကာင္းျပခ်က္ေတြ အေျမာက္အမ်ားရွိေနႏိုင္ပါတယ္။ ျဖစ္ႏိုင္ေခ်အရွိဆံုးတစ္ခ်က္ကေတာ့ ဗိုက္ဆာျခင္းေၾကာင့္ပါ။ အိပ္ရာႏိုးကာစမွာ ဆာေလာင္ေနတဲ့ ဝမ္းဗိုက္ေၾကာင့္ ေအာ္ငိုေလ့ရွိတာ ထံုးစံပါပဲ။
ရာသီဥတုအေျခအေနေတြေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ အရမ္းေအးလြန္းတဲ့အခါ ၊ အရမ္းပူလြန္းတဲ့အခါ ကေလးငယ္ဟာ အိပ္ေနရာကေန လန္႔ႏိုးလာျပီး ေအာ္ငိုတတ္ပါတယ္။ ျခင္အႏၱရာယ္ဟာ ေတာ္ေတာ္ေလးကိုဆိုးရြားပါတယ္။ လူၾကီးေတြမွာေတာင္ ျခင္ကိုက္ခံရရင္ ေဆးရံုေရာက္သြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကေလးငယ္ကို ျခင္မကိုက္ေအာင္ အထူးဂရုစိုက္ေပးရမွာ ျဖစ္ပါတယ္။
အိပ္စက္တဲ့ပံုစံအေနအထား မမွန္တာေၾကာင့္ ကေလးငယ္ေတြဟာ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္စက္လို႔မရပဲ မသက္မသာခံစားရႏုိင္ပါတယ္။ ဒီလိုအေျခအေနေတြမွာလည္း လန္႔ႏိုးျပီး ေအာ္ငိုမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အိပ္စက္တဲ့အခန္းအေနအထား မသန္႔ရွင္းမႈနဲ႔ ေလေကာင္းေလသန္႔မရရွိရင္လည္း ျဖစ္ႏိုင္ပါတယ္။
ေနာက္ဆံုးတစ္ခ်က္ကေတာ့ သင့္ေတာ္တဲ့ အဝတ္အစားဝတ္ဆင္ေပးထားျခင္းမရွိတာေၾကာင့္နဲ႔ အဖ်ားေရာဂါတို႔ေၾကာင့္ ဒီလိုမ်ိဳး ရုတ္တရက္ လန္႔ႏို႔းျပီး ေအာ္ငိုႏုိင္ပါတယ္။ ကေလးေမေမတို႔အေနနဲ႔ ဒီအခ်က္ေတြ သတိထားျပီး လိုက္နာမယ္ဆိုရင္ သင့္ရဲ့ရင္ေသြးကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေအာင္ စြမ္းေဆာင္ေပးႏိုင္မွာ ျဖစ္ပါတယ္။
HYA (kyarlay)
HYA (kyarlay)
Unicode
အိပ်ရာနိုးနိုးချင်းမှာ ကလေးတွေငိုရတဲ့ အဓိကအကြောင်းအရင်း
များသောအားဖြင့် ကလေးငယ်တွေဟာ အိပ်ရာနိုးကာခအချိန်မှာ အော်ငိုလေ့ရှိကြပါတယ်။ နေ့ခင်းဖက်အချိန်မှာ မသိသာပေမယ့် ဉာဉ့်နက်သန်းခေါင်အချိန် ဒီလိုထဖြစ်ရင်တော့ မိဘတွေအဖို့ မသက်သာလှပါဘူး။ ကလေးအငိုတိတ်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက် ၊ တိမ်မယောင်နဲ့ခက် ဆိုသလိုပါပဲ။ သူတို့ဘာ့ကြောင့် ငိုကြတာလဲ။ အထူးသဖြင့် အိပ်ရာနိုးခါစ အချိန်မျိုးမှာပေါ့။
ကလေးတစ်ယောက်ငိုတယ်ဆိုတာ သူမပျော်မရွှင်ဖြစ်နေတဲ့အကြောင်းကို ဖော်ပြခြင်းလို့ သတ်မှတ်ရပါမယ်။ သူ့မှာ ငိုရတဲ့အကြောင်းပြချက်တွေ အမြောက်အများရှိနေနိုင်ပါတယ်။ ဖြစ်နိုင်ချေအရှိဆုံးတစ်ချက်ကတော့ ဗိုက်ဆာခြင်းကြောင့်ပါ။ အိပ်ရာနိုးကာစမှာ ဆာလောင်နေတဲ့ ဝမ်းဗိုက်ကြောင့် အော်ငိုလေ့ရှိတာ ထုံးစံပါပဲ။
ရာသီဥတုအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရမ်းအေးလွန်းတဲ့အခါ ၊ အရမ်းပူလွန်းတဲ့အခါ ကလေးငယ်ဟာ အိပ်နေရာကနေ လန့်နိုးလာပြီး အော်ငိုတတ်ပါတယ်။ ခြင်အန္တရာယ်ဟာ တော်တော်လေးကိုဆိုးရွားပါတယ်။ လူကြီးတွေမှာတောင် ခြင်ကိုက်ခံရရင် ဆေးရုံရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးငယ်ကို ခြင်မကိုက်အောင် အထူးဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။
အိပ်စက်တဲ့ပုံစံအနေအထား မမှန်တာကြောင့် ကလေးငယ်တွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လို့မရပဲ မသက်မသာခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာလည်း လန့်နိုးပြီး အော်ငိုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်တဲ့အခန်းအနေအထား မသန့်ရှင်းမှုနဲ့ လေကောင်းလေသန့်မရရှိရင်လည်း ဖြစ်နိုင်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ သင့်တော်တဲ့ အဝတ်အစားဝတ်ဆင်ပေးထားခြင်းမရှိတာကြောင့်နဲ့ အဖျားရောဂါတို့ကြောင့် ဒီလိုမျိုး ရုတ်တရက် လန့်နို့းပြီး အော်ငိုနိုင်ပါတယ်။ ကလေးမေမေတို့အနေနဲ့ ဒီအချက်တွေ သတိထားပြီး လိုက်နာမယ်ဆိုရင် သင့်ရဲ့ရင်သွေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)
0 Comments