8.Supergirl
7.Jessica Jones
6.Arrow
5.Agents of SHIELD
4.The Boys
3.Legion
2.The Umbrella Academy
1.Daredevil
Thaw Tar
Unicode
ရုပ်ရှင်ပရိသတ်တွေ သေချာပေါက် အကြိုက်တွေ့မယ့် စူပါဟီးရိုး ရုပ်သံစီးရီး(၈)ခု
Imdb/Daredevil
လက်ရှိ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး၊ ရုံဝင်ငွေအရဆုံး ရုပ်ရှင်အမျိုးအစားကို ပြောပါဆိုရင် စူပါဟီးရိုး ရုပ်ရှင်တွေလို့ပဲ ပြောရမှာပါ။ (၂၀၁၉)ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ Avengers:End Game ရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းတစ်လျှောက် ရုံဝင်ငွေ အများဆုံး ရရှိခဲ့ပြီး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ စူပါဟီးရိုုးရုပ်ရှင် အများစုဟာ ငွေကြေးအရ အောင်မြင်တာကြောင့် ရုပ်ရှင်ကုမ္ပဏီကြီးတွေဟာ စူပါဟီးရီုးရုပ်ရှင်တွေတင် မဟုတ်ပဲ စူပါဟီးရိုး ရုပ်သံစီးရီးတွေကိုပါ အပြိုင်အဆိုင် ရိုက်ကူးလာကျပါတယ်။ ရုပ်သံစီရီးတွေ အများကြီးထဲကမှ ပရိသတ်တွေ အကြိုက်တွေ့မယ့် စူပါဟီးရီုး ရုပ်သံစီးရီး(၈)ခုကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။
8.Supergirl
Imdb/Supergirl
Melissa Benoist သရုပ်ဆောင်တဲ့ Supergirl စီးရီးကို CBS ရုပ်သံချန်နယ်မှာ စတင်ထုတ်လွှင့်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ CW ရုပ်သံချန်နယ်ကို ရောက်ရှိသွားခဲ့ပြီး Arrowverse ထဲ ပါဝင်ခဲ့ပါတယ်။ ။Arrowverse ဆိုတာကတော့ CW ချန်နယ်မှာ လွှင့်နေတဲ့ DC စီးရီးတွေကို ခေါ်တာဖြစ်ပါတယ်။ Supergirl က ဇာတ်အိမ်ခိုင်မာသလို အဓိက ဇာတ် ကောင်တွေကိုလည်း ပရိသတ်တွေ နှစ်သက်ကြပါတယ်။ Supergirl နေရာမှာ သရုပ်ဆောင်တဲ့ ခေါင်းဆောင်မင်းသမီး Melissa Benoist ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေကော၊ ရုပ်ရှင်ဝေဖန်ရေးဆရာတွေကပါ ချီးကျူးခဲ့ပါတယ်။
7.Jessica Jones
Imdb/JessicaJones
Jessica Jones စီးရီးကတော့ ခါးသီးခဲ့တဲ့ အတိတ်ကြောင့် တစ်စစီပြိုကျနေတဲ့ ဘဝကို ပြန်လည်တည်ဆောက်နေတဲ့ စူပါဟီးရိုးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ မင်းသီမီး Krysten Ritter ရဲ ့ပြောင်မြောက်တဲ့သရုပ်ဆောင်မှုနဲ့အတူ ကျော်ကြားလာပြီး ရုပ်ရှင်ဝေဖန်သူတွေထံမှလည်း ချီးကျုးမှုရခဲ့သောစီးရီးတစ်ခုဖြစ်ပါတယ်။
6.Arrow
Imdb/Arrow
Arrow ကတော့ ၂၀၁၂ ခုနှစ်က CW မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ စီးရီးပါ။ ဇာတ်လမ်းကျောရိုးကတော့ ပေါ့ပေါ့နေပေါ့ပေါ့စား သူဌေးသားအိုလီဗာကွင်းဟာ ပင်လယ်ထဲမှာ ၅နှစ်တိုင်တိုင် ပျောက်ဆုံးသွားခဲ့ပါတယ်။ အိမ်ပြန်ရောက်လာတဲ့ အခါမှာတော့ အရမ်းကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်အဖြစ် ပြန်ရောက်လာခဲ့ပြီး ဒုစရိုက်သမားတွေကို လိုက်လံ နှိမ်နင်းတဲ့ ဥပဒေဘက်တော်သားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Arrow ဟာ CW ချန်နယ်ရဲ့ အအောင်မြင်ဆုံး စီးရီးလည်း ဖြစ်ပါတယ်။
5.Agents of SHIELD
