ခ်စ္တဲ့သူတိုင္းဟာ ေပ်ာ္ရႊင္စြာေပါင္းစပ္ျခင္းဆိုတဲ့ “Happy Ending” နဲ႔ပဲ အဆုံးသတ္ခ်င္ၾကတာပါ။ ခ်စ္တဲ့သူတိုင္းဟာ ကိုယ္ခ်စ္တဲ့သူနဲ႔ ေပါင္းစပ္လိုၾကပါတယ္။ ဒါဟာ သူတို႔ရဲ့ အိမ္မက္လွလွေလးတခုပါ။ စိတ္ကူးထဲမွာ ခ်စ္တဲ့သူနဲ႔ ဘဝကိုဘယ္လိုတည္ေထာင္ၿပီး ခ်စ္စရာေကာင္းတဲ့ ကိုယ္ေတြမ်ိဳးဆက္ေလးေတြနဲ႔ ဘဝကို ဘယ္လိုျဖတ္သန္းသြားၾကမယ္လို႔ စိတ္ကူးလွလွေလး ယဥ္ထားၾကတာ။ ဘယ္သူမွ ခ်စ္တဲ့သူနဲ႔ မကြဲခ်င္သလို က်န္ရစ္ခဲ့ရသူလည္း မျဖစ္လိုၾကပါ။

ေပါ့ေပါ့တန္တန္ ခ်စ္ၾကတဲ့ ခ်စ္သူႏွစ္ဦးၾကားမွာ အနာဂါတ္ေတြ ၊ ရည္ရြယ္ထားတာမ်ိဳးေတြ မရွိၾကတဲ့အတြက္ သူဘာလုပ္လုပ္ ၊ ကိုယ္ဘာလုပ္လုပ္ ဘာမွ သိပ္အေရးမပါသလိုပဲ အရမ္းႀကီးမခံစားၾကဘူး။ အေပ်ာ္ေပါ့ေပါ့ေလး တြဲေနတာလို႔ ကိုယ့္ကိုယ္ကို သိေနတဲ့အတြက္ေၾကာင့္လည္း သူနဲ႔ေတြ႕ခ်ိန္တိုင္း ေပ်ာ္ေပ်ာ္ေလး ၊ ေပါ့ေပါ့ေလး ျဖတ္သန္းခ်င္ၾကတယ္။ တြဲေနတဲ့အခ်ိန္ ေပ်ာ္စရာေတြကိုပဲ ႏွစ္ဦးအတူ ေရြးလုပ္ကိုင္ၿပီး ေပ်ာ္စရာေတြရွာၾကမယ္လို႔ပဲ ေတြးၾကတယ္။ ရည္ရြယ္ခ်က္ကိုက ေပ်ာ္႐ုံတြဲတာကိုး။

ေပ်ာ္႐ုံတြဲတာမ်ိဳးမဟုတ္တဲ့ စုံတြဲေတြမွာေတာ့ ေလးနက္တဲ့ခံစားခ်က္ေတြ ၊ တြယ္တာမႈေတြ ၊ ခ်စ္ခင္မႈေတြ တဘက္လူအေပၚ ေပ်ာ္ဝင္ေနပါတယ္။ ဒါဟာဘာျဖစ္လို႔လဲဆိုရင္ ေရရွည္လက္တြဲသြားမယ္လို႔ ရည္ရြယ္ထားလို႔ပါ။ ေရရွည္ ရည္ရြယ္ထားတဲ့အတြက္ေၾကာင့္ ခဏေတြ႕႐ုံေလး သူတို႔မစဥ္းစားေတာ့ဘူး။ ဒီလူနဲ႔လက္တြဲရင္ ေရရွည္ျမဲေအာင္ ကိုယ္မႀကိဳက္တဲ့အခ်က္ေတြထဲက သူ ဘာေတြ ျပင္သင့္သလဲ ၊ ကိုယ္ဘာေတြ ျပင္ရမလဲဆိုတာကို ႏွစ္ေယာက္ညႇိယူၾကရၿပီ။ တစိမ္းေတြကေန ခ်စ္သူျဖစ္လာၾကတဲ့ ဆက္ဆံေရးမို႔ မတူတဲ့မိသားစုက ေပါက္ဖြားလာတဲ့ မတူညီတဲ့ ခံယူခ်က္ေတြ ၊ စိတ္ေနစိတ္ထားေတြ ၊ သဘာဝဓေလ့ေတြဆိုတာကို ႏွစ္ဦးျမဲဖို႔ ညႇိယူၾကရပါတယ္။

ဒီလိုညႇိယူေနဆဲကာလမွာ ႏွစ္ေယာက္ ခဏ  ခဏ ၿငိၾက ၊ စိတ္ဆိုးၾက ၊ စိတ္ေကာက္ၾက ၊ ျပန္ေခ်ာ့ၾကနဲ႔ တခါတခါ ေပ်ာ္စရာေကာင္းသလိုလိုနဲ႔ တခါတခါ စိတ္ညစ္စရာ ၊ စိတ္တိုစရာ ၊ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ၊ လြမ္းေဆြးစရာလည္း ေကာင္းပါတယ္။ ဒီလို ခဏ ခဏ ညႇိရင္းၿငိေနၾကတဲ့ အခ်ိန္ေတြမွာ ခြင့္လႊတ္တတ္သူနဲ႔ လိုက္ေလ်ာတတ္သူ ကာရံညီသြားတဲ့အခါ တစ္ေယာက္မႀကိဳက္တာ တစ္ေယာက္မလုပ္မိၾကဖို႔ ေရရွည္ဆက္ဆံေရးကို ေမၽွာ္ေတြးၿပီး အခ်စ္ေတြနဲ႔ လက္တြဲျမဲၿမံသြားၾကတယ္။ ဒါဟာ တစ္ဦးအေပၚ တစ္ဦးက တကယ္ႏွစ္ႏွစ္ကာကာ ခ်စ္မိၾကတဲ့အတြက္ သူမႀကိဳက္တာ ကိုယ္မလုပ္မိေအာင္ ဆင္ျခင္ရင္း ၊ ေရွာင္ၾကဥ္ရင္းက လက္တြဲျမဲလာၾကတာပါ။

