သင္ဟာ ကိုယ္ဝန္လြယ္လိုက္ရျပီဆိုတာနဲ႔တစ္ျပိဳင္နက္ ခႏၶာကိုယ္အတြင္း ၊ အျပင္ ေျမာက္မ်ားလွစြာေသာ ေျပာင္းလဲမႈေတြ ေတြ႔ၾကံဳခံစားရမွာ မလြဲမေသြပါပဲ။ ဒီေျပာင္းလဲမႈေတြထဲမွာ တစ္ခ်ိဳ႔အရာေတြဟာ သင္ေမွ်ာ္လင့္မထားတာမ်ိဳးေတြလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ အဲ့ဒီ့အထဲမွာ မိခင္ေလာင္းရဲ့ အျမင္အာရံုေျပာင္းလဲမႈဟာလည္း တစ္ခုအပါအဝင္လို႔ ဆိုရပါမယ္။
ကိုယ္ဝန္ေဆာင္ေတြမွာ အျမင္အာရံုေျပာင္းလဲမႈဟာ တစ္ျခားေသာ ခႏၶာကိုယ္ေျပာင္းလဲမႈေတြနဲ႔ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ လကၡဏာေတြေၾကာင့္ သိပ္ျပီး သိသာထင္ရွားျခင္း မရွိပါဘူး။ ဒါ့ေၾကာင့္ မိခင္ေလာင္းေတြဟာ ဒီအေပၚမွာ သိပ္ျပီးအာရံုစိုက္ ေစာင့္ေရွာက္ျခင္းလည္း မရွိၾကတာကို စိတ္မေကာင္းစြာ ေတြ႔ရပါတယ္။
သင္အရင္ဆံုး သတိထားမိမွာကေတာ့ မ်က္စိေျခာက္ေသြ႔လာျခင္းပါ။ မ်က္မွန္ဝတ္ဆင္ရသူေတြမွာ ပိုလို႔ေတာင္ နာက်င္ရပါလိမ့္မယ္။ ဒီလိုေျခာက္ေသြ႔မႈအတြက္ေတာ့ သင္ဟာ မ်က္စဥ္းခတ္ေဆးကို အသံုးျပဳႏိုင္ပါတယ္။ ဒါေပမဲ့ အျမဲတမ္းမ်က္စဥ္းခတ္ေဆး အသံုးျပဳေနသူဟာ ေရရွည္မွာ မ်က္စိက်န္းမာေရးကို ထိခိုက္လာႏိုင္တာေၾကာင့္ အသံုးျပဳတဲ့ မ်က္စဥ္းေဆးအမ်ိဳးအစားဟာ သင္နဲ႔ ကိုက္ညီ၊မညီ က်ြမ္းက်င္ဆရာဝန္ထံမွာ သြားေရာက္ေမးျမန္းထားသင့္ပါတယ္။
မ်က္စိေျခာက္ေသြ႔လာျခင္းရဲ့ ေနာက္ထပ္ေဘးထြက္ဆိုးက်ိဳးတစ္ခုကေတာ့ အျမင္အာရံုေဝဝါးလာျခင္းပါ။ ဒီျပႆနာဟာ မီးဖြားျပီးခ်ိန္ ဒါမွမဟုတ္ ကေလးႏို႔ျပတ္ခ်ိန္ေလာက္မွာ ေပ်ာက္ကြယ္သြားမွာျဖစ္ေပမယ့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေတာ့ ဆရာဝန္နဲ႔သြားေရာက္ျပသရံုကလြဲလို႔ ဘာမွလုပ္လို႔ မရႏိုင္ပါဘူး။
ကိုယ္ဝန္ေဆာင္မိခင္ေတြ ျဖစ္ေလ့ရွိတဲ့ ကိုယ္ဝန္ဆီးခ်ိဳေရာဂါနဲ႔ ေသြးတိုးျခင္းေတြေၾကာင့္လည္း မိခင္ေလာင္းရဲ့ အျမင္အာရံုကို ထိခုိက္မႈ အနည္းနဲ႔အမ်ား ရွိႏိုင္ပါတယ္။ အျမင္အာရံုေဝဝါးမယ္ ၊ အလင္းေရာင္ေဖ်ာ့ေဖ်ာ့မွာေတာင္ မ်က္စိစူးေနမယ္ ၊ ျမင္ကြင္းမွာ အစက္အေျပာက္ေတြ ေပၚေနမယ္ဆိုရင္ေတာ့ က်ြမ္းက်င္မ်က္စိအထူးကုဆရာဝန္နဲ႔ အျမန္ဆံုး သြားေရာက္ျပသျပီး ကုသမႈ ခံယူသင့္ေနပါျပီ။
HYA (kyarlay)
HYA (kyarlay)
Unicode
ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်လောင်းရဲ့ အမြင်အာရုံပြောင်းလဲမှုများ
