မိမိအိမ္မွာ ျခင္ေတြ၊ ယင္ေတြ၊ ပလူေကာင္ေတြကို ေန႔စဥ္ႀကံဳေတြ႕ရမွာပါ။ အဲဒီလုိ အင္းဆက္ပိုးမႊားေတြကို တုိက္ဖ်က္ဖုိ႔အတြက္ေတာ့ ေစ်းဆုိင္ေတြက ဓာတုေဆးျဖန္းရည္ေတြ၊ ဓာတုေဆးျပားေတြမလုိအပ္ဘဲ သဘာဝပစၥည္းေတြနဲ႔ ျပဳလုပ္လုိ႔ရပါတယ္။ ဓာတုေဆးရည္ျဖန္းတာ၊ ေဆးျပားထည့္တာေတြက က်န္းမာေရးအတြက္ေတာ့ မလုိလာအပ္တဲ့ ေဘးထြက္ဆိုးက်ိဳးျဖစ္ႏိုင္တဲ့အတြက္ အခု သဘာဝပစၥည္းေတြ၊ နည္းလမ္းေလးေတြနဲ႔ စမ္းသပ္ၾကည့္လုိ႔ရပါတယ္။
၁ – essential oil ပါ၀င္ႏႈန္း ျမင့္မားတဲ့အရည္ေတြကို စပေရးအျဖစ္ အသံုးျပဳလုိ႔ရပါတယ္
essential oil ေတြဟာ ေတြ႕ေနျမင္ေနက် ဓာတုပိုးသတ္ေဆးေတြေလာက္ေတာ့ အစြမ္းမထက္လွေပမယ့္ ျခင္ေတြ၊ ပုရြက္ဆိတ္ေတြ၊ ၾကမ္းပိုးတုိ႔ အစရိွတဲ့ အင္းဆက္ေကာင္ေတြကိုေတာ့ ေကာင္းေကာင္းႀကီးႏွိမ္နင္းေပးႏိုင္ပါတယ္။ essential oil ေတြကို စပေရးဘူးအေဟာင္းတစ္ခုထဲ ထည့္ၿပီး အင္းဆက္ေကာင္ေတြ ေသာင္းၾကမ္းတဲ့ေနရာမွာ တစ္နာရီတစ္ခါေလာက္ ျဖန္းေပးရုံနဲ႔တင္ သက္သာေသမွာပါ။ essential oil ပါဝင္ႏႈန္းျမင့္မားတယ္ဆုိရင္ ပိုထိေရာက္ေစမွာျဖစ္ပါတယ္။ ငရုတ္သီး၊ လီမြန္သီးနဲ႔ ယူကလစ္ essential oi ေတြဟာ ဒီလုိ အင္းဆက္ႏိွမ္နင္းေရးအတြက္ အေကာင္းဆုံး essential oilေတြျဖစ္ပါတယ္။
၂- အရြက္မ်ားကုိ မီးတိုက္ျခင္း
သစ္ရြက္ေျခာက္ေတြကို မီးရိႈ႕တဲ့ ဓေလ့ ေက်ာက္ေခတ္ကတည္းက ျပဳလုပ္လာတဲ့ ဓေလ့ပါ။ သားရဲတိရစာၦန္ေတြ၊ ေတာေကာင္ရိုင္းႀကီးေတြကို ေျခာက္လွန္ဖုိ႔အတြက္ မီးတုိက္ေလ့ရိွၾကပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ေက်ာက္ေခတ္ကလုိ မီးအျပင္းစားႀကီးတုိက္စရာမလုိေတာ့ပါဘူး။ ဒါေပမယ့္ မိမိအိမ္အတြင္းမွာရိွတဲ့ ပိုးေကာင္မႊားေကာင္ေတြကုိ မရိွေစဖုိ႔အတြက္ေတာ့ သစ္ရြက္ေျခာက္ေတြ၊ သစ္ကိုင္းေျခာက္ေတြနဲ႔ မီးတုိက္လုိ႔ရပါတယ္။ မီးခိုးေတြေၾကာင့္မုိ႔လုိ႔ အင္းဆက္ပိုးမႊားေတြဟာ ထြက္ေျပးေလ့ရိွတတ္ၾကပါတယ္။ မိမိ မီးရိႈ႕တဲ့သစ္ကိုင္းေျခာက္၊ သစ္ရြက္အေပၚမွာ မူတည္ၿပီးေတာ့ ပိုးေကာင္ေတြထြက္ေျပးတာ ျမန္တာ-မျမန္တာကို တြက္ၾကည့္လုိ႔ရပါတယ္။ ေလ့လာခ်က္ေတြအရ ဒီလုိ အေျခအေနမွာအသုံးျပဳဖုိ႔ အေကာင္းဆုံးသစ္ပင္ကေတာ့ ယူကလစ္ပင္ေတြပါပဲ။ ယူကလစ္သားနဲ႔ ယူကလစ္အရြက္ေတြရဲ႕ မီးခိုးနံ႔ဟာ ပိုးေကာင္ေတြထြက္ေျပးေစဖုိ႔အတြက္ အစြမ္းထက္ပစၥည္းတစ္ခုျဖစ္တယ္လုိ႔ဆုိပါတယ္။
