ရန္ကုန္၊ ဒီဇင္ဘာ ၃ဝ ။ ။ အၿငိမ္းစား ဗိုလ္မႉး ေမာင္ေမာင္လတ္၏ဇနီး ေဒၚျမင့္ျမင့္ဝင္းက ၎၏ ခင္ပြန္းကို တစ္လင္တစ္မယား ဥပေဒ ပုဒ္မ ၁၃ ႏွင့္ တရားစြဲဆိုထားေၾကာင္း သတင္းစာ ရွင္းလင္းကာ ေျပာသည္။အဆိုပါ သတင္းစာ ရွင္းလင္းပြဲ တစ္ရပ္ကို ဒီဇင္ဘာ ၃ဝ ရက္ေန႔က ရန္ကုန္ၿမိဳ႕ City Star ဟိုတယ္တြင္ ျပဳလုပ္ခဲ့သည္။ေဒၚျမင့္ျမင့္ဝင္းက “ကြၽန္မ ဒီသတင္းစာ ရွင္းလင္းပြဲလုပ္ရတဲ့ အေၾကာင္းအရင္းက သူ႔ဘက္မွာ ေငြေၾကးရွိတယ္။ ပိုက္ဆံရွိတဲ့ သူေဌးေတြက သူ႔ကို ဝန္းရံတယ္။ ေနာက္တစ္ခ်က္ သူက လူႀကီးတစ္ေယာက္ရဲ႕ PSO ေဟာင္း ျဖစ္တယ္။ သူ႔ဆီမွာ အာဏာပါဝါေတြ ရွိတယ္။ ေနာက္တစ္ခ်က္က သူ႔ေနာက္မွာ ဝန္းရံေနတာ အာဏာ ပါဝါ ႀကီးေနတဲ့ သူေတြျဖစ္တဲ့အတြက္ ကြၽန္မဘက္မွာက အမွန္တရားပဲ ရွိတာေၾကာင့္ပါ” ဟု ေျပာသည္။
ယခင္ကလည္း အိမ္ေထာင္ေရး ေဖာက္ျပန္မႈမ်ားရွိခဲ့ၿပီး ယခုတစ္ႀကိမ္တြင္ ကြာရွင္းရန္ႏွင့္ ပိုင္ဆိုင္မႈမ်ားကို ခြဲေဝရန္ ေတာင္းဆိုမႈ ျပဳလာေၾကာင္း၊ ထို႔ေနာက္ တစ္လင္တစ္မယား ဥပေဒပုဒ္မ ၁၃ ျဖင့္ လွည္းကူးၿမိဳ႕နယ္ တရား႐ုံးမွာ ႏိုဝင္ဘာ ၂၆ ရက္က အမႈဖြင့္ခဲ့ရာ ဒီဇင္ဘာ ၂၇ ရက္တြင္ တရား႐ုံးမွ အၿငိမ္းစား ဗိုလ္မႉး ေမာင္ေမာင္လတ္ကို အာမခံေပးခဲ့ေၾကာင္း ဇနီးျဖစ္သူ ေဒၚျမင့္ျမင့္ဝင္းက ေျပာသည္။“သူက က်န္းမာေရးနဲ႔ အာမခံကို ေလွ်ာက္တယ္လို႔ ကြၽန္မသိရတယ္။ ေမာင္ေမာင္လတ္ကို ဖမ္းမိမိခ်င္းေန႔မွာပဲ သူ႔သူငယ္ခ်င္း ဒုရဲမႉးႀကီးက ေရာက္လာတယ္။ အဲဒီလူက ေရာက္လာၿပီးရင္ သူ႔ကိစၥအတြက္ ရဲစခန္းမွာ လာၿပီး ဖိအားေပးၿပီးေတာ့ သူ႔ကို ေဆး႐ုံတင္ လိုက္ပါတယ္။ အဲဒါကလည္း ေဆးစာနဲ႔ အာမခံရဖို႔ဆိုတာ ကြၽန္မ သိပါ တယ္။ အခုလည္း သူနဲ႔ သူ႔မယားငယ္ ဝယ္ထားတဲ့ ၿခံကို သူ႔ညီ နာမည္နဲ႔ အျမန္လႊဲေျပာင္း လိုက္တယ္လို႔ သိရ တယ္”ဟု ၎က ေျပာသည္။
ဆက္လက္ၿပီး ေဒၚျမင့္ျမင့္ဝင္းက “အခုလို အာမခံ ရရခ်င္း တစ္ညထဲနဲ႔ေတာင္ ဒီကိစၥေတြအကုန္ ခ်က္ခ်င္း လုပ္ ေဆာင္ႏိုင္ရင္ ဒီလူ အျပင္မွာရွိတာ ကြၽန္ေတာ္တို႔ မိသားစုအတြက္ အႏၲရာယ္ရွိႏိုင္တယ္။ သက္ေသေတြကို လည္း သူေပ်ာက္ေအာင္ လုပ္ႏိုင္တယ္။ ဒီသက္ေသေတြက ၿခံဝန္ထမ္းေတြ၊ သူ႔လက္ေအာက္က ဝန္ထမ္းေတြ ျဖစ္တဲ့အတြက္ သူတို႔အတြက္ အႏၲရာယ္ရွိပါတယ္” ဟု ေျပာသည္။ပုဒ္မ ၁၃ သည္ အာမခံမရေသာ အမႈဆိုေသာ္လည္း အမ်ိဳးသမီးမ်ား၊ ကေလးငယ္မ်ားႏွင့္ က်န္းမာေရး မေကာင္းသူမ်ားကို တရားသူႀကီး၏ ဆင္ျခင္တုံတရားႏွင့္ အာမခံေပးႏိုင္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။ဦးခင္ေမာင္ေဇာ္က “အမ်ားအားျဖင့္ကေတာ့ မဟုတ္ဘူးလို႔ ေျဗာင္ပဲ ျငင္းၾကတာေပါ့။ မိန္းမဘက္က ခိုင္လုံစြာနဲ႔ ျပရပါတယ္။
ဥပေဒအရ တကယ့္မူကေတာ့ ႏိုင္ငံတကာမွာေရာ အာမခံေပးျခင္းဟာ ထုံးစံျဖစ္ၿပီး အာမခံကို ျငင္းပယ္ျခင္းဟာ ခြၽင္းခ်က္ပဲ ျဖစ္တယ္ဗ်။ သူက အာမခံ မေပးရဘူးဆိုတိုင္း ေပးကိုမေပးရတာ မဟုတ္တဲ့ အတြက္ တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားအရ ဘာကို ၾကည့္ေပးတာလဲ ဆိုတာကို ၾကည့္ရမွာပါ” ဟု ေျပာသည္။အဆိုပါ အမႈအတြက္ လွည္းကူးၿမိဳ႕နယ္ တရား႐ုံးမွ လာမည့္ ဇန္နဝါရီလ ၁ဝ ရက္တြင္ ႐ုံးခ်ိန္း ေခၚဆိုထား ေၾကာင္း၊ သို႔ေသာ္လည္း အမႈကို ပိတ္သိမ္းရန္ ဖိအားေပးမႈမ်ား ျပဳလုပ္ေနသကဲ့သို႔ မ်က္ျမင္ သက္ေသမ်ား အေပၚ ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ေနေၾကာင္း ေဒၚျမင့္ျမင့္ဝင္းက ေျပာသည္။တစ္လင္တစ္မယားဥပေဒကို ၂ဝ၁၅ ခုႏွစ္၌ စတင္ျပ႒ာန္းခဲ့ျခင္းျဖစ္ၿပီး ထိုဥပေဒတြင္ အိမ္ေထာင္ရွိသူမ်ား တရားဝင္ျဖစ္ေစ၊ တရား မဝင္ျဖစ္ေစ ေနာက္အိမ္ေထာင္ျပဳပါက ေငြဒဏ္အျပင္ ေထာင္ဒဏ္ ၇ ႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။
Source-မဇ်ၥိမ

