instagram.drake/demilovato/kylie
၂၀၁၉ ခုနှစ်ကတော့ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ အိမ်ထောင်ရေးသတင်းတွေ၊ အချစ်ရေးနဲ့ အခြားသော လူမှုရေးသတင်းတွေလည်း တော်တော်များများ အင်တာနက်ပေါ်မှာ လူပြောများခဲ့ပါတယ်။ဒီကနေ့မှာတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ အင်တာနက်တစ်ခွင်လူပြောအများဆုံးဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုပညာရှင် ၁၀ ယောက်ကို ဖေါ်ပြပေးလိုက်ပါတယ်။

1. Cardi B

သူမကတော့ အနုပညာအလုပ်တွေကြောင့်နာမည်ကြီးတယ်ဆိုတာထက် သူမနဲ့ပတ်သတ်တဲ့ အတင်းအဖျင်းသတင်းတွေကြောင့် အင်တာနက်ပေါ်မှာ လူပြောများတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်တဲ့ Offset နဲ့သူမရဲ့ အကြောင်းတွေ၊ ဆိုရှယ်မီဒီယာပေါ်ကနေတစ်ဆင့် အာပေါင်အာရင်းသန်သန်ရန်တွေ့တဲ့အကြောင်းအရာတွေ အပြင် ဆယ်လီတွေနဲ့ ရန်ပွဲမှာလည်း ပါဝင်နေတာကြောင့် လူပြောအများဆုံး နဲ့ နာမည်အကြီးဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
instagram.cardib

2. Miley Cyrus

Mileyကတော့ Wrecking Ball, Party in the USA စတဲ့သီချင်းတွေကြောင့် နာမည်ကျော်လာသူဖြစ်ပြီး သူမရဲ့ သီချင်းတွေကြောင့်သာမက သူမရဲ့ အချစ်ရေးသတင်းတွေကလည်း သူမကို နာမည်ကျော်စေခဲ့တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ တွဲလိုက်ပြတ်လိုက်ဖြစ်နေတဲ့ အချစ်ရေးကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လက်ထပ်ခဲ့ပြီးနောက်မှာလည်း ပြန်ပြီး ကွာရှင်းခဲ့ရတဲ့နောက် ကောလာဟာလတွေအများကြီးထွက်ခဲ့တာကြောင့် Miley ကတော့ ၂၀၁၉ ခုနှစ်ထဲမှာလည်း လူစိတ်ဝင်စားမှုအများဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
instagram.miley

3. Kylie Jenner

အသက် ၂၂ နှစ်အရွယ်နဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက်ဖြစ်လာတဲ့ Kylie ကတော့ သူမရဲ့ အလှကုန်ပစ္စည်းတွေ၊ ဖက်ရှင်စတိုင်တွေနဲ့ မိန်းကလေးငယ်လေးတွေအပေါ်ကို လွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
instagram.kylie

4. Lady Gaga

အမိုက်စား တီထွင်ဆန်းသစ်မှုတွေနဲ့ လူထုရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Gaga ကတော့ Bradley Cooper နဲ့အတူ A Star Is Born ရုပ်ရှင်ကားထဲမှာလည်း ပါဝင်ခဲ့ပြီး ဆုတွေလည်း အများကြီးရရှိခဲ့ပါတယ်။
instagram.ladygaga

5. Demi Lovato

သူမကတော့ Selena Gomez , Miley Cyrus တို့နဲ့ နာမည်ကျော်လာတဲ့သူတစ်ယောက်ဖြစ်ပြီး ဆေးစွဲနေတဲ့အပြင် အရက်နာကျနေတဲ့ သူတစ်ယောက်ဖြစ်ခဲ့ပြီး ဆေးချိန်လွန်သုံးစွဲတာကြောင့် ဆေးရုံရောက်ခဲ့ပါသေးတယ်။
instagram.demilivato

6. Taylor Swift

Taylor Swift  ကတော့ ၂၀၁၉ ခုနှစ်ရဲ့ အနုပညာကြေးအများဆုံး အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။
instagram.taylor

7. Beyonce

သူမကတော့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး သိုသိုသိပ်သိပ်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း ခင်ပွန်းဖြစ်သူ Jay-Zက သူမအပေါ် ဖောက်ပြန်တဲ့အကြောင်းအရာတွေကတော့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေဆဲပါပဲ။
instagram.beyonce

8. Nicki Minaj

ရက်ပ် ဘုရင်မအဖြစ် လူသိများတဲ့ သူမကတော့ အနုပညာရှင်တော်တော်များများနဲ့ စကားများ၊ရန်ဖြစ်တာကြောင့် နေ့စဉ်သတင်းတွေမှာ ခေါင်းစီးအဖြစ် အမြဲပါလာတတ်ပါတယ်။
instagram.nicki

9. Kevin Hart

Jumanji ရုပ်ရှင်ကားကြောင့် အောင်မြင်မှုတွေ ဆက်တိုက်ရလာတဲ့ ဟာသမင်းသားကြီး Kevin Hart ကတော့ သူ့ရဲ့ ဟာသပြဇာတ်ရှိုးပွဲအတွက်လည်း လက်မှတ်ပေါင်း ၁သန်းကျော်ရောင်းချခဲ့ရပါတယ်။
instagram.kevin hart

10. Drake

အတင်းအဖျင်း၊ကောလဟာတွေ ဘယ်လောက်ထွက်ထွက် လူချစ်အခံရဆုံး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့သူကတော့ ထွက်သမျှသီချင်းတိုင်းလည်း လူကြိုက်များခဲ့ပြီး Music Chart တွေ့ရဲ့ ထိပ်ဆုံးပိုင်းတွေမှာ အချိန်အတော်ကြာ ရပ်တည်ခဲ့ပါတယ်။
instagram.champagnepapi
Source: tell tales