သမီးကညာအခါမလင့္ေစနဲ႔ စကားဟာ မိန္းကေလးေတြ အရြယ္မလြန္ခင္ အိမ္ေထာင္ရက္သားျပဳဖို႔ မိဘေတြကို တိုက္တြန္းထားတာပါ။ ကၽြန္မသေဘာကေတာ့ အိမ္ေထာင္ျပဳဖို႔ ရည္ရြယ္ခ်က္ရွိထားတဲ့ မိန္းကေလးဟာ ကိုယ့္ဘဝအေဖာ္မြန္ကို မ်က္စိဖြင့္ နားစြင့္ၿပီး ႏွလုံးကားေကာ ၊ ဦးေႏွာက္ပါသုံးလို႔ ေရြးခ်ယ္ေစခ်င္ပါတယ္။ ဘာျဖစ္လို႔ ႏွလုံးသားေကာ ၊ ဦးေႏွာက္ပါ သုံးခိုင္းသလဲဆို တဖက္ကန္းေနမွာစိုးလို႔ျဖစ္ပါတယ္။
ပိုရွင္းေအာင္ေျပာရရင္ ႏွလုံးသားခံစားခ်က္ကိုခ်ည္းနားေထာင္ရင္ ဦးေႏွာက္က သတိေပးေနနိုင္တာေတြကို လ်စ္လ်ဴရႈေရွ႕ဆက္လို႔ အိမ္ေထာင္ရက္သားက်ၿပီးမွ ေျခလွမ္းေတြလြန္လို႔ အပ်ိဳလည္းျပန္မျဖစ္နိုင္ ၊ တည္ၿပီးသားအိမ္ေထာင္ေရးမွာလည္း မေပ်ာ္ေမြ႕ ၊ ခင္ပြန္းတာဝန္ ကေလးတာဝန္ အိမ္ေဝယ်ာဝစၥ စီးပြားေရးကိစၥေတြနဲ႔ ျဖစ္သင့္ေသာ ဘဝေပ်ာ္ရႊင္မႈဆိုတာေတြကို မခံစားလိုက္ရဘဲ လုံးပါး ပါးသြားနိုင္လို႔ျဖစ္ပါတယ္။
ဦးေႏွာက္ခ်ည္းပဲတြက္ခ်က္သုံးလို႔ အိမ္ေထာင္ျပဳျပန္ေတာ့ ေမတၱာတရားရဲ့ အႏွစ္သာရဆိုတာကို ကိုယ္တိုင္က ဘယ္လိုဂ႐ုတစိုက္ေပးရမွန္းမသိ ၊ ဦးေႏွာက္နဲ႔ တြက္ခ်က္ယူခဲ့တဲ့ကိုယ့္ကို ကိုယ့္အိမ္ေထာင္ဘက္က စိတ္ကုန္လာတဲ့တေန႔မွာ ေငြပုံေပၚထိုင္ၿပီး စိတ္ဆင္းရဲရတဲ့ ဘဝမ်ိဳးလည္း ၾကဳံနိုင္ပါတယ္။ ဒါေၾကာင့္ ႏွလုံးသားေကာ ၊ ဦးေႏွာက္ပါ ဟန္ခ်က္ညီညီ ခံစားေတြးေခၚပါမွ ေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးဆိုတာကို ခံစားေကာင္း ခံစားနိုင္မွာျဖစ္ပါတယ္။ အနာဂါတ္ဆိုတာ မေရရာလွတာမို႔ ႏွလုံးသားေကာ ၊ ဦးေႏွာက္ပါသုံးရင္ ေပ်ာ္ရႊင္သာယာတဲ့အိမ္ေထာင္ေရး လုံးဝရရွိေစမယ္လို႔ေတာ့ ဘယ္သူမွ အာမ မခံနိုင္ၾကပါဘူး။ လူဆိုတာ ေျပာင္းလဲတတ္တဲ့သဘာဝရွိတာကိုး။ သူလည္းေျပာင္းလဲနိုင္တယ္။ ကိုယ္လည္း ေျပာင္းလဲလာနိုင္တယ္ေလ။
ကိုယ္တိုင္က အိမ္ေထာင္သားေမြးျပဳတာကို စိတ္မဝင္စားလို႔ပဲျဖစ္ျဖစ္ ၊ အေၾကာင္းေၾကာင္းေၾကာင့္ ကြဲကြာသြားခဲ့သူကို ေမ့မရလို႔ ၊ သူ႔ေနရာအစားထိုးမရလို႔ပဲျဖစ္ျဖစ္ တသက္တာ လုံးဝ တကိုယ္ရည္ေနၿပီး အရိုးထုတ္ေတာ့မယ္လို႔ ဆုံးျဖတ္ထားရင္ေတာ့ တမ်ိဳးေပါ့။ ဒီလိုမဟုတ္ဘဲ ငယ္ငယ္ကေတာ့ ဟိုလူ႔ေရြးရေကာင္းနိုး ၊ ဒီလူ႔ေရြးရေကာင္းနိုး ၊ အိမ္ေထာင္ျပဳခ်င္သလိုလို မျပဳခ်င္သလိုလို ၊ စိတ္ပဲမဝင္စားသလိုလိုနဲ႔ ဆုံးျဖတ္ခ်က္မျပတ္သားလွဘဲ အရြယ္လြန္ကာနီးမွ အနားရွိရာနဲ႔ၿငိၿပီး မျဖစ္သင့္တာေတြ ျဖစ္သြားတတ္တဲ့ အပ်ိဳႀကီး ၊ လူပ်ိဳႀကီးေတြအေၾကာင္းလည္း ၾကားဖူး ၊ ျမင္ဖူးတာမို႔ ဒီလိုေတာ့လည္း မျဖစ္ေစခ်င္ပါဘူး။ တေလ်ာက္လုံးထိန္းထားခဲ့တဲ့ ဂုဏ္သိကၡာ ဒီအရြယ္ႀကီးက်မွ ဒီတခုအတြက္ က်သြားရတယ္ဆိုတာမ်ိဳးက မျဖစ္သင့္ဘူးေလ။
တကယ္ဆို တစ္ေယာက္တည္းေနသြားတာက အမ်ားအျမင္မွာ အေဖာ္မစုံ အထီးက်န္သလိုလိုရွိေပမယ့္ လင္ပူ ၊ သားပူ ျဖစ္ေနတဲ့ အိမ္ေထာင္သည္ေတြထက္ေတာ့ အမ်ားႀကီးသာတယ္ေလ။ အိမ္ေထာင္သည္တိုင္းဟာ အိမ္ေထာင့္သုခနဲ႔ မိသားစုေပ်ာ္ရႊင္မႈဆိုတာကို ခံစားရတာမဟုတ္ဘဲ အေဖာ္မြန္ေကာင္းနဲ႔ ေပါင္းဖက္မိတဲ့ အိမ္ေထာင္သည္ေတြသာ အိမ္ေထာင့္သုခနဲ႔ မိသားစုေပ်ာ္ရႊင္မႈဆိုတာကို ခံစားရတာျဖစ္ပါတယ္။
