မိခင္ေတြအတြက္ စိတ္ဒုကၡအေရာက္ရဆံုး အခ်ိန္ကေတာ့ မိမိရဲ့ ရင္ေသြးငယ္ေတြ ေနမေကာင္းျဖစ္တဲ့အခ်ိန္ပါ။ ကိုယ္တိုင္ေနမေကာင္းျဖစ္တာထက္ကို မိမိရဲ့ ကေလးငယ္ေနမေကာင္းျဖစ္ခ်ိန္မွာ လူပင္ပန္း ၊ စိတ္ပင္ပန္းရပါေသးတယ္။ ဒီလိုအခ်ိန္မွာ မိမိရဲ့ ကေလးငယ္ ျပန္လည္က်န္းမာလာေစဖို႔ ဘာအစားအစာေက်ြးရမလဲဆိုတဲ့ကိစၥဟာ လံုးဝ ေခါင္းခဲစရာပါပဲ။
ယခုေဆာင္းပါးမွာေတာ့ ေနမေကာင္းျဖစ္ေနတဲ့ကေလးငယ္ကို အစာဘယ္လုိေက်ြးရမလဲဆိုတာ ရွင္းျပေပးသြားပါမယ္။ ေနမေကာင္းျဖစ္ေနတဲ့ ကေလးငယ္ကို ေၾကညက္လြယ္တဲ့ အစာပဲ ေက်ြးရပါမယ္။ အစားအေသာက္ကို ရုတ္တရက္ မျဖတ္ပစ္သင့္ပါဘူး။ ကေလးခံတြင္းပ်က္ျပီး မစားႏိုင္တဲ့ အေျခအေနမ်ိဳးမွာဆိုရင္ေတာ့ အရည္မ်ားမ်ား တုိုက္ရပါမယ္။
တုိက္သင့္တဲ့ အရည္ေတြကေတာ့ မိခင္ႏို႔ရည္ ၊ ႏို႔ ၊ ေကာ္ဖီ ၊ ဆားရည္ ၊ ထမင္းရည္ ၊ အုန္းစိမ္းရည္ ၊ ေရက်က္ေအး ၊ ျမဴစြမ္ျပဳတ္ ၊ ဆန္ျပဳတ္ ၊ စြပ္ျပဳတ္ရည္တို႔ ျဖစ္ပါတယ္။ ထမင္းစားခ်င္တဲ့ ကေလးကို ထမင္းပဲ ဆက္ေက်ြးပါ။ အခ်ိဳနည္းတဲ့ မုန္႔ေတြကိုလည္း ေက်ြးလို႔ရပါတယ္။ အဓိကသိထားရမွာက ကေလးငယ္ေနမေကာင္းျဖစ္ရင္ အစာကို ျဖတ္ပစ္ဖို႔မလိုဘူးဆိုတဲ့ အခ်က္ပါ။ ကေလးအားရွိမွ ေရာဂါေတြကို တုိက္ထုတ္ႏိုင္မွာ ျဖစ္ပါတယ္။
ခ်ြင္းခ်က္အေနနဲ႔ေတာ့ အူေရာင္ငန္းဖ်ားေရာဂါ(တိုက္ဖြိဳက္) ျဖစ္ေနရင္ေတာ့ အဖတ္လံုးဝေက်ြးလို႔ မရပါဘူး။ အူမွာ အနာေလးေတြျဖစ္ျပီး ဖ်ားေနတာေၾကာင့္ အဖတ္စားရင္ ပိုဆိုးမွာပါ။ နာလန္ျပန္ထခ်ိန္မွာေတာ့ အစာကို ပံုမွန္ေက်ြးေနၾကထက္ တစ္ေန႔တစ္ၾကိမ္ ပိုေက်ြးရပါမယ္။ ကုန္ခမ္းသြားတဲ့ အားအင္ေတြ ျပန္လည္ျဖည့္တင္းဖို႔ အတြက္ ျဖစ္ပါတယ္။
ေသာက္လက္စအားေဆးရွိရင္ ဆက္တုိက္ေပးပါ။ အညိဳေရာင္ အေရာင္ရွိတဲ့ အားေဆးဆိုရင္ေတာ့ ခဏရပ္ရပါမယ္။ ကေလးငယ္ေတြ ေနမေကာင္းျဖစ္ခ်ိန္မွာ ေရာဂါတိုက္ထုတ္ႏုိင္ဖို႔ ခြန္အားရွိေနဖို႔ လိုအပ္ပါတယ္။
HYA (kyarlay)
HYA (kyarlay)
Unicode
ဖျားနေတဲ့ ကလေးငယ်ကို ကျွေးသင့်သော အစားအစာများ