လက္တြဲျမဲေအာင္ ညႇိယူၾကတဲ့ေနရာမွာ မာန္ကေလးေတြ ၊ မာနကေလးေတြ ၊ တကိုယ္ေကာင္းဆန္မႈေတြ ၊ အတၱေတြဆိုတာကို ကိုယ္စီ ေလၽွာ့ခ်သြားၾကဖို႔ လိုပါတယ္။ ကိုယ့္ပဲအျမဲလိုက္ေလ်ာရမယ္  သူ႔ေတာ့ လိုက္ေလ်ာစရာမလိုဘူးဆိုတာေတြ ၊ ကိုယ့္ဘက္ပဲ အျမဲၾကည့္တတ္ၿပီး သူ႔ဘက္ေတြးၾကည့္ေပးဖို႔ ေမ့ေလ်ာ့တတ္သူေတြ ၊ သူမ်ားအခ်ိန္ေပးဖို႔ တြန႔္တိုၿပီး အက်င့္ပါသြားလိမ့္မယ္ဆိုတဲ့ အေတြးေတြ ၊ ႏွစ္ဦးအၾကားက ေမတၱာတရားခိုင္မာဖို႔ထက္ ကိုယ္စိတ္သန္ရာဘက္ ဦးစားေပးေနသူေတြ ၊ သစၥာမေစာင့္သိတတ္သူေတြက ညႇိယူေနတဲ့ကာလမွာတင္ သူတင္း ၊ ကိုယ္တင္းနဲ႔ ျပတ္သြားၾကတာေတြလည္း ရွိပါတယ္။

မျမဲလို႔ျပတ္မယ့္အတူတူ ငါကသူ႔ေက်ာေအာင္ ျဖတ္မယ္ ၊ မျဖတ္ခင္ ငါစိတ္ဆင္းရဲသလို သူစိတ္ဆင္းရဲေစရမယ္ ၊ သူေဖာက္ျပန္သလို ငါလည္းတြဲျပမယ္စတဲ့ မခံခ်င္စိတ္ေတြကို တလြဲေရွ႕တန္းတင္လိုက္တဲ့အခါ မျဖစ္သင့္တာေတြ ျဖစ္သြားတတ္ပါတယ္။ ဘယ္သူမွ က်န္ရစ္ခဲ့ရသူေတာ့ မျဖစ္လိုဘူး။ မျမဲလို႔ကြဲေၾကးဆို ကိုယ္က ခ်န္ထားရစ္တဲ့သူပဲ ျဖစ္လိုတယ္။ သူခ်န္ရစ္လို႔ ကိုယ္က်န္ရစ္ခဲ့ရတာထက္ ကိုယ္ခ်န္ရစ္လို႔ သူက်န္ရစ္ျဖစ္ရမွာကိုပဲ ပိုလိုလားတယ္။ အသည္းကြဲတာခ်င္းအတူတူ ကိုယ္ထားခဲ့လို႔ ကြဲတဲ့အသဲက ပိုသာေနသလိုပဲ။ ဒါေၾကာင့္ က်န္ရစ္မျဖစ္ခ်င္ၾကဘူးလို႔ ကၽြန္မဆိုလိုတာပါ။

သမီးရည္းစားဘဝမွာ လက္တြဲျမဲသြားလို႔ ေရွ႕တလွမ္းတိုးမယ္ဆို သူနဲ႔တအိမ္ေထာင္ ထူေထာင္မွာေပါ့။ သူနဲ႔လက္ထပ္ေပါင္းသင္းလိုက္တယ္ဆိုတာ အခ်စ္ရဲ့ပန္းတိုင္ ၊ ကိုယ္ေတြခ်စ္သူႏွစ္ဦးရဲ့ ခ်စ္ခရီးပန္းတိုင္လို႔ ခ်စ္သူအမ်ားစုက ထင္ထားၾကတယ္။ တကယ္ေတာ့ မဟုတ္ဘူး။ လက္ထပ္ေပါင္းသင္းလိုက္တယ္ဆိုတာ အခ်စ္ခရီးအလယ္ ဘဝခရီးအစပဲ။ လက္ထပ္ေပါင္းသင္းလိုက္ပါမွ တူႏွစ္ကိုယ္ ဘဝထဲကို လက္ေတြ႕က်က် တိုးဝင္လိုက္တာ။ အဲဒီမွ စေတြ႕တာပဲေလ။ ခ်စ္လို႔ ေပါင္းသင္းလိုက္တယ္ဆိုတဲ့အတြဲနဲ႔ ႀကိဳျပင္ဆင္ေလ့က်င့္ထားခဲ့ၾကတဲ့အတြဲ အဲဒီမွာ စတင္ၿပီး ကြာျခားလာၾကတယ္။

ခ်စ္လို႔ေပါင္းသင္းလိုက္တယ္ဆိုတဲ့အတြဲက လက္ထပ္ၿပီးရင္ ဘာေတြ ရင္ဆိုုင္ရလာနိုင္တယ္ ၊ အဲဒီအတြက္ ဘာေတြျပင္ဆင္ထားၾကရမယ္ဆိုတာကို ႀကိဳမေတြးခဲ့ၾကဘူး။ သူတို႔အတြက္ လက္ထပ္ေပါင္းသင္းတယ္ဆိုတာ ခ်ိဳျမတဲ့သစ္သီးတစ္လုံးကို ႏွစ္ေယာက္အတူ တခ်ိန္တည္း စားသုံးလိုက္ၾကတာ ၊ ေလထဲ အခ်စ္အိမ္အတူေဆာက္လိုက္ၾကတာျဖစ္တယ္။ တကယ့္ဘဝအရသာဆိုတာ အခ်ိဳတခုတည္းမွ မဟုတ္တာ။ အခ်ိဳရွိသလို အခ်ဥ္လည္းရွိ ၊ အဆိမ့္လည္းရွိ ၊ ဖန္တန္တန္အရသာလည္းရွိ ၊ ခါးသီးတဲ့ေန႔ေတြလည္း ရွိတယ္ေလ။ အခ်ိဳခ်ည္းပဲ ခံစားရမယ္လို႔ ေမၽွာ္ကိုးလက္ထပ္ေပါင္းသင္းခဲ့တာမ်ိဳးဆို ဖန္လာတဲ့ေန႔ေတြ ၊ ခ်ဥ္လာတဲ့ေန႔ေတြ ၊ အီဆိမ့္ေနတဲ့ေန႔ေတြနဲ႔ ခါးသီးတဲ့ေန႔ေတြကို ႏွစ္ေယာက္အတူ ဘယ္လိုျဖတ္သန္းၾကမလဲ။ ဘယ္လိုလက္တြဲျမဲေနနိုင္ပါ့မလဲ။