၃- ခရမ္းခ်ဥ္သီးအပင္ စိုက္ထားပါ
ပိုးေကာင္မႊားေကာင္ေတြကုိ ထြက္ေျပးေစဖုိ႔ သဘာဝနည္းလမ္းတက်နဲ႔ ျပဳလုပ္ရာမွာ ခရမ္းခ်ဥ္သီးအပင္ကို အိမ္ထဲ တစ္ေနရာမွာ စိုက္ထားျခင္းက နည္းလမ္းတစ္ခုပါ။ ခရမ္းခ်ဥ္ပင္ရဲ႕ အရြက္ေတြမွာ IBI 246 လုိ႔ေခၚတဲ့ ဓာတ္သတၳဳတစ္မ်ိဳးပါဝင္ပါတယ္။ အဲဒီ IBI 246 ဟာ ျခင္နဲ႔ မႊားေကာင္ေတြကုိ တုိက္ဖ်က္ရာမွာ အစြမ္းထက္လွပါတယ္။ ေလ့လာခ်က္ေတြအရဆုိရင္ အဲဒီ IBI 246 ဓာတ္ဟာ ဓာတုပိုးသတ္ေဆးေတြရဲ႕ အာနိသင္နဲ႔ တူညီမႈရွိတယ္လုိ႔ပါတယ္။
၄- ငရုတ္သီး၊ ၾကက္သြန္ျဖဴနဲ႔ဆပ္ျပာေရကို ေရာၿပီး စပေရးလုပ္ျဖန္းပါ
မိမိအိမ္နဲ႔ ပတ္ဝန္းက်င္ကုိ ဒုကၡေကာင္းေကာင္းႀကီးေပးေနတဲ့ ပိုးေကာင္ေတြကို တုိက္ဖ်က္ဖုိ႔အတြက္ မီးဖုိေခ်ာင္သုံးပစၥည္းေတြနဲ႔တင္ အလြယ္တကူ ျပဳလုပ္လုိ႔ရပါတယ္။ ငရုတ္သီးရယ္၊ ၾကက္သြန္ျဖဴရယ္၊ ဆပ္ျပာေရတုိ႔ကို ေရာေႏွာၿပီး စပေရးဘူးအလြတ္ထဲ ထည့္ၿပီး ပိုးေကာင္ေတြရိွတဲ့ ေနရာမွာ ျဖန္းလုိက္ရင္ သက္သာသြားမွာပါ။ သတိထားစရာတစ္ခ်က္ကေတာ့ အဲဒီအရည္ေတြဟာ မိမိရဲ႕ မ်က္စိနဲ႔ လက္ကို မထိမိေအာင္ ေသခ်ာျဖန္းပက္ဖုိ႔ပါ။
၅- ၾကက္သြန္ျဖဴစပေရး
အဝတ္အစားေတြမွာ အေကာင္ေတြ ကပ္ညိွေနတယ္၊ စြဲေနတယ္ဆုိရင္ ၾကက္သြန္ျဖဴမ်ားမ်ားစားေပးရင္ အဲဒီ ပိုးေကာင္ေတြကို ႏွိမ္နင္းရာ ေရာက္ပါတယ္။ ၾကက္သြန္ျဖဴအနံ႔ဟာ ပိုးေကာင္ေတြအတြက္ အလြန္ျပင္းထန္တဲ့အတြက္ပါ။ ၾကမ္းပိုးကိုက္တာတုိ႔၊ မႊားေကာင္ေတြ ကိုက္တာတုိ႔ဆုိရင္ ၾကက္သြန္ျဖဴက အေကာင္းဆုံးလက္နက္တစ္ခုပါ။ အပင္ေတြမွာ အေကာင္ေတြ ကပ္ေနတယ္ဆုိလည္း ၾကက္သြန္ျဖဴကုိ ေရစိမ္ၿပီး စပေရးလုပ္ျဖန္းရင္ သက္သာသြားမွာပါ။
Ye Yint Kyaw
Unicode
ဓာတုဆေးတွေမသုံးဘဲနဲ့ အင်းဆက်တွေကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းကောင်း(၅)ခု
Pixabay/Bustle
