ဟာသသ႐ုပ္ေဆာင္၊ လူရႊင္ေတာ္ ရွဲဒိုး ကြယ္လြန္ခဲ့တာ အခုဆိုရင္ ၁၀ ႏွစ္ရွိၿပီျဖစ္ပါတယ္။ သူ႔ကို ခ်စ္တဲ့ ဟာသညီအစ္ကိုေတြကေတာ့ လုံးဝ မေမ့ဘူးလို႔ လူရႊင္ေတာ္ ဝိုင္းခ်စ္က ေျပာပါတယ္။



Photo: Wine Chit

နာမည္ေက်ာ္လူရႊင္ေတာ္တစ္ဦးလည္းျဖစ္၊ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္လည္ျဖစ္တဲ့ ရွဲဒိုး ကြယ္လြန္ခဲ့တာဟာ ဒီဇင္ဘာလ ၂၆ ရက္ေန႔က ၁၀ ႏွစ္ျပည့္ခဲ့ၿပီလို႔ သိရပါတယ္။ ရွဲဒိုးကို မေမ့နိုင္ေသးတဲ့အေၾကာင္းေတြကို လူရႊင္ေတာ္ ဝိုင္းခ်စ္က အခုလို ရင္ဖြင့္ေျပာျပလာပါတယ္။ 

"သူငယ္ခ်င္း ရွဲဒိုး ေရ မင္းကြယ္လြန္ သြားတာ ဒီဇင္ဘာ 26ဆိုရင္ ဆယ္ႏွစ္ျပည့္သြားၿပီေနာ္။ ဒါေပမယ့္ ငါတို႔ရင္ထဲမွာ တစ္ေန႔မွ ေမ့မရပါဘူး။ အႏုပညာတြဲေဖာ္တြဲဘက္ ရဲေဘာ္ရဲဘက္ႀကီး သာေက်ာ္(ခ) လွျမင့္(ခ) ရွဲဒိုး ေရ။ ေကာင္းရာဘုံဘဝမွာေရာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ မင္းရဲ့သူငယ္ခ်င္းဝိုင္းခ်စ္ (ေရႊညီကို)" ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၂၆ ရက္ေန႔ည ၁၁ နာရီေက်ာ္က သူ႔ရဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။



Photo: Wine Chit

လူရႊင္ေတာ္ ရွဲဒိုးကိုေတာ့ ေမာ့စ္ ရဲ့ အမူအရာေတြကို အျမဲလုပ္ျပတတ္တဲ့ သူအျဖစ္ ပရိသတ္ေတြ သတိထားမိမွာပါ။ သူဟာ ေရႊညီအစ္ကို ဆိုတဲ့ လူရႊင္ေတာ္အဖြဲ႕ကေနတဆင့္ အၿငိမ့္ပြဲေတြ လိုက္ကခဲ့သူ တစ္ေယာက္ပါ။ အဲဒီေနာက္ ဗီဒီယို ဇာတ္ကားေတြမွာလည္း ဟာသသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ပါေသးတယ္။ တီဗီေၾကာ္ျငာေတြလည္း ရိုက္ကူးခဲ့တာကို ေတြ႕ရပါတယ္။ ရွဲဒိုးကေတာ့ ၂၀၀၉ ခုႏွစ္ ၁၂ လပိုင္း ၂၆ ရက္ေန႔မွာ ကြယ္လြန္ခဲ့တယ္လို႔ သိရပါတယ္။



Photo: Wine Chit

ကြယ္လြန္သြားၿပီျဖစ္တဲ့ လူရႊင္ေတာ္ ရွဲဒိုးကို သတိတရ လြမ္းဆြတ္တဲ့အေၾကာင္းေတြ ေရးဖြဲ႕ထားသူကေတာ့ လူရႊင္ေတာ္ ဝိုင္းခ်စ္ျဖစ္ပါတယ္။ ဝိုင္းခ်စ္ကလည္း ေရႊညီအစ္ကို အဖြဲ႕ဆိုတဲ့ အၿငိမ့္အဖြဲ႕ကေန အႏုပညာေလာကထဲကို ေရာက္ရွိလာသူပါ။ အဲဒီေနာက္ အဖြဲ႕နဲ႔ျဖစ္ေစ၊ တစ္ဦးတစ္ေယာက္တည္းျဖစ္ေစ ဗီဒီယို ဇာတ္ကားေတြရိုက္ကူးခဲ့တာကို ေတြ႕ရပါတယ္။ အခုလက္ရွိမွာလည္း ကိုယ္ပိုင္စီးပြားေရးနဲ႔ ကိုယ္ပိုင္ မိသားစု ဘဝေလးကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ေရႊညီအစ္ကို အဖြဲ႕ကေတာ့ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းမွာ ေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္လာတဲ့ လူရႊင္ေတာ္ အဖြဲ႕တစ္ဖြဲ႕ပါ။ ဒီအဖြဲ႕မွာေတာ့ ၿငိမ္းခ်မ္း၊ေကာင္းေက်ာ္၊ ဝိုင္းခ်စ္၊ ရွဲဒိုးနဲ႔ ထက္ထက္ ဆိုတဲ့ လူရႊင္ေတာ္ေတြ ပါဝင္ခဲ့ပါတယ္။





