လူတိုင္းမွာ အားနည္းခ်က္ေတြ ၊ အားသာခ်က္ေတြ ကိုယ္စီရွိေနၾကတာမို႔ တျခားသူေတြ မျမင္ႏိုင္ေသာ အားနည္းခ်က္မ်ားဟာ လူတိုင္းမွာရွိၾကပါတယ္။ တခါတေလ ကိုယ့္အားနည္းခ်က္ကို ကိုယ္တိုင္ မျမင္ၾကတာလည္း ရွိပါတယ္။ ဒီအားသာခ်က္ ၊ အားနည္းခ်က္ေတြအေပၚ အေျခခံျဖစ္ေပၚလာတဲ့ ရလဒ္ေတြဟာလည္း မတူညီတဲ့ရလဒ္ေတြကို ျဖစ္ေစတာပါ။ တခါတေလ ႀကိဳးစားအားထုတ္မႈခ်င္းတူေနေပမယ့္ ရလဒ္ခ်င္းကြာသြားပါတယ္။ ဒါဟာ ကံတရားေၾကာင့္လားလို႔ တခ်ိဳ႕ကေတြးၾကေပမယ့္ ကိုယ္မျမင္ႏိုင္တဲ့ အားနည္းခ်က္ေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ဒါေတြကို သတိထားမိလာတဲ့ ကၽြန္မဟာ ကၽြန္မရဲ႕ လုပ္ရပ္အေပၚမွာ ၊ ကေလးရဲ႕ ရလဒ္အေပၚမွာ အၿမဲျပန္လည္သံုးသပ္ၿပီး ဘယ္ေနရာမွာ အားနည္းခ်က္ေတြရွိေနလို႔ ဒီလိုျဖစ္တာလဲ ၊ ဘယ္ေနရာမွာ အားသာခ်က္ေတြရွိေနလို႔ ဒီလိုရလဒ္ေကာင္း ထြက္တာလဲဆိုတာလည္း အၿမဲသံုးသပ္ပါတယ္။
ကိုယ္မသိေသးတဲ့ အားနည္းခ်က္ေတြကို သတိထားမိၿပီး ျပင္ႏိုင္ပါမွ ဒီလိုမေကာင္းတဲ့ရလဒ္ေတြ ထပ္မရွိလာေတာ့မွာေလ။ ကိုယ့္မွာရွိထားတဲ့ အားသာခ်က္ေတြကို အသံုးျပဳၿပီး ပိုမိုေတာက္ေျပာင္ေအာင္ ေဖာ္ေဆာင္လိုက္မယ္ဆို ပိုမိုေကာင္းမြန္တဲ့ ရလဒ္ေတြ မလြဲမေသြ ရရွိလာမွာပါပဲ။
တခါတေလမွာ မိမိအားနည္းခ်က္ေၾကာင့္ ဒီရလဒ္ သြယ္ဝိုက္ရရွိလာတာကို အျခားလူအျပစ္လို႔ တပါးသူကို အျပစ္ဖို႔တတ္ၾကတယ္။
ဥပမာ(၁)။ ။ သူမ်ားေတြက သူတို႔အခ်စ္ေရးမွာ အဆင္ေျပေခ်ာေမြ႔ေနၿပီး ကိုယ့္အလွည့္က်ေတာ့ တြဲတဲ့သူတိုင္းနဲ႔ မၿမဲႏိုင္တာ ကံတရားေၾကာင့္လား ၊ သူ႔ေၾကာင့္လား ၊ ကိုယ့္ေၾကာင့္လား။ ကံေၾကာင့္လည္း တနည္းတဖံုပတ္သက္ေနႏိုင္သလို ကိုယ္နဲ႔လက္တြဲမၿမဲႏိုင္တဲ့သူေတြကိုမွ ခ်စ္ႀကိဳက္ေရြးခ်ယ္ခဲ့မိတဲ့ ကိုယ့္အားနည္းခ်က္ေတြေၾကာင့္လည္း ျဖစ္ေနႏိုင္ပါတယ္။