အိမ္ေထာင္သက္တေလ်ာက္ အခ်စ္မပ်က္ သာယာေပ်ာ္ရႊင္တဲ့အိမ္ေထာင္တခုကို တည္ေထာင္လိုတယ္ဆို ခ်ိဳၿမိန္တဲ့ေန႔ရက္ေတြကို ဘယ္လို ထိန္္းသိမ္းသြားမလဲ ၊ ဖန္လာတဲ့ေန႔ေတြကို ဘယ္လိုအတူျပင္ဆင္ၾကမလဲ ၊ ခ်ဥ္လာတဲ့ေန႔ေတြကို ဘယ္လိုေမ့ေဖ်ာက္ၿပီး ျပန္ခ်ိဳလာေအာင္ လုပ္ယူမလဲ ၊ အီဆိမ့္ေနတဲ့ေန႔ေတြမွာ အျပဳံးမပ်က္ ခံနိုင္ရည္ရွိေအာင္ ဘယ္လို အတူက်င့္ယူသြားၾကမလဲ ၊ ခါးသီးတဲ့ေန႔ေတြမွာလည္း ႏွစ္ေယာက္လက္တြဲမပ်က္ ဘယ္လိုရင္ဆိုင္ေက်ာ္လႊားသြားၾကမလဲဆိုတာကို ႀကိဳတင္ေတြးေခၚလို႔ အိမ္ေထာင္တခုမထူေထာင္မီကတည္းက ေလ့က်င့္ထားခဲ့ဖို႔ လိုပါတယ္။ ကိုယ္ေတြအျမင္မွာ ႏွစ္ဦးေပါင္းဖက္လိုက္တယ္ဆိုေပမယ့္ တကယ္က ႏွစ္မိသားစုေပါင္းဖက္လိုက္တာ ၊ ႏွစ္ဘက္အသိုင္းအဝန္းေပါင္းဖက္လိုက္တာပါ။ မတူတဲ့ကြဲျပားမႈအသီးသီးေတြကို ဘယ္လို ခ်ိန္ခြင္လၽွာထိုး ညႇိယူသြားၾကမလဲဆိုတာ မယူခင္ကတည္းက ညႇိထားခဲ့နိုင္ရင္အေကာင္းဆုံးပါ။

အိမ္ေထာင္က်ၿပီးရင္ ဘာေတြ ျဖစ္လာနိုင္တယ္ဆိုတာ ႀကိဳတင္ေတြးေခၚေမၽွာ္ျမင္ၿပီး ေလ့က်င့္ယူလာခဲ့တဲ့ စုံတြဲေတြဟာ ယူၿပီးလို႔ သားေတြ ၊ သမီးေတြရလာတဲ့အခ်ိန္ အလွကိုယ္စီ ပ်က္ျပယ္လို႔ အိမ္ေထာင္သက္ေတြၾကာလာတဲ့အခ်ိန္ အခ်စ္ဆိုတဲ့ေနရာမွာ ေမတၱာေတြ ၊ သံေယာဇဥ္ေတြ ၊ ေစာင့္ထိန္းရမယ့္ သစၥာေတြ အစားထိုးေနရာယူၿပီး အသိတရားနဲ႔ ဒီအိမ္ေထာင္ ေပ်ာ္ရႊင္ျမဲၿမံေအာင္ ၊ ဒီသားသမီးေတြနဲ႔ ဒီမိသားစု မေတာင့္မတ ၊ မေၾကာင့္မက် ေနနိုင္ေအာင္ ဘယ္ေနရာမွာ ဘာေတြျဖည့္ဆည္းလို႔ ထိန္းသိမ္းပဲ့ျပင္သြားမလဲဆိုတာ တကယ့္ကို အႏုစိတ္ၿပီး ရသေျမာက္တဲ့ ဘဝအစိတ္အပိုင္းကို ေတြ႕ရမွာပါ။ ဒီခရီးကရွည္ၿပီး ေမတၱာတရားနဲ႔ တာဝန္ဝတၱရားေတြ နက္နဲတယ္ေလ။ သမီးရည္းစားတုန္းက ေျပာခဲ့ဖူးတဲ့ ရိုးေျမက် ေပါင္းဖက္သြားမယ္ဆိုတာ ဒါကိုေျပာတာ။

တကယ္က ရိုးေျမက် ေပါင္းဖက္သြားဖို႔ဆိုတာ ေဝးေသးတယ္။ အိုတဲ့အထိ ၊ နာတဲ့အထိ ေမတၱာမပ်က္ ေပါင္းဖက္ခ်စ္သြားဖို႔ဆိုတာ ေတာ္႐ုံခ်စ္ခင္ၾကင္နာ႐ုံနဲ႔ေတာ့ မရဘူး။ အရမ္းခ်စ္လို႔ ေပါင္းသင္းခဲ့ၾကၿပီး သားသမီးေတြ ၊ ေျမးေတြရေနတဲ့ မေတာင့္မတအေျခအေနရွိ အဘိုးအဘြားေတြကို ေတြ႕ဖူးပါတယ္။ သူတို႔ေတြထဲက အမ်ားစုက သားသမီးမ်က္ႏွာ ၊ အသိုင္းအဝန္းမ်က္ႏွာေတြေၾကာင့္ ဇနီးေမာင္ႏွံဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ဆက္ေလၽွာက္ေနၾကတဲ့သူေတြ မ်ားပါတယ္။