Unicode





သူငယ်ချင်းတွေကတော့ အခုထိ မေ့လို့မရသေးပါဘူးတဲ့။
Sabal Thwin•3 hours ago
ဟာသသရုပ်ဆောင်၊ လူရွှင်တော် ရှဲဒိုး ကွယ်လွန်ခဲ့တာ အခုဆိုရင် ၁၀ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ဟာသညီအစ်ကိုတွေကတော့ လုံးဝ မမေ့ဘူးလို့ လူရွှင်တော် ဝိုင်းချစ်က ပြောပါတယ်။



Photo: Wine Chit

နာမည်ကျော်လူရွှင်တော်တစ်ဦးလည်းဖြစ်၊ ဟာသသရုပ်ဆောင် တစ်ယောက်လည်ဖြစ်တဲ့ ရှဲဒိုး ကွယ်လွန်ခဲ့တာဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ၁၀ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ရှဲဒိုးကို မမေ့နိုင်သေးတဲ့အကြောင်းတွေကို လူရွှင်တော် ဝိုင်းချစ်က အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ 

"သူငယ်ချင်း ရှဲဒိုး ရေ မင်းကွယ်လွန် သွားတာ ဒီဇင်ဘာ 26ဆိုရင် ဆယ်နှစ်ပြည့်သွားပြီနော်။ ဒါပေမယ့် ငါတို့ရင်ထဲမှာ တစ်နေ့မှ မေ့မရပါဘူး။ အနုပညာတွဲဖော်တွဲဘက် ရဲဘော်ရဲဘက်ကြီး သာကျော်(ခ) လှမြင့်(ခ) ရှဲဒိုး ရေ။ ကောင်းရာဘုံဘဝမှာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မင်းရဲ့သူငယ်ချင်းဝိုင်းချစ် (ရွှေညီကို)" ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ည ၁၁ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



Photo: Wine Chit

လူရွှင်တော် ရှဲဒိုးကိုတော့ မော့စ် ရဲ့ အမူအရာတွေကို အမြဲလုပ်ပြတတ်တဲ့ သူအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ သူဟာ ရွှေညီအစ်ကို ဆိုတဲ့ လူရွှင်တော်အဖွဲ့ကနေတဆင့် အငြိမ့်ပွဲတွေ လိုက်ကခဲ့သူ တစ်ယောက်ပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ ရှဲဒိုးကတော့ ၂၀၀၉ ခုနှစ် ၁၂ လပိုင်း ၂၆ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။



Photo: Wine Chit

ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော် ရှဲဒိုးကို သတိတရ လွမ်းဆွတ်တဲ့အကြောင်းတွေ ရေးဖွဲ့ထားသူကတော့ လူရွှင်တော် ဝိုင်းချစ်ဖြစ်ပါတယ်။ ဝိုင်းချစ်ကလည်း ရွှေညီအစ်ကို အဖွဲ့ဆိုတဲ့ အငြိမ့်အဖွဲ့ကနေ အနုပညာလောကထဲကို ရောက်ရှိလာသူပါ။ အဲဒီနောက် အဖွဲ့နဲ့ဖြစ်စေ၊ တစ်ဦးတစ်ယောက်တည်းဖြစ်စေ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း ကိုယ်ပိုင်စီးပွားရေးနဲ့ ကိုယ်ပိုင် မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရွှေညီအစ်ကို အဖွဲ့ကတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်လာတဲ့ လူရွှင်တော် အဖွဲ့တစ်ဖွဲ့ပါ။ ဒီအဖွဲ့မှာတော့ ငြိမ်းချမ်း၊ကောင်းကျော်၊ ဝိုင်းချစ်၊ ရှဲဒိုးနဲ့ ထက်ထက် ဆိုတဲ့ လူရွှင်တော်တွေ ပါဝင်ခဲ့ပါတယ်။