ကၽြန္မကို တခါတရံ တကိုယ္တည္းအားငယ္မိတယ္လို႔ ရင္ဖြင့္ဖူးတဲ့ သူငယ္ခ်င္းမတစ္ေယာက္ကို လင္ပူ ၊ သားပူမိေနတဲ့ သူေတြရဲ့အျဖစ္ေတြကို ေျပာျပတာမ်ိဳး ၊ ေပးဖတ္တာမ်ိဳးလုပ္လိုက္ေတာ့ သူ႔ဘဝ ဘယ္ေလာက္ၿငိမ္းခ်မ္းေနတယ္ဆိုတာကို သူ႔ဘာသာ ခံစားမိေတာ့တယ္။ အိမ္ေထာင္ဆိုတာ ေကာင္းမြန္တဲ့အိမ္ေထာင္ဘက္နဲ႔ဆို ေတာ္ေသးရဲ့့ ၊ မေကာင္းတဲ့အိမ္ေထာင္ဘက္ကို မႏွစ္ၿမိဳ႕ဘဲေပါင္းေနရတာထက္စာရင္ အပ်ိဳ ၊ လူပ်ိဳဂုဏ္ေလးက ကိုယ့္အတြက္ ပိုတင့္တယ္ ၊ ေအးခ်မ္းလွပါတယ္။
တခ်ိဳ႕က်ေတာ့ သစၥာတရားကို ခုတုံးလုပ္သူေတြနဲ႔ တြဲေနမိလို႔ မကုန္သင့္ဘဲ အခ်ိန္ေတြကုန္သြားခဲ့ရတာ ၊ ဒီတစ္ေယာက္ကိုပဲ အခ်ိန္ျပည့္အာ႐ုံစိုက္ေနရေတာ့ ကိုယ့္အေပၚ ဒီ့ထက္ပိုေကာင္းနိုင္တဲ့သူ (ပိုခ်စ္နိုင္တဲ့သူ) ကိုယ့္အနားရွိေနသည့္တိုင္ သတိမထားမိတာ ၊ တန္ဖိုးမထားမိတာေတြေၾကာင့္ တြဲေနတဲ့သူနဲ႔လြဲခ်ိန္မွာ အလြမ္းေတြ ၊ အေဆြးေတြ ၊ စိတ္ဒဏ္ရာေတြကို ျပန္ကုစားရင္း အခ်ိန္လြန္သြားတာေတြလည္း ေတြ႕ဖူးတယ္။
အမ်ိဳးသမီးေတြဆိုတာ ပင္ကိုယ္စိတ္ရင္းက သနားတတ္ၿပီး ႏူးညံ့တဲ့စိတ္သေဘာထားရွိသူေတြမ်ားတာမို႔ ကိုယ့္အေပၚနည္းနည္းေကာင္းရင္ အားနာတာနဲ႔ ၊ သနားတာနဲ႔ ၊ ကိုယ္ခ်င္းစာတာေတြနဲ႔ တကယ္ပဲ ကိုယ့္အေပၚ တကယ္ခ်စ္သူ ၊ အနစ္နာခံတဲ့သူဆိုရင္ သံေယာဇဥ္ေလးရစ္တြယ္မိတာနဲ႔ ခ်စ္တယ္ရယ္လို႔ ျဖစ္သြားတတ္တယ္။ ဒီလိုသေဘာမ်ိဳးရွိတာမို႔ တကယ္ပဲ အိမ္ေထာင္ဘက္ေကာင္းနဲ႔ စုံဖက္ခ်င္တဲ့ အမ်ိဳးသမီးေတြဟာ ကိုယ့္အေပၚ တသက္တာ ေကာင္းတဲ့သူကို ဦးစားေပးရွာရမွာျဖစ္ပါတယ္။
ေျပာေတာ့လြယ္လြယ္ေလး ၊ တကယ္ေကာင္းတဲ့သူက ဂ်ိဳေပါက္ေနတာမ်ိဳးမဟုတ္တာမို႔ တသက္တာေကာင္းသြားနိုင္တဲ့သူဆိုတာကို ဘယ္လိုေရြးခ်ယ္မလဲေနာ္။ ကၽြန္မကိုယ္တိုင္ ႏွလုံးသားခံစားခ်က္ကို ေရွ႕တန္းတင္ၿပီး ကိုယ္ေတြႏွစ္ဦးရဲ့ အခ်စ္ကိုယုံၾကည္လို႔ သစၥာတရားကိုအားကိုးၿပီး တဦးတေယာက္အတြက္ ဆယ္စုႏွစ္တခုနီးပါးေလာက္ အခ်ိန္ေတြကုန္ခဲ့ဖူးတယ္။ အခုလိုအခ်ိန္မွာ ဒီအခ်ိန္ေတြ ျပန္ယူခြင့္ရရင္ ဒီအျဖစ္အပ်က္ႀကီး ေျပာင္းလဲလိုက္ခ်င္သလားဆို ဒီအတိုင္းပဲထားလိုက္ပါလို႔ ကၽြန္မဆိုမွာပါ။ ထားပါေတာ့။
ဒီတစ္ေယာက္နဲ႔ အမ်ိဳးသားေတြရဲ့အခ်စ္ကို အေတာ္ စိတ္ကုန္သြားခဲ့တဲ့ကၽြန္မ တေယာက္တည္းအရိုးထုတ္ရေကာင္းနိုး ၊ သူနဲ႔လြဲသြားလို႔ ဘယ္သူ႔မွကိုယ့္ယူတဲ့သူမရွိေတာ့ဘူးလို႔လည္း သူအပါအဝင္ သူမ်ားေတြထင္မွာစိုး ၊ သူ႔ထက္ ကိုယ့္အေပၚ ပိုၾကင္နာတဲ့သူေတြရွိေနေသးတယ္ဆိုတာလည္း သက္ေသျပခ်င္ ဒီလိုအေတြးေတြ ၊ ဒီလိုစိတ္ေတြနဲ႔ ကိုယ့္ကို တသက္တာ ခ်စ္ျမတ္နိုးနားလည္လို႔ သည္းခံၿပီး သစၥာရွိရွိေပါင္းသြားမယ့္ အေဖာ္ေကာင္းဆိုတာကို စမ္းသပ္ရွာေဖြခဲ့ပါေတာ့တယ္။
