တိုင္းျပည္မၿငိမ္းခ်မ္းမွ စီးပြားျဖစ္၊ အလုပ္ျဖစ္မယ့္သူေတြက ၿငိမ္းခ်မ္းေရးကို နည္းမ်ိဳးစုံနဲ႔ ဖ်က္ဆီးမွာျဖစ္တယ္လို႔ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာၾကားလိုက္ပါတယ္။
ဒီဇင္ဘာ ၂၉ ရက္ မနက္က ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕ စိမ္းလဲ့ရတနာခန္းမမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ အတြင္းေရးမႉး ၃ ေဒါက္တာ ေအာင္မိုးညိဳနဲ႔ မိုးညႇင္းခ႐ိုင္၊ ၿမိဳ႕နယ္အသီးသီးမွ ပါတီဝင္ေတြ ေတြ႕ဆုံစဥ္ေျပာဆိုခဲ့တာပါ။
“ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ ဒီေလာက္ဆင္းရဲမြဲေတေနတဲ့ၾကားထဲက လုပ္ေပးေနတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရးသာရမယ္ဆို ဒါထက္ၿငိမ္းခ်မ္းေအာင္ႀကိဳးစားမယ္။ ဒါေပမဲ့ မၿငိမ္းခ်မ္းမွ စီးပြားျဖစ္မယ့္သူ၊ အလုပ္ျဖစ္မယ့္သူ၊ လူရာဝင္မယ့္ သူကေတာ့ ဘယ္ၿငိမ္းခ်မ္းခ်င္မွာတုန္း။ နည္းမ်ိဳးစုံနဲ႔ ဖ်က္ဆီးေနမွာေပါ့။ အင္မတန္ကို အကုသိုလ္ႀကီးပါတယ္။ ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာ ညႇိညႇိႏႈိင္းႏႈိင္း တိုင္တိုင္ပင္ပင္ဝိုင္းၾကဝန္းၾကၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲဆီ သြားၾကမယ္။ သက္တမ္း တခုထဲနဲ႔ေတာ့ ပါတီတခုရဲ႕လုပ္ငန္းစဥ္ေတြ ၿပီးျပည့္စုံမွာ မဟုတ္ဘူး” လို႔ ေဒါက္တာေအာင္မိုးညိဳက ေျပာၾကားခဲ့ပါတယ္။ေတြ႕ဆုံပြဲကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ မိုးညႇင္းခ႐ိုင္ ၿမိဳ႕နယ္အသီးသီးမွပါတီဝင္ အင္အား ၃၀၀ ေက်ာ္တက္ေရာက္ခဲ့ၾကပါတယ္။
Source-ဒီဗြီဘီ

Unicode




တိုင်းပြည် မငြိမ်းချမ်းမှ စီးပွားဖြစ်မည့်သူများက ငြိမ်းချမ်းရေးကို နည်းမျိုးစုံဖြင့်ဖျက်ဆီးနေဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြော


တိုင်းပြည်မငြိမ်းချမ်းမှ စီးပွားဖြစ်၊ အလုပ်ဖြစ်မယ့်သူတွေက ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ ဖျက်ဆီးမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ပါတယ်။



ဒီဇင်ဘာ ၂၉ ရက် မနက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့ စိမ်းလဲ့ရတနာခန်းမမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ၃ ဒေါက်တာ အောင်မိုးညိုနဲ့ မိုးညှင်းခရိုင်၊ မြို့နယ်အသီးသီးမှ ပါတီဝင်တွေ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။



“ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဒီလောက်ဆင်းရဲမွဲတေနေတဲ့ကြားထဲက လုပ်ပေးနေတယ်။ ပြည်တွင်းငြိမ်းချမ်းရေးသာရမယ်ဆို ဒါထက်ငြိမ်းချမ်းအောင်ကြိုးစားမယ်။ ဒါပေမဲ့ မငြိမ်းချမ်းမှ စီးပွားဖြစ်မယ့်သူ၊ အလုပ်ဖြစ်မယ့်သူ၊ လူရာဝင်မယ့် သူကတော့ ဘယ်ငြိမ်းချမ်းချင်မှာတုန်း။ နည်းမျိုးစုံနဲ့ ဖျက်ဆီးနေမှာပေါ့။ အင်မတန်ကို အကုသိုလ်ကြီးပါတယ်။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ဝိုင်းကြဝန်းကြပြီး ၂၀၂၀ ရွေးကောက်ပွဲဆီ သွားကြမယ်။ သက်တမ်း တခုထဲနဲ့တော့ ပါတီတခုရဲ့လုပ်ငန်းစဉ်တွေ ပြီးပြည့်စုံမှာ မဟုတ်ဘူး” လို့ ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့ပါတယ်။တွေ့ဆုံပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မိုးညှင်းခရိုင် မြို့နယ်အသီးသီးမှပါတီဝင် အင်အား ၃၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

Source-ဒီဗွီဘီ