tumblr
ေျမာက္ကမာၻျခမ္းဆိုတာ အၿမဲတမ္းႏွင္းေတြက်ၿပီး ေဆာင္းရာသီရဲ႕ အရသာကုိ ပီပီျပင္ျပင္ခံစားႏိုင္တဲ့ ႏိုင္ငံေတြရိွတဲ့ အရပ္ေဒသတစ္ခုပါ။ ဆီးႏွင္းေတြ တဖြဲဖြဲက်ေနၿပီး အၿမဲတမ္းလည္း ေရခဲေနတဲ့ ေဒသေတြရိွတဲ့ အရပ္ေဒသေတြပါ။
အဆုိပါ ေျမာက္ကမာၻျခမ္းက ၿမိဳ႕တစ္ၿမိဳ႔ကေတာ့ ထူးျခားတဲ့ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ပါ။ ရုရွားႏုိင္ငံရဲ႕ နယ္နိမိတ္အတြင္းမွာ တည္ရိွၿပီး နာမည္ကေတာ့ Norilsk လုိ႔ ေခၚတဲ့ ၿမိဳ႕ေလးပါ။ အဲဒီၿမိဳ႕ေလးဟာ  တစ္ခ်ိန္လုံးေနေရာင္မျမင္ရဘဲ အၿမဲဆီးႏွင္းေတြက်ေနတဲ့ ၿမိဳ႕ငယ္ေလးပါ။ ႏွစ္တစ္ႏွစ္ရဲ႕ ဇန္နဝါရီလအလည္ေလာက္မွာပဲ ေနကုိ ပီပီျပင္ျပင္ကုိ ျမင္ရတာပါ။ က်န္တဲ့အခ်ိန္ေတြကေတာ့ ေနကုိ မျမင္ရဘဲ အၿမဲ အုံ႔ဆုိင္းေနတတ္တဲ့ ကဗ်ာဆန္ဆန္ၿမိဳ႕ေလးပါ။ ေနေရာင္ျခည္လုံလုံေလာက္ေလာက္မရလုိ႔ အသက္ရွင္ေနထုိင္ဖုိ႔အတြက္ ခက္ခဲၾကမ္းတမ္းတဲ့ ၿမိဳ႕တစ္ၿမိဳ႕လုိ႔ သတ္မွတ္ထားၾကေပမယ့္ ကမာၻ႔အေအးဆုံးၿမိဳ႕ေလးတစ္ၿမိဳ႕အျဖစ္ရိွေနခဲ့တာပါ။

Unsplash/Baren

Norilsk ၿမိဳ႕ေလးရဲ႕ လူဦးေရဟာ လူေပါင္း (၁)သိန္း (၇)ေသာင္းေက်ာ္ရိွၿပီး ဧည့္ဝင္ဧည့္ထြက္မ်ားျပားလွတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တာေၾကာင့္လည္း ပုံမွန္အားျဖင့္ လူဦးေရ (၂) သိန္းဝန္းက်င္ေလာက္ ေနထိုင္ေနၾကပါတယ္။ Norilsk ၿမိဳ႔ေလးဟာ အာတိတ္စက္ဝုိင္းထဲမွာ ရိွတဲ့ ၿမိဳ႕ေတြထဲမွာ ဒုတိယေျမာက္လူဦးေရအမ်ားဆုံးေနထုိင္တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ ပထမလူဦးေရအမ်ားဆုံးၿမိဳ႕ကေတာ့ Yakutsk ဆုိတဲ့ၿမိဳ႕ေလးပါ။
Norilsk ၿမိဳ႕ေလးဟာ တစ္ႏွစ္မွာ ရက္ေပါင္း ၂၇၀ ေလာက္ဆီးႏွင္းေတြက်ေနတတ္ပါတယ္။ ၿပီးေတာ့ သုံးရက္တစ္ခါေလာက္ ႏွင္းမုန္တုိင္းေတြရဲ႕ တိုက္ခုိက္မႈကို ခံရေလ့ရိွတဲ့ အရပ္ေဒသတစ္ခုပါ။ Norilsk ၿမိဳ႕ေလးကုိ သြားမယ္ဆုိရင္ေတာ့ ရုရွားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ေမာ္စကုိကေန သြားလုိ႔ရၿပီး မိုင္ေပါင္း ၁,၈၀၀ ေလာက္ သြားရမွာပါ။ ကားလမ္းခရီးလုိ႔မရိွဘဲ Boat ေတြ၊ ေလယာဥ္ပ်ံေတြနဲ႔သာ သြားလုိ႔ရမွာပါ။ လမ္းခရီးတစ္ေလွ်ာက္လုံး အရုိင္းဆန္ၿပီး လူသူမေနရဲေလာက္တဲ့ ရာသီဥတုၾကမ္းေတြကို ျဖတ္သန္းသြားရမွာပါ။ အာတိတ္စက္ဝိုင္းနဲ႔ဆုိရင္ အေတာ္နီးနီးကပ္ကပ္ရိွေနၿပီး အာတိတ္စက္ဝုိင္းနဲ႔ မုိင္ ၂၀၀ ေလာက္ပဲ ေဝးပါတယ္။