လူတိုင္းမွာ ၿပီးျပည့္စံုသူရယ္လို႔မရွိတာမို႔ ၿပီးျပည့္စံုတယ္လို႔ ထင္ရတဲ့ ခ်စ္သူကို ရရွိထားသည့္တိုင္ အားနည္းခ်က္ေတြ ၊ လိုအပ္ခ်က္ေတြ ရွိေနဦးမွာပါ။ ကိုယ့္မွာလည္း လိုအပ္ခ်က္ေတြ ၊ ေထာက္ျပစရာေတြ ရွိေနမွာအေသအခ်ာပါပဲ။ ဒီလို သူစိမ္းႏွစ္ေယာက္က အစျပဳတဲ့ အခ်စ္ေရးမွာ ျမင့္သူမွန္းရင္ သူနဲ႔ထိုက္တန္တဲ့ေနရာမွာ ကိုယ္တိုင္က ရပ္တည္ေနႏိုင္တဲ့ အရည္အခ်င္းမ်ိဳးေတြရွိေနရမွာပါ။
ကိုယ္လိုခ်င္တဲ့ အျမင့္ကလူကို အနိမ့္မွာရရွိေနတဲ့ ကိုယ္က လွမ္းႏိုင္ရံု ၊ မွန္းႏိုင္ရံု ၊ သမီးရည္းစားအျဖစ္ လက္တြဲခြင့္ရရံု ၊ ပတ္သက္ခြင့္ရ႐ံုေလးဟာ အဆံုးသတ္သြားတဲ့ အျဖစ္ေတာ့ မဟုတ္ေသးပါဘူး။ ေရရွည္လက္တြဲမၿမဲတဲ့ သမီးရည္းစားေတြရွိတယ္။ ႏွစ္ရွည္တြဲၿပီးကာမွ ကြဲကြာသြားခဲ့ၾကတဲ့ သမီးရည္းစားေတြလည္းရွိတယ္။ အေၾကာင္းအက်ိဳးမတိုက္ဆိုင္လို႔ လမ္းခြဲၾကတဲ့ သမီးရည္းစားေတြလည္း မနည္းတာမို႔ သမီးရည္းစားေတြ အိမ္ေထာင္ျပဳသည္အထိ လက္တြဲၿမဲသြားဖို႔ဆိုတာ စိန္ေခၚမႈတရပ္လိုပါပဲ။
ဘာအေၾကာင္းေၾကာင့္ပဲ ေကြကြင္းသြားပါေစ ကိုယ္တိုင္က တန္ဖိုးရွိတဲ့သူလို႔ ကိုယ့္ကိုယ္ကို သတ္မွတ္ထားတဲ့ မိန္းကေလးတစ္ေယာက္အတြက္ မိမိရဲ႕တန္းဖိုးကို မသိ ၊ တန္းဖိုးထားမႈမရွိတဲ့ အမ်ိဳးသားကို ခ်စ္သူရည္းစားအျဖစ္ လက္တြဲခဲ့မိတာ ကိုယ့္ရဲ႕အျပစ္လို႔ပဲသတ္မွတ္႐ံုရွိတာေပါ့။
ဥပမာ(၂)။ ။ သူမ်ားအိမ္ေထာင္ေရးေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ သာသာယာယာပဲေနာ္။ ကိုယ့္အိမ္ေထာင္ေရးက်ေတာ့ အဆင္မေျပမႈေတြ ၊ စိတ္ဆင္းရဲမႈေတြ အတိျဖစ္ေနတယ္လို႔ ထင္ေနသလား။ အိမ္ေထာင္ေရးကံမေကာင္းဘူးလို႔ မွတ္ယူထားသလား။
သူစိမ္းႏွစ္ေယာက္ တမိုးေအာက္ေနထိုင္ၾကတဲ့ အိမ္ေထာင္ေရးမွာ ကိုယ့္ခ်ိဳ႕ယြင္းခ်က္ေတြ ၊ အားနည္းခ်က္ေတြကို ခြင့္လႊတ္ေဖးမႏိုင္တဲ့သူ ၊ ကိုယ့္အားသာခ်က္ေတြကို ေတာက္ေျပာင္ေအာင္ ေထာက္ပံ့မႈေပးၿပီး အေရာင္တင္ေပးႏိုင္တဲ့သူ ၊ အျပန္အလွန္ ၾကင္နာမႈေတြကို ဆယ္စုႏွစ္ေတြ ေျပာင္းသြားသည့္တိုင္ အခ်စ္ေတြမေျပာင္းဘဲ သစၥာရွိစြာခ်စ္ခင္ယုယႏိုင္တဲ့သူနဲ႔ အိမ္ေထာင္ထူေထာင္ဖို႔ဟာ အိမ္ေထာင္ရွင္တိုင္းမက္တဲ့ အိမ္မက္တခုပါ။
