
နိုင္ငံေက်ာ္ အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေရႊထူးဟာ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ေတးသီခ်င္းေတြမ်ားစြာကို ဖန္တီးနိုင္သူ ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ ေရႊထူးက သီခ်င္းေတြဖန္တီး သီဆိုတဲ့အျပင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း သ႐ုပ္ေဆာင္ေနရင္း မင္းသားတစ္လက္ ျဖစ္လို့ေနပါၿပီ။ ဒီေန႔ ဒီဇင္ဘာလ (၃၁) ရက္ေန႔ (၂၀၁၉)ခုႏွစ္ရဲ႕ ေနာက္ဆံုးေန႔ေလး မွာေတာ့ ေရႊထူးက သူ႔ပရိသတ္ေတြအားလံုးကို ေပ်ာ္ေပ်ာ္ေနဖို႔ အခုလိုပဲ ေျပာထားပါတယ္။

“2019 ႀကီး ဒီေန႔ဆိုကုန္ဆုံးၿပီ။ ကၽြန္ေတာ့္လိုကံနဲ႔ အျပင္ေလာကမွာအမ်ားႀကီးရွိၾကမယ္လို့လည္းထင္တယ္။ ကံအစြန္းေရာက္ေတြေပါ့။ အေကာင္း နဲ႔ အဆိုးဆိုတာထက္ အေကာင္းဆုံးနဲ႔ အဆိုးဆုံးေတြ ဆိုတာပဲရွိၾကတယ္။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ့္ေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ရတယ္… စိတ္တိုရတယ္… ေပ်ာ္ရႊင္ရတယ္…စိတ္ခ်မ္းသာရတဲ့လူတိုင္း ကၽြန္ေတာ့္အမွားမ်ားရွိခဲ့ရင္ ကၽြန္ေတာ့္ကိုခြင့္လႊတ္ေပးပါ။

“ကၽြန္ေတာ္ တတ္စြမ္းတဲ့အႏုပညာ နဲ႔ပဲ ကၽြန္ေတာ့္ကိုခ်စ္တဲ့ပရိသတ္ကို တာဝန္ဆက္လက္ေက်နိုင္ေအာင္ႀကိဳးစားပါဦးမယ္ခင္ဗ်ာ။ ေနာက္တစ္ခု စကားပါးခ်င္တာကေတာ့ေပ်ာ္ေအာင္ေနပါ။ ေလာကႀကီးမွာေပ်ာ္ေအာင္ေနတတ္ဖို့ပဲအေရးႀကီးပါတယ္။ လူေပ်ာ္တာထက္ စိတ္ေပ်ာ္ဖို့အေရးႀကီးပါတယ္။ စိတ္ေပ်ာ္ရာမွာေနပါ လူေပ်ာ္ရာမွာမေနပါနဲ႔။”

“ႏွစ္ေဟာင္းကိုလက္ရွိမ်က္ႏွာကအမာရြတ္အမွတ္တရနဲ႔ပဲႏွုတ္ဆက္လိုက္ပါတယ္။ ေကာင္းေသာႏွစ္သစ္ျဖစ္ၾကပါေစ…Happy New Year
” ဆိုၿပီး မ်ွေဝထားပါတယ္။

ေရႊထူးကေတာ့ သူ႔ရဲ႕တစ္ႏွစ္တာကို ျပန္လည္သံုးသပ္ရင္း ပရိသတ္ေတြကို ေပ်ာ္ရႊင္ေအာင္ေနဖို႔ ေျပာထားတာ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။
မုိမုိေလး
Unicode
၂၀၁၉ ခုနှစ်မှာ ကံအကောင်းဆုံးနဲ့ ကံအဆိုးဆုံးဆိုတာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ ရွှေထူး
နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးဟာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေများစွာကို ဖန်တီးနိုင်သူ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရွှေထူးက သီချင်းတွေဖန်တီး သီဆိုတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သရုပ်ဆောင်နေရင်း မင်းသားတစ်လက် ဖြစ်လို့နေပါပြီ။ ဒီနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ (၂၀၁၉)ခုနှစ်ရဲ့ နောက်ဆုံးနေ့လေး မှာတော့ ရွှေထူးက သူ့ပရိသတ်တွေအားလုံးကို ပျော်ပျော်နေဖို့ အခုလိုပဲ ပြောထားပါတယ်။
“2019 ကြီး ဒီနေ့ဆိုကုန်ဆုံးပြီ။ ကျွန်တော့်လိုကံနဲ့ အပြင်လောကမှာအများကြီးရှိကြမယ်လို့လည်းထင်တယ်။ ကံအစွန်းရောက်တွေပေါ့။ အကောင်း နဲ့ အဆိုးဆိုတာထက် အကောင်းဆုံးနဲ့ အဆိုးဆုံးတွေ ဆိုတာပဲရှိကြတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတယ်… စိတ်တိုရတယ်… ပျော်ရွှင်ရတယ်…စိတ်ချမ်းသာရတဲ့လူတိုင်း ကျွန်တော့်အမှားများရှိခဲ့ရင် ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ။
“ကျွန်တော် တတ်စွမ်းတဲ့အနုပညာ နဲ့ပဲ ကျွန်တော့်ကိုချစ်တဲ့ပရိသတ်ကို တာဝန်ဆက်လက်ကျေနိုင်အောင်ကြိုးစားပါဦးမယ်ခင်ဗျာ။ နောက်တစ်ခု စကားပါးချင်တာကတော့ပျော်အောင်နေပါ။ လောကကြီးမှာပျော်အောင်နေတတ်ဖို့ပဲအရေးကြီးပါတယ်။ လူပျော်တာထက် စိတ်ပျော်ဖို့အရေးကြီးပါတယ်။ စိတ်ပျော်ရာမှာနေပါ လူပျော်ရာမှာမနေပါနဲ့။”
“နှစ်ဟောင်းကိုလက်ရှိမျက်နှာကအမာရွတ်အမှတ်တရနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။ ကောင်းသောနှစ်သစ်ဖြစ်ကြပါစေ…Happy New Year 🙏” ဆိုပြီး မျှဝေထားပါတယ်။
ရွှေထူးကတော့ သူ့ရဲ့တစ်နှစ်တာကို ပြန်လည်သုံးသပ်ရင်း ပရိသတ်တွေကို ပျော်ရွှင်အောင်နေဖို့ ပြောထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး
0 Comments