မိမိအိမ်မှာ ခြင်တွေ၊ ယင်တွေ၊ ပလူကောင်တွေကို နေ့စဉ်ကြုံတွေ့ရမှာပါ။ အဲဒီလို အင်းဆက်ပိုးမွှားတွေကို တိုက်ဖျက်ဖို့အတွက်တော့ စျေးဆိုင်တွေက ဓာတုဆေးဖြန်းရည်တွေ၊ ဓာတုဆေးပြားတွေမလိုအပ်ဘဲ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်လို့ရပါတယ်။ ဓာတုဆေးရည်ဖြန်းတာ၊ ဆေးပြားထည့်တာတွေက ကျန်းမာရေးအတွက်တော့ မလိုလာအပ်တဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တဲ့အတွက် အခု သဘာဝပစ္စည်းတွေ၊ နည်းလမ်းလေးတွေနဲ့ စမ်းသပ်ကြည့်လို့ရပါတယ်။
၁ – essential oil ပါဝင်နှုန်း မြင့်မားတဲ့အရည်တွေကို စပရေးအဖြစ် အသုံးပြုလို့ရပါတယ်
Shutterstock/Madeleine Steinbach
essential oil တွေဟာ တွေ့နေမြင်နေကျ ဓာတုပိုးသတ်ဆေးတွေလောက်တော့ အစွမ်းမထက်လှပေမယ့် ခြင်တွေ၊ ပုရွက်ဆိတ်တွေ၊ ကြမ်းပိုးတို့ အစရှိတဲ့ အင်းဆက်ကောင်တွေကိုတော့ ကောင်းကောင်းကြီးနှိမ်နင်းပေးနိုင်ပါတယ်။ essential oil တွေကို စပရေးဘူးအဟောင်းတစ်ခုထဲ ထည့်ပြီး အင်းဆက်ကောင်တွေ သောင်းကြမ်းတဲ့နေရာမှာ တစ်နာရီတစ်ခါလောက် ဖြန်းပေးရုံနဲ့တင် သက်သာသေမှာပါ။ essential oil ပါဝင်နှုန်းမြင့်မားတယ်ဆိုရင် ပိုထိရောက်စေမှာဖြစ်ပါတယ်။ ငရုတ်သီး၊ လီမွန်သီးနဲ့ ယူကလစ် essential oi တွေဟာ ဒီလို အင်းဆက်နှိမ်နင်းရေးအတွက် အကောင်းဆုံး essential oilတွေဖြစ်ပါတယ်။
၂- အရွက်များကို မီးတိုက်ခြင်း
Shutterstock/Hayong
သစ်ရွက်ခြောက်တွေကို မီးရှို့တဲ့ ဓလေ့ ကျောက်ခေတ်ကတည်းက ပြုလုပ်လာတဲ့ ဓလေ့ပါ။ သားရဲတိရစ္ဆာန်တွေ၊ တောကောင်ရိုင်းကြီးတွေကို ခြောက်လှန်ဖို့အတွက် မီးတိုက်လေ့ရှိကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ကျောက်ခေတ်ကလို မီးအပြင်းစားကြီးတိုက်စရာမလိုတော့ပါဘူး။ ဒါပေမယ့် မိမိအိမ်အတွင်းမှာရှိတဲ့ ပိုးကောင်မွှားကောင်တွေကို မရှိစေဖို့အတွက်တော့ သစ်ရွက်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေနဲ့ မီးတိုက်လို့ရပါတယ်။ မီးခိုးတွေကြောင့်မို့လို့ အင်းဆက်ပိုးမွှားတွေဟာ ထွက်ပြေးလေ့ရှိတတ်ကြပါတယ်။ မိမိ မီးရှို့တဲ့သစ်ကိုင်းခြောက်၊ သစ်ရွက်အပေါ်မှာ မူတည်ပြီးတော့ ပိုးကောင်တွေထွက်ပြေးတာ မြန်တာ-မမြန်တာကို တွက်ကြည့်လို့ရပါတယ်။ လေ့လာချက်တွေအရ ဒီလို အခြေအနေမှာအသုံးပြုဖို့ အကောင်းဆုံးသစ်ပင်ကတော့ ယူကလစ်ပင်တွေပါပဲ။ ယူကလစ်သားနဲ့ ယူကလစ်အရွက်တွေရဲ့ မီးခိုးနံ့ဟာ ပိုးကောင်တွေထွက်ပြေးစေဖို့အတွက် အစွမ်းထက်ပစ္စည်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