Agents of SHIELD ကတော့ (၂၀၁၃)ခုနှစ်မှာ စတင်ထွက်ရှိခဲ့့ပါတယ်။ MCU ရုပ်ရှင်ကြီးတွေနဲ့ ဆက်စပ်နေတဲ့ စီးရီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့်နှစ်တွေ ကြာလာတာနဲ့အမျှ လုံးဝကွဲထွက်သွားခဲ့ပြီး အခုဆိုရင် ဒီစီးရီးဟာ ကိုယ်ပိုင်ဇာတ်လမ်းတွေနဲ့ ရှေ့ဆက်နေပြီး MCU ရုပ်ရှင်တွေမှာ ဘယ်လိုမှ ပါဝင်နိုင်ဖွယ် မရှိတဲ့ဇာတ်ကွက်မျိုးတွေ ပြည့်နှက်နေတဲ့ စီးရီးတစ်ခုပါ။
4.The Boys
Imdb/TheBoys
ကျွန်တော်တို့ကြားမှာ စူပါဟီးရိုးတွေသာ ဒီတိုင်းလျှောက်သွားနေမယ်ဆိုရင် ကမ္ဘာကြီးဘယ်လိုဖြစ်မလဲေ တွးကြည့်ဖူးလား။ … ဒီစီးရီးကတော့ အဲ့လိုအယူအဆကို အခြေံထားတာပါ။ (၂၀၁၉)ခုနှစ်အတွင်း ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေ အထူးနှစ်သက်ကြတဲ့ စီးရီးတစ်ခုပါ။
3.Legion
Legion ကတော့ တခြားစူပါဟီးရိုး စီးရီးတွေနဲ့ လုံးဝမတူပါဘူး။ Comic ထဲမှာတော့ David Haller(Legion) ဟာလူတစ်ကိုယ်စိ်တ်အမျိုးမျိုးဖြစ်နေတဲ့ Mutantတစ်ယောက်ပါ။ သူဟာ X-men တွေရဲ့ ခေါင်းဆောင် Charles Xavierရဲ သားလည်းဖြစ်ပါတယ်။ တစ်ခြားစူပါဟီးရိုး စီးရီးတွေနဲ့ ယှဉ်ရင် စကားပြောခန်း ပိုများပေမယ့် ဇာတ်ရည်လည်သွားတဲ့ အချိန်မှာတော့ တစ်ထိုင်တည်း အဆုံးအထိ ကြည့်ချင်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းမျိုးပါ။ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေကတော့ Legion စီးရီးရဲ့ သပ်ရပ်လှပတဲ့ ကင်မရာ ရိုက်ချက်တွေနဲ့ အနုပညာမြောက်လွန်းတဲ့ မီးအလင်းအမှောင်၊ အရောင်သုံးစွဲမှုတွေကို အထူးတလည် ချီးကျူးခဲ့ကြပါတယ်။
2.The Umbrella Academy
The Umbrella Academy ကတော့ Netflix ရဲ့ အောင်မြင်တဲ့ စူပါဟီးရိုး စီးရီးတစ်ခုပါ။ (၂၀၁၉)ခုနှစ်ထဲမှာ ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့ စွမ်းအားတွေ ပို်င်ဆိုင်ထားတဲ့ ညီအစ်ကို မောင်နှမတစ်သိုက်ရဲ့ ကမောက်ကမ ဖြစ်ရပ်တွေ၊ အလွဲအလွဲ အချော်အချော်တွေဖြစ်ရပ်တွေနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားတဲ့ အကြောင်းကို ဇာတ်လမ်းကျော်ရိုး ပြုထားတာပါ။
1.Daredevil
ရုပ်ရှင်ဝေဖန်ရေး ဆရာတွေကတော့ Daredevil ဟာ ထွက်ခဲ့သမျှ စူပါဟီးရိုးစီးရီးတွေထဲမှာ အကောင်းဆုံးဆိုပြီး ညွှန်းဆိုခဲ့ကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ MattMurdock ဟာ မျက်မမြင် ရှေ့နေတစ်ဦးဖြစ်ပြီး ပုံမှန်လူတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ အကြားအာရုံကို ပိုင်ဆိုင်ထားပါတယ်။ ဒအလွန်ထူးချွန်တဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ Matt Murdock ဟာ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို အသုံးချပြီး Hell’s Kitchen မြို့နယ်ကို အမှောင်ထဲက ကာကွယ်ပေးနေသူပါ။ Hell’s Kitchen ဆိုတာကတော့ နယူးယောက်မြို့က Harlem မြို့နယ်နဲ့ ကို အခြားနာမည်တစ်မျိုးပါ။ စိတ်မကောင်းစွာနဲ့ပဲ Netflix နဲ့ Marvelတို့ လမ်းခွဲခဲ့လို့ Season3 နဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။
0 Comments