Unsplash/Steam
စာအုပ္စာေပေတြကုိ အရူးအမူး ခ်စ္တတ္သူေတြ အတြက္ ေတာ္ေတာ္ထူးဆန္တဲ့ အက်င့္တစ္ခုရိွတတ္ပါတယ္။ အဲဒါကေတာ့ စာအုပ္အေဟာင္းေတြရဲ႕ ရနံ႔ကို ႀကိဳက္ႏွစ္သက္တတ္ၾကတာပါပဲ။ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနတဲ့ သက္တမ္းရင့္စာအုပ္တစ္အုပ္ဟာ စာအုပ္အသစ္တစ္အုပ္နဲ႔ မတူညီတဲ့ အခ်က္တစ္ခ်က္ကေတာ့ သူ႔ရဲ႕ ကိုယ္ပိုင္ရနံ႔ျဖစ္ပါတယ္။
စာအုပ္ေဟာင္းေတြနဲ႔ စာအုပ္အသစ္ေတြရဲ႕ ၾကားက တန္ဖိုးကေတာ့ အခ်ိန္ျဖစ္ပါတယ္။ စာအုပ္ေဟာင္းတစ္အုပ္ရဲ႕ တန္ဖိုးဟာ စာအုပ္ဆိုတဲ့ တန္ဖိုးပါရုံတင္မကဘဲ ျဖတ္သန္းလာခဲ့ရာ အခ်ိန္ပမာဏကုိ ထည့္သြင္းၿပီး စဥ္းစားေလ့ရိွၾကပါတယ္။ ဒါေၾကာင့္လည္း ပထမအႀကိမ္ထုတ္ေကာမစ္စာအုပ္ေတြ၊ ဘာသာေရးစာအုပ္ေတြ၊ ဂႏၳဝင္ဝတၳဳစာအုပ္ေတြဟာ ေဒၚလာသန္းေပါင္းမ်ားစြာအထိ တန္ေၾကးေပးၿပီး လုိက္လံစုေဆာင္းေနတဲ့သူေတြ တစ္ပုံတစ္ပင္ပါပဲ။
အဲဒီ စာအုပ္အေဟာင္းေတြက ရတဲ့အမ်ိဳးအမည္ေဖာ္လုိ႔မရတဲ့ ရနံ႔တစ္မ်ိဳးကုိပဲ အင္မတန္ႀကိဳက္ႏွစ္သက္တဲ့ လူေတြလည္း ရိွေနခဲ့ပါတယ္။  အဲဒီရနံ႔ေတြက ဘယ္ကေနျဖစ္လာတာလဲ၊ ဘယ္လုိျဖစ္လာတာလဲဆုိတာကုိ ေျပာျပခ်င္ပါတယ္။
Pixabay/Imagekind
အားလုံးသိၾကတဲ့အတုိင္းပါပဲ။ စာအုပ္တစ္အုပ္ျဖစ္လာဖုိ႔အတြက္ သုံးတဲ့ အရာေတြက ကုန္ၾကမ္း အကုန္လုံးနီးပါးဟာ ေအာ္ဂဲနစ္ပစၥည္းေတြခ်ည္းပါပဲ။ မွင္ေတြ၊ ေကာ္ေတြ၊ စကၠဴေတြ၊ ဖုိက္ဘာစေတြေပါ့။ အဲဒီ ေအာ္ဂဲနစ္ပစၥည္းေတြဟာ စာအုပ္တစ္အုပ္အျဖစ္ ဖြဲ႔စည္းလာခဲ့တာပါ။
စာအုပ္တစ္အုပ္ဟာ ႏွစ္ေပါင္းမ်ားစြာအထိ သက္တမ္းရင့္စာအုပ္တစ္အုပ္ျဖစ္လာခဲ့ရင္ ျဖတ္သန္းလာခဲ့တဲ့ ႏွစ္ေတြကလည္း မ်ားလာပါတယ္။ အဲဒီ ႏွစ္မ်ားစြာမွာ စာအုပ္တစ္အုပ္ဟာ ေနေရာင္ျခည္ဓာတ္နဲ႔ ထိေတြ႕မႈ၊ အပူဓာတ္နဲ႔ ထိေတြ႕မႈဟာလည္း မ်ားလာခဲ့ပါတယ္။ စာအုပ္တစ္အုပ္ထဲပါလာတဲ့ အထက္ပါ ေအာ္ဂဲနစ္ပစၥည္းေတြဟာ အဲဒီလုိ ဓာတ္ျပဳမႈေတြကို ေတြ႕ႀကံဳလာတဲ့အခါမွာ VOCs လုိ႔ ေခၚတဲ့  volatile organic compounds ေတာ္ေတာ္မ်ားမ်ား ထြက္လာခဲ့တာပါ။