အေဖာ္ေကာင္းလို႔ ဘယ္လို စမ္းသပ္ရွာေဖြသလဲ သိခ်င္ၾကမွာပဲေနာ္။ ကၽြန္မရဲ့ခံယူခ်က္က ရွင္းပါတယ္။ ကိုယ္အခုလို ငယ္တုန္း ၊ လွတုန္း ၊ ဆြဲေဆာင္မႈရွိတုန္း ၊ တက္ေနတဲ့အရြယ္ ၊ သူနဲ႔မယူရေသးတဲ့ အပ်ိဳဘဝမွာေတာင္ ကိုယ့္အေပၚကို စိတ္မရွည္ ၊ သည္းခံနိုင္စြမ္းမရွိတဲ့သူနဲ႔ လက္ဆက္ေပါင္းသင္းမိရင္ ကိုယ္အိုလာတဲ့အခါ ၊ ႐ုပ္ရည္က ဆြဲေဆာင္မႈမရွိေတာ့ဘဲ အလွအပေတြ ယိုယြင္းလာတဲ့အခါ ၊ သူနဲ႔ ဆယ္စုႏွစ္ေတြ ျဖတ္သန္းၿပီးတဲ့အခါမွာ သူဟာ ကိုယ့္အေပၚကို အရင္လို နားလည္စြာ စိတ္ရွည္ သည္းခံနိုင္ပါေတာ့မလား။ေသခ်ာတာကေတာ့ ဆယ္စုႏွစ္မေျပာနဲ႔ ငါးႏွစ္ေလာက္အတြင္း သူမေျပာင္းလဲရင္ ကိုယ္ေတာ္ေတာ္ ကံေကာင္းလို႔ပဲေလ။ ဒီေတာ့ ကိုယ္ေရြးခ်ယ္မယ့္သူရဲ့ ကိုယ့္အေပၚကို နားလည္နိုင္စြမ္း ၊ ယုံၾကည္နိုင္စြမ္း ၊ သည္းခံနိုင္စြမ္း ၊ သစၥာရွိနိုင္စြမ္းဆိုတာ ေရရွည္လက္တြဲဖို႔ စဥ္းစားတဲ့သူတိုင္းကို စတင္ေလ့လာစမ္းသပ္ေတာ့တာပဲ။
အစမ္းသပ္ခံခဲ့ရတဲ့ အမ်ိဳးသားေတြအတြက္ေတာ့ မသက္သာလွဘူးေပါ့။ မတတ္နိုင္ဘူးေလ။ ကိုယ္နဲ႔ တသက္တာေပါင္းဖက္ခ်င္တယ္ဆို ဒီေလာက္ေတာ့ သည္းခံစိတ္ရွည္ရမယ္ထင္တာပဲ။ ဒါမွလည္း ကိုယ့္တသက္တာ စိတ္ခ်ရမွာမဟုတ္လား။ ကၽြန္မကို စိတ္ဝင္စားေၾကာင္း ျပသလာတဲ့သူ ၊ ခ်စ္ေရးဆိုထားတဲ့သူ ၊ ခ်စ္သူရည္းစားအျဖစ္တြဲေနတဲ့သူဆို သူတို႔နဲ႔ ခ်ိန္းတဲ့အခ်ိန္ေတြကို ေနျပင္းခ်ိန္မွာ ၊ မိုးသည္းခ်ိန္မွာ ခ်ိန္းဆိုၿပီး တခါတေလသြား ၊ တခါတေလ မသြားတာမ်ိဳးလုပ္တယ္။ တခါတေလ ကိုယ္ကသြားေပမယ့္ တေနရာကေန သူ႔အေျခအေနကို သူမသိေအာင္ ေစာင့္ၾကည့္တာမ်ိဳးလည္းလုပ္တယ္။
ဒီလိုဆို သူ႔သည္းခံနိုင္ရည္ ပါးပါးေလးကို စမ္းသပ္နိုင္ၿပီး သူ႔စိတ္တိုင္းက်မျဖစ္တဲ့အခ်ိန္ေတြမွာ သူဟာ အရြဲ႕တိုက္တတ္သလား ၊ ေဒါသတႀကီးတုန႔္ျပန္တတ္သလား ၊ ေမာက္ေမာက္မာမာ ဆက္ဆံတတ္သလား ၊ ကိုယ့္အေပၚကို ဘယ္ေလာက္အထိ သည္းခံနိုင္ၿပီး ကိုယ္ရွင္းျပမယ့္ စကားလုံးေတြ ၊ အေၾကာင္းျပခ်က္ေတြဆိုတာကို နားေထာင္သလဲ ၊ နားေထာင္ေပးခ်င္စိတ္ရွိသလဲ ၊ ဘယ္ေလာက္အထိ နားလည္ေပးလိုစိတ္ရွိသလဲဆိုတာကို စမ္းသပ္ခဲ့တာပါ။ ဒီလိုမစမ္းသပ္ခဲ့ဖူးဆိုရင္ ကိုယ္နဲ႔ရွိခ်ိန္တိုင္း ျပဳံးေနမယ့္ သူ႔အျပဳံးေတြသာ ကိုယ္ခံစားနိုင္ၿပီး ေနာင္အိမ္ေထာင္က်တဲ့အခါ ၾကဳံေတြ႕လတၱံေသာ ႏွစ္ဦးအဆင္မေျပမႈဆိုတာေတြ ၊ ကိုယ့္ဘက္က အမွားေတြကို သူဘယ္လိုတုန႔္ျပန္မလဲလို႔ ေစ့ေစ့စပ္စပ္ ဘယ္ခံစားသိနိုင္ပါ့မလဲေနာ္။
တခါတေလ တျခားအမ်ိဳးသားေလးေတြနဲ႔ အလုပ္သေဘာအရ ၊ ခင္မင္မႈအရ သူ႔ထက္ပိုဦးစားေပးလိုက္ျဖစ္တဲ့ အေနအထားေတြကိုလည္း ဖန္တီးျဖစ္တယ္။ ဒါကေတာ့ သူဟာ ကိုယ့္အခ်စ္အေပၚမွာ ၊ ကိုယ့္သိကၡာနဲ႔ စာရိတၱအေပၚမွာ ဘယ္ေတာ့အထိ ယုံၾကည္မႈထားသလဲ ၊ ကိုယ့္အေပၚ ဘယ္ေလာက္အထိ နားလည္မႈေပးနိုင္သလဲ ၊ ဘယ္ေလာက္အထိ ခြင့္လႊတ္သည္းခံနိုင္စြမ္း ထားရွိသလဲဆိုတာ စမ္းသပ္တာျဖစ္ပါတယ္။
ကၽြန္မက ကၽြန္မကို ခ်ဳပ္ခ်ယ္တာမ်ိဳးမႀကိဳက္သူမို႔ သူ႔အေပၚကိုလည္း လြတ္လပ္ခြင့္အျပည့္အဝကို ေပးထားတယ္။ ဒီလိုေပးထားတဲ့ေနရာမွာ သူငယ္ခ်င္းမိန္းကေလးေတြ ၊ အမ်ိဳးသမီးလုပ္ေဖာ္ကိုင္ဖက္ေတြရဲ့့ ဆက္ဆံေရးဆိုတာကို ဝင္စြက္ဖက္ျခင္းမလုပ္သလို သူ႔ဖုန္းကိုစစ္တာ ၊ သူ႔ပိုက္ဆံအိတ္စစ္တာ ၊ ဟိုေမးဒီျမန္းနဲ႔ မယုံမၾကည္စစ္ေဆးတာေတြလည္း မလုပ္ဘူး။