သင်ဟာ ကိုယ်ဝန်လွယ်လိုက်ရပြီဆိုတာနဲ့တစ်ပြိုင်နက် ခန္ဓာကိုယ်အတွင်း ၊ အပြင် မြောက်များလှစွာသော ပြောင်းလဲမှုတွေ တွေ့ကြုံခံစားရမှာ မလွဲမသွေပါပဲ။ ဒီပြောင်းလဲမှုတွေထဲမှာ တစ်ချို့အရာတွေဟာ သင်မျှော်လင့်မထားတာမျိုးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့ဒီ့အထဲမှာ မိခင်လောင်းရဲ့ အမြင်အာရုံပြောင်းလဲမှုဟာလည်း တစ်ခုအပါအဝင်လို့ ဆိုရပါမယ်။
ကိုယ်ဝန်ဆောင်တွေမှာ အမြင်အာရုံပြောင်းလဲမှုဟာ တစ်ခြားသော ခန္ဓာကိုယ်ပြောင်းလဲမှုတွေနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကြောင့် သိပ်ပြီး သိသာထင်ရှားခြင်း မရှိပါဘူး။ ဒါ့ကြောင့် မိခင်လောင်းတွေဟာ ဒီအပေါ်မှာ သိပ်ပြီးအာရုံစိုက် စောင့်ရှောက်ခြင်းလည်း မရှိကြတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။
သင်အရင်ဆုံး သတိထားမိမှာကတော့ မျက်စိခြောက်သွေ့လာခြင်းပါ။ မျက်မှန်ဝတ်ဆင်ရသူတွေမှာ ပိုလို့တောင် နာကျင်ရပါလိမ့်မယ်။ ဒီလိုခြောက်သွေ့မှုအတွက်တော့ သင်ဟာ မျက်စဉ်းခတ်ဆေးကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းမျက်စဉ်းခတ်ဆေး အသုံးပြုနေသူဟာ ရေရှည်မှာ မျက်စိကျန်းမာရေးကို ထိခိုက်လာနိုင်တာကြောင့် အသုံးပြုတဲ့ မျက်စဉ်းဆေးအမျိုးအစားဟာ သင်နဲ့ ကိုက်ညီ၊မညီ ကျွမ်းကျင်ဆရာဝန်ထံမှာ သွားရောက်မေးမြန်းထားသင့်ပါတယ်။
မျက်စိခြောက်သွေ့လာခြင်းရဲ့ နောက်ထပ်ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ အမြင်အာရုံဝေဝါးလာခြင်းပါ။ ဒီပြဿနာဟာ မီးဖွားပြီးချိန် ဒါမှမဟုတ် ကလေးနို့ပြတ်ချိန်လောက်မှာ ပျောက်ကွယ်သွားမှာဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဆရာဝန်နဲ့သွားရောက်ပြသရုံကလွဲလို့ ဘာမှလုပ်လို့ မရနိုင်ပါဘူး။
ကိုယ်ဝန်ဆောင်မိခင်တွေ ဖြစ်လေ့ရှိတဲ့ ကိုယ်ဝန်ဆီးချိုရောဂါနဲ့ သွေးတိုးခြင်းတွေကြောင့်လည်း မိခင်လောင်းရဲ့ အမြင်အာရုံကို ထိခိုက်မှု အနည်းနဲ့အများ ရှိနိုင်ပါတယ်။ အမြင်အာရုံဝေဝါးမယ် ၊ အလင်းရောင်ဖျော့ဖျော့မှာတောင် မျက်စိစူးနေမယ် ၊ မြင်ကွင်းမှာ အစက်အပြောက်တွေ ပေါ်နေမယ်ဆိုရင်တော့ ကျွမ်းကျင်မျက်စိအထူးကုဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပြီး ကုသမှု ခံယူသင့်နေပါပြီ။
HYA (kyarlay)
0 Comments