မေမွ်ာ္လင့္ပဲ မိတ္ေဆြေဟာင္းတစ္ေယာက္နဲ႔ လမ္းမွာေတြ႕ၿပီဆုိပါစုိ႔ ။ ကုိယ္ကေတာ့ မေတြ႕တာၾကာလုိ႔ ခင္ခင္မင္မင္နဲ႔ ႏႈတ္ဆက္လုိက္တယ္ဆုိေပမယ့္ ကုိယ့္ရဲ႕ ႏႈတ္ဆက္စကားႀကီးက ဆုိးလြန္းတာေၾကာင့့္ တစ္ဖက္သား စိတ္အေႏွာင့္အယွက္ျဖစ္သြားႏုိင္တဲ့ အေျခအေနမ်ိဳး ႀကဳံတတ္ပါတယ္ေနာ္။ တစ္ခါတေလေတာ့လည္း အဲဒီ စိတ္အေႏွာင့္အယွက္ျဖစ္ရတဲ့သူက ကုိယ္ကုိယ္တုိင္ ျဖစ္ေနရတတ္ၿပီး တခ်ိဳ႕ ႏႈတ္ဆက္စကားေတြက ကုိယ့္ကုိ ေစာ္ကားသလုိ ျဖစ္ေနခဲ့တာပါ။
ကဲဲ…ဘယ္လုိ ႏႈတ္ဆက္စကားမ်ိဳးေတြက တစ္ဖက္သားကုိ စိတ္ညစ္ေစသလဲ..။ ဖတ္ၾကည့္လုိက္ရေအာင္ေနာ္…။
(၁)။ ၀လာလုိက္တာ
ျမန္မာစကားမွာမွ တခ်ိဳ႕စကားလုံးေတြက Body Shaming ကုိ အလုိလုိ ျဖစ္ေစတာမုိ႔ ကုိယ္ႏႈတ္ဆက္တဲ့အခါမွာလည္း သတိထားဖုိ႔လုိပါတယ္။ ၀လုိ႔ လွလုိ႔ပါလား ဆုိရင္ေတာင္ နည္းနည္း သက္သာ ဦးမွာျဖစ္ေပမယ့္ ၀လာလုိက္တာ လုိ႔ တစ္ေယာက္ေယာက္က ေျပာလာရင္ေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္သြားမိမွာပါ။ ကုိယ္၀လာတာ ကုိယ္အသိဆုံးေပမယ့္ တစ္ေယာက္ေယာက္က ၀လာတယ္လုိ႔ ေျပာရင္ေတာ့ စိတ္ပ်က္သြားတတ္ၾကတာပဲေလ။
(၂)။ ဘယ္မွာလုပ္ေနလဲ၊လခဘယ္ေလာက္ရလဲ
ဘယ္မွာလုပ္ေနလဲ လုိ႔ေမးတာက ျပႆနာ မရွိေပမယ့္ လခဘယ္ေလာက္ရလဲ အထိ စပ္စုတာကေတာ့ ဘယ္ေကာင္းမလဲေနာ္။ အဲဒီလုိ ေမးတဲ့သူေတြနဲ႔ ႀကဳံတဲ့အခါ လခကုိ အမွန္ပဲ ေျပာရမလား၊ ပုိပဲေျပာရမလားလုိ႔ ေ၀ခြဲမရ ျဖစ္ရတာလည္း ခဏခဏပါ။ ကုိယ္က အမွန္ေျပာလုိက္လုိ႔ ကုိယ့္ရဲ႕လခနည္းေနျပန္ရင္လည္း အထင္ေသးသလိုလုိ ဘာလုိလုိ လုပ္ၾကျပန္ေရာ။ ဒီေတာ့ အဲဒီလုိ လခနဲ႔ပတ္သက္ၿပီး စပ္စပ္စုစု လုပ္တဲ့ေမးခြန္းမ်ိဳးဆုိ မေမးသင့္ဘူးလုိ႔သာ မွတ္ထားပါေနာ္။
(၃)။ အိမ္ေထာင္မက်ေသးဘူးလား
အိမ္ေထာင္မက်ေသးဘူးလား ဆုိတဲ့ ေမးခြန္းမ်ိဳး အေမးခံရၿပီဆုိကတည္းက ကုိယ့္အသက္က အိမ္ေထာင္ျပဳသင့္တဲ့အရြယ္ထက္ ေက်ာ္ေနၿပီဆုိတာ သတိေပးလုိက္သလုိပါပဲ။ ကုိယ့္ဘာသာကုိယ္ အိမ္ေထာင္မျပဳခ်င္လုိ႔ ေနေနတယ္ဆုိရင္ေတာင္မွ ဒီေမးခြန္းႀကီးက ကုိယ့္ကုိေစာ္ကားသလုိျဖစ္ေနၿပီး ဒီအရြယ္ေရာက္တဲ့အထိ တစ္ေယာက္ေလာက္ေတာင္ မရွာႏုိင္ဘူးဆုိတဲ့အထာမ်ိဳး ဖမ္းသြားသလုိ ခံစားရမွာပါ။