ကိုယ့္သူငယ္ခ်င္းမေခ်ာေခ်ာေလးေတြနဲ႔ သူ႔ကိုမိတ္ဆက္ေပးသလို လမ္းသြားလမ္းလာေတြ႕ရွိတဲ့ မိန္းကေလးေခ်ာေခ်ာေလးေတြကို သူမျမင္ရင္ေတာင္ လွလိုက္တာလို႔ေရရြတ္ၿပီး သူၾကည့္မိေအာင္ ႀကိဳးစားျဖစ္တယ္။ ကၽြန္မသိခ်င္တာကေတာ့ အမ်ိဳးသမီးေတြရဲ့့ ဆြဲေဆာင္မႈအေပၚ သူဘယ္ေလာက္အထိ ေတာင့္ခံနိုင္သလဲဆိုတာ သိခ်င္တာပါ။ ကၽြန္မနဲ႔ မေပါင္းခင္ကေတာင္ တျခားအမ်ိဳးသမီးေတြရဲ့ ဆြဲေဆာင္မႈမွာ ေတာင့္မခံနိုင္ရင္ ၊ သစၥာမထားနိုင္ရင္ အိမ္ေထာင္က်ၿပီးရင္ ဘယ္လိုေနမလဲဆိုတာ သိရေအာင္ သူနဲ႔ေပါင္းဖို႔မလိုေတာ့ပါဘူး။ ေသခ်ာေပါက္ ေဖာက္ျပန္မယ့္သူေလ။ ဒီလိုလူမ်ိဳးေတာ့ ကန္ေတာ့ဆြမ္းေပါ့ေနာ္။
ကိုယ္တိုင္က အေသာက္အစား ၊ ေလာင္းကစားနဲ႔ အေပ်ာ္အပါးေတြဆိုတာကို စိတ္အပါႀကီးမရွိေပမယ့္ စိတ္ပါသေယာင္ သူ႔ကိုပါလွမ္းဆြယ္တာမ်ိဳးလည္း လုပ္တတ္ေသးတယ္။ တကယ္ဇရွိတဲ့သူက အစေလးေဖာ္လိုက္တာနဲ႔ ဇ ေပၚလာတတ္တယ္မဟုတ္လား။ ဝါသနာဆိုတာဟာ ေရရွည္မွာ အေယာင္ေဆာင္ ဖုံးကြယ္ရေကာင္းရိုး ထုံးစံမရွိဘူးေလ။ အခါအခြင့္သင့္လို႔ ရာသီဥတု ကိုယ့္ဘက္ပါတယ္ဆိုတာနဲ႔ ဝါသနာဗီဇေတြ တဖြားဖြားေပၚလာတတ္တာမို႔ ဒီလိုစမ္းသပ္တာပါ။ အတိုင္းအတာတခုအထိ ခြင့္လႊတ္ေပးရမယ္ဆိုတာ နားလည္ထားေပမယ့္ ကိုယ့္နားလည္ခြင့္လႊတ္ေပးနိုင္စြမ္းေဘာင္ကို ေက်ာ္ေနနိုင္သူ ၊ ဒီဘက္မွာ ဇရွိေနသူဆိုတာ သိလိုက္ရင္ေတာ့ ကံကို ကိုယ့္ဘဝနဲ႔ ေလာင္းေၾကးမထပ္ဘူးေလ။
ဒီလို ဒီလိုေတြ စမ္းသပ္ၿပီးတဲ့ေနာက္မွာ အသင့္ေတာ္ဆုံးျဖစ္တဲ့ (လက္ရွိခင္ပြန္းျဖစ္လာမယ့္သူ)ကို ေရြးခ်ယ္လက္တြဲခဲ့တာပါပဲ။ ခ်စ္တာနဲ႔ သံေယာဇဥ္ေလးလည္း ပါတာေပါ့။ ဒီလိုစမ္းသပ္ေနလို႔ ရည္းစားေတြအမ်ားႀကီး တၿပိဳင္တည္းထားရတာလားဆို မဟုတ္ပါဘူး။ မ်က္ႏွာမ်ားစရာမလိုဘူး။ ကိုယ္က သစၥာရွိတဲ့သူလိုခ်င္ရင္ ကိုယ္တိုင္ကလည္း သစၥာရွိရမယ္ေလ။ ဒီလိုစမ္းသပ္မႈေတြ ျပဳလုပ္ေနစဥ္မွာ သူနဲ႔ကိုယ္ ရည္းစားျဖစ္ေနရမယ္လို႔လည္း မဆိုလိုဘူး။
ကိုယ့္ကိုစိတ္ဝင္စားလို႔ ကိုယ့္အနားကပ္ေနၿပီ ၊ ခြါရလည္းခက္ ၊ ျငင္းလို႔လည္းမရ ၊ ျငင္းလို႔လည္းမေကာင္း ၊ သူ႔အေၾကာင္းပိုသိခ်င္လာရင္ အဲဒီအမ်ိဳးသားကို သူအေၾကာင္း ပိုသိလာေအာင္ ၊ ကိုယ္နဲ႔ စိတ္သေဘာခ်င္း ကိုက္ညီသူ ဟုတ္ မဟုတ္ ပိုသိလာေအာင္ ၊ ကိုယ့္တဘဝလုံးစာအတြက္ အေဖာ္ေကာင္း ဟုတ္ မဟုတ္ ပိုေသခ်ာရေအာင္ စမ္းသပ္တာပါပဲ။ သိုးေရျခဳံထားတဲ့ေျမေခြးေတြကေတာ့ ဒီစမ္းသပ္မႈေလး မျပင္းမီမွာတင္ တပ္ေခါက္ေနာက္ဆုတ္ လမ္းခြဲသြားမွာျဖစ္ပါတယ္။ လြတ္တဲ့ငါးမႀကီးနဲ႔ ၊ ဒီလိုလူမ်ိဳးနဲ႔ မယူျဖစ္တာပဲ ေက်းဇူးတင္ ၊ ဒီလိုလူမ်ိဳးနဲ႔လြဲသြားေပမယ့္ ကိုယ့္အေပၚ တကယ္ ခ်စ္ျမတ္နိုး ၊ သစၥာရွိ ၊ တာဝန္သိတဲ့သူနဲ႔ လက္တြဲခြင့္ရွိေသးတယ္။ အေဖာ္ေကာင္းနဲ႔ တသက္တာ ေပ်ာ္ရႊင္နိုင္တဲ့ အခြင့္အေရးရွိေသးတယ္။
ပ်ိဳေမတိုင္းကိုလည္း ဟိုလူေကာင္းနိုး ၊ ဒီလူေကာင္းနိုး တြဲရင္း ၊ ေရြးရင္းကေန တန္ဖိုးရွိတဲ့ ဘဝအခ်ိန္ေတြ မကုန္ေစခ်င္တဲ့အတြက္ ဒီပို႔စ္ကိုေရးလိုက္တာျဖစ္ပါတယ္။ ေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရး ထူေထာင္လိုတဲ့ပ်ိဳေမတိုင္း ေပ်ာ္ရႊင္သာယာတဲ့ မိသားစုဘဝေလး ရရွိၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
ရတု (Burmesehearts.com)
Unicode
အချစ်စစ်ကိုရှာဖွေရင်း အချိန်တွေကုန်မှာစိုး