Unicode


တစ်လင်တစ်မယားဥပဒေနှင့် အငြိမ်းစားဗိုလ်မှူးကို ဇနီးဖြစ်သူ တရားစွဲ


ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ ။ ။ အငြိမ်းစား ဗိုလ်မှူး မောင်မောင်လတ်၏ဇနီး ဒေါ်မြင့်မြင့်ဝင်းက ၎င်း၏ ခင်ပွန်းကို တစ်လင်တစ်မယား ဥပဒေ ပုဒ်မ ၁၃ နှင့် တရားစွဲဆိုထားကြောင်း သတင်းစာ ရှင်းလင်းကာ ပြောသည်။အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ဒီဇင်ဘာ ၃ဝ ရက်နေ့က ရန်ကုန်မြို့ City Star ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ဒေါ်မြင့်မြင့်ဝင်းက “ကျွန်မ ဒီသတင်းစာ ရှင်းလင်းပွဲလုပ်ရတဲ့ အကြောင်းအရင်းက သူ့ဘက်မှာ ငွေကြေးရှိတယ်။ ပိုက်ဆံရှိတဲ့ သူဌေးတွေက သူ့ကို ဝန်းရံတယ်။ နောက်တစ်ချက် သူက လူကြီးတစ်ယောက်ရဲ့ PSO ဟောင်း ဖြစ်တယ်။ သူ့ဆီမှာ အာဏာပါဝါတွေ ရှိတယ်။ နောက်တစ်ချက်က သူ့နောက်မှာ ဝန်းရံနေတာ အာဏာ ပါဝါ ကြီးနေတဲ့ သူတွေဖြစ်တဲ့အတွက် ကျွန်မဘက်မှာက အမှန်တရားပဲ ရှိတာကြောင့်ပါ” ဟု ပြောသည်။

