တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕မွာ သက္ငယ္မုဒိမ္း ျပဳက်င့္ဖို႔ ႀကံစည္မႈတခုနဲ႔  ပတ္သက္ၿပီး ေျဖရွင္းေဆာင္႐ြက္ေပးျခင္းမရွိဟုကာ ေ႐ႊျပည္သာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကို ေဒသခံေတြက ဒီေန႔ မနက္ စီတန္းလွည့္လည္ ဆႏၵျပၾကပါတယ္။ေကာ့ေသာင္းၿမိဳ႕ အမ်ားျပည္သူနားေနေဆာင္ေရွ႕မွာ ျပဳလုပ္တဲ့ အဆိုပါဆႏၵေဖၚထုတ္ပြဲမွာ တက္ေရာက္လာသူေတြက ေ႐ႊျပည္သာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအား ျဖဳတ္ခ်ေပးေရး၊ အမ်ိဳးသမီး ဘ၀ေတြ လုံၿခဳံဖို႔ မုဒိမ္းသမားေတြႏွိမ္နင္းစို႔၊ သက္ငယ္မုဒိမ္းမႈႀကံစည္သူအား အျမန္ဆုံးဖမ္းဆီး ေပးေရးစတဲ့ ပိုစတာေတြ ကိုင္ေဆာင္ၿပီး  ဗိုလ္ခ်ဳပ္ျမင္းစီးေၾကး႐ုပ္ကို အဝိုင္းပတ္ကာ ခ်ီတက္ လမ္းေလွ်ာက္ ဆႏၵျပခဲ့ၾကတာပါ။
1
ဒီဇင္ဘာ ၁၅ ရက္ေန႔ညက ေ႐ႊျပည္သာရပ္ကြက္ ရာအိမ္မႉးဆိုသူက တရပ္ကြက္ထဲေန ၁၆ ႏွစ္ အ႐ြယ္ သတၱမတန္းေက်ာင္းသူ မိန္းကေလးတဦးကို မိခင္မရွိခိုက္ အလိုမတူဘဲ အဓမၼ ျပဳက်င့္ဖို႔ ႏွစ္ႀကိမ္တိုင္တိုင္ႀကံစည္ခဲ့တဲ့အေပၚ အုပ္ခ်ဳပ္ေရးမႉးက ေျဖရွင္းမေပးတဲ့အျပင္  တိုင္တန္းသူေတြကို ေမာက္ေမာက္မာမာ ဆက္ဆံတာေၾကာင့္ ဆႏၵေဖာ္ထုတ္တာျဖစ္တယ္လို႔ သိရပါတယ္။ဆႏၵျပပြဲ ဦးေဆာင္သူ ခင္ေမာင္သန္း(ခ)ေက်ာ္မိုးဟိန္းက “မိသားစုေတြတိုင္းမွာ သားသမီး ေတြရွိၾကတယ္။
2
အဲဒီေတာ့ သားသမီးေတြအကုန္လုံးက မုဒိမ္းမႈဆိုတာကို မျဖစ္ေစခ်င္ဘူး။ ျပႆနာျဖစ္လာၿပီဆိုရင္ တက္လာတဲ့ ျပႆနာေတြ အကုန္လုံးကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေျပးတိုင္ရတယ္။ တိုင္တိုင္းတိုင္တိုင္း ဘယ္လိုျပႆနာပဲ ျဖစ္လာျဖစ္လာ သူ႔ရဲ႕လုပ္ပိုင္ခြင့္ေတြထဲမွာ ျပည္သူဘက္ကရ ပ္တည္မႈမရွိသလို လုံးဝကို မရွိဘူးလို႔လည္း ေျပာလို႔ရပါတယ္။ သားသမီးေတြ ျဖစ္တဲ့ ျပႆနာကို အေမက လာတိုင္ေတာ့ အုပ္ခ်ဳပ္ေရးမႉးက ဒါ႐ုံးလို႔ေခၚတယ္။ က်ဳပ္ကို အမိန႔္လာေပးလို႔မရဘူးလို႔ အဲလိုပုံစံမ်ိဳးေပါ့ အိမ္ခန္းငွားေနတဲ့သူေတြကိုလည္း ထိုးပစ္လိုက္မယ္၊ ႐ိုက္ပစ္လိုက္မယ္လို႔ေျပာတယ္” လို႔ ေျပာပါတယ္။
3
အခုဆႏၵေဖာ္ထုတ္ပြဲမွာ ေကာ့ေသာင္းေဒသခံ ၈၀ ေလာက္က ပါ၀င္ဆႏၵေဖၚထုတ္ခဲ့ပါတယ္။ သက္ငယ္မုဒိမ္းျပဳက်င့္ဖို႔ ႀကံစည္သူကိုေတာ့ ေကာ့ေသာင္းၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူထားတယ္လို႔ စခန္း တာ၀န္ရွိသူတဦးကေျပာပါတယ္။
4
Source-ဒီဗြီဘီ