သမီးကညာအခါမလင့်စေနဲ့ စကားဟာ မိန်းကလေးတွေ အရွယ်မလွန်ခင် အိမ်ထောင်ရက်သားပြုဖို့ မိဘတွေကို တိုက်တွန်းထားတာပါ။ ကျွန်မသဘောကတော့ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်ရှိထားတဲ့ မိန်းကလေးဟာ ကိုယ့်ဘဝအဖော်မွန်ကို မျက်စိဖွင့် နားစွင့်ပြီး နှလုံးကားကော ၊ ဦးနှောက်ပါသုံးလို့ ရွေးချယ်စေချင်ပါတယ်။ ဘာဖြစ်လို့ နှလုံးသားကော ၊ ဦးနှောက်ပါ သုံးခိုင်းသလဲဆို တဖက်ကန်းနေမှာစိုးလို့ဖြစ်ပါတယ်။
ပိုရှင်းအောင်ပြောရရင် နှလုံးသားခံစားချက်ကိုချည်းနားထောင်ရင် ဦးနှောက်က သတိပေးနေနိုင်တာတွေကို လျစ်လျူရှုရှေ့ဆက်လို့ အိမ်ထောင်ရက်သားကျပြီးမှ ခြေလှမ်းတွေလွန်လို့ အပျိုလည်းပြန်မဖြစ်နိုင် ၊ တည်ပြီးသားအိမ်ထောင်ရေးမှာလည်း မပျော်မွေ့ ၊ ခင်ပွန်းတာဝန် ကလေးတာဝန် အိမ်ဝေယျာဝစ္စ စီးပွားရေးကိစ္စတွေနဲ့ ဖြစ်သင့်သော ဘဝပျော်ရွှင်မှုဆိုတာတွေကို မခံစားလိုက်ရဘဲ လုံးပါး ပါးသွားနိုင်လို့ဖြစ်ပါတယ်။
ဦးနှောက်ချည်းပဲတွက်ချက်သုံးလို့ အိမ်ထောင်ပြုပြန်တော့ မေတ္တာတရားရဲ့ အနှစ်သာရဆိုတာကို ကိုယ်တိုင်က ဘယ်လိုဂရုတစိုက်ပေးရမှန်းမသိ ၊ ဦးနှောက်နဲ့ တွက်ချက်ယူခဲ့တဲ့ကိုယ့်ကို ကိုယ့်အိမ်ထောင်ဘက်က စိတ်ကုန်လာတဲ့တနေ့မှာ ငွေပုံပေါ်ထိုင်ပြီး စိတ်ဆင်းရဲရတဲ့ ဘဝမျိုးလည်း ကြုံနိုင်ပါတယ်။ ဒါကြောင့် နှလုံးသားကော ၊ ဦးနှောက်ပါ ဟန်ချက်ညီညီ ခံစားတွေးခေါ်ပါမှ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာကို ခံစားကောင်း ခံစားနိုင်မှာဖြစ်ပါတယ်။ အနာဂါတ်ဆိုတာ မရေရာလှတာမို့ နှလုံးသားကော ၊ ဦးနှောက်ပါသုံးရင် ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေး လုံးဝရရှိစေမယ်လို့တော့ ဘယ်သူမှ အာမ မခံနိုင်ကြပါဘူး။ လူဆိုတာ ပြောင်းလဲတတ်တဲ့သဘာဝရှိတာကိုး။ သူလည်းပြောင်းလဲနိုင်တယ်။ ကိုယ်လည်း ပြောင်းလဲလာနိုင်တယ်လေ။
ကိုယ်တိုင်က အိမ်ထောင်သားမွေးပြုတာကို စိတ်မဝင်စားလို့ပဲဖြစ်ဖြစ် ၊ အကြောင်းကြောင်းကြောင့် ကွဲကွာသွားခဲ့သူကို မေ့မရလို့ ၊ သူ့နေရာအစားထိုးမရလို့ပဲဖြစ်ဖြစ် တသက်တာ လုံးဝ တကိုယ်ရည်နေပြီး အရိုးထုတ်တော့မယ်လို့ ဆုံးဖြတ်ထားရင်တော့ တမျိုးပေါ့။ ဒီလိုမဟုတ်ဘဲ ငယ်ငယ်ကတော့ ဟိုလူ့ရွေးရကောင်းနိုး ၊ ဒီလူ့ရွေးရကောင်းနိုး ၊ အိမ်ထောင်ပြုချင်သလိုလို မပြုချင်သလိုလို ၊ စိတ်ပဲမဝင်စားသလိုလိုနဲ့ ဆုံးဖြတ်ချက်မပြတ်သားလှဘဲ အရွယ်လွန်ကာနီးမှ အနားရှိရာနဲ့ငြိပြီး မဖြစ်သင့်တာတွေ ဖြစ်သွားတတ်တဲ့ အပျိုကြီး ၊ လူပျိုကြီးတွေအကြောင်းလည်း ကြားဖူး ၊ မြင်ဖူးတာမို့ ဒီလိုတော့လည်း မဖြစ်စေချင်ပါဘူး။ တလျောက်လုံးထိန်းထားခဲ့တဲ့ ဂုဏ်သိက္ခာ ဒီအရွယ်ကြီးကျမှ ဒီတခုအတွက် ကျသွားရတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလေ။
တကယ်ဆို တစ်ယောက်တည်းနေသွားတာက အများအမြင်မှာ အဖော်မစုံ အထီးကျန်သလိုလိုရှိပေမယ့် လင်ပူ ၊ သားပူ ဖြစ်နေတဲ့ အိမ်ထောင်သည်တွေထက်တော့ အများကြီးသာတယ်လေ။ အိမ်ထောင်သည်တိုင်းဟာ အိမ်ထောင့်သုခနဲ့ မိသားစုပျော်ရွှင်မှုဆိုတာကို ခံစားရတာမဟုတ်ဘဲ အဖော်မွန်ကောင်းနဲ့ ပေါင်းဖက်မိတဲ့ အိမ်ထောင်သည်တွေသာ အိမ်ထောင့်သုခနဲ့ မိသားစုပျော်ရွှင်မှုဆိုတာကို ခံစားရတာဖြစ်ပါတယ်။
