မီးယပ္ေရာဂါ ကုသေဆာင္တြင္ အျမဲလိုလို ျပင္ပလက္သည္မ်ား၊ ရမ္းကုမ်ား၊ တရားမဝင္ ေဆးကုသမႈလုပ္ကိုင္ေနသူမ်ား၏ ပေယာဂျဖင့္လည္းေကာင္း မိမိ ကိုယ္တိုင္၏ ေဆးဝါး ေသာက္သံုးျခင္း စသည္တို႔ေၾကာင့္ ကေလးဖ်က္လာေသာ ေရာဂါသည္ မိန္းမမ်ားႏွင့္ စည္ကားေနတတ္ပါတယ္။ သားသမီး ရင္ေသြးဟူသည္ ရတနာဟုယူဆၾကေတာ့လည္း စားဝတ္ေနေရး၊စီးပြားေရး၊ လူမႈေရး က်ပ္တည္းလာခ်ိန္မွာေတာ့ "ရ"တာနာျဖစ္လာရပါေတာ့တယ္။


ထို႔အတြက္ ကေလးဖ်က္ခ်ျခင္းမ်ားျဖစ္လာၿပီး အက်ိဳးဆက္အေနနဲ႔ မိခင္ေရာ သေႏၶသားပါ အသက္ဆံုးရွံဳးသည္အထိ ျဖစ္လာႏိုင္ပါတယ္။ ကိုယ္ဝန္ဖ်က္ခ်ျခင္းေၾကာင့္ လတ္တေလာ ျပႆနာမ်ားအေနနဲ႔ ေဆးရံုေသာအခ်ိန္မီ မေရာက္ႏိုင္လွ်င္ ေသြးလန္႔ေသာ လကၡဏာျဖင့္ပင္ အသက္ဆံုးရွံဳးႏိုင္ပါတယ္။ အထူးသျဖင့္ ေမြးလမ္းေၾကာင္းမွာ ေသြးဆင္းမ်ားလွ်င္ ျဖစ္တတ္ပါတယ္။ မသန္႔ေသာ ပစၥည္းမ်ားထည့္သြင္းျခင္းေၾကာင့္ လည္း ေသြးတြင္း ပိုးဆိပ္ပ်ံ႕ကာ ဖ်ားျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ သတိလစ္ျခင္း၊ အသက္ဆံုးပါးျခင္း၊မ်ားအထိ ျဖစ္ႏိုင္ပါတယ္။


ပိုးဆိပ္မ်ားပ်ံ႕ျခင္းေၾကာင့္ ေက်ာက္ကပ္ကို ထိခိုက္ႏိုင္သည္။ ေက်ာက္ကပ္မွ အဆိပ္ဓာတ္မ်ားကို မစြန္႔ပစ္ႏိုင္ျခင္းေသြးထဲတြင္ စုပံုလာကာ အသက္ဆံုးပါးႏိုင္ပါတယ္။ အထူးသျဖင့္ ဆီးႏွင့္ ေက်ာက္ကပ္သမားေတာ္မ်ားမရွိသည့္ အရပ္မ်ားတြင္သားဖြားမီးယပ္ အထူးကုမ်ား အေနျဖင့္ သမားေတာ္မ်ား၏ အၾကံဥာဏ္ရယူရန္ အခက္အခဲရွိႏိုင္ပါတယ္။ ထို႔ျပင္ အေရးေပၚေသြးသြင္းရျခင္းေၾကာင့္ ဓာတ္္မတည့္ရာတြင္ ယားယံျခင္း၊ ခ်မ္းတုန္ျခင္း၊ အင္ပ်ဥ္ထျခင္းအျပင္ ဆိုးဆိုးဝါးဝါး ဓာတ္မတည့္ေသာ အေျခအေန မ်ားတြင္ ကိုယ္တြင္း အဂၤါမ်ား ထိခိုက္ၿပီး အသက္ဆံုးရွံဳးနုိင္ပါတယ္။သားအိမ္မွတဆင့္ အူလမ္းေၾကာင္း ဆီးလမ္းေၾကာင္းမ်ားလည္း ထိခိုက္နိုင္ၿပီး အူမ်ားေပါက္ျပဲလွ်င္ အေရးေပၚခြဲစိတ္ရမည့္ အျပင္ စအိုမွဝမ္းသြားမရေသာေၾကာင့္ အူမႀကီးကို ဗိုက္တြင္ အေပါက္ေဖာက္ကာ ထုတ္ၿပီး ဝမ္းသြားရႏိုင္ပါတယ္။ ခြဲစိတ္ရာတြင္ လည္း ေမ့ဆး၊ထံုေဆးမ်ား၏ အႏၱရာယ္လညး္ရွိပါတယ္။


ေနာက္ဆက္တြဲျပႆနာမ်ားအေနနဲ႔ အေရးေပၚခြဲစိတ္ရာတြင္ သားအိမ္ မ်ိဳးဥအိမ္ ဥျပြန္တို႔ ပ်က္ဆီးသြားေသာေၾကာင့္ ေနာက္ပိုင္းတြင္ ကိုယ္ဝန္ေဆာင္ႏိုင္မွာ မဟုတ္ေတာ့ ပါဘူး။ ျပင္ပမွထိုးသြင္းထားေသာ ဒဏ္ရာမ်ားေၾကာင့္ သားအိမ္နံရံအတြင္း အမာရြတ္မ်ားျဖစ္ႏိုင္ပါတယ္။ နံရံခ်င္း အခ်င္းခ်င္းကပ္သြားၿပီး ကေလးသေႏၶတည္ရန္လည္း ခက္ခဲသြားႏိုင္ပါတယ္။ ဥျပြန္တြင္ ဒဏ္ရာရခဲ့ရင္လည္း ဒဏ္ရာမ်ားျပန္က်က္ခ်ိန္မွာ ဥျပြန္ပိတ္သြားႏိုင္ပါတယ္။အခ်ဳပ္အားျဖင့္ေျပာရရင္ေတာ့ ေနာက္ဆက္တြဲျပႆနာမ်ားက မိန္းမတစ္ေယာက္ရဲ့ မ်ိဳးပြားစြမ္းရည္ကို သိသိသာသာ ထိခိုက္သြားႏိုင္ပါတယ္။ 