စာအုပ္တစ္အုပ္နဲ႔တစ္အုပ္ ဖြဲ႕စည္းတည္ေဆာက္ပုံျခင္းမတူညီေတာ့ တစ္အုပ္နဲ႔တစ္အုပ္ VOCs ပမာဏအနည္းနဲ႔အမ်ားေတာ့ ကြဲျပားပါလိမ့္မယ္။
သိပၸံပညာရွင္ေတြကေတာ့ သက္တမ္းရင့္ စာအုပ္အေဟာင္း ၇၂ အုပ္ကုိ ေလ့လာခြဲစိတ္ၾကည့္တဲ့အခါမွာ  အမ်ိဳးအစားမတူညီတဲ့ ျဒပ္ေပါင္း ၁၅ မ်ိဳးေလာက္ ေတြ႕ရိွခ့ဲပါတယ္။ အဲဒီ ျဒပ္ေပါင္း ၁၅ မ်ိဳးထဲမွာပါတဲ့ အရာေတြ ေတာ္ေတာ္မ်ားမ်ားဟာ အက္ဆစ္ဓာတ္ေတြပါ။ acetic acid၊ benzaldehyde၊ butanol၊ furfural၊ octanal၊ methoxypheny-loxime စတဲ့ ျဒပ္ေတြ ေတြ႕ရိွခဲ့ပါတယ္။ အဲဒီျဒပ္ေတြဟာ စာအုပ္ေဟာင္းတစ္အုပ္ရဲ႕ ရနံ႔ကို ျဖစ္ေပၚေစလာတာပါ။
Pixabay/Dpilo
ဒါေၾကာင့္လည္း တခ်ိဳ႕စာၾကည့္တုိက္ေတြ၊ ျပတုိက္ေတြမွာ စာအုပ္အေဟာင္းေတြကို ျပသထားရမွာ အနီးအနားမွာ ေဆးလိပ္မေသာက္ရတုိ႔၊ ေကာ္ဖီမေသာက္ရတုိ႔ သတိေပးစာအေနနဲ႔ ခ်ိတ္ဆြဲထားခဲ့ပါတယ္။ အဲဒါကေတာ့ စီးကရက္ေတြက ထြက္လာတဲ့ အနံ႔၊ ေကာ္ဖီေတြက ထြက္လာတဲ့ အနံ႔ေတြဟာ စာအုပ္အေဟာင္းထဲက ဓာတ္ေတြနဲ႔ ဓာတ္ျပဳၿပီး သက္တမ္းရင့္စာအုပ္ေတြကို ပ်က္စီးေစႏိုင္လုိ႔ တားျမစ္ထားတဲ့ သတိေပးစာေတြပဲျဖစ္ပါတယ္။
ဒါေၾကာင့္လည္း အေနာက္ႏိုင္ငံမွာ ရိွတဲ့ စာအုပ္ခ်စ္သူေတြ၊ ျပတုိက္ေတြ၊ စာၾကည့္တုိက္ေတြမွာ သက္တမ္းရင့္စာအုပ္အေဟာင္းေတြကို ထိန္းသိမ္းေစာင့္ေရွာက္ဖုိ႔အတြက္ သိပၸံပညာရွင္ေတြကို ငွားရမ္းထားၾကပါတယ္။ အဲဒီ သိပၸံပညာရွင္ေတြကေတာ့ စာအုပ္ေဟာင္းေတြကုိ အၿမဲတမ္းေစာင့္ၾကည့္ေလ့လာေနၿပီး VOCs ေတြ လြန္လြန္က်ဳးက်ဳးျဖစ္လာတာ၊ စာအုပ္ေဟာင္းတစ္အုပ္ပ်က္စီးလာမယ့္ အရိပ္အေရာင္ေတြကို တားဆီးေပးတာမ်ိဳးေတြကို လုပ္ေလ့ရိွတတ္ၾကတာပါ။
Ye Yint Kyaw