ကျွန်မကို တခါတရံ တကိုယ်တည်းအားငယ်မိတယ်လို့ ရင်ဖွင့်ဖူးတဲ့ သူငယ်ချင်းမတစ်ယောက်ကို လင်ပူ ၊ သားပူမိနေတဲ့ သူတွေရဲ့အဖြစ်တွေကို ပြောပြတာမျိုး ၊ ပေးဖတ်တာမျိုးလုပ်လိုက်တော့ သူ့ဘဝ ဘယ်လောက်ငြိမ်းချမ်းနေတယ်ဆိုတာကို သူ့ဘာသာ ခံစားမိတော့တယ်။ အိမ်ထောင်ဆိုတာ ကောင်းမွန်တဲ့အိမ်ထောင်ဘက်နဲ့ဆို တော်သေးရဲ့့ ၊ မကောင်းတဲ့အိမ်ထောင်ဘက်ကို မနှစ်မြို့ဘဲပေါင်းနေရတာထက်စာရင် အပျို ၊ လူပျိုဂုဏ်လေးက ကိုယ့်အတွက် ပိုတင့်တယ် ၊ အေးချမ်းလှပါတယ်။
တချို့ကျတော့ သစ္စာတရားကို ခုတုံးလုပ်သူတွေနဲ့ တွဲနေမိလို့ မကုန်သင့်ဘဲ အချိန်တွေကုန်သွားခဲ့ရတာ ၊ ဒီတစ်ယောက်ကိုပဲ အချိန်ပြည့်အာရုံစိုက်နေရတော့ ကိုယ့်အပေါ် ဒီ့ထက်ပိုကောင်းနိုင်တဲ့သူ (ပိုချစ်နိုင်တဲ့သူ) ကိုယ့်အနားရှိနေသည့်တိုင် သတိမထားမိတာ ၊ တန်ဖိုးမထားမိတာတွေကြောင့် တွဲနေတဲ့သူနဲ့လွဲချိန်မှာ အလွမ်းတွေ ၊ အဆွေးတွေ ၊ စိတ်ဒဏ်ရာတွေကို ပြန်ကုစားရင်း အချိန်လွန်သွားတာတွေလည်း တွေ့ဖူးတယ်။
အမျိုးသမီးတွေဆိုတာ ပင်ကိုယ်စိတ်ရင်းက သနားတတ်ပြီး နူးညံ့တဲ့စိတ်သဘောထားရှိသူတွေများတာမို့ ကိုယ့်အပေါ်နည်းနည်းကောင်းရင် အားနာတာနဲ့ ၊ သနားတာနဲ့ ၊ ကိုယ်ချင်းစာတာတွေနဲ့ တကယ်ပဲ ကိုယ့်အပေါ် တကယ်ချစ်သူ ၊ အနစ်နာခံတဲ့သူဆိုရင် သံယောဇဉ်လေးရစ်တွယ်မိတာနဲ့ ချစ်တယ်ရယ်လို့ ဖြစ်သွားတတ်တယ်။ ဒီလိုသဘောမျိုးရှိတာမို့ တကယ်ပဲ အိမ်ထောင်ဘက်ကောင်းနဲ့ စုံဖက်ချင်တဲ့ အမျိုးသမီးတွေဟာ ကိုယ့်အပေါ် တသက်တာ ကောင်းတဲ့သူကို ဦးစားပေးရှာရမှာဖြစ်ပါတယ်။
ပြောတော့လွယ်လွယ်လေး ၊ တကယ်ကောင်းတဲ့သူက ဂျိုပေါက်နေတာမျိုးမဟုတ်တာမို့ တသက်တာကောင်းသွားနိုင်တဲ့သူဆိုတာကို ဘယ်လိုရွေးချယ်မလဲနော်။ ကျွန်မကိုယ်တိုင် နှလုံးသားခံစားချက်ကို ရှေ့တန်းတင်ပြီး ကိုယ်တွေနှစ်ဦးရဲ့ အချစ်ကိုယုံကြည်လို့ သစ္စာတရားကိုအားကိုးပြီး တဦးတယောက်အတွက် ဆယ်စုနှစ်တခုနီးပါးလောက် အချိန်တွေကုန်ခဲ့ဖူးတယ်။ အခုလိုအချိန်မှာ ဒီအချိန်တွေ ပြန်ယူခွင့်ရရင် ဒီအဖြစ်အပျက်ကြီး ပြောင်းလဲလိုက်ချင်သလားဆို ဒီအတိုင်းပဲထားလိုက်ပါလို့ ကျွန်မဆိုမှာပါ။ ထားပါတော့။
ဒီတစ်ယောက်နဲ့ အမျိုးသားတွေရဲ့အချစ်ကို အတော် စိတ်ကုန်သွားခဲ့တဲ့ကျွန်မ တယောက်တည်းအရိုးထုတ်ရကောင်းနိုး ၊ သူနဲ့လွဲသွားလို့ ဘယ်သူ့မှကိုယ့်ယူတဲ့သူမရှိတော့ဘူးလို့လည်း သူအပါအဝင် သူများတွေထင်မှာစိုး ၊ သူ့ထက် ကိုယ့်အပေါ် ပိုကြင်နာတဲ့သူတွေရှိနေသေးတယ်ဆိုတာလည်း သက်သေပြချင် ဒီလိုအတွေးတွေ ၊ ဒီလိုစိတ်တွေနဲ့ ကိုယ့်ကို တသက်တာ ချစ်မြတ်နိုးနားလည်လို့ သည်းခံပြီး သစ္စာရှိရှိပေါင်းသွားမယ့် အဖော်ကောင်းဆိုတာကို စမ်းသပ်ရှာဖွေခဲ့ပါတော့တယ်။