MiGi



Unicode


ကိုယ်ဝန်ဖျက်ခြင်း နှင့် နောက်ဆက်တွဲပြဿနာများ


မီးယပ်ရောဂါ ကုသဆောင်တွင် အမြဲလိုလို ပြင်ပလက်သည်များ၊ ရမ်းကုများ၊ တရားမဝင် ဆေးကုသမှုလုပ်ကိုင်နေသူများ၏ ပယောဂဖြင့်လည်းကောင်း မိမိ ကိုယ်တိုင်၏ ဆေးဝါး သောက်သုံးခြင်း စသည်တို့ကြောင့် ကလေးဖျက်လာသော ရောဂါသည် မိန်းမများနှင့် စည်ကားနေတတ်ပါတယ်။ သားသမီး ရင်သွေးဟူသည် ရတနာဟုယူဆကြတော့လည်း စားဝတ်နေရေး၊စီးပွားရေး၊ လူမှုရေး ကျပ်တည်းလာချိန်မှာတော့ "ရ"တာနာဖြစ်လာရပါတော့တယ်။

ထို့အတွက် ကလေးဖျက်ချခြင်းများဖြစ်လာပြီး အကျိုးဆက်အနေနဲ့ မိခင်ရော သန္ဓေသားပါ အသက်ဆုံးရှုံးသည်အထိ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် လတ်တလော ပြဿနာများအနေနဲ့ ဆေးရုံသောအချိန်မီ မရောက်နိုင်လျှင် သွေးလန့်သော လက္ခဏာဖြင့်ပင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အထူးသဖြင့် မွေးလမ်းကြောင်းမှာ သွေးဆင်းများလျှင် ဖြစ်တတ်ပါတယ်။ မသန့်သော ပစ္စည်းများထည့်သွင်းခြင်းကြောင့် လည်း သွေးတွင်း ပိုးဆိပ်ပျံ့ကာ ဖျားခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ အသက်ဆုံးပါးခြင်း၊များအထိ ဖြစ်နိုင်ပါတယ်။

ပိုးဆိပ်များပျံ့ခြင်းကြောင့် ကျောက်ကပ်ကို ထိခိုက်နိုင်သည်။ ကျောက်ကပ်မှ အဆိပ်ဓာတ်များကို မစွန့်ပစ်နိုင်ခြင်းသွေးထဲတွင် စုပုံလာကာ အသက်ဆုံးပါးနိုင်ပါတယ်။ အထူးသဖြင့် ဆီးနှင့် ကျောက်ကပ်သမားတော်များမရှိသည့် အရပ်များတွင်သားဖွားမီးယပ် အထူးကုများ အနေဖြင့် သမားတော်များ၏ အကြံဉာဏ်ရယူရန် အခက်အခဲရှိနိုင်ပါတယ်။ ထို့ပြင် အရေးပေါ်သွေးသွင်းရခြင်းကြောင့် ဓာတ််မတည့်ရာတွင် ယားယံခြင်း၊ ချမ်းတုန်ခြင်း၊ အင်ပျဉ်ထခြင်းအပြင် ဆိုးဆိုးဝါးဝါး ဓာတ်မတည့်သော အခြေအနေ များတွင် ကိုယ်တွင်း အင်္ဂါများ ထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။သားအိမ်မှတဆင့် အူလမ်းကြောင်း ဆီးလမ်းကြောင်းများလည်း ထိခိုက်နိုင်ပြီး အူများပေါက်ပြဲလျှင် အရေးပေါ်ခွဲစိတ်ရမည့် အပြင် စအိုမှဝမ်းသွားမရသောကြောင့် အူမကြီးကို ဗိုက်တွင် အပေါက်ဖောက်ကာ ထုတ်ပြီး ဝမ်းသွားရနိုင်ပါတယ်။ ခွဲစိတ်ရာတွင် လည်း မေ့ဆး၊ထုံဆေးများ၏ အန္တရာယ်လညး်ရှိပါတယ်။

နောက်ဆက်တွဲပြဿနာများအနေနဲ့ အရေးပေါ်ခွဲစိတ်ရာတွင် သားအိမ် မျိုးဥအိမ် ဥပြွန်တို့ ပျက်ဆီးသွားသောကြောင့် နောက်ပိုင်းတွင် ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်တော့ ပါဘူး။ ပြင်ပမှထိုးသွင်းထားသော ဒဏ်ရာများကြောင့် သားအိမ်နံရံအတွင်း အမာရွတ်များဖြစ်နိုင်ပါတယ်။ နံရံချင်း အချင်းချင်းကပ်သွားပြီး ကလေးသန္ဓေတည်ရန်လည်း ခက်ခဲသွားနိုင်ပါတယ်။ ဥပြွန်တွင် ဒဏ်ရာရခဲ့ရင်လည်း ဒဏ်ရာများပြန်ကျက်ချိန်မှာ ဥပြွန်ပိတ်သွားနိုင်ပါတယ်။အချုပ်အားဖြင့်ပြောရရင်တော့ နောက်ဆက်တွဲပြဿနာများက မိန်းမတစ်ယောက်ရဲ့ မျိုးပွားစွမ်းရည်ကို သိသိသာသာ ထိခိုက်သွားနိုင်ပါတယ်။ 

MiGi