အိမ္ေထာင္ျပဳစက သာယာသလိုရွိေနေပမယ့္ ၾကာေလခါးေလ ဆက္ဆံေရးနဲ႔ ဒီအိမ္ေထာင္ထဲ ခါးသီးမႈေတြခ်ည္း လႊမ္းမိုးေနရင္ ဒီအိမ္ေထာင္ထဲက ဇနီး ၊ ခင္ပြန္း ၊ သားသမီးေလးေတြမွာ စိတ္ဆင္းရဲမႈေတြ ရွိေနမွာပါ။ ႐ႈပ္ေထြးသေယာင္ရွိတဲ့ အခ်စ္ေရးထက္ အတြင္းက်က် ပို႐ႈပ္ေထြးတာ အိမ္ေထာင္ေရးပါပဲ။ အိမ္ေထာင္သက္ၾကာလာေလေလ ၊ အိမ္ေထာင္စုဝင္ေတြ တိုးပြားလာေလေလ တာဝန္ေတြမ်ားလာေလေလပဲ။
စားဝတ္ေနေရး ၊ လူမႈေရး ၊ စီးပြားေရး ၊ သားသမီးရဲ႕ပညာေရး စတာေတြက အေရးပါတဲ့ အခန္းက႑မွာ ရပ္တည္ေနသမၽွ လင္မယားႏွစ္ဦးအၾကားက အခ်စ္ေရးဟာ တျဖည္းျဖည္းေမွးမွိန္လာပါေတာ့တယ္။ တာဝန္ေတြပိလာေတာ့ မေက်ႏိုင္တဲ့တာဝန္ေတြအၾကားမွာ တာဝန္ေက်ဖို႔ေန႔ေန႔ညည ႀကိဳးစားရင္း ကိုယ္ေတြႏွစ္ဦးအၾကားက အခ်စ္ေရးဟာ အေရးႀကီးတဲ့ အခန္းက႑ကေန တျဖည္းျဖည့္ မွိန္ေဖ်ာ ့လာတာပါ။ ဒီၾကားတဲ့ မေက်ႏိုင္တဲ့တာဝန္ေတြဟာ သူ႔ေၾကာင့္ ကိုယ့္ေၾကာင့္လို႔ အျပစ္ဖို႔စိတ္ကေလးမ်ား ဝင္လာရင္ျဖင့္ ရန္ပြဲေတြလည္း စလာပါၿပီ။ ဒီအခါ ဇနီးေမာင္ႏွံႏွစ္ဦးအၾကား ေမတၱာပ်က္လာေတာ့မွာေပါ့။ ဒီၾကားထဲ ေသြးထိုးစကားေတြကဝင္ ၊ အေႏွာင့္ေတြကဝင္ ၊ နီးတဲ့သူနဲ႔သာ ၿငိၾကမယ္ဆိုရင္ သိပ္မၾကာခင္ ဒီအိမ္ေထာင္ထဲက မိသားစုဝင္ေတြဟာ စိတ္ဒဏ္ရာကိုယ္စီနဲ႔ အိမ္ေထာင္ကြဲရင္ကြဲ ၊ မကြဲရင္ စိတ္ဝမ္းကြဲၿပီး သူစိမ္းထက္ပိုစိမ္း ၊ ရန္သူထက္ပိုမုန္းၾကေတာ့မယ္။
တျခားသူေတြဟာ ျမင္ေတြ႔ႀကံဳဆံုေနရတဲ့ ဒီအိမ္ေထာင္ေရး ျပႆနာေတြ ကိုယ့္မွာလည္း ျဖစ္ႏိုင္တယ္။ ဒါေတြမျဖစ္ေအာင္ ဘယ္လိုျပင္ဆင္ထားမယ္ ၊ ကိုယ္ေတြႏွစ္ဦး ဘယ္လိုတိုင္ပင္ လုပ္ေဆာင္သြားမယ္ စသျဖင့္ကို အစကတည္းက သူနဲ႔ကိုယ္ စိတ္သေဘာထားခ်င္း ၊ ေတြးေခၚလုပ္ေဆာင္မႈခ်င္း ၊ အရည္အခ်င္းေတြ ၊ မိသားစုေတြေပါင္းစပ္သြားၾကဖို႔ စသျဖင့္ကို အိမ္ေထာင္မျပဳခင္ကတည္းက ႏႈိက္ႏႈိက္ခၽြတ္ခၽြတ္ မစဥ္းစား ၊ မေတြးေခၚခဲ့တာ ကိုယ့္အျပစ္ပါ။ ကိုယ္ခ်စ္တဲ့သူနဲ႔ ေပါင္းရရင္ၿပီးေရာစိတ္ထားခဲ့မိတာ ကိုယ့္အားနည္းခ်က္ပါ။ ေန႔ရက္ေတြ ၊ အခ်ိန္ေတြနဲ႔အမၽွ လူ႔စိတ္ဆိုတာဟာလည္း အေျခအေနအေပၚမူတည္လို႔ ခံစားခ်က္ေတြ ေျပာင္းလဲတတ္ၾကတာ မေမ့ခဲ့ရင္ေကာင္းမယ္။
ဥပမာ(၃)။ ။ သူမ်ားသားသမီးေတြ မိဘကို ငယ္ငယ္ေလးနဲ႔သိတတ္ ၊ ေတာ္လိုက္ၾကတာ။ ကိုယ့္သားသမီးမ်ား ဆိုဆံုးမလို႔မရ ၊ ေျပာစကားနားမေထာင္ ၊ မသိတတ္ ၊ မိဘနဲ႔ ကန္႔လန္႔လုပ္လိုက္ရမွ ေနသာထိုင္သာရွိလို႔ မိဘျဖစ္တဲ့ကိုယ့္မွာ သားသမီးေၾကာင့္ စိတ္ဆင္းရဲေနရတယ္ဆိုတာ သားသမီးကံမေကာင္းလို႔လား။
ကေလးကိုယ့္ကို တြယ္တာခ်စ္ခင္ေစခ်င္ရင္ ကေလးကို ကိုယ္ဝန္မေဆာင္ခင္အခ်ိန္ကတည္းက သူ႔အတြက္လိုအပ္မယ့္ ပံ့ပိုးမႈေတြလုပ္ေပးဖို႔ ေငြေၾကးအေျခအေနေတာင့္တင္းႏိုင္ဖို႔ ႀကိဳးစားပါ။ ကေလးေမြးၿပီးမွ သူ႔အလိုလိုျဖည့္တင္းေပးသြားမယ္လို႔ေတြးေနတဲ့ ယခုလံုးလည္ခ်ာလည္ ရရစားစား ဘဝမ်ိဳးမွာဆို ကေလးကို အခ်ိန္ေပးႏိုင္ဖို႔အခ်ိန္ ရွားေနပါၿပီ။ ကေလးအတြက္ လိုအပ္တာေတြဟာ ကေလးေမြးၿပီးခ်ိန္ကစလို႔ ကေလးအရြယ္ရလာေလေလ စားဝတ္ေနေရး ၊ ပညာေရးစတာေတြမွာ ေငြပိုလိုအပ္လာေတာ့ လိုေနတဲ့ဒီေငြေတြ အပိုရွာဖို႔ ကေလးကို အဓိကအုပ္ထိန္းရမယ့္မိခင္ဟာ ကေလးနားမေနႏိုင္ဘဲ ေငြရွာေနရၿပီေလ။
ကေလးအနားေနရမယ့္အခ်ိန္ ကေလးအနားမေနႏိုင္ကတည္းက ကေလးနဲ႔ ကိုယ့္အၾကားမွာ စိတ္ခ်င္းေဝးေနပါၿပီ။ မိဘနဲ႔သားသမီးအၾကား စိတ္ခ်င္းေဝးေနရင္ ကေလးဟာ မိဘအေပၚ ေသြးသားဆက္စပ္မႈအရသာ အေဖ ၊ အေမ ေခၚေနရေပမယ့္ စိတ္ထဲကေန လႈိက္လႈိက္လွဲလွဲ ခ်စ္ခင္တြယ္တာတာမ်ဳိး ပါးလ်ေနပါတယ္။ ဒီၾကားထဲ မိဘက လံုေလာက္စြာမပံ့ပိုးေပးႏိုင္ဘူး ၊ ေတြ႔ရင္ အခ်စ္ခံရတာထက္ အဆူခံအ႐ိုက္ခံရတာေတြလည္း မ်ားေနမယ္ ၊ သားသမီးလုပ္ခ်င္တာထက္ မိဘလုပ္ေစခ်င္တာကိုပဲ ဖိအားေပး လုပ္ေနရမယ္ဆိုရင္ ကေလးဟာ အရြယ္ရလာေလေလ ဂ်စ္ကန္ကန္နဲ႔ မိဘနဲ႔အေစးမကပ္ျဖစ္ေနမွာပါ။