Unicode


စာအုပ်အဟောင်းတွေမှာ ဘာကြောင့်မို့လို့ ရနံ့တစ်မျိုး ထွက်ပေါ်လာလေ့ ရှိလာလဲ ….


Unsplash/Steam

စာအုပ်စာပေတွေကို အရူးအမူး ချစ်တတ်သူတွေ အတွက် တော်တော်ထူးဆန်တဲ့ အကျင့်တစ်ခုရှိတတ်ပါတယ်။ အဲဒါကတော့ စာအုပ်အဟောင်းတွေရဲ့ ရနံ့ကို ကြိုက်နှစ်သက်တတ်ကြတာပါပဲ။ နှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ သက်တမ်းရင့်စာအုပ်တစ်အုပ်ဟာ စာအုပ်အသစ်တစ်အုပ်နဲ့ မတူညီတဲ့ အချက်တစ်ချက်ကတော့ သူ့ရဲ့ ကိုယ်ပိုင်ရနံ့ဖြစ်ပါတယ်။


စာအုပ်ဟောင်းတွေနဲ့ စာအုပ်အသစ်တွေရဲ့ ကြားက တန်ဖိုးကတော့ အချိန်ဖြစ်ပါတယ်။ စာအုပ်ဟောင်းတစ်အုပ်ရဲ့ တန်ဖိုးဟာ စာအုပ်ဆိုတဲ့ တန်ဖိုးပါရုံတင်မကဘဲ ဖြတ်သန်းလာခဲ့ရာ အချိန်ပမာဏကို ထည့်သွင်းပြီး စဉ်းစားလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ပထမအကြိမ်ထုတ်ကောမစ်စာအုပ်တွေ၊ ဘာသာရေးစာအုပ်တွေ၊ ဂန္ထဝင်ဝတ္ထုစာအုပ်တွေဟာ ဒေါ်လာသန်းပေါင်းများစွာအထိ တန်ကြေးပေးပြီး လိုက်လံစုဆောင်းနေတဲ့သူတွေ တစ်ပုံတစ်ပင်ပါပဲ။

အဲဒီ စာအုပ်အဟောင်းတွေက ရတဲ့အမျိုးအမည်ဖော်လို့မရတဲ့ ရနံ့တစ်မျိုးကိုပဲ အင်မတန်ကြိုက်နှစ်သက်တဲ့ လူတွေလည်း ရှိနေခဲ့ပါတယ်။  အဲဒီရနံ့တွေက ဘယ်ကနေဖြစ်လာတာလဲ၊ ဘယ်လိုဖြစ်လာတာလဲဆိုတာကို ပြောပြချင်ပါတယ်။


Pixabay/Imagekind
အားလုံးသိကြတဲ့အတိုင်းပါပဲ။ စာအုပ်တစ်အုပ်ဖြစ်လာဖို့အတွက် သုံးတဲ့ အရာတွေက ကုန်ကြမ်း အကုန်လုံးနီးပါးဟာ အော်ဂဲနစ်ပစ္စည်းတွေချည်းပါပဲ။ မှင်တွေ၊ ကော်တွေ၊ စက္ကူတွေ၊ ဖိုက်ဘာစတွေပေါ့။ အဲဒီ အော်ဂဲနစ်ပစ္စည်းတွေဟာ စာအုပ်တစ်အုပ်အဖြစ် ဖွဲ့စည်းလာခဲ့တာပါ။

