ဥေရာပတုိက္က ခ်က္ရီပက္ဗလစ္ႏုိင္ငံရဲ႕ အေနာက္ေျမာက္ပိုင္းမွာရွိတဲ့ Lidice ဆိုတဲ့ ရြာေလးမွာ ကေလးငယ္ (၈၂)ဦးရဲ႕ ႐ုပ္ထု ကိုေတြ႕ႏုိင္မွာပါ။ အသက္ (၂)ႏွစ္ကေန ဆယ္ေက်ာ္သက္အရြယ္ေတြအထိ ပါဝင္တဲ့ အဲဒီ႐ုပ္ထုေတြမွာ ေယာကၤ်ား ေလး႐ုပ္ထု (၄၀) နဲ႔ မိန္းကေလး႐ုပ္ထု (၄၂)ခု ပါဝင္ပါတယ္။ ဒီ႐ုပ္ထုေတြကို ဘာအတြက္ ထုလုပ္ထားတာလဲဆိုတဲ့ အေၾကာင္းက အေတာ္ဝမ္းနည္းေၾကကြဲဖြယ္ေကာင္းလြန္းေနပါတယ္။
ဒီ႐ုပ္ထုထဲမွာပါတဲ့ ကေလးငယ္ (၈၂)ဦးစလံုးဟာ နာဇီဂ်ာမဏီေတြရဲ႕ အဆိပ္ေငြ႔နဲ႔သတ္ျဖတ္ျခင္းကို ခံခဲ့ရသူေတြပါတဲ့။ ၁၉၄၂ ခုႏွစ္က သူတို႔ကို Lidice ရြာေလးကေန ဖမ္းေခၚသြားၿပီး ပိုလန္ႏုိင္ငံက Chelmo ၿမိိဳ႕မွာရွိတဲ့ နာမည္ေက်ာ္ Chelmo Extermination Camp မွာ သတ္ျဖတ္ခံခဲ့ရတာပါ။ (Chelmo စခန္းဟာ နာဇီဂ်ာမဏီေတြရဲ႕ အဆိပ္ေငြ႕သံုး လူသတ္စခန္းေတြအနက္ ပထမဆံုးစခန္းလည္း ျဖစ္ပါတယ္)
၁၉၄၂ ခုႏွစ္မွာ ဘုိဟီးမီးယန္းနဲ႔ မိုရာဗီယာေဒသေတြရဲ႕ အုပ္ခ်ဳပ္သူ နာဇီ အရာရွိ Reinhard Heydrich လုပ္ႀကံခံရအ ၿပီးမွာ ဟစ္တလာက (ထိုစဥ္က)ခ်က္ကိုဆလိုဗက္ကီးယား ေဒသတြင္းမွာရွိတဲ့ လုပ္ႀကံသူကို ဝွက္ေပးထားတယ္လို႔ သ တင္းရတဲ့ ရြာေတြအားလံုးကို အျပစ္ေပးဖို႔ အမိန္႔ေပးခဲ့ပါတယ္။ သူ႔အမိန္႔အရ ေဒသတြင္းက ရြာေတြအားလံုးမွာရွိတဲ့ အ မ်ဳိးသားေတြ အကုန္အသတ္ခံရၿပီး၊ အမ်ဳိးသမီးေတြဟာလည္း သံု႔ပန္းစခန္းေတြကို အပို႔ခံရပါတယ္။ ဒါ့အျပင္ ကေလး ငယ္ေတြကိုလည္း စုေဝးေစၿပီး တခ်ဳိ႕ အာယန္လူမ်ဳိး (မဟာဂ်ာမဏီလူမ်ဳိး) ႐ုပ္ဆင္တူတဲ့ ကေလးေတြဟာ ဂ်ာမန္လူ မ်ဳိးႀကီးဝါဒ သြတ္သြင္းခံရဖို႔ ေရြးခ်ယ္ခံရၿပီး က်န္တဲ့ကေလးေတြအားလံုးကေတာ့ အသတ္ခံခဲ့ရပါတယ္။