၃- ခရမ်းချဉ်သီးအပင် စိုက်ထားပါ
Unaplsah/Suttons
ပိုးကောင်မွှားကောင်တွေကို ထွက်ပြေးစေဖို့ သဘာဝနည်းလမ်းတကျနဲ့ ပြုလုပ်ရာမှာ ခရမ်းချဉ်သီးအပင်ကို အိမ်ထဲ တစ်နေရာမှာ စိုက်ထားခြင်းက နည်းလမ်းတစ်ခုပါ။ ခရမ်းချဉ်ပင်ရဲ့ အရွက်တွေမှာ IBI 246 လို့ခေါ်တဲ့ ဓာတ်သတ္ထုတစ်မျိုးပါဝင်ပါတယ်။ အဲဒီ IBI 246 ဟာ ခြင်နဲ့ မွှားကောင်တွေကို တိုက်ဖျက်ရာမှာ အစွမ်းထက်လှပါတယ်။ လေ့လာချက်တွေအရဆိုရင် အဲဒီ IBI 246 ဓာတ်ဟာ ဓာတုပိုးသတ်ဆေးတွေရဲ့ အာနိသင်နဲ့ တူညီမှုရှိတယ်လို့ပါတယ်။
၄- ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ဆပ်ပြာရေကို ရောပြီး စပရေးလုပ်ဖြန်းပါ
Unsplash_/depositphoto
မိမိအိမ်နဲ့ ပတ်ဝန်းကျင်ကို ဒုက္ခကောင်းကောင်းကြီးပေးနေတဲ့ ပိုးကောင်တွေကို တိုက်ဖျက်ဖို့အတွက် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့တင် အလွယ်တကူ ပြုလုပ်လို့ရပါတယ်။ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူရယ်၊ ဆပ်ပြာရေတို့ကို ရောနှောပြီး စပရေးဘူးအလွတ်ထဲ ထည့်ပြီး ပိုးကောင်တွေရှိတဲ့ နေရာမှာ ဖြန်းလိုက်ရင် သက်သာသွားမှာပါ။ သတိထားစရာတစ်ချက်ကတော့ အဲဒီအရည်တွေဟာ မိမိရဲ့ မျက်စိနဲ့ လက်ကို မထိမိအောင် သေချာဖြန်းပက်ဖို့ပါ။
၅- ကြက်သွန်ဖြူစပရေး
Unsplash/webMD
အဝတ်အစားတွေမှာ အကောင်တွေ ကပ်ညှိနေတယ်၊ စွဲနေတယ်ဆိုရင် ကြက်သွန်ဖြူများများစားပေးရင် အဲဒီ ပိုးကောင်တွေကို နှိမ်နင်းရာ ရောက်ပါတယ်။ ကြက်သွန်ဖြူအနံ့ဟာ ပိုးကောင်တွေအတွက် အလွန်ပြင်းထန်တဲ့အတွက်ပါ။ ကြမ်းပိုးကိုက်တာတို့၊ မွှားကောင်တွေ ကိုက်တာတို့ဆိုရင် ကြက်သွန်ဖြူက အကောင်းဆုံးလက်နက်တစ်ခုပါ။ အပင်တွေမှာ အကောင်တွေ ကပ်နေတယ်ဆိုလည်း ကြက်သွန်ဖြူကို ရေစိမ်ပြီး စပရေးလုပ်ဖြန်းရင် သက်သာသွားမှာပါ။
Ye Yint Kyaw
0 Comments