ဒီလိုကာလၾကာရွည္ ေပါင္းသင္းေနတဲ့စုံတြဲေတြထဲက အခ်ိဳ႕က တစ္ဦးနဲ႔တစ္ဦး မ်က္ေၾကာမတည့္တဲ့ ဘိုးဘြားစုံတြဲေတြလည္းရွိပါတယ္။ ဒီထဲကမွ ရယ္စရာ နဲ႔ အံ့ၾသစရာ စကားေျပာခဲ့တဲ့ အဘြားအိုတစ္ေယာက္ကို ကၽြန္မၾကဳံဖူးတယ္။ သူမခင္ပြန္းနဲ႔အတူ ကန္ေတာ့ခံရင္း ကၽြန္မကို ဒီလင္ ဒီမယား အိုေအာင္မင္းေအာင္ ေပါင္းရပါေစဆိုတဲ့ဆု သူမေပးခ်င္ပါဘူးတဲ့။ သူေတာင္ ခုအရြယ္အထိ ေပါင္းသင္းဆက္ဆံသြားရတာကို စိတ္ပ်က္လွၿပီမို႔ တပါးသူကိုလည္း သူ႔လိုမေသမခ်င္း ေပါင္းေနရတာမ်ိဳး မျဖစ္ေစခ်င္လို႔ပါတဲ့။ သူတို႔စုံတြဲၾကည့္ေတာ့ စကားမ်ားရန္ျဖစ္တာမ်ိဳးမရွိတဲ့ ေအးေဆးတဲ့ဘိုးဘြားစုံတြဲပါ။ ဒါေပမယ့္ ေမတၱာတရားေတြ ဆက္လက္မရွင္သန္ေနရင္ မေသမခ်င္း ေပါင္းဖက္ေနရတာကို ဝဋ္တစ္မ်ိဳးလို႔ မွတ္ယူလိုက္ၾကတာမ်ိဳးေလ။

တခ်ိဳ႕ေတြက်ေတာ့ ခ်စ္လို႔ ေပါင္းသင္းၿပီးကာမွ မအိုခင္ ၊ မနာခင္မွာတင္ စိတ္သေဘာခ်င္းမတိုက္ဆိုင္လို႔ ၊ ေရွ႕ဆက္ဖို႔ မျဖစ္နိုင္လို႔စတဲ့ ေခါင္းစဥ္ေတြေအာက္မွာ ကိုယ့္လမ္းကိုယ္ ဆက္ေလၽွာက္သြားတဲ့သူေတြလည္းရွိတယ္။ မူလပကတိအတိုင္း အပ်ိဳ ၊ လူပ်ိဳျပန္မျဖစ္ေသာ္ျငား သားသမီးေတြမရွိရင္ လူလြတ္တစ္ေယာက္လို ဘာမွမျဖစ္သလို ျပန္ေနေကာင္း ေနလို႔ရေပမယ့္ စိတ္ဒဏ္ရာရသြားသူေတြလည္းရွိတယ္။ သားသမီးေတြရွိရင္ သားသမီးေတြပါ စိတ္ဒဏ္ရာေတြ ရကုန္ၾကတယ္။

စိတ္ဒဏ္ရာေတြေပးၿပီး ခ်န္ရစ္သြားခဲ့တဲ့ အိမ္ေထာင္ဘက္ေၾကာင့္ စိတ္ဒဏ္ရာေတြ တေပြ႕တပိုက္နဲ႔ ဘဝခရီးဆက္ေနၾကရတဲ့ ဇနီးေတြ ၊ ခင္ပြန္းေတြလည္း ရွိပါတယ္။ မိဘေတြေၾကာင့္ တဘဝစာ စိတ္ဒဏ္ရာေတြနဲ႔ ႀကီးျပင္းလာခဲ့ရတဲ့သူေတြလည္းရွိတယ္။ ဒီလူေတြလည္း က်န္ရစ္ခဲ့ရသူေတြ ဘယ္ျဖစ္ခ်င္ပါ့မလဲ။ မျဖစ္လို႔သာ က်န္ရစ္ခဲ့ရတာပါ။ ဘယ္သူမွေတာ့ တည္ေထာင္ၿပီးသားအိမ္ေထာင္ မၿပိဳပ်က္ခ်င္ၾကဘူး။ ဒါဆိုဘာေၾကာင့္ က်န္ရစ္ျဖစ္ၾကရသလဲ ေလ့လာၾကည့္ရေအာင္ေနာ္။

ကိုယ္ကသူ႔ကို ဂ႐ုစိုက္ဖို႔ မလိုပါဘူး သူ႔ဘာသာဂ႐ုစိုက္နိုင္တယ္လို႔ သေဘာထားခဲ့ေလသလား ။

ခ်စ္ခဲ့ ၊ ၾကင္နာခဲ့ဖူးတာပဲ။ ခ်စ္ၿပ ၊ ၾကင္နာေနျပဖို႔ မလိုပါလို႔ လေတြ ၊ ႏွစ္ေတြ ၾကာရွည္ ေနမိခဲ့ေလသလား။

သူ႔ထက္ ပိုစြဲေဆာင္နိုင္တဲ့သူ ကိုယ့္မွာရွိေနၿပီမို႔ သူ႔အေပၚ စိတ္ဝင္စားမႈေတြ ေလ်ာ့က်လာၿပီလား။

အိမ္ေထာင့္တာဝန္ေက်ရင္ ၊ မိဘတာဝန္ေက်ရင္ ဒီအိမ္ေထာင္ျမဲၿမံသင့္တယ္လို႔ မွတ္ယူၿပီး မျပင္မဆင္ သူ႔အေပၚ ေပါ့ေလ်ာ့ေနမိခဲ့ေလသလား။

သူ႔ခံစားခ်က္ေတြ နားလည္ေအာင္ ၾကည့္ေပးဖို႔ထက္ ကိုယ့္ခံစားခ်က္ခ်ည္း ေရွ႕တန္းတင္ေနမိေလသလား။

ျဖစ္သင့္တာကို ႏွစ္ဦးသေဘာတူ ညႇိႏွိုင္းယူဖို႔ထက္ ကိုယ္ျဖစ္ခ်င္တာကိုခ်ည္း လုပ္ယူေနမိပါသလား။

ကိုယ္ေတြႏွစ္ဦးအၾကားမွာ တပါးသူေတြ ၊ တျခားအျခင္းအရာေတြေၾကာင့္ ႏွစ္ဦးအၾကားေသြးကြဲၿပီး စိတ္ေတြနာက်င္ေနၾကရပါသလား။

သူဟာ ကိုယ့္ကိုနားမလည္ဘူးဆိုတဲ့ စိတ္ခံစားခ်က္ေတြနဲ႔ သူ႔ေၾကာင့္ ကိုယ့္စိတ္ေတြ ၊ ခံစားခ်က္ေတြ နာက်င္ေနရပါသလား။

ႏွစ္ဦးဆုံရင္ ၾကည္ႏူးရတဲ့အခ်ိန္ေတြ မရွိသေလာက္ ရွားပါးလာၿပီး ဂ်င္းစိမ္းနဲ႔မိတ္သလင္ သူၾကင္မွ ကိုယ္ၾကင္လို႔ ခံယူထားပါသလား။

