






မိုမိုလေး
Unicode
နှစ်သစ်မှာ မိဘနှစ်ပါးကို တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ သမီးလိမ္မာလေး သင်ဇာဝင့်ကျော်
သူမချစ်တဲ့ အနုပညာအလုပ်တွေကို ရိုးရိုးသားသားလုပ်ကိုင်ရင်းနဲ့ မိသားစုကို ထောက်ပံ့နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ရိုးရှင်းပွင့်လင်းလွန်းတဲ့စိတ်ကြောင့်ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာလေးက သူမချစ်ခင်ရတဲ့ မိဘနှစ်ပါးကို တန်ဖိုးကြီး ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ ကြည်နူးစရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိဘကို သိတတ်ပြီး လိမ္မာလွန်းတဲ သင်ဇာကိုတော့ မိဘနှစ်ပါးကလည်း အားကိုးအားထား ပြုနေရတာပါနော်။
ချစ်ပရိသတ်တွေအတွက် မိဘအပေါ် သိတတ်ပြီး အရမ်းကို လိမ္မာလွန်းတဲ့ သမီးလေး သင်ဇာဝင့်ကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
သင်ဇာကတော့ “Thx for everything mom & dad ❤️love u both so much … Happy new year & wishing all the best 🙏🏼🙏🏼🙏🏼” ဆိုပြီး မိဘနှစ်ပါးအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ သူမရဲ့ ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာဝေမျှပေးထားတာပါ။
သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေလုပ်ရင်း အချစ်ရေးကို စိတ်မဝင်စားသေးပဲ ချစ်ရတဲ့ မိသားစုကိုလုပ်ကျွေးရင်း ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်ဇာလေးကတော့ မကြာခဏဆိုသလို ပြည်တွင်း၊ ပြည်ပခရီးတွေ ထွက်လေ့ရှိပါတယ်။ ချစ်ပရိသတ်တွေလည်း မိဘကို သိတတ်တဲ့သမီးလိမ္မာလေး သင်ဇာလေးကိုချစ်ရင် သူမရဲ့ပုံရိပ်တွေကို အချင်းချင်းဝေမျှလိုက်ကြဖို့မမေ့ပါနဲ့နော်။
မိုမိုလေး
0 Comments