Lidice ရြာက မိသားစုတစုရဲ႕ သားတေယာက္ဟာ နာဇီဂ်ာမဏီကိုေတာ္လွန္ေနတဲ့ ခ်က္ေတာ္လွန္ေရးတပ္ထဲမွာ ရွိေန တာေၾကာင့္ နာဇီေတြက Lidice ရြာကို တျခားရြာေတြထက္ပိုၿပီး အညွိဳးတႀကီးဖ်က္ဆီးခဲ့ပါတယ္။ ရြာမွာရွိတဲ့ အရြယ္ ေရာက္ၿပီး အမ်ဳိးသား ၁၇၃ ဦးစလံုး သတ္ျဖတ္ခံခဲ့ရၿပီး အမ်ဳိးသမီး ၁၈၄ ဦးဟာလည္း သံု႔ပန္းစခန္းအတြက္ ဖမ္းဆီးခံခဲ့ ရပါတယ္။ ကေလးငယ္ ၈၈ ဦးထဲက ၆ ဦးကို ေရြးခ်ယ္ခဲ့ၿပီး က်န္တဲ့ ၈၂ ဦးကိုလည္း အဆိပ္ေငြ႕နဲ႔သတ္ျဖတ္ခဲ့တာပါ။
အခုေတြ႕ျမင္ရတဲ့ ကေလးငယ္ေတြရဲ႕ ႐ုပ္ထုေတြကိုေတာ့ ၁၉၆၉ ခုႏွစ္မွာ ခ်က္လူမ်ဳိး ႐ုပ္ထုပညာရွင္အမ်ဳိးသမီး Marie Uchytilova-Kucova က စတင္ထုလုပ္ခဲ့တာပါ။ ၁၉၈၉ ခုႏွစ္မွာ Marie မေမွ်ာ္လင့္ဘဲ ကြယ္လြန္သြားခဲ့ေပမဲ့ သူမရဲ႕ အမ်ဳိးသားျဖစ္သူ J.V Hampl က ဆက္လက္ထုလုပ္ခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္က်မွသာ ကေလးငယ္ ၄၂ ဦးစလံုးရဲ႕ ႐ုပ္ထုအားလံုးကို ထုလုပ္ၿပီးစီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
KYM
Unicode
Lidice ဆိုတဲ့ ရွာလေးမှာရှိတဲ့ ကလေးရုပ်ထုလေးတွေရဲ့နောက်ကွယ်က ကြေကွဲစရာအဖြစ်လေး
ဥရောပတိုက်က ချက်ရီပက်ဗလစ်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ Lidice ဆိုတဲ့ ရွာလေးမှာ ကလေးငယ် (၈၂)ဦးရဲ့ ရုပ်ထု ကိုတွေ့နိုင်မှာပါ။ အသက် (၂)နှစ်ကနေ ဆယ်ကျော်သက်အရွယ်တွေအထိ ပါဝင်တဲ့ အဲဒီရုပ်ထုတွေမှာ ယောင်္ကျား လေးရုပ်ထု (၄၀) နဲ့ မိန်းကလေးရုပ်ထု (၄၂)ခု ပါဝင်ပါတယ်။ ဒီရုပ်ထုတွေကို ဘာအတွက် ထုလုပ်ထားတာလဲဆိုတဲ့ အကြောင်းက အတော်ဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းနေပါတယ်။
ဒီရုပ်ထုထဲမှာပါတဲ့ ကလေးငယ် (၈၂)ဦးစလုံးဟာ နာဇီဂျာမဏီတွေရဲ့ အဆိပ်ငွေ့နဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရသူတွေပါတဲ့။ ၁၉၄၂ ခုနှစ်က သူတို့ကို Lidice ရွာလေးကနေ ဖမ်းခေါ်သွားပြီး ပိုလန်နိုင်ငံက Chelmo မြိို့မှာရှိတဲ့ နာမည်ကျော် Chelmo Extermination Camp မှာ သတ်ဖြတ်ခံခဲ့ရတာပါ။ (Chelmo စခန်းဟာ နာဇီဂျာမဏီတွေရဲ့ အဆိပ်ငွေ့သုံး လူသတ်စခန်းတွေအနက် ပထမဆုံးစခန်းလည်း ဖြစ်ပါတယ်)