(၄)။ အသက္ေတြေတာင္ႀကီးလာၿပီေနာ္
ဒီစကားႀကီးက ဘာစကားႀကီးလဲ။ ဘယ္သူပဲျဖစ္ျဖစ္ ကုိယ္အသက္ႀကီးလာတာေတာ့ ကုိယ္သိတာေပါ့ေလ။ ဒါေပမယ့္ တကူးတကႀကီး “အသက္ေတြေတာင္ ႀကီးလာၿပီေနာ္” လုိ႔ သတိေပးသလုိလုိ ဘာလုိလုိ ၊ စသလုိလုိ ေနာက္သလုိလုိ လုပ္တာႀကီးကေတာ့ နားေထာင္ရ ဆုိးပါတယ္။ အသက္ေတြေတာင္ႀကီးလာၿပီေနာ္…ဆုိတဲ့ စကားရဲ႕ေနာက္မွာ (အခုထိ ဆုိးေနတုန္းပဲလား၊ အခုထိ အဆင္မေျပေသးဘူးလား ၊ အခုထိ မေအာင္ျမင္ေသးဘူးလား၊ တျဖည္းျဖည္း ရုပ္ရင့္လာၿပီ) စတဲ့ ေတြးစရာေတြ ပါလာတာမုိ႔ “အသက္ေတြေတာင္ ႀကီးလာၿပီေနာ္” ဆုိတဲ့ စကားက တကယ့္ကုိ ဆုိက္ကုိ ပါပဲ။
Linn
Unicode
မိတ်ဆွေဟောင်းတွေနဲ့ လမ်းမှာတွေ့ရင်မပြောသင့်တဲ့ နှုတ်ဆက်စကား(၄)မျိုး
Shutterstock
မမျှော်လင့်ပဲ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ လမ်းမှာတွေ့ပြီဆိုပါစို့ ။ ကိုယ်ကတော့ မတွေ့တာကြာလို့ ခင်ခင်မင်မင်နဲ့ နှုတ်ဆက်လိုက်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ နှုတ်ဆက်စကားကြီးက ဆိုးလွန်းတာကြောင့့် တစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး ကြုံတတ်ပါတယ်နော်။ တစ်ခါတလေတော့လည်း အဲဒီ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့သူက ကိုယ်ကိုယ်တိုင် ဖြစ်နေရတတ်ပြီး တချို့ နှုတ်ဆက်စကားတွေက ကိုယ့်ကို စော်ကားသလို ဖြစ်နေခဲ့တာပါ။
ကဲဲ…ဘယ်လို နှုတ်ဆက်စကားမျိုးတွေက တစ်ဖက်သားကို စိတ်ညစ်စေသလဲ..။ ဖတ်ကြည့်လိုက်ရအောင်နော်…။
(၁)။ ဝလာလိုက်တာ
မြန်မာစကားမှာမှ တချို့စကားလုံးတွေက Body Shaming ကို အလိုလို ဖြစ်စေတာမို့ ကိုယ်နှုတ်ဆက်တဲ့အခါမှာလည်း သတိထားဖို့လိုပါတယ်။ ဝလို့ လှလို့ပါလား ဆိုရင်တောင် နည်းနည်း သက်သာ ဦးမှာဖြစ်ပေမယ့် ဝလာလိုက်တာ လို့ တစ်ယောက်ယောက်က ပြောလာရင်တော့ တော်တော်လေး စိတ်ပျက်သွားမိမှာပါ။ ကိုယ်ဝလာတာ ကိုယ်အသိဆုံးပေမယ့် တစ်ယောက်ယောက်က ဝလာတယ်လို့ ပြောရင်တော့ စိတ်ပျက်သွားတတ်ကြတာပဲလေ။
