တရုတ်ရေတပ်အတွက် ပြည်တွင်း၌တည်ဆောက်သော ပထမဆုံးလေယာဉ်တင်သင်္ဘောကြီး၏ တပ်တော်ဝင်အခမ်းအနားအား ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့သည်။ ဟိုင်နန်မြို့အနီးရှိ ဆန်ညာသင်္ဘောကျင်းတွင်ကျင်းပခဲ့သည့် အဆိုပါ တပ်တော်ဝင်ပွဲအား တရုတ်နိုင်ငံ၏ သမ္မတဖြစ်သူ ရှီကျင်းဖျင့် ကိုတိုင်တက်ရောက်အားပေးခဲ့ကြောင်းလည်းသိရသည်။
ယခုတပ်တော်ဝင်သော လေယာဉ်တင်သင်္ဘောသည်ပြည်တွင်း၌ တည်ဆောက်သောသင်္ဘောဖြစ်ပြီး Type-002 အတန်းအစားဟုသတ်မှတ်ထားသည်။ ၎င်းအား 'Shandong' ဟု အမည်ပေးထားသည်။ သင်္ဘော၏ အလျှားမှာ မူလခန့်မှန်းစဉ်ထက်အနည်းငယ်ပိုမိုရှည်လျှားပြီး ၃၁၅ မီတာအထိအရှည်ရှိလေသည်။ ထို့ကြောင့် မူလရှိပြီးသား 'Liaoning' လေယာဉ်တင်သင်္ဘောကြီးထက် ၇ မီတာ ပိုမိုရှည်လျှားပေသည်။ Shandong လေယာဉ်တင်သင်္ဘောအား ၂၀၁၅ ခုနှစ်တွင် စတင်ဧရာခင်းတည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလတွင် ရေချနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မှုများပြီးစီးခဲ့ပြီးနောက် စက်စမ်းသပ်ခုတ်မောင်းမှုများကိုပြုလုပ်ခဲ့သည်။ လေယာဉ်တင်သင်္ဘောအား Dalian သင်္ဘောကျင်းမှတာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး စတင်တည်ဆောက်ချိန်မှ တပ်တော်ဝင်သည့်အချိန်ထိ လေးနှစ်ကျော်သာကြာမြင့်ခဲ့လေသည်။
Shandong သင်္ဘောသည် ၂၀၁၉ ခုနှစ်အတွင်း ပင်လယ်ပြင်စမ်းသပ်မှု ၉ ကြိမ်အထိပြုလုပ်ခဲ့ပြီး တွဲဖက်အသုံးပြုမည့် တိုက်လေယာဉ်များနှင့်လေ့ကျင့်ခြင်းများလည်းပြုလုပ်ခဲ့ပြီးဖြစ်သည်။
ယခု လေယာဉ်တင်သင်္ဘောသည် ယခင်အသုံးပြုနေသော Liaoning ထက် အနည်းငယ်ပိုမိုကြီးမားသောကြောင့် တိုက်လေယာဉ်တင်ဆောင်ရာတွင်လည်း လေယာဉ် ရဟတ်ယာဉ် ၄၀ အထိ အနည်းဆုံးတင်ဆောင်အသုံးပြုနိုင်ပေသည်။ လေယာဉ်တင်သင်္ဘောပေါ်တွင် J-15 Flying Shark အမျိုးအစားတိုက်လေယာဉ်များနှင့် Z-18 နှင့် Z-9 ရဟတ်ယာဉ်များအားအသုံးပြုသွားမည်ဖြစ်သည်။ ရေဒါများနှင့်အာရုံခံကိရိယာများကိုလည်း ခေတ်နှင့်လိုက်လျှောညီထွေမှုရှိသော ကိရိယာများအဖြစ်လဲလှယ်တပ်ဆင်ထားသည်။ သင်္ဘောအားကာကွယ်ရန်အတွက် တာတိုလေကြောင်းကာကွယ်ရေးဒုံးလက်နက်များ စက်အမြှောက်များတပ်ဆင်ထားကြောင်းလည်းတွေ့ရှိရသည်။

လေယာဉ်တင်သင်္ဘော၏ တပ်တော်ဝင်အခမ်းအနားသို့ သမ္မတ ရှီကျင့်ဖျင့် မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်ခဲ့သော တရုတ်ရေတပ်၏ ပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောပိုင်ဆိုင်ရေးအိမ်မက်သည် ယခုပြည့်မြောက်ခဲ့ပြီး အနာဂါတ်တွင်လည်း လေယာဉ်တင်သင်္ဘောများအား တိုးချဲ့တည်ဆောက်ဦးမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ လက်ရှိတွင် တရုတ်ရေတပ်၏ Liaoning လေယာဉ်တင်သင်္ဘောအုပ်စုအား ဖရီးဂိတ်သင်္ဘောလေးစီး ဖျက်သင်္ဘောသုံးစီး ခရူဇာ တစ်စီး ရေငုပ်သင်္ဘောသုံးစီး အခြားထောက်ပံ့ရေးရေယာဉ်များ နှင့် ဖွဲ့စည်းထားပြီး တိုက်လေယာဉ် ၃၂ စီးနှင့် ရဟတ်ယာဉ် ၂၀ အထိပါဝင်ဖွဲ့စည်းထားလေသည်။