ဆိုဆံုးမလို႔မရတဲ့ သားသမီးကို ရေနတာဟာ နည္းမွန္လမ္းမွန္ ဆိုဆံုးမမႈေတြ မလုပ္ခဲ့တဲ့ ကိုယ့္ရဲ႕အားနည္းခ်က္ပါပဲ။ ကိုယ့္လက္ေအာက္မွာရွိေနတဲ့ ကေလးအရြယ္မွာေတာင္ ကိုယ့္စကားနားမေထာင္ ကလန္ကဆန္ကေလးျဖစ္ေနရင္ ကိုယ့္လက္ေအာက္ကလြတ္သြားတဲ့အရြယ္ (ကိုယ္အိုမင္းသြားတဲ့အရြယ္)မွာ သားသမီးျဖစ္သူဆီက ယုယၾကင္နာမႈေတြ ၊ သိတတ္မႈေတြဆိုတာ ကိုယ္ခံစားရႏိုင္ပါ့မလား။ ကိုယ့္အေမြေတြယူၿပီး ကိုယ့္ကိုယ္မစြန္႔ပစ္ရင္ အေတာ္ကံေကာင္းတယ္လို႔မ်ား ဆိုရေလမလား။ ခုေနာက္ပိုင္း စြန္႔ပစ္ခံဘိုးဘြားေတြ မ်ားလာလို႔ ဒီလိုေရးရတာပါ။ ေနာင္ႏွစ္ႏွစ္ဆယ္ဆို ဒီ့ထက္မ်ား ပိုဆိုးရြားလာေလမလားလို႔ …. အဲဒီစြန္႔ပစ္ခံ ဘိုးဘြားေတြထဲ ကိုယ္မပါခ်င္ရင္ ကေလးငယ္စဥ္ ကေလးငယ္ကို အခ်ိန္ေပးပါ ၊ ေမတၱာေပးပါ ၊ ဂ႐ုစိုက္ေပးပါ ၊ ၾကင္နာမႈေတြေပးပါ ၊ အစြမ္းကုန္ပံ့ပိုးေပးပါ။ ေမတၱာေပးမွ ေမတၱာရတာပါ။
ဥပမာ (၄)။ ။ ကိုယ့္ကေလးဟာ တျခားကေလးေတြနဲ႔တန္းတူ ဥာဏ္ရည္လည္းမီတယ္ ၊ သူမ်ားတန္းတူလည္း ကေလးကို ပံ့ပိုးသင္ယူခြင့္ေပးတယ္။ ဒါေပမယ့္ ရလဒ္မွာ သူမ်ားကေလးေတြေလာက္မေကာင္းဘူး။ ဒီလိုရလဒ္ကို ျမင္ၿပီဆိုတာနဲ႔ လူႀကီးမိဘေတြဟာ ကေလးကို တန္းၿပီးဆူပူႀကိမ္းေမာင္း ႐ိုက္ႏွက္တာမ်ိဳးအထိ လုပ္တတ္ၾကတယ္။ ၁၀၀% ကေလးအျပစ္လား ….. အရြယ္ေရာက္ၿပီး လူႀကီးမိဘနဲ႔အတူေနတဲ့သားသမီးေတြေတာင္ မိဘရဲ႕ လမ္းျပထိန္းေက်ာင္းမႈမ်ိဳးမရွိရင္ ကိုယ္လုပ္ခ်င္ရာ ေပ်ာ္သလို လုပ္ေနတတ္ၾကတာမဟုတ္လား။ ေက်ာင္းေနတဲ့ ကေလးငယ္ငယ္ေလးေတြဟာ ေက်ာင္းပို႔ရင္ ေက်ာင္းသြားမယ္ ၊ က်ဴရွင္ပို႔ရင္ က်ဴရွင္သြားမယ္။ စာၾကည့္ခိုင္းရင္ၾကည့္မယ္။ စာမၾကည့္ခိုင္းရင္ တီဗြီ ၊ ဂိမ္း ၊ သူငယ္ခ်င္း ၊ ကစားစရာ စတာေတြကို အေဖာ္ျပဳၾကမွာပါ။ ဒီလို အခ်ိန္တန္ဖိုးခ်ပံုခ်င္း မတူညီတဲ့အေလ်ာက္ ရလဒ္ေတြဟာ ကြာသြားမွာပါ။