၁၉၄၂ ခုနှစ်မှာ ဘိုဟီးမီးယန်းနဲ့ မိုရာဗီယာဒေသတွေရဲ့ အုပ်ချုပ်သူ နာဇီ အရာရှိ Reinhard Heydrich လုပ်ကြံခံရအ ပြီးမှာ ဟစ်တလာက (ထိုစဉ်က)ချက်ကိုဆလိုဗက်ကီးယား ဒေသတွင်းမှာရှိတဲ့ လုပ်ကြံသူကို ဝှက်ပေးထားတယ်လို့ သ တင်းရတဲ့ ရွာတွေအားလုံးကို အပြစ်ပေးဖို့ အမိန့်ပေးခဲ့ပါတယ်။ သူ့အမိန့်အရ ဒေသတွင်းက ရွာတွေအားလုံးမှာရှိတဲ့ အ မျိုးသားတွေ အကုန်အသတ်ခံရပြီး၊ အမျိုးသမီးတွေဟာလည်း သုံ့ပန်းစခန်းတွေကို အပို့ခံရပါတယ်။ ဒါ့အပြင် ကလေး ငယ်တွေကိုလည်း စုဝေးစေပြီး တချို့ အာယန်လူမျိုး (မဟာဂျာမဏီလူမျိုး) ရုပ်ဆင်တူတဲ့ ကလေးတွေဟာ ဂျာမန်လူ မျိုးကြီးဝါဒ သွတ်သွင်းခံရဖို့ ရွေးချယ်ခံရပြီး ကျန်တဲ့ကလေးတွေအားလုံးကတော့ အသတ်ခံခဲ့ရပါတယ်။
Lidice ရွာက မိသားစုတစုရဲ့ သားတယောက်ဟာ နာဇီဂျာမဏီကိုတော်လှန်နေတဲ့ ချက်တော်လှန်ရေးတပ်ထဲမှာ ရှိနေ တာကြောင့် နာဇီတွေက Lidice ရွာကို တခြားရွာတွေထက်ပိုပြီး အညှိုးတကြီးဖျက်ဆီးခဲ့ပါတယ်။ ရွာမှာရှိတဲ့ အရွယ် ရောက်ပြီး အမျိုးသား ၁၇၃ ဦးစလုံး သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီး ၁၈၄ ဦးဟာလည်း သုံ့ပန်းစခန်းအတွက် ဖမ်းဆီးခံခဲ့ ရပါတယ်။ ကလေးငယ် ၈၈ ဦးထဲက ၆ ဦးကို ရွေးချယ်ခဲ့ပြီး ကျန်တဲ့ ၈၂ ဦးကိုလည်း အဆိပ်ငွေ့နဲ့သတ်ဖြတ်ခဲ့တာပါ။
အခုတွေ့မြင်ရတဲ့ ကလေးငယ်တွေရဲ့ ရုပ်ထုတွေကိုတော့ ၁၉၆၉ ခုနှစ်မှာ ချက်လူမျိုး ရုပ်ထုပညာရှင်အမျိုးသမီး Marie Uchytilova-Kucova က စတင်ထုလုပ်ခဲ့တာပါ။ ၁၉၈၉ ခုနှစ်မှာ Marie မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ပေမဲ့ သူမရဲ့ အမျိုးသားဖြစ်သူ J.V Hampl က ဆက်လက်ထုလုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ကျမှသာ ကလေးငယ် ၄၂ ဦးစလုံးရဲ့ ရုပ်ထုအားလုံးကို ထုလုပ်ပြီးစီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
KYM
0 Comments