နိုင်ငံတကာလေ့လာသူများအနေဖြင့် ယခုလေယာဉ်တင်သင်္ဘောသည် နည်းပညာဆိုင်ရာပြသနာများအနည်းငယ်ရှိနေနိုင်သေးသည်ဟုခန့်မှန်းထားကြသည်။ သို့သော်လည်း ယခုကဲ့သို့ Shandong လေယာဉ်တင်သင်္ဘော အသုံးပြုနိုင်ခြင်းသည် ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံများအကြားအချက်ပေးခေါင်းလောင်းသံတစ်ခုဖြစ်ကြောင်းမှတ်ချက်ပြုထားကြသည်။ ယခုအခါတွင် တရုတ်ရေတပ်၌ တပ်တော်ဝင်အသုံးပြုနေသောလေယာဉ်တင်သင်္ဘောကြီးနှစ်စီးရှိနေပြီဖြစ်သောကြောင့် တောင်တရုတ်ပင်လယ်အရေးအခင်းကိစ္စများအပါအဝင် ကမ္ဘာ့အရေးကိစ္စများတွင်ပိုမို၍ဝင်ရောက်စိုးမိုးနိုင်လာတော့မည်ဖြစ်သည်။ ယခုတပ်တော်ဝင်သော လေယာဉ်တင်သင်္ဘောကြီး Shandong သည် ထိုင်ဝမ်ရေလက်ကြားပါဝင်သော ပင်လယ်ပြင်အတွင်းသို့ပထမဆုံးတပ်ဖြန့်စေလွှတ်သွားမည်ဟု လည်း သတင်းများတွင်ဖော်ပြထားပါသည်။
ဇွဲထွဋ်ဦး
#thefifthwavenews
________________________________________
(Zawgyi)
တရုတ်ရေတပ်၏ လေယာဉ်တင်သင်္ဘောကြီးတပ်တော်ဝင်ခြင်း'
တရုတ်ရေတပ်အတွက် ပြည်တွင်း၌တည်ဆောက်သော ပထမဆုံးလေယာဉ်တင်သင်္ဘောကြီး၏ တပ်တော်ဝင်အခမ်းအနားအား ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့သည်။ ဟိုင်နန်မြို့အနီးရှိ ဆန်ညာသင်္ဘောကျင်းတွင်ကျင်းပခဲ့သည့် အဆိုပါ တပ်တော်ဝင်ပွဲအား တရုတ်နိုင်ငံ၏ သမ္မတဖြစ်သူ ရှီကျင်းဖျင့် ကိုတိုင်တက်ရောက်အားပေးခဲ့ကြောင်းလည်းသိရသည်။
ယခုတပ်တော်ဝင်သော လေယာဉ်တင်သင်္ဘောသည်ပြည်တွင်း၌ တည်ဆောက်သောသင်္ဘောဖြစ်ပြီး Type-002 အတန်းအစားဟုသတ်မှတ်ထားသည်။ ၄င်းအား 'Shandong' ဟု အမည်ပေးထားသည်။ သင်္ဘော၏ အလျှားမှာ မူလခန့်မှန်းစဉ်ထက်အနည်းငယ်ပိုမိုရှည်လျှားပြီး ၃၁၅ မီတာအထိအရှည်ရှိလေသည်။ ထို့ကြောင့် မူလရှိပြီးသား 'Liaoning' လေယာဉ်တင်သင်္ဘောကြီးထက် ၇ မီတာ ပိုမိုရှည်လျှားပေသည်။ Shandong လေယာဉ်တင်သင်္ဘောအား ၂၀၁၅ ခုနှစ်တွင် စတင်ဧရာခင်းတည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလတွင် ရေချနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မှုများပြီးစီးခဲ့ပြီးနောက် စက်စမ်းသပ်ခုတ်မောင်းမှုများကိုပြုလုပ်ခဲ့သည်။ လေယာဉ်တင်သင်္ဘောအား Dalian သင်္ဘောကျင်းမှတာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး စတင်တည်ဆောက်ချိန်မှ တပ်တော်ဝင်သည့်အချိန်ထိ လေးနှစ်ကျော်သာကြာမြင့်ခဲ့လေသည်။