ေက်ာင္းနဲ႔က်ဴရွင္က သင္လိုက္တာေတြကို ႏွစ္ရက္ သံုးရက္တခါ ၊ တပတ္တခါ မိဘက ျပန္မေႏြးေပးရင္ သင္ၿပီးသားဟာေတြ ေမ့သြားတတ္တာ သဘာဝပါ။ ကိုယ္ငယ္ငယ္တုန္းကလည္း ေမ့ခဲ့ဖူးမယ္။ ဒီကေလးငယ္ငယ္ဟာလည္း ေမ့ေကာင္းေမ့သြားမွာပါ။ တအားၾကာသြားမွ ျပန္ေခၚေႏြးမယ္ဆို အစက ျပန္သင္ရသလို ခက္ခဲၾကန္႔ၾကာေနမွာပါ။ ဒါေၾကာင့္ သင္ၿပီးသားစာေတြကို မိဘက ျပန္ဆိုခိုင္း ၊ ျပန္ေႏြးခိုင္းတာမ်ိဳးေတြ အိမ္မွာအခ်ိန္ေပးမလုပ္ရင္ ေက်ာင္းနဲ႔က်ဴရွင္က သင္လိုက္တဲ့စာေတြဟာ တကယ့္စာေမးပြဲနားနီးရင္ လေပါင္းမ်ားစြာ စာေႂကြးတင္သမၽွ စာပိေတာ့တာပါပဲ။ စာေမးပြဲနီးမွာ စာအတင္းက်က္ခိုင္းေတာ့ ကေလးဟာ သူမွတ္ႏိုင္သမၽွေလးနဲ႔ပဲ ေျဖခဲ့မွာပါ။ ဒီေတာ့ တူတူခ်င္းတက္ေပမယ့္ ရလဒ္ကြာသြားတာမ်ိဳးျဖစ္တာပါ။ ဒါဟာ ကေလးအျပစ္ခ်ည္းပဲမဟုတ္ပါဘူး။ ကေလးကို အခ်ိန္ေပးၿပီး အိမ္မွာစာလုပ္ဖို႔ ၾကပ္မတ္မႈမ်ိဳးမေပးႏိုင္တဲ့ ကိုယ့္အားနည္းခ်က္လည္း ပါဝင္တာေနလို႔ ကိုယ္ေမၽွာ္လင့္ထားတဲ့ ရလဒ္ေကာင္းမ်ိဳး မရရွိတာပါ။
အခုဆိုရင္ အဘက္ဘက္ေသာ႐ႈေထာင့္က သံုးသပ္ျပထားတဲ့ မျမင္ႏိုင္ေသာ အားနည္းခ်က္မ်ား၏ေနာက္ကြယ္မွာ ဘာေတြျဖစ္ေနႏိုင္သလဲဆိုတာကို စာဖတ္သူေတြ ေကာင္းစြာသေဘာေပါက္နားလည္ရင္း ေဆာင္သင့္တာေတြေဆာင္ ၊ ေရွာင္သင့္တာေတြေရွာင္လို႔ ေပ်ာ္႐ႊင္စရာ မိသားစုဘဝ ၊ ခ်စ္သူဘဝမွာ ေက်နပ္ေပ်ာ္႐ႊင္ၾကေစဖို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။
ရတု (Burmesehearts.com)
Unicode
မမြင်နိုင်သော အားနည်းချက်များ၏နောက်ကွယ်
လူတိုင်းမှာ အားနည်းချက်တွေ ၊ အားသာချက်တွေ ကိုယ်စီရှိနေကြတာမို့ တခြားသူတွေ မမြင်နိုင်သော အားနည်းချက်များဟာ လူတိုင်းမှာရှိကြပါတယ်။ တခါတလေ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင် မမြင်ကြတာလည်း ရှိပါတယ်။ ဒီအားသာချက် ၊ အားနည်းချက်တွေအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ရလဒ်တွေဟာလည်း မတူညီတဲ့ရလဒ်တွေကို ဖြစ်စေတာပါ။ တခါတလေ ကြိုးစားအားထုတ်မှုချင်းတူနေပေမယ့် ရလဒ်ချင်းကွာသွားပါတယ်။ ဒါဟာ ကံတရားကြောင့်လားလို့ တချို့ကတွေးကြပေမယ့် ကိုယ်မမြင်နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါတွေကို သတိထားမိလာတဲ့ ကျွန်မဟာ ကျွန်မရဲ့ လုပ်ရပ်အပေါ်မှာ ၊ ကလေးရဲ့ ရလဒ်အပေါ်မှာ အမြဲပြန်လည်သုံးသပ်ပြီး ဘယ်နေရာမှာ အားနည်းချက်တွေရှိနေလို့ ဒီလိုဖြစ်တာလဲ ၊ ဘယ်နေရာမှာ အားသာချက်တွေရှိနေလို့ ဒီလိုရလဒ်ကောင်း ထွက်တာလဲဆိုတာလည်း အမြဲသုံးသပ်ပါတယ်။
ကိုယ်မသိသေးတဲ့ အားနည်းချက်တွေကို သတိထားမိပြီး ပြင်နိုင်ပါမှ ဒီလိုမကောင်းတဲ့ရလဒ်တွေ ထပ်မရှိလာတော့မှာလေ။ ကိုယ့်မှာရှိထားတဲ့ အားသာချက်တွေကို အသုံးပြုပြီး ပိုမိုတောက်ပြောင်အောင် ဖော်ဆောင်လိုက်မယ်ဆို ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ မလွဲမသွေ ရရှိလာမှာပါပဲ။
တခါတလေမှာ မိမိအားနည်းချက်ကြောင့် ဒီရလဒ် သွယ်ဝိုက်ရရှိလာတာကို အခြားလူအပြစ်လို့ တပါးသူကို အပြစ်ဖို့တတ်ကြတယ်။
ဥပမာ(၁)။ ။ သူများတွေက သူတို့အချစ်ရေးမှာ အဆင်ပြေချောမွေ့နေပြီး ကိုယ့်အလှည့်ကျတော့ တွဲတဲ့သူတိုင်းနဲ့ မမြဲနိုင်တာ ကံတရားကြောင့်လား ၊ သူ့ကြောင့်လား ၊ ကိုယ့်ကြောင့်လား။ ကံကြောင့်လည်း တနည်းတဖုံပတ်သက်နေနိုင်သလို ကိုယ်နဲ့လက်တွဲမမြဲနိုင်တဲ့သူတွေကိုမှ ချစ်ကြိုက်ရွေးချယ်ခဲ့မိတဲ့ ကိုယ့်အားနည်းချက်တွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။
လူတိုင်းမှာ ပြီးပြည့်စုံသူရယ်လို့မရှိတာမို့ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ ချစ်သူကို ရရှိထားသည့်တိုင် အားနည်းချက်တွေ ၊ လိုအပ်ချက်