မခံခ်င္စိတ္ေတြနဲ႔ အျငႇိုးေတြ ၊ အမုန္းေတြ ကိုယ္ေတြႏွစ္ဦးၾကား ဝင္လာခဲ့ၿပီလား။

ဒီလိုေတြ ခံစားေနၾကရၿပီဆိုရင္ျဖင့္ တဘက္လူက ကိုယ့္ကို ခ်န္ရစ္သြားနိုင္သလို ကိုယ္ကလည္း သူ႔ကို ခ်န္ထားရစ္ခ်င္ေနၿပီေလ။ ေသခ်ာတာကေတာ့ ကိုယ္ေတြႏွစ္ဦးဆက္ဆံေရးဟာ သာယာနာေပ်ာ္ဖြယ္အခ်ိန္ေတြ ရွားပါးလာတာပါပဲ။ အခ်ိန္ကိုက္ဗုံးတစ္ခုလို ဘယ္အခ်ိန္ထေပါက္ကြဲမလဲသာမသိတာ …. တခ်ိန္ခ်ိန္ ထေပါက္ကြဲၿပီး ကိုယ္ေတြႏွစ္ဦးဆက္ဆံေရး ၿပိဳကြဲသြားနိုင္တာ သူလည္းသိ … ကိုယ္လည္း သိေနၿပီဆို ကိုယ္ကက်န္ရစ္ခဲ့သူ မျဖစ္လိုပါေပါ့။

ရတု (Burmesehearts.com)




Unicode


ကျန်ရစ်ခဲ့သူမဖြစ်လိုပါ





ချစ်တဲ့သူတိုင်းဟာ ပျော်ရွှင်စွာပေါင်းစပ်ခြင်းဆိုတဲ့ “Happy Ending” နဲ့ပဲ အဆုံးသတ်ချင်ကြတာပါ။ ချစ်တဲ့သူတိုင်းဟာ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းစပ်လိုကြပါတယ်။ ဒါဟာ သူတို့ရဲ့ အိမ်မက်လှလှလေးတခုပါ။ စိတ်ကူးထဲမှာ ချစ်တဲ့သူနဲ့ ဘဝကိုဘယ်လိုတည်ထောင်ပြီး ချစ်စရာကောင်းတဲ့ ကိုယ်တွေမျိုးဆက်လေးတွေနဲ့ ဘဝကို ဘယ်လိုဖြတ်သန်းသွားကြမယ်လို့ စိတ်ကူးလှလှလေး ယဉ်ထားကြတာ။ ဘယ်သူမှ ချစ်တဲ့သူနဲ့ မကွဲချင်သလို ကျန်ရစ်ခဲ့ရသူလည်း မဖြစ်လိုကြပါ။

ပေါ့ပေါ့တန်တန် ချစ်ကြတဲ့ ချစ်သူနှစ်ဦးကြားမှာ အနာဂါတ်တွေ ၊ ရည်ရွယ်ထားတာမျိုးတွေ မရှိကြတဲ့အတွက် သူဘာလုပ်လုပ် ၊ ကိုယ်ဘာလုပ်လုပ် ဘာမှ သိပ်အရေးမပါသလိုပဲ အရမ်းကြီးမခံစားကြဘူး။ အပျော်ပေါ့ပေါ့လေး တွဲနေတာလို့ ကိုယ့်ကိုယ်ကို သိနေတဲ့အတွက်ကြောင့်လည်း သူနဲ့တွေ့ချိန်တိုင်း ပျော်ပျော်လေး ၊ ပေါ့ပေါ့လေး ဖြတ်သန်းချင်ကြတယ်။ တွဲနေတဲ့အချိန် ပျော်စရာတွေကိုပဲ နှစ်ဦးအတူ ရွေးလုပ်ကိုင်ပြီး ပျော်စရာတွေရှာကြမယ်လို့ပဲ တွေးကြတယ်။ ရည်ရွယ်ချက်ကိုက ပျော်ရုံတွဲတာကိုး။

ပျော်ရုံတွဲတာမျိုးမဟုတ်တဲ့ စုံတွဲတွေမှာတော့ လေးနက်တဲ့ခံစားချက်တွေ ၊ တွယ်တာမှုတွေ ၊ ချစ်ခင်မှုတွေ တဘက်လူအပေါ် ပျော်ဝင်နေပါတယ်။ ဒါဟာဘာဖြစ်လို့လဲဆိုရင် ရေရှည်လက်တွဲသွားမယ်လို့ ရည်ရွယ်ထားလို့ပါ။ ရေရှည် ရည်ရွယ်ထားတဲ့အတွက်ကြောင့် ခဏတွေ့ရုံလေး သူတို့မစဉ်းစားတော့ဘူး။ ဒီလူနဲ့လက်တွဲရင် ရေရှည်မြဲအောင် ကိုယ်မကြိုက်တဲ့အချက်တွေထဲက သူ ဘာတွေ ပြင်သင့်သလဲ ၊ ကိုယ်ဘာတွေ ပြင်ရမလဲဆိုတာကို နှစ်ယောက်ညှိယူကြရပြီ။ တစိမ်းတွေကနေ ချစ်သူဖြစ်လာကြတဲ့ ဆက်ဆံရေးမို့ မတူတဲ့မိသားစုက ပေါက်ဖွားလာတဲ့ မတူညီတဲ့ ခံယူချက်တွေ ၊ စိတ်နေစိတ်ထားတွေ ၊ သဘာဝဓလေ့တွေဆိုတာကို နှစ်ဦးမြဲဖို့ ညှိယူကြရပါတယ်။

ဒီလိုညှိယူနေဆဲကာလမှာ နှစ်ယောက် ခဏ  ခဏ ငြိကြ ၊ စိတ်ဆိုးကြ ၊ စိတ်ကောက်ကြ ၊ ပြန်ချော့ကြနဲ့ တခါတခါ ပျော်စရာကောင်းသလိုလိုနဲ့ တခါတခါ စိတ်ညစ်စရာ ၊ စိတ်တိုစရာ ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ၊ လွမ်းဆွေးစရာလည်း ကောင်းပါတယ်။ ဒီလို ခဏ ခဏ ညှိရင်းငြိနေကြတဲ့ အချိန်တွေမှာ ခွင့်လွှတ်တတ်သူနဲ့ လိုက်လျောတတ်သူ ကာရံညီသွားတဲ့အခါ တစ်ယောက်မကြိုက်တာ တစ်ယောက်မလုပ်မိကြဖို့ ရေရှည်ဆက်ဆံရေးကို မျှော်တွေးပြီး အချစ်တွေနဲ့ လက်တွဲမြဲမြံသွားကြတယ်။ ဒါဟာ တစ်ဦးအပေါ် တစ်ဦးက တကယ်နှစ်နှစ်ကာကာ ချစ်မိကြတဲ့အတွက် သူမကြိုက်တာ ကိုယ်မလုပ်မိအောင် ဆင်ခြင်ရင်း ၊ ရှောင်ကြဉ်ရင်းက လက်တွဲမြဲလာကြတာပါ။