Shandong သင်္ဘောသည် ၂၀၁၉ ခုနှစ်အတွင်း ပင်လယ်ပြင်စမ်းသပ်မှု ၉ ကြိမ်အထိပြုလုပ်ခဲ့ပြီး တွဲဖက်အသုံးပြုမည့် တိုက်လေယာဉ်များနှင့်လေ့ကျင့်ခြင်းများလည်းပြုလုပ်ခဲ့ပြီးဖြစ်သည်။
ယခု လေယာဉ်တင်သင်္ဘောသည် ယခင်အသုံးပြုနေသော Liaoning ထက် အနည်းငယ်ပိုမိုကြီးမားသောကြောင့် တိုက်လေယာဉ်တင်ဆောင်ရာတွင်လည်း လေယာဉ် ရဟတ်ယာဉ် ၄၀ အထိ အနည်းဆုံးတင်ဆောင်အသုံးပြုနိုင်ပေသည်။ လေယာဉ်တင်သင်္ဘောပေါ်တွင် J-15 Flying Shark အမျိုးအစားတိုက်လေယာဉ်များနှင့် Z-18 နှင့် Z-9 ရဟတ်ယာဉ်များအားအသုံးပြုသွားမည်ဖြစ်သည်။ ရေဒါများနှင့်အာရုံခံကိရိယာများကိုလည်း ခေတ်နှင့်လိုက်လျှောညီထွေမှုရှိသော ကိရိယာများအဖြစ်လဲလှယ်တပ်ဆင်ထားသည်။ သင်္ဘောအားကာကွယ်ရန်အတွက် တာတိုလေကြောင်းကာကွယ်ရေးဒုံးလက်နက်များ စက်အမြှောက်များတပ်ဆင်ထားကြောင်းလည်းတွေ့ရှိရသည်။
လေယာဉ်တင်သင်္ဘော၏ တပ်တော်ဝင်အခမ်းအနားသို့ သမ္မတ ရှီကျင့်ဖျင့် မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်ခဲ့သော တရုတ်ရေတပ်၏ ပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောပိုင်ဆိုင်ရေးအိမ်မက်သည် ယခုပြည့်မြောက်ခဲ့ပြီး အနာဂါတ်တွင်လည်း လေယာဉ်တင်သင်္ဘောများအား တိုးချဲ့တည်ဆောက်ဦးမည်ဟုလည်း ၄င်းကပြောကြားခဲ့သည်။ လက်ရှိတွင် တရုတ်ရေတပ်၏ Liaoning လေယာဉ်တင်သင်္ဘောအုပ်စုအား ဖရီးဂိတ်သင်္ဘောလေးစီး ဖျက်သင်္ဘောသုံးစီး ခရူဇာ တစ်စီး ရေငုပ်သင်္ဘောသုံးစီး အခြားထောက်ပံ့ရေးရေယာဉ်များ နှင့် ဖွဲ့စည်းထားပြီး တိုက်လေယာဉ် ၃၂ စီးနှင့် ရဟတ်ယာဉ် ၂၀ အထိပါဝင်ဖွဲ့စည်းထားလေသည်။
နိုင်ငံတကာလေ့လာသူများအနေဖြင့် ယခုလေယာဉ်တင်သင်္ဘောသည် နည်းပညာဆိုင်ရာပြသနာများအနည်းငယ်ရှိနေနိုင်သေးသည်ဟုခန့်မှန်းထားကြသည်။ သို့သော်လည်း ယခုကဲ့သို့ Shandong လေယာဉ်တင်သင်္ဘော အသုံးပြုနိုင်ခြင်းသည် ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံများအကြားအချက်ပေးခေါင်းလောင်းသံတစ်ခုဖြစ်ကြောင်းမှတ်ချက်ပြုထားကြသည်။ ယခုအခါတွင် တရုတ်ရေတပ်၌ တပ်တော်ဝင်အသုံးပြုနေသောလေယာဉ်တင်သင်္ဘောကြီးနှစ်စီးရှိနေပြီဖြစ်သောကြောင့် တောင်တရုတ်ပင်လယ်အရေးအခင်းကိစ္စများအပါအဝင် ကမ္ဘာ့အရေးကိစ္စများတွင်ပိုမို၍ဝင်ရောက်စိုးမိုးနိုင်လာတော့မည်ဖြစ်သည်။ ယခုတပ်တော်ဝင်သော လေယာဉ်တင်သင်္ဘောကြီး Shandong သည် ထိုင်ဝမ်ရေလက်ကြားပါဝင်သော ပင်လယ်ပြင်အတွင်းသို့ပထမဆုံးတပ်ဖြန့်စေလွှတ်သွားမည်ဟု လည်း သတင်းများတွင်ဖော်ပြထားပါသည်။
ဇွဲထွဋ်ဦး
#thefifthwavenews
0 Comments