အဖော်ကောင်းလို့ ဘယ်လို စမ်းသပ်ရှာဖွေသလဲ သိချင်ကြမှာပဲနော်။ ကျွန်မရဲ့ခံယူချက်က ရှင်းပါတယ်။ ကိုယ်အခုလို ငယ်တုန်း ၊ လှတုန်း ၊ ဆွဲဆောင်မှုရှိတုန်း ၊ တက်နေတဲ့အရွယ် ၊ သူနဲ့မယူရသေးတဲ့ အပျိုဘဝမှာတောင် ကိုယ့်အပေါ်ကို စိတ်မရှည် ၊ သည်းခံနိုင်စွမ်းမရှိတဲ့သူနဲ့ လက်ဆက်ပေါင်းသင်းမိရင် ကိုယ်အိုလာတဲ့အခါ ၊ ရုပ်ရည်က ဆွဲဆောင်မှုမရှိတော့ဘဲ အလှအပတွေ ယိုယွင်းလာတဲ့အခါ ၊ သူနဲ့ ဆယ်စုနှစ်တွေ ဖြတ်သန်းပြီးတဲ့အခါမှာ သူဟာ ကိုယ့်အပေါ်ကို အရင်လို နားလည်စွာ စိတ်ရှည် သည်းခံနိုင်ပါတော့မလား။သေချာတာကတော့ ဆယ်စုနှစ်မပြောနဲ့ ငါးနှစ်လောက်အတွင်း သူမပြောင်းလဲရင် ကိုယ်တော်တော် ကံကောင်းလို့ပဲလေ။ ဒီတော့ ကိုယ်ရွေးချယ်မယ့်သူရဲ့ ကိုယ့်အပေါ်ကို နားလည်နိုင်စွမ်း ၊ ယုံကြည်နိုင်စွမ်း ၊ သည်းခံနိုင်စွမ်း ၊ သစ္စာရှိနိုင်စွမ်းဆိုတာ ရေရှည်လက်တွဲဖို့ စဉ်းစားတဲ့သူတိုင်းကို စတင်လေ့လာစမ်းသပ်တော့တာပဲ။
အစမ်းသပ်ခံခဲ့ရတဲ့ အမျိုးသားတွေအတွက်တော့ မသက်သာလှဘူးပေါ့။ မတတ်နိုင်ဘူးလေ။ ကိုယ်နဲ့ တသက်တာပေါင်းဖက်ချင်တယ်ဆို ဒီလောက်တော့ သည်းခံစိတ်ရှည်ရမယ်ထင်တာပဲ။ ဒါမှလည်း ကိုယ့်တသက်တာ စိတ်ချရမှာမဟုတ်လား။ ကျွန်မကို စိတ်ဝင်စားကြောင်း ပြသလာတဲ့သူ ၊ ချစ်ရေးဆိုထားတဲ့သူ ၊ ချစ်သူရည်းစားအဖြစ်တွဲနေတဲ့သူဆို သူတို့နဲ့ ချိန်းတဲ့အချိန်တွေကို နေပြင်းချိန်မှာ ၊ မိုးသည်းချိန်မှာ ချိန်းဆိုပြီး တခါတလေသွား ၊ တခါတလေ မသွားတာမျိုးလုပ်တယ်။ တခါတလေ ကိုယ်ကသွားပေမယ့် တနေရာကနေ သူ့အခြေအနေကို သူမသိအောင် စောင့်ကြည့်တာမျိုးလည်းလုပ်တယ်။
ဒီလိုဆို သူ့သည်းခံနိုင်ရည် ပါးပါးလေးကို စမ်းသပ်နိုင်ပြီး သူ့စိတ်တိုင်းကျမဖြစ်တဲ့အချိန်တွေမှာ သူဟာ အရွဲ့တိုက်တတ်သလား ၊ ဒေါသတကြီးတုန့်ပြန်တတ်သလား ၊ မောက်မောက်မာမာ ဆက်ဆံတတ်သလား ၊ ကိုယ့်အပေါ်ကို ဘယ်လောက်အထိ သည်းခံနိုင်ပြီး ကိုယ်ရှင်းပြမယ့် စကားလုံးတွေ ၊ အကြောင်းပြချက်တွေဆိုတာကို နားထောင်သလဲ ၊ နားထောင်ပေးချင်စိတ်ရှိသလဲ ၊ ဘယ်လောက်အထိ နားလည်ပေးလိုစိတ်ရှိသလဲဆိုတာကို စမ်းသပ်ခဲ့တာပါ။ ဒီလိုမစမ်းသပ်ခဲ့ဖူးဆိုရင် ကိုယ်နဲ့ရှိချိန်တိုင်း ပြုံးနေမယ့် သူ့အပြုံးတွေသာ ကိုယ်ခံစားနိုင်ပြီး နောင်အိမ်ထောင်ကျတဲ့အခါ ကြုံတွေ့လတ္တံသော နှစ်ဦးအဆင်မပြေမှုဆိုတာတွေ ၊ ကိုယ့်ဘက်က အမှားတွေကို သူဘယ်လိုတုန့်ပြန်မလဲလို့ စေ့စေ့စပ်စပ် ဘယ်ခံစားသိနိုင်ပါ့မလဲနော်။
တခါတလေ တခြားအမျိုးသားလေးတွေနဲ့ အလုပ်သဘောအရ ၊ ခင်မင်မှုအရ သူ့ထက်ပိုဦးစားပေးလိုက်ဖြစ်တဲ့ အနေအထားတွေကိုလည်း ဖန်တီးဖြစ်တယ်။ ဒါကတော့ သူဟာ ကိုယ့်အချစ်အပေါ်မှာ ၊ ကိုယ့်သိက္ခာနဲ့ စာရိတ္တအပေါ်မှာ ဘယ်တော့အထိ ယုံကြည်မှုထားသလဲ ၊ ကိုယ့်အပေါ် ဘယ်လောက်အထိ နားလည်မှုပေးနိုင်သလဲ ၊ ဘယ်လောက်အထိ ခွင့်လွှတ်သည်းခံနိုင်စွမ်း ထားရှိသလဲဆိုတာ စမ်းသပ်တာဖြစ်ပါတယ်။
ကျွန်မက ကျွန်မကို ချုပ်ချယ်တာမျိုးမကြိုက်သူမို့ သူ့အပေါ်ကိုလည်း လွတ်လပ်ခွင့်အပြည့်အဝကို ပေးထားတယ်။ ဒီလိုပေးထားတဲ့နေရာမှာ သူငယ်ချင်းမိန်းကလေးတွေ ၊ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေရဲ့့ ဆက်ဆံရေးဆိုတာကို ဝင်စွက်ဖက်ခြင်းမလုပ်သလို သူ့ဖုန်းကိုစစ်တာ ၊ သူ့ပိုက်ဆံအိတ်စစ်တာ ၊ ဟိုမေးဒီမြန်းနဲ့ မယုံမကြည်စစ်ဆေးတာတွေလည်း မလုပ်ဘူး။
