မကၠဆီကိုနိုင္ငံ ယူကန္တန္ျပည္နယ္က ကူလူဘာေရွးေဟာင္းသုေတသနနယ္ေျမမွာ မာယာလူမ်ိဳးေတြရဲ့ နန္းေတာ္သစ္တခုကို ဒီဇင္ဘာ ၂၆ ရက္က ေရွးေဟာင္းသုေတသီေတြ ရွာေဖြ ေတြ႕ရွိခဲ့ပါတယ္။
အသစ္ေတြ႕ရွိတဲ့ နန္းေတာ္ဟာ မာယာၿမိဳ႕အတြင္းတည္ရွိၿပီး အရွည္ မီတာ ၅၀ နဲ႔ အျမင့္ ၆ မီတာရွိပါတယ္။
နန္းေတာ္ကို တည္ေဆာက္ထားတဲ့ ပစၥည္းေတြက ေခတ္ကာလ ႏွစ္ခုကို ေဖာ္ျပရာမွာ ပထမေခတ္ဟာ ေအဒီ ၆၀၀ကေန ၉၀၀ ၾကား ျဖစ္ၿပီး ဒုတိယေခတ္ကေတာ့ ေအဒီ ၈၅၀ ကေန ၁၀၅၀ ၾကားကာလျဖစ္ပါတယ္။
နန္းေတာ္သစ္နဲ႔အတူ သုေတသီေတြဟာ တျခားအေဆာက္အအုံ ၄ ခုကို ရွာေတြ႕ခဲ့ၿပီး အဲဒါေတြကေတာ့ ယဇ္ပလႅင္တခု၊ လူေနထိုင္ရာျဖစ္ဖြယ္ရွိတဲ့ ငုတ္တို ႏွစ္ခု နဲ႔ အဲဒီေနရာဝန္းက်င္က မီးဖိုတခုတို႔ပဲ ျဖစ္ပါတယ္။
ကူလူဘာ ေရွးေဟာင္းသုေတသနနယ္ေျမဟာ တစ္ဖ္မင္း ေဒသကေန ၃၅ ကီလိုမီတာ အကြာမွာရွိၿပီး ျပန္လည္တူးေဖာ္ေရးနဲ႔ သုေတသနလုပ္ငန္းေတြ လုပ္ကိုင္ေနပါတယ္။
အင္အားႀကီးမားလွတဲ့ မာယာအင္ပါယာဟာ ခန႔္မွန္း ေအဒီ ၂၅၀ နဲ႔ ၉၅၀ ၾကားမွာ အထြတ္အထိပ္ကို ေရာက္ခဲ့ၿပီး အင္ပါယာဧရိယာဟာ မကၠဆီကိုနိုင္ငံအျပင္ လက္ရွိ ဂြါတီမာလာ၊ ဟြန္ဒူးရပ္စ္နဲ႔ အေနာက္အယ္ဆာေဗဒိုနိုင္ငံေတြအထိ က်ယ္ဝန္းတယ္လို႔ ရိုက္တာ သတင္းမွာ ေဖာ္ျပထားပါတယ္။
Unicode
မာယာလူမျိုးများ၏ နန်းတော်သစ် မက္ကဆီကိုတွင် တွေ့ရှိ
မက္ကဆီကိုနိုင်ငံ ယူကန်တန်ပြည်နယ်က ကူလူဘာရှေးဟောင်းသုတေသနနယ်မြေမှာ မာယာလူမျိုးတွေရဲ့ နန်းတော်သစ်တခုကို ဒီဇင်ဘာ ၂၆ ရက်က ရှေးဟောင်းသုတေသီတွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အသစ်တွေ့ရှိတဲ့ နန်းတော်ဟာ မာယာမြို့အတွင်းတည်ရှိပြီး အရှည် မီတာ ၅၀ နဲ့ အမြင့် ၆ မီတာရှိပါတယ်။
နန်းတော်ကို တည်ဆောက်ထားတဲ့ ပစ္စည်းတွေက ခေတ်ကာလ နှစ်ခုကို ဖော်ပြရာမှာ ပထမခေတ်ဟာ အေဒီ ၆ဝဝကနေ ၉၀၀ ကြား ဖြစ်ပြီး ဒုတိယခေတ်ကတော့ အေဒီ ၈၅၀ ကနေ ၁၀၅၀ ကြားကာလဖြစ်ပါတယ်။
နန်းတော်သစ်နဲ့အတူ သုတေသီတွေဟာ တခြားအဆောက်အအုံ ၄ ခုကို ရှာတွေ့ခဲ့ပြီး အဲဒါတွေကတော့ ယဇ်ပလ္လင်တခု၊ လူနေထိုင်ရာဖြစ်ဖွယ်ရှိတဲ့ ငုတ်တို နှစ်ခု နဲ့ အဲဒီနေရာဝန်းကျင်က မီးဖိုတခုတို့ပဲ ဖြစ်ပါတယ်။
ကူလူဘာ ရှေးဟောင်းသုတေသနနယ်မြေဟာ တစ်ဖ်မင်း ဒေသကနေ ၃၅ ကီလိုမီတာ အကွာမှာရှိပြီး ပြန်လည်တူးဖော်ရေးနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။
အင်အားကြီးမားလှတဲ့ မာယာအင်ပါယာဟာ ခန့်မှန်း အေဒီ ၂၅၀ နဲ့ ၉၅၀ ကြားမှာ အထွတ်အထိပ်ကို ရောက်ခဲ့ပြီး အင်ပါယာဧရိယာဟာ မက္ကဆီကိုနိုင်ငံအပြင် လက်ရှိ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အနောက်အယ်ဆာဗေဒိုနိုင်ငံတွေအထိ ကျယ်ဝန်းတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
0 Comments