Unsplash/Siber

ဒီၿမိဳ႕ေလး ေရာက္သြားရင္ ကမာၻနဲ႔ မသက္ဆုိင္တဲ့ အရပ္ေဒသတစ္ခုကို ေရာက္သြားသလုိ ခံစားသြားရတယ္လုိ႔ အဆုိပါ ၿမိဳ႕ေလးကို သြားေရာက္ခဲ့ဖူးသူတုိ႔က ေျပာပါတယ္။ တစ္ခုတည္းေသာၿမိဳ႕ေလးဆုိေပမယ့္လုိ႔ အဲဒီၿမိဳ႕ငယ္ေလးဟာ တျခားၿမိဳ႕ေတြလုိပါပဲ။ဘားေတြ၊ ကေဖးဆုိင္ေတြ၊ ဘုရားရိွခိုးေက်ာင္းေတြ၊ အႏုပညာျပခန္းေတြ၊ ျပဇာတ္ရုံေတြ ရိွပါတယ္။ ႏွစ္စဥ္လုိလုိ အဲဒီၿမိဳ႕ေလးမွာ လာေရာက္အေျခခ် ေနထုိင္သူေတြလည္း တစ္ႏွစ္ထက္ တစ္ႏွစ္တိုးလာခဲ့တာပါ။
ဒီေလာက္ ရာသီဥတုခက္ခဲၾကမ္းတမ္းတဲ့ အရပ္ေဒသကို လူေတြ မ်ားစြာ ဘာေၾကာင့္လာေရာက္ၾကသလဲဆိုေတာ့ ပိုက္ဆံရွာေဖြဖုိ႔အတြက္ပါ။  Norilsk ၿမိဳ႕ေလးဟာ နီကယ္လ္၊ ပလက္တီနမ္သိုက္ေတြ မ်ားစြာရိွတယ္လုိ႔ နယူးေယာက္တုိင္းမ္သတင္းစာကဆိုထားပါတယ္။ Norilsk ၿမိဳ႕ဟာ ရုရွားႏိုင္ငံတြင္းမွာ ရိွတဲ့ အခ်မ္းသာဆုံးၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္ေနပါတယ္။
လြန္ခဲ့တဲ့ ၂၀ ရာစုကေတာ့ ရုရွားအစိုးရဟာ ေထာင္သားေတြ၊ ရာဇဝတ္သား ၆သိန္းေလာက္ကုိ ကုိ ဒဏ္ေပးတဲ့ အေနန႔ဲ အဲဒီ ၿမိဳ႕ေလးဆီကုိ သတၳဳတူးေဖာ္ခုိင္းခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ အဲဒီလုိေတြမရိွေတာ့ေပမယ့္ သတၳဳတူးေဖာ္ေရးလုပ္ငန္းေတြဟာ တည္ရိွေနဆဲပါ။။ Norilsk ၿမိဳ႕က ရတဲ့ ဝင္ေငြဟာ ရုရွားႏိုင္ငံတစ္ႏုိင္ငံလုံးရဲ႕ GDP ပမာဏကုိ ၂ ရာခုိင္ႏႈန္းအထိ ျဖည့္စြမ္းႏိုင္ခဲ့တာပါ။
Ye Yint Kyaw