ယခင်ကလည်း အိမ်ထောင်ရေး ဖောက်ပြန်မှုများရှိခဲ့ပြီး ယခုတစ်ကြိမ်တွင် ကွာရှင်းရန်နှင့် ပိုင်ဆိုင်မှုများကို ခွဲဝေရန် တောင်းဆိုမှု ပြုလာကြောင်း၊ ထို့နောက် တစ်လင်တစ်မယား ဥပဒေပုဒ်မ ၁၃ ဖြင့် လှည်းကူးမြို့နယ် တရားရုံးမှာ နိုဝင်ဘာ ၂၆ ရက်က အမှုဖွင့်ခဲ့ရာ ဒီဇင်ဘာ ၂၇ ရက်တွင် တရားရုံးမှ အငြိမ်းစား ဗိုလ်မှူး မောင်မောင်လတ်ကို အာမခံပေးခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဝင်းက ပြောသည်။“သူက ကျန်းမာရေးနဲ့ အာမခံကို လျှောက်တယ်လို့ ကျွန်မသိရတယ်။ မောင်မောင်လတ်ကို ဖမ်းမိမိချင်းနေ့မှာပဲ သူ့သူငယ်ချင်း ဒုရဲမှူးကြီးက ရောက်လာတယ်။ အဲဒီလူက ရောက်လာပြီးရင် သူ့ကိစ္စအတွက် ရဲစခန်းမှာ လာပြီး ဖိအားပေးပြီးတော့ သူ့ကို ဆေးရုံတင် လိုက်ပါတယ်။ အဲဒါကလည်း ဆေးစာနဲ့ အာမခံရဖို့ဆိုတာ ကျွန်မ သိပါ တယ်။ အခုလည်း သူနဲ့ သူ့မယားငယ် ဝယ်ထားတဲ့ ခြံကို သူ့ညီ နာမည်နဲ့ အမြန်လွှဲပြောင်း လိုက်တယ်လို့ သိရ တယ်”ဟု ၎င်းက ပြောသည်။



ဆက်လက်ပြီး ဒေါ်မြင့်မြင့်ဝင်းက “အခုလို အာမခံ ရရချင်း တစ်ညထဲနဲ့တောင် ဒီကိစ္စတွေအကုန် ချက်ချင်း လုပ် ဆောင်နိုင်ရင် ဒီလူ အပြင်မှာရှိတာ ကျွန်တော်တို့ မိသားစုအတွက် အန္တရာယ်ရှိနိုင်တယ်။ သက်သေတွေကို လည်း သူပျောက်အောင် လုပ်နိုင်တယ်။ ဒီသက်သေတွေက ခြံဝန်ထမ်းတွေ၊ သူ့လက်အောက်က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် သူတို့အတွက် အန္တရာယ်ရှိပါတယ်” ဟု ပြောသည်။ပုဒ်မ ၁၃ သည် အာမခံမရသော အမှုဆိုသော်လည်း အမျိုးသမီးများ၊ ကလေးငယ်များနှင့် ကျန်းမာရေး မကောင်းသူများကို တရားသူကြီး၏ ဆင်ခြင်တုံတရားနှင့် အာမခံပေးနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ဦးခင်မောင်ဇော်က “အများအားဖြင့်ကတော့ မဟုတ်ဘူးလို့ ဗြောင်ပဲ ငြင်းကြတာပေါ့။ မိန်းမဘက်က ခိုင်လုံစွာနဲ့ ပြရပါတယ်။

ဥပဒေအရ တကယ့်မူကတော့ နိုင်ငံတကာမှာရော အာမခံပေးခြင်းဟာ ထုံးစံဖြစ်ပြီး အာမခံကို ငြင်းပယ်ခြင်းဟာ ချွင်းချက်ပဲ ဖြစ်တယ်ဗျ။ သူက အာမခံ မပေးရဘူးဆိုတိုင်း ပေးကိုမပေးရတာ မဟုတ်တဲ့ အတွက် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ဘာကို ကြည့်ပေးတာလဲ ဆိုတာကို ကြည့်ရမှာပါ” ဟု ပြောသည်။အဆိုပါ အမှုအတွက် လှည်းကူးမြို့နယ် တရားရုံးမှ လာမည့် ဇန်နဝါရီလ ၁ဝ ရက်တွင် ရုံးချိန်း ခေါ်ဆိုထား ကြောင်း၊ သို့သော်လည်း အမှုကို ပိတ်သိမ်းရန် ဖိအားပေးမှုများ ပြုလုပ်နေသကဲ့သို့ မျက်မြင် သက်သေများ အပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေါ်မြင့်မြင့်ဝင်းက ပြောသည်။တစ်လင်တစ်မယားဥပဒေကို ၂ဝ၁၅ ခုနှစ်၌ စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေတွင် အိမ်ထောင်ရှိသူများ တရားဝင်ဖြစ်စေ၊ တရား မဝင်ဖြစ်စေ နောက်အိမ်ထောင်ပြုပါက ငွေဒဏ်အပြင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

Source-မဇျ္စိမ