လက်တွဲမြဲအောင် ညှိယူကြတဲ့နေရာမှာ မာန်ကလေးတွေ ၊ မာနကလေးတွေ ၊ တကိုယ်ကောင်းဆန်မှုတွေ ၊ အတ္တတွေဆိုတာကို ကိုယ်စီ လျှော့ချသွားကြဖို့ လိုပါတယ်။ ကိုယ့်ပဲအမြဲလိုက်လျောရမယ်  သူ့တော့ လိုက်လျောစရာမလိုဘူးဆိုတာတွေ ၊ ကိုယ့်ဘက်ပဲ အမြဲကြည့်တတ်ပြီး သူ့ဘက်တွေးကြည့်ပေးဖို့ မေ့လျော့တတ်သူတွေ ၊ သူများအချိန်ပေးဖို့ တွန့်တိုပြီး အကျင့်ပါသွားလိမ့်မယ်ဆိုတဲ့ အတွေးတွေ ၊ နှစ်ဦးအကြားက မေတ္တာတရားခိုင်မာဖို့ထက် ကိုယ်စိတ်သန်ရာဘက် ဦးစားပေးနေသူတွေ ၊ သစ္စာမစောင့်သိတတ်သူတွေက ညှိယူနေတဲ့ကာလမှာတင် သူတင်း ၊ ကိုယ်တင်းနဲ့ ပြတ်သွားကြတာတွေလည်း ရှိပါတယ်။

မမြဲလို့ပြတ်မယ့်အတူတူ ငါကသူ့ကျောအောင် ဖြတ်မယ် ၊ မဖြတ်ခင် ငါစိတ်ဆင်းရဲသလို သူစိတ်ဆင်းရဲစေရမယ် ၊ သူဖောက်ပြန်သလို ငါလည်းတွဲပြမယ်စတဲ့ မခံချင်စိတ်တွေကို တလွဲရှေ့တန်းတင်လိုက်တဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်သွားတတ်ပါတယ်။ ဘယ်သူမှ ကျန်ရစ်ခဲ့ရသူတော့ မဖြစ်လိုဘူး။ မမြဲလို့ကွဲကြေးဆို ကိုယ်က ချန်ထားရစ်တဲ့သူပဲ ဖြစ်လိုတယ်။ သူချန်ရစ်လို့ ကိုယ်ကျန်ရစ်ခဲ့ရတာထက် ကိုယ်ချန်ရစ်လို့ သူကျန်ရစ်ဖြစ်ရမှာကိုပဲ ပိုလိုလားတယ်။ အသည်းကွဲတာချင်းအတူတူ ကိုယ်ထားခဲ့လို့ ကွဲတဲ့အသဲက ပိုသာနေသလိုပဲ။ ဒါကြောင့် ကျန်ရစ်မဖြစ်ချင်ကြဘူးလို့ ကျွန်မဆိုလိုတာပါ။

သမီးရည်းစားဘဝမှာ လက်တွဲမြဲသွားလို့ ရှေ့တလှမ်းတိုးမယ်ဆို သူနဲ့တအိမ်ထောင် ထူထောင်မှာပေါ့။ သူနဲ့လက်ထပ်ပေါင်းသင်းလိုက်တယ်ဆိုတာ အချစ်ရဲ့ပန်းတိုင် ၊ ကိုယ်တွေချစ်သူနှစ်ဦးရဲ့ ချစ်ခရီးပန်းတိုင်လို့ ချစ်သူအများစုက ထင်ထားကြတယ်။ တကယ်တော့ မဟုတ်ဘူး။ လက်ထပ်ပေါင်းသင်းလိုက်တယ်ဆိုတာ အချစ်ခရီးအလယ် ဘဝခရီးအစပဲ။ လက်ထပ်ပေါင်းသင်းလိုက်ပါမှ တူနှစ်ကိုယ် ဘဝထဲကို လက်တွေ့ကျကျ တိုးဝင်လိုက်တာ။ အဲဒီမှ စတွေ့တာပဲလေ။ ချစ်လို့ ပေါင်းသင်းလိုက်တယ်ဆိုတဲ့အတွဲနဲ့ ကြိုပြင်ဆင်လေ့ကျင့်ထားခဲ့ကြတဲ့အတွဲ အဲဒီမှာ စတင်ပြီး ကွာခြားလာကြတယ်။

ချစ်လို့ပေါင်းသင်းလိုက်တယ်ဆိုတဲ့အတွဲက လက်ထပ်ပြီးရင် ဘာတွေ ရင်ဆိုုင်ရလာနိုင်တယ် ၊ အဲဒီအတွက် ဘာတွေပြင်ဆင်ထားကြရမယ်ဆိုတာကို ကြိုမတွေးခဲ့ကြဘူး။ သူတို့အတွက် လက်ထပ်ပေါင်းသင်းတယ်ဆိုတာ ချိုမြတဲ့သစ်သီးတစ်လုံးကို နှစ်ယောက်အတူ တချိန်တည်း စားသုံးလိုက်ကြတာ ၊ လေထဲ အချစ်အိမ်အတူဆောက်လိုက်ကြတာဖြစ်တယ်။ တကယ့်ဘဝအရသာဆိုတာ အချိုတခုတည်းမှ မဟုတ်တာ။ အချိုရှိသလို အချဉ်လည်းရှိ ၊ အဆိမ့်လည်းရှိ ၊ ဖန်တန်တန်အရသာလည်းရှိ ၊ ခါးသီးတဲ့နေ့တွေလည်း ရှိတယ်လေ။ အချိုချည်းပဲ ခံစားရမယ်လို့ မျှော်ကိုးလက်ထပ်ပေါင်းသင်းခဲ့တာမျိုးဆို ဖန်လာတဲ့နေ့တွေ ၊ ချဉ်လာတဲ့နေ့တွေ ၊ အီဆိမ့်နေတဲ့နေ့တွေနဲ့ ခါးသီးတဲ့နေ့တွေကို နှစ်ယောက်အတူ ဘယ်လိုဖြတ်သန်းကြမလဲ။ ဘယ်လိုလက်တွဲမြဲနေနိုင်ပါ့မလဲ။