ကိုယ့်သူငယ်ချင်းမချောချောလေးတွေနဲ့ သူ့ကိုမိတ်ဆက်ပေးသလို လမ်းသွားလမ်းလာတွေ့ရှိတဲ့ မိန်းကလေးချောချောလေးတွေကို သူမမြင်ရင်တောင် လှလိုက်တာလို့ရေရွတ်ပြီး သူကြည့်မိအောင် ကြိုးစားဖြစ်တယ်။ ကျွန်မသိချင်တာကတော့ အမျိုးသမီးတွေရဲ့့ ဆွဲဆောင်မှုအပေါ် သူဘယ်လောက်အထိ တောင့်ခံနိုင်သလဲဆိုတာ သိချင်တာပါ။ ကျွန်မနဲ့ မပေါင်းခင်ကတောင် တခြားအမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုမှာ တောင့်မခံနိုင်ရင် ၊ သစ္စာမထားနိုင်ရင် အိမ်ထောင်ကျပြီးရင် ဘယ်လိုနေမလဲဆိုတာ သိရအောင် သူနဲ့ပေါင်းဖို့မလိုတော့ပါဘူး။ သေချာပေါက် ဖောက်ပြန်မယ့်သူလေ။ ဒီလိုလူမျိုးတော့ ကန်တော့ဆွမ်းပေါ့နော်။
ကိုယ်တိုင်က အသောက်အစား ၊ လောင်းကစားနဲ့ အပျော်အပါးတွေဆိုတာကို စိတ်အပါကြီးမရှိပေမယ့် စိတ်ပါသယောင် သူ့ကိုပါလှမ်းဆွယ်တာမျိုးလည်း လုပ်တတ်သေးတယ်။ တကယ်ဇရှိတဲ့သူက အစလေးဖော်လိုက်တာနဲ့ ဇ ပေါ်လာတတ်တယ်မဟုတ်လား။ ဝါသနာဆိုတာဟာ ရေရှည်မှာ အယောင်ဆောင် ဖုံးကွယ်ရကောင်းရိုး ထုံးစံမရှိဘူးလေ။ အခါအခွင့်သင့်လို့ ရာသီဥတု ကိုယ့်ဘက်ပါတယ်ဆိုတာနဲ့ ဝါသနာဗီဇတွေ တဖွားဖွားပေါ်လာတတ်တာမို့ ဒီလိုစမ်းသပ်တာပါ။ အတိုင်းအတာတခုအထိ ခွင့်လွှတ်ပေးရမယ်ဆိုတာ နားလည်ထားပေမယ့် ကိုယ့်နားလည်ခွင့်လွှတ်ပေးနိုင်စွမ်းဘောင်ကို ကျော်နေနိုင်သူ ၊ ဒီဘက်မှာ ဇရှိနေသူဆိုတာ သိလိုက်ရင်တော့ ကံကို ကိုယ့်ဘဝနဲ့ လောင်းကြေးမထပ်ဘူးလေ။
ဒီလို ဒီလိုတွေ စမ်းသပ်ပြီးတဲ့နောက်မှာ အသင့်တော်ဆုံးဖြစ်တဲ့ (လက်ရှိခင်ပွန်းဖြစ်လာမယ့်သူ)ကို ရွေးချယ်လက်တွဲခဲ့တာပါပဲ။ ချစ်တာနဲ့ သံယောဇဉ်လေးလည်း ပါတာပေါ့။ ဒီလိုစမ်းသပ်နေလို့ ရည်းစားတွေအများကြီး တပြိုင်တည်းထားရတာလားဆို မဟုတ်ပါဘူး။ မျက်နှာများစရာမလိုဘူး။ ကိုယ်က သစ္စာရှိတဲ့သူလိုချင်ရင် ကိုယ်တိုင်ကလည်း သစ္စာရှိရမယ်လေ။ ဒီလိုစမ်းသပ်မှုတွေ ပြုလုပ်နေစဉ်မှာ သူနဲ့ကိုယ် ရည်းစားဖြစ်နေရမယ်လို့လည်း မဆိုလိုဘူး။
ကိုယ့်ကိုစိတ်ဝင်စားလို့ ကိုယ့်အနားကပ်နေပြီ ၊ ခွါရလည်းခက် ၊ ငြင်းလို့လည်းမရ ၊ ငြင်းလို့လည်းမကောင်း ၊ သူ့အကြောင်းပိုသိချင်လာရင် အဲဒီအမျိုးသားကို သူအကြောင်း ပိုသိလာအောင် ၊ ကိုယ်နဲ့ စိတ်သဘောချင်း ကိုက်ညီသူ ဟုတ် မဟုတ် ပိုသိလာအောင် ၊ ကိုယ့်တဘဝလုံးစာအတွက် အဖော်ကောင်း ဟုတ် မဟုတ် ပိုသေချာရအောင် စမ်းသပ်တာပါပဲ။ သိုးရေခြုံထားတဲ့မြေခွေးတွေကတော့ ဒီစမ်းသပ်မှုလေး မပြင်းမီမှာတင် တပ်ခေါက်နောက်ဆုတ် လမ်းခွဲသွားမှာဖြစ်ပါတယ်။ လွတ်တဲ့ငါးမကြီးနဲ့ ၊ ဒီလိုလူမျိုးနဲ့ မယူဖြစ်တာပဲ ကျေးဇူးတင် ၊ ဒီလိုလူမျိုးနဲ့လွဲသွားပေမယ့် ကိုယ့်အပေါ် တကယ် ချစ်မြတ်နိုး ၊ သစ္စာရှိ ၊ တာဝန်သိတဲ့သူနဲ့ လက်တွဲခွင့်ရှိသေးတယ်။ အဖော်ကောင်းနဲ့ တသက်တာ ပျော်ရွှင်နိုင်တဲ့ အခွင့်အရေးရှိသေးတယ်။
ပျိုမေတိုင်းကိုလည်း ဟိုလူကောင်းနိုး ၊ ဒီလူကောင်းနိုး တွဲရင်း ၊ ရွေးရင်းကနေ တန်ဖိုးရှိတဲ့ ဘဝအချိန်တွေ မကုန်စေချင်တဲ့အတွက် ဒီပို့စ်ကိုရေးလိုက်တာဖြစ်ပါတယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေး ထူထောင်လိုတဲ့ပျိုမေတိုင်း ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေး ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရတု (Burmesehearts.com)
0 Comments