စာအုပ်တစ်အုပ်ဟာ နှစ်ပေါင်းများစွာအထိ သက်တမ်းရင့်စာအုပ်တစ်အုပ်ဖြစ်လာခဲ့ရင် ဖြတ်သန်းလာခဲ့တဲ့ နှစ်တွေကလည်း များလာပါတယ်။ အဲဒီ နှစ်များစွာမှာ စာအုပ်တစ်အုပ်ဟာ နေရောင်ခြည်ဓာတ်နဲ့ ထိတွေ့မှု၊ အပူဓာတ်နဲ့ ထိတွေ့မှုဟာလည်း များလာခဲ့ပါတယ်။ စာအုပ်တစ်အုပ်ထဲပါလာတဲ့ အထက်ပါ အော်ဂဲနစ်ပစ္စည်းတွေဟာ အဲဒီလို ဓာတ်ပြုမှုတွေကို တွေ့ကြုံလာတဲ့အခါမှာ VOCs လို့ ခေါ်တဲ့  volatile organic compounds တော်တော်များများ ထွက်လာခဲ့တာပါ။

စာအုပ်တစ်အုပ်နဲ့တစ်အုပ် ဖွဲ့စည်းတည်ဆောက်ပုံခြင်းမတူညီတော့ တစ်အုပ်နဲ့တစ်အုပ် VOCs ပမာဏအနည်းနဲ့အများတော့ ကွဲပြားပါလိမ့်မယ်။

သိပ္ပံပညာရှင်တွေကတော့ သက်တမ်းရင့် စာအုပ်အဟောင်း ၇၂ အုပ်ကို လေ့လာခွဲစိတ်ကြည့်တဲ့အခါမှာ  အမျိုးအစားမတူညီတဲ့ ဒြပ်ပေါင်း ၁၅ မျိုးလောက် တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဒြပ်ပေါင်း ၁၅ မျိုးထဲမှာပါတဲ့ အရာတွေ တော်တော်များများဟာ အက်ဆစ်ဓာတ်တွေပါ။ acetic acid၊ benzaldehyde၊ butanol၊ furfural၊ octanal၊ methoxypheny-loxime စတဲ့ ဒြပ်တွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီဒြပ်တွေဟာ စာအုပ်ဟောင်းတစ်အုပ်ရဲ့ ရနံ့ကို ဖြစ်ပေါ်စေလာတာပါ။


Pixabay/Dpilo

ဒါကြောင့်လည်း တချို့စာကြည့်တိုက်တွေ၊ ပြတိုက်တွေမှာ စာအုပ်အဟောင်းတွေကို ပြသထားရမှာ အနီးအနားမှာ ဆေးလိပ်မသောက်ရတို့၊ ကော်ဖီမသောက်ရတို့ သတိပေးစာအနေနဲ့ ချိတ်ဆွဲထားခဲ့ပါတယ်။ အဲဒါကတော့ စီးကရက်တွေက ထွက်လာတဲ့ အနံ့၊ ကော်ဖီတွေက ထွက်လာတဲ့ အနံ့တွေဟာ စာအုပ်အဟောင်းထဲက ဓာတ်တွေနဲ့ ဓာတ်ပြုပြီး သက်တမ်းရင့်စာအုပ်တွေကို ပျက်စီးစေနိုင်လို့ တားမြစ်ထားတဲ့ သတိပေးစာတွေပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း အနောက်နိုင်ငံမှာ ရှိတဲ့ စာအုပ်ချစ်သူတွေ၊ ပြတိုက်တွေ၊ စာကြည့်တိုက်တွေမှာ သက်တမ်းရင့်စာအုပ်အဟောင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် သိပ္ပံပညာရှင်တွေကို ငှားရမ်းထားကြပါတယ်။ အဲဒီ သိပ္ပံပညာရှင်တွေကတော့ စာအုပ်ဟောင်းတွေကို အမြဲတမ်းစောင့်ကြည့်လေ့လာနေပြီး VOCs တွေ လွန်လွန်ကျုးကျုးဖြစ်လာတာ၊ စာအုပ်ဟောင်းတစ်အုပ်ပျက်စီးလာမယ့် အရိပ်အရောင်တွေကို တားဆီးပေးတာမျိုးတွေကို လုပ်လေ့ရှိတတ်ကြတာပါ။

Ye Yint Kyaw