အိမ်ထောင်သက်တလျောက် အချစ်မပျက် သာယာပျော်ရွှင်တဲ့အိမ်ထောင်တခုကို တည်ထောင်လိုတယ်ဆို ချိုမြိန်တဲ့နေ့ရက်တွေကို ဘယ်လို ထိန််းသိမ်းသွားမလဲ ၊ ဖန်လာတဲ့နေ့တွေကို ဘယ်လိုအတူပြင်ဆင်ကြမလဲ ၊ ချဉ်လာတဲ့နေ့တွေကို ဘယ်လိုမေ့ဖျောက်ပြီး ပြန်ချိုလာအောင် လုပ်ယူမလဲ ၊ အီဆိမ့်နေတဲ့နေ့တွေမှာ အပြုံးမပျက် ခံနိုင်ရည်ရှိအောင် ဘယ်လို အတူကျင့်ယူသွားကြမလဲ ၊ ခါးသီးတဲ့နေ့တွေမှာလည်း နှစ်ယောက်လက်တွဲမပျက် ဘယ်လိုရင်ဆိုင်ကျော်လွှားသွားကြမလဲဆိုတာကို ကြိုတင်တွေးခေါ်လို့ အိမ်ထောင်တခုမထူထောင်မီကတည်းက လေ့ကျင့်ထားခဲ့ဖို့ လိုပါတယ်။ ကိုယ်တွေအမြင်မှာ နှစ်ဦးပေါင်းဖက်လိုက်တယ်ဆိုပေမယ့် တကယ်က နှစ်မိသားစုပေါင်းဖက်လိုက်တာ ၊ နှစ်ဘက်အသိုင်းအဝန်းပေါင်းဖက်လိုက်တာပါ။ မတူတဲ့ကွဲပြားမှုအသီးသီးတွေကို ဘယ်လို ချိန်ခွင်လျှာထိုး ညှိယူသွားကြမလဲဆိုတာ မယူခင်ကတည်းက ညှိထားခဲ့နိုင်ရင်အကောင်းဆုံးပါ။

အိမ်ထောင်ကျပြီးရင် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတင်တွေးခေါ်မျှော်မြင်ပြီး လေ့ကျင့်ယူလာခဲ့တဲ့ စုံတွဲတွေဟာ ယူပြီးလို့ သားတွေ ၊ သမီးတွေရလာတဲ့အချိန် အလှကိုယ်စီ ပျက်ပြယ်လို့ အိမ်ထောင်သက်တွေကြာလာတဲ့အချိန် အချစ်ဆိုတဲ့နေရာမှာ မေတ္တာတွေ ၊ သံယောဇဉ်တွေ ၊ စောင့်ထိန်းရမယ့် သစ္စာတွေ အစားထိုးနေရာယူပြီး အသိတရားနဲ့ ဒီအိမ်ထောင် ပျော်ရွှင်မြဲမြံအောင် ၊ ဒီသားသမီးတွေနဲ့ ဒီမိသားစု မတောင့်မတ ၊ မကြောင့်မကျ နေနိုင်အောင် ဘယ်နေရာမှာ ဘာတွေဖြည့်ဆည်းလို့ ထိန်းသိမ်းပဲ့ပြင်သွားမလဲဆိုတာ တကယ့်ကို အနုစိတ်ပြီး ရသမြောက်တဲ့ ဘဝအစိတ်အပိုင်းကို တွေ့ရမှာပါ။ ဒီခရီးကရှည်ပြီး မေတ္တာတရားနဲ့ တာဝန်ဝတ္တရားတွေ နက်နဲတယ်လေ။ သမီးရည်းစားတုန်းက ပြောခဲ့ဖူးတဲ့ ရိုးမြေကျ ပေါင်းဖက်သွားမယ်ဆိုတာ ဒါကိုပြောတာ။

တကယ်က ရိုးမြေကျ ပေါင်းဖက်သွားဖို့ဆိုတာ ဝေးသေးတယ်။ အိုတဲ့အထိ ၊ နာတဲ့အထိ မေတ္တာမပျက် ပေါင်းဖက်ချစ်သွားဖို့ဆိုတာ တော်ရုံချစ်ခင်ကြင်နာရုံနဲ့တော့ မရဘူး။ အရမ်းချစ်လို့ ပေါင်းသင်းခဲ့ကြပြီး သားသမီးတွေ ၊ မြေးတွေရနေတဲ့ မတောင့်မတအခြေအနေရှိ အဘိုးအဘွားတွေကို တွေ့ဖူးပါတယ်။ သူတို့တွေထဲက အများစုက သားသမီးမျက်နှာ ၊ အသိုင်းအဝန်းမျက်နှာတွေကြောင့် ဇနီးမောင်နှံဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆက်လျှောက်နေကြတဲ့သူတွေ များပါတယ်။

ဒီလိုကာလကြာရှည် ပေါင်းသင်းနေတဲ့စုံတွဲတွေထဲက အချို့က တစ်ဦးနဲ့တစ်ဦး မျက်ကြောမတည့်တဲ့ ဘိုးဘွားစုံတွဲတွေလည်းရှိပါတယ်။ ဒီထဲကမှ ရယ်စရာ နဲ့ အံ့သြစရာ စကားပြောခဲ့တဲ့ အဘွားအိုတစ်ယောက်ကို ကျွန်မကြုံဖူးတယ်။ သူမခင်ပွန်းနဲ့အတူ ကန်တော့ခံရင်း ကျွန်မကို ဒီလင် ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေဆိုတဲ့ဆု သူမပေးချင်ပါဘူးတဲ့။ သူတောင် ခုအရွယ်အထိ ပေါင်းသင်းဆက်ဆံသွားရတာကို စိတ်ပျက်လှပြီမို့ တပါးသူကိုလည်း သူ့လိုမသေမချင်း ပေါင်းနေရတာမျိုး မဖြစ်စေချင်လို့ပါတဲ့။ သူတို့စုံတွဲကြည့်တော့ စကားများရန်ဖြစ်တာမျိုးမရှိတဲ့ အေးဆေးတဲ့ဘိုးဘွားစုံတွဲပါ။ ဒါပေမယ့် မေတ္တာတရားတွေ ဆက်လက်မရှင်သန်နေရင် မသေမချင်း ပေါင်းဖက်နေရတာကို ဝဋ်တစ်မျိုးလို့ မှတ်ယူလိုက်ကြတာမျိုးလေ။