Shutterstock
(၂)။ ဘယ်မှာလုပ်နေလဲ၊လခဘယ်လောက်ရလဲ
ဘယ်မှာလုပ်နေလဲ လို့မေးတာက ပြဿနာ မရှိပေမယ့် လခဘယ်လောက်ရလဲ အထိ စပ်စုတာကတော့ ဘယ်ကောင်းမလဲနော်။ အဲဒီလို မေးတဲ့သူတွေနဲ့ ကြုံတဲ့အခါ လခကို အမှန်ပဲ ပြောရမလား၊ ပိုပဲပြောရမလားလို့ ဝေခွဲမရ ဖြစ်ရတာလည်း ခဏခဏပါ။ ကိုယ်က အမှန်ပြောလိုက်လို့ ကိုယ့်ရဲ့လခနည်းနေပြန်ရင်လည်း အထင်သေးသလိုလို ဘာလိုလို လုပ်ကြပြန်ရော။ ဒီတော့ အဲဒီလို လခနဲ့ပတ်သက်ပြီး စပ်စပ်စုစု လုပ်တဲ့မေးခွန်းမျိုးဆို မမေးသင့်ဘူးလို့သာ မှတ်ထားပါနော်။
(၃)။ အိမ်ထောင်မကျသေးဘူးလား
အိမ်ထောင်မကျသေးဘူးလား ဆိုတဲ့ မေးခွန်းမျိုး အမေးခံရပြီဆိုကတည်းက ကိုယ့်အသက်က အိမ်ထောင်ပြုသင့်တဲ့အရွယ်ထက် ကျော်နေပြီဆိုတာ သတိပေးလိုက်သလိုပါပဲ။ ကိုယ့်ဘာသာကိုယ် အိမ်ထောင်မပြုချင်လို့ နေနေတယ်ဆိုရင်တောင်မှ ဒီမေးခွန်းကြီးက ကိုယ့်ကိုစော်ကားသလိုဖြစ်နေပြီး ဒီအရွယ်ရောက်တဲ့အထိ တစ်ယောက်လောက်တောင် မရှာနိုင်ဘူးဆိုတဲ့အထာမျိုး ဖမ်းသွားသလို ခံစားရမှာပါ။
Shutterstock
(၄)။ အသက်တွေတောင်ကြီးလာပြီနော်
ဒီစကားကြီးက ဘာစကားကြီးလဲ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်အသက်ကြီးလာတာတော့ ကိုယ်သိတာပေါ့လေ။ ဒါပေမယ့် တကူးတကကြီး “အသက်တွေတောင် ကြီးလာပြီနော်” လို့ သတိပေးသလိုလို ဘာလိုလို ၊ စသလိုလို နောက်သလိုလို လုပ်တာကြီးကတော့ နားထောင်ရ ဆိုးပါတယ်။ အသက်တွေတောင်ကြီးလာပြီနော်…ဆိုတဲ့ စကားရဲ့နောက်မှာ (အခုထိ ဆိုးနေတုန်းပဲလား၊ အခုထိ အဆင်မပြေသေးဘူးလား ၊ အခုထိ မအောင်မြင်သေးဘူးလား၊ တဖြည်းဖြည်း ရုပ်ရင့်လာပြီ) စတဲ့ တွေးစရာတွေ ပါလာတာမို့ “အသက်တွေတောင် ကြီးလာပြီနော်” ဆိုတဲ့ စကားက တကယ့်ကို ဆိုက်ကို ပါပဲ။
Linn
0 Comments