မိခင်တွေအတွက် စိတ်ဒုက္ခအရောက်ရဆုံး အချိန်ကတော့ မိမိရဲ့ ရင်သွေးငယ်တွေ နေမကောင်းဖြစ်တဲ့အချိန်ပါ။ ကိုယ်တိုင်နေမကောင်းဖြစ်တာထက်ကို မိမိရဲ့ ကလေးငယ်နေမကောင်းဖြစ်ချိန်မှာ လူပင်ပန်း ၊ စိတ်ပင်ပန်းရပါသေးတယ်။ ဒီလိုအချိန်မှာ မိမိရဲ့ ကလေးငယ် ပြန်လည်ကျန်းမာလာစေဖို့ ဘာအစားအစာကျွေးရမလဲဆိုတဲ့ကိစ္စဟာ လုံးဝ ခေါင်းခဲစရာပါပဲ။
ယခုဆောင်းပါးမှာတော့ နေမကောင်းဖြစ်နေတဲ့ကလေးငယ်ကို အစာဘယ်လိုကျွေးရမလဲဆိုတာ ရှင်းပြပေးသွားပါမယ်။ နေမကောင်းဖြစ်နေတဲ့ ကလေးငယ်ကို ကြေညက်လွယ်တဲ့ အစာပဲ ကျွေးရပါမယ်။ အစားအသောက်ကို ရုတ်တရက် မဖြတ်ပစ်သင့်ပါဘူး။ ကလေးခံတွင်းပျက်ပြီး မစားနိုင်တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အရည်များများ တိုုက်ရပါမယ်။
တိုက်သင့်တဲ့ အရည်တွေကတော့ မိခင်နို့ရည် ၊ နို့ ၊ ကော်ဖီ ၊ ဆားရည် ၊ ထမင်းရည် ၊ အုန်းစိမ်းရည် ၊ ရေကျက်အေး ၊ မြူစွမ်ပြုတ် ၊ ဆန်ပြုတ် ၊ စွပ်ပြုတ်ရည်တို့ ဖြစ်ပါတယ်။ ထမင်းစားချင်တဲ့ ကလေးကို ထမင်းပဲ ဆက်ကျွေးပါ။ အချိုနည်းတဲ့ မုန့်တွေကိုလည်း ကျွေးလို့ရပါတယ်။ အဓိကသိထားရမှာက ကလေးငယ်နေမကောင်းဖြစ်ရင် အစာကို ဖြတ်ပစ်ဖို့မလိုဘူးဆိုတဲ့ အချက်ပါ။ ကလေးအားရှိမှ ရောဂါတွေကို တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
ချွင်းချက်အနေနဲ့တော့ အူရောင်ငန်းဖျားရောဂါ(တိုက်ဖွိုက်) ဖြစ်နေရင်တော့ အဖတ်လုံးဝကျွေးလို့ မရပါဘူး။ အူမှာ အနာလေးတွေဖြစ်ပြီး ဖျားနေတာကြောင့် အဖတ်စားရင် ပိုဆိုးမှာပါ။ နာလန်ပြန်ထချိန်မှာတော့ အစာကို ပုံမှန်ကျွေးနေကြထက် တစ်နေ့တစ်ကြိမ် ပိုကျွေးရပါမယ်။ ကုန်ခမ်းသွားတဲ့ အားအင်တွေ ပြန်လည်ဖြည့်တင်းဖို့ အတွက် ဖြစ်ပါတယ်။
သောက်လက်စအားဆေးရှိရင် ဆက်တိုက်ပေးပါ။ အညိုရောင် အရောင်ရှိတဲ့ အားဆေးဆိုရင်တော့ ခဏရပ်ရပါမယ်။ ကလေးငယ်တွေ နေမကောင်းဖြစ်ချိန်မှာ ရောဂါတိုက်ထုတ်နိုင်ဖို့ ခွန်အားရှိနေဖို့ လိုအပ်ပါတယ်။
HYA (kyarlay)
0 Comments