Unicode
ကလေးငယ််ရဲ့အကောင်းမြင်စိတ်ကို ဘယ်လိုမြှင့်တင်ပေးမလဲ
ကလေးငယ်လေးများကို ပြုစပျိုးထောင်ရတာဟာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကလေးငယ်များကို လူတော်များထက် လူကောင်းများဖြစ်လာစေရန် ကောင်းမွန်သော အကျင့်များကို မွေးမြူပေးဖို့ မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ထို့အတွက်လည်း ကလေးငယ်များမှာ အကောင်းမြင်စိတ်များ မြှင့်တင်ပေးရန်နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ရပါတယ်။
ကလေးငယ်လေးများဟာ မွေးကတည်းက ပြုစုပျိုးထောင်ပေးသူ မိဘနဲ့ ပိုအနေများပြီး မိဘများဆီမှ သင်ယူမှုအများစုကိုပြုလုပ်ကြပါတယ်။ဒါ့အပြင် ကလေးငယ်ကို ရှင်သန်စေတဲ့ ပတ်ဝန်းကျင်ကလည်း ကလေးငယ်ကို ပုံသွင်းမှာပဲဖြစ်ပါတယ်။ထို့အတွက် သင်ဟာ မိဘ တစ်ယောက်ဖြစ်မယ်ဆိုလျှင် ကလေးငယ်ကို အတုယူမှားစေရန် ကြမ်းတမ်းသော စကားများပြောဆိုခြင်း၊ ညည်းညူခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်။
နားထောင်တတ်ခြင်းကလည်း ကောင်းမွန်သော အကျင့်များထဲမှ တစ်ခုပါပဲ။ ကလေးငယ်များစကားပြောချိန်မှာ ဖြတ်မပြောခြင်း၊ကြိုတင်၍ ဝေဖန်ခြင်းမျိုးပြုလုပ်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ကလေးငယ်များကို ပြောတဲ့စကားများကို တည်ဖိ်ု့လည်းလိုအပ်ပါသေးတယ်။ ကလေးငယ်လေးများကို စာပြီး ရင် ဂိမ်းပေးဆော့မယ်ပြောပြီး ပေးမဆော့ခြင်းများကို မိဘအများစုမှာ တွေ့ရပြီး ကလေးငယ်လေးများဟာလည်း လိမ်လည်ပြောခြင်းကို ကူးစက်သွားတတ်ပါတယ်။
ကလေးငယ်များကို အလွန်အကျွံပြောဆိုဆုံးမခြင်းနဲ့ အရာရာလိုက်ပါနေခြင်းကို ရှောင်ရှားပါ။ ကလေးငယ်များကို ကိုယ်တိုင်ဆုံးဖြတ်ပြီး သူတို့ဘာသာ ဘာတွေလုပ်လာမလဲကို စောင့်ကြည့်ပါ။ ကလေးငယ်ကို လမ်းပြပါ အမိန့်မပေးပါနဲ့။ဒါမှလည်းသူတို့ဟာ ဆုံးဖြတ်ချက်ဘယ်လိုချရမယ်ကိုနားလည်မှာဖြစ်ပြီး ကလေးငယ်က အမှီအခိုကင်းမဲ့ခြင်းနဲ့ တာဝန်ယူတတ်ခြင်းကို သင်ယူတတ်သွားပါလိမ့်မယ်။
နောက်ဆုံးတစ်ခုကတော့ ကလေးငယ်များကို နားဝင်အောင်ပြောဖို့ပါပဲ. ဥပမာအားဖြင့် ကလေးငယ်လေးကို စာအတင်းလုပ်ဖို့ ဖိအားပေးခြင်းထက် စာလုပ်ခြင်းဖြင်ဘယ်လိုအကျိုးကျေးဇူးများရရှိသည်ကို နားလည်အောင်ရှင်းပြခြင်းက ပိုမိုကောင်းမွန်ပါတယ်။ကလေးငယ်ရဲ့ကိုယ့်ကိုကိုယ် တန်ဖိုးထားစိတ် ယုံကြည်စိတ်ကို မြှင့်တင်ပေးခြင်းက ကလေးငယ်ရဲ့ အနာဂတအတွက်ပါပိုမိုကောင်းမွန်စေမှာပါ။
0 Comments