တချို့တွေကျတော့ ချစ်လို့ ပေါင်းသင်းပြီးကာမှ မအိုခင် ၊ မနာခင်မှာတင် စိတ်သဘောချင်းမတိုက်ဆိုင်လို့ ၊ ရှေ့ဆက်ဖို့ မဖြစ်နိုင်လို့စတဲ့ ခေါင်းစဉ်တွေအောက်မှာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားတဲ့သူတွေလည်းရှိတယ်။ မူလပကတိအတိုင်း အပျို ၊ လူပျိုပြန်မဖြစ်သော်ငြား သားသမီးတွေမရှိရင် လူလွတ်တစ်ယောက်လို ဘာမှမဖြစ်သလို ပြန်နေကောင်း နေလို့ရပေမယ့် စိတ်ဒဏ်ရာရသွားသူတွေလည်းရှိတယ်။ သားသမီးတွေရှိရင် သားသမီးတွေပါ စိတ်ဒဏ်ရာတွေ ရကုန်ကြတယ်။

စိတ်ဒဏ်ရာတွေပေးပြီး ချန်ရစ်သွားခဲ့တဲ့ အိမ်ထောင်ဘက်ကြောင့် စိတ်ဒဏ်ရာတွေ တပွေ့တပိုက်နဲ့ ဘဝခရီးဆက်နေကြရတဲ့ ဇနီးတွေ ၊ ခင်ပွန်းတွေလည်း ရှိပါတယ်။ မိဘတွေကြောင့် တဘဝစာ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့သူတွေလည်းရှိတယ်။ ဒီလူတွေလည်း ကျန်ရစ်ခဲ့ရသူတွေ ဘယ်ဖြစ်ချင်ပါ့မလဲ။ မဖြစ်လို့သာ ကျန်ရစ်ခဲ့ရတာပါ။ ဘယ်သူမှတော့ တည်ထောင်ပြီးသားအိမ်ထောင် မပြိုပျက်ချင်ကြဘူး။ ဒါဆိုဘာကြောင့် ကျန်ရစ်ဖြစ်ကြရသလဲ လေ့လာကြည့်ရအောင်နော်။

ကိုယ်ကသူ့ကို ဂရုစိုက်ဖို့ မလိုပါဘူး သူ့ဘာသာဂရုစိုက်နိုင်တယ်လို့ သဘောထားခဲ့လေသလား ။

ချစ်ခဲ့ ၊ ကြင်နာခဲ့ဖူးတာပဲ။ ချစ်ပြ ၊ ကြင်နာနေပြဖို့ မလိုပါလို့ လတွေ ၊ နှစ်တွေ ကြာရှည် နေမိခဲ့လေသလား။

သူ့ထက် ပိုစွဲဆောင်နိုင်တဲ့သူ ကိုယ့်မှာရှိနေပြီမို့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့ကျလာပြီလား။

အိမ်ထောင့်တာဝန်ကျေရင် ၊ မိဘတာဝန်ကျေရင် ဒီအိမ်ထောင်မြဲမြံသင့်တယ်လို့ မှတ်ယူပြီး မပြင်မဆင် သူ့အပေါ် ပေါ့လျော့နေမိခဲ့လေသလား။

သူ့ခံစားချက်တွေ နားလည်အောင် ကြည့်ပေးဖို့ထက် ကိုယ့်ခံစားချက်ချည်း ရှေ့တန်းတင်နေမိလေသလား။

ဖြစ်သင့်တာကို နှစ်ဦးသဘောတူ ညှိနှိုင်းယူဖို့ထက် ကိုယ်ဖြစ်ချင်တာကိုချည်း လုပ်ယူနေမိပါသလား။

ကိုယ်တွေနှစ်ဦးအကြားမှာ တပါးသူတွေ ၊ တခြားအခြင်းအရာတွေကြောင့် နှစ်ဦးအကြားသွေးကွဲပြီး စိတ်တွေနာကျင်နေကြရပါသလား။

သူဟာ ကိုယ့်ကိုနားမလည်ဘူးဆိုတဲ့ စိတ်ခံစားချက်တွေနဲ့ သူ့ကြောင့် ကိုယ့်စိတ်တွေ ၊ ခံစားချက်တွေ နာကျင်နေရပါသလား။

နှစ်ဦးဆုံရင် ကြည်နူးရတဲ့အချိန်တွေ မရှိသလောက် ရှားပါးလာပြီး ဂျင်းစိမ်းနဲ့မိတ်သလင် သူကြင်မှ ကိုယ်ကြင်လို့ ခံယူထားပါသလား။

မခံချင်စိတ်တွေနဲ့ အငြှိုးတွေ ၊ အမုန်းတွေ ကိုယ်တွေနှစ်ဦးကြား ဝင်လာခဲ့ပြီလား။

ဒီလိုတွေ ခံစားနေကြရပြီဆိုရင်ဖြင့် တဘက်လူက ကိုယ့်ကို ချန်ရစ်သွားနိုင်သလို ကိုယ်ကလည်း သူ့ကို ချန်ထားရစ်ချင်နေပြီလေ။ သေချာတာကတော့ ကိုယ်တွေနှစ်ဦးဆက်ဆံရေးဟာ သာယာနာပျော်ဖွယ်အချိန်တွေ ရှားပါးလာတာပါပဲ။ အချိန်ကိုက်ဗုံးတစ်ခုလို ဘယ်အချိန်ထပေါက်ကွဲမလဲသာမသိတာ …. တချိန်ချိန် ထပေါက်ကွဲပြီး ကိုယ်တွေနှစ်ဦးဆက်ဆံရေး ပြိုကွဲသွားနိုင်တာ သူလည်းသိ … ကိုယ်လည်း သိနေပြီဆို ကိုယ်ကကျန်ရစ်ခဲ့သူ မဖြစ်လိုပါပေါ့။

ရတု (Burmesehearts.com)