Unicode

တစ်နှစ်မှာ ရက်ပေါင်း (၂၇၀) လောက် နှင်းကျနေတဲ့ ကမ္ဘာ့အအေးဆုံးမြို့လေး


tumblr

မြောက်ကမ္ဘာခြမ်းဆိုတာ အမြဲတမ်းနှင်းတွေကျပြီး ဆောင်းရာသီရဲ့ အရသာကို ပီပီပြင်ပြင်ခံစားနိုင်တဲ့ နိုင်ငံတွေရှိတဲ့ အရပ်ဒေသတစ်ခုပါ။ ဆီးနှင်းတွေ တဖွဲဖွဲကျနေပြီး အမြဲတမ်းလည်း ရေခဲနေတဲ့ ဒေသတွေရှိတဲ့ အရပ်ဒေသတွေပါ။


အဆိုပါ မြောက်ကမ္ဘာခြမ်းက မြို့တစ်မြို့ကတော့ ထူးခြားတဲ့ မြို့ငယ်လေးတစ်မြို့ပါ။ ရုရှားနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ တည်ရှိပြီး နာမည်ကတော့ Norilsk လို့ ခေါ်တဲ့ မြို့လေးပါ။ အဲဒီမြို့လေးဟာ  တစ်ချိန်လုံးနေရောင်မမြင်ရဘဲ အမြဲဆီးနှင်းတွေကျနေတဲ့ မြို့ငယ်လေးပါ။ နှစ်တစ်နှစ်ရဲ့ ဇန်နဝါရီလအလည်လောက်မှာပဲ နေကို ပီပီပြင်ပြင်ကို မြင်ရတာပါ။ ကျန်တဲ့အချိန်တွေကတော့ နေကို မမြင်ရဘဲ အမြဲ အုံ့ဆိုင်းနေတတ်တဲ့ ကဗျာဆန်ဆန်မြို့လေးပါ။ နေရောင်ခြည်လုံလုံလောက်လောက်မရလို့ အသက်ရှင်နေထိုင်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ မြို့တစ်မြို့လို့ သတ်မှတ်ထားကြပေမယ့် ကမ္ဘာ့အအေးဆုံးမြို့လေးတစ်မြို့အဖြစ်ရှိနေခဲ့တာပါ။


Unsplash/Baren
Norilsk မြို့လေးရဲ့ လူဦးရေဟာ လူပေါင်း (၁)သိန်း (၇)သောင်းကျော်ရှိပြီး ဧည့်ဝင်ဧည့်ထွက်များပြားလှတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့်လည်း ပုံမှန်အားဖြင့် လူဦးရေ (၂) သိန်းဝန်းကျင်လောက် နေထိုင်နေကြပါတယ်။ Norilsk မြို့လေးဟာ အာတိတ်စက်ဝိုင်းထဲမှာ ရှိတဲ့ မြို့တွေထဲမှာ ဒုတိယမြောက်လူဦးရေအများဆုံးနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ပထမလူဦးရေအများဆုံးမြို့ကတော့ Yakutsk ဆိုတဲ့မြို့လေးပါ။

Norilsk မြို့လေးဟာ တစ်နှစ်မှာ ရက်ပေါင်း ၂၇၀ လောက်ဆီးနှင်းတွေကျနေတတ်ပါတယ်။ ပြီးတော့ သုံးရက်တစ်ခါလောက် နှင်းမုန်တိုင်းတွေရဲ့ တိုက်ခိုက်မှုကို ခံရလေ့ရှိတဲ့ အရပ်ဒေသတစ်ခုပါ။ Norilsk မြို့လေးကို သွားမယ်ဆိုရင်တော့ ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုကနေ သွားလို့ရပြီး မိုင်ပေါင်း ၁,၈၀၀ လောက် သွားရမှာပါ။ ကားလမ်းခရီးလို့မရှိဘဲ Boat တွေ၊ လေယာဉ်ပျံတွေနဲ့သာ သွားလို့ရမှာပါ။ လမ်းခရီးတစ်လျှောက်လုံး အရိုင်းဆန်ပြီး လူသူမနေရဲလောက်တဲ့ ရာသီဥတုကြမ်းတွေကို ဖြတ်သန်းသွားရမှာပါ။ အာတိတ်စက်ဝိုင်းနဲ့ဆိုရင် အတော်နီးနီးကပ်ကပ်ရှိနေပြီး အာတိတ်စက်ဝိုင်းနဲ့ မိုင် ၂၀၀ လောက်ပဲ ဝေးပါတယ်။


Unsplash/Siber

ဒီမြို့လေး ရောက်သွားရင် ကမ္ဘာနဲ့ မသက်ဆိုင်တဲ့ အရပ်ဒေသတစ်ခုကို ရောက်သွားသလို ခံစားသွားရတယ်လို့ အဆိုပါ မြို့လေးကို သွားရောက်ခဲ့ဖူးသူတို့က ပြောပါတယ်။ တစ်ခုတည်းသောမြို့လေးဆိုပေမယ့်လို့ အဲဒီမြို့ငယ်လေးဟာ တခြားမြို့တွေလိုပါပဲ။ဘားတွေ၊ ကဖေးဆိုင်တွေ၊ ဘုရားရှိခိုးကျောင်းတွေ၊ အနုပညာပြခန်းတွေ၊ ပြဇာတ်ရုံတွေ ရှိပါတယ်။ နှစ်စဉ်လိုလို အဲဒီမြို့လေးမှာ လာရောက်အခြေချ နေထိုင်သူတွေလည်း တစ်နှစ်ထက် တစ်နှစ်တိုးလာခဲ့တာပါ။

ဒီလောက် ရာသီဥတုခက်ခဲကြမ်းတမ်းတဲ့ အရပ်ဒေသကို လူတွေ များစွာ ဘာကြောင့်လာရောက်ကြသလဲဆိုတော့ ပိုက်ဆံရှာဖွေဖို့အတွက်ပါ။  Norilsk မြို့လေးဟာ နီကယ်လ်၊ ပလက်တီနမ်သိုက်တွေ များစွာရှိတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာကဆိုထားပါတယ်။ Norilsk မြို့ဟာ ရုရှားနိုင်ငံတွင်းမှာ ရှိတဲ့ အချမ်းသာဆုံးမြို့လေးတစ်မြို့ဖြစ်နေပါတယ်။



လွန်ခဲ့တဲ့ ၂၀ ရာစုကတော့ ရုရှားအစိုးရဟာ ထောင်သားတွေ၊ ရာဇဝတ်သား ၆သိန်းလောက်ကို ကို ဒဏ်ပေးတဲ့ အနေနဲ့ အဲဒီ မြို့လေးဆီကို သတ္ထုတူးဖော်ခိုင်းခဲ့တာပါ။ အခုအချိန်မှာတော့ အဲဒီလိုတွေမရှိတော့ပေမယ့် သတ္ထုတူးဖော်ရေးလုပ်ငန်းတွေဟာ တည်ရှိနေဆဲပါ။။ Norilsk မြို့က ရတဲ့ ဝင်ငွေဟာ ရုရှားနိုင်ငံတစ်နိုင်ငံလုံးရဲ့ GDP ပမာဏကို ၂ ရာခိုင်နှုန်းအထိ ဖြည့်စွမ်းနိုင်ခဲ့တာပါ။

Ye Yint Kyaw