Unicode


သက်ငယ်မုဒိမ်းကြံစည်မှုကိစ္စ ဖြေရှင်းမပေးသဖြင့် ကော့သောင်းမြို့ခံများဆန္ဒပြ


တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ သက်ငယ်မုဒိမ်း ပြုကျင့်ဖို့ ကြံစည်မှုတခုနဲ့  ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဟုကာ ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဒေသခံတွေက ဒီနေ့ မနက် စီတန်းလှည့်လည် ဆန္ဒပြကြပါတယ်။ကော့သောင်းမြို့ အများပြည်သူနားနေဆောင်ရှေ့မှာ ပြုလုပ်တဲ့ အဆိုပါဆန္ဒဖေါ်ထုတ်ပွဲမှာ တက်ရောက်လာသူတွေက ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဖြုတ်ချပေးရေး၊ အမျိုးသမီး ဘဝတွေ လုံခြုံဖို့ မုဒိမ်းသမားတွေနှိမ်နင်းစို့၊ သက်ငယ်မုဒိမ်းမှုကြံစည်သူအား အမြန်ဆုံးဖမ်းဆီး ပေးရေးစတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး  ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို အဝိုင်းပတ်ကာ ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။

1

ဒီဇင်ဘာ ၁၅ ရက်နေ့ညက ရွှေပြည်သာရပ်ကွက် ရာအိမ်မှူးဆိုသူက တရပ်ကွက်ထဲနေ ၁၆ နှစ် အရွယ် သတ္တမတန်းကျောင်းသူ မိန်းကလေးတဦးကို မိခင်မရှိခိုက် အလိုမတူဘဲ အဓမ္မ ပြုကျင့်ဖို့ နှစ်ကြိမ်တိုင်တိုင်ကြံစည်ခဲ့တဲ့အပေါ် အုပ်ချုပ်ရေးမှူးက ဖြေရှင်းမပေးတဲ့အပြင်  တိုင်တန်းသူတွေကို မောက်မောက်မာမာ ဆက်ဆံတာကြောင့် ဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့ သိရပါတယ်။ဆန္ဒပြပွဲ ဦးဆောင်သူ ခင်မောင်သန်း(ခ)ကျော်မိုးဟိန်းက “မိသားစုတွေတိုင်းမှာ သားသမီး တွေရှိကြတယ်။
2

အဲဒီတော့ သားသမီးတွေအကုန်လုံးက မုဒိမ်းမှုဆိုတာကို မဖြစ်စေချင်ဘူး။ ပြဿနာဖြစ်လာပြီဆိုရင် တက်လာတဲ့ ပြဿနာတွေ အကုန်လုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြေးတိုင်ရတယ်။ တိုင်တိုင်းတိုင်တိုင်း ဘယ်လိုပြဿနာပဲ ဖြစ်လာဖြစ်လာ သူ့ရဲ့လုပ်ပိုင်ခွင့်တွေထဲမှာ ပြည်သူဘက်ကရ ပ်တည်မှုမရှိသလို လုံးဝကို မရှိဘူးလို့လည်း ပြောလို့ရပါတယ်။ သားသမီးတွေ ဖြစ်တဲ့ ပြဿနာကို အမေက လာတိုင်တော့ အုပ်ချုပ်ရေးမှူးက ဒါရုံးလို့ခေါ်တယ်။ ကျုပ်ကို အမိန့်လာပေးလို့မရဘူးလို့ အဲလိုပုံစံမျိုးပေါ့ အိမ်ခန်းငှားနေတဲ့သူတွေကိုလည်း ထိုးပစ်လိုက်မယ်၊ ရိုက်ပစ်လိုက်မယ်လို့ပြောတယ်” လို့ ပြောပါတယ်။

3

အခုဆန္ဒဖော်ထုတ်ပွဲမှာ ကော့သောင်းဒေသခံ ၈၀ လောက်က ပါဝင်ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။ သက်ငယ်မုဒိမ်းပြုကျင့်ဖို့ ကြံစည်သူကိုတော့ ကော့သောင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ စခန်း တာဝန်ရှိသူတဦးကပြောပါတယ်။

4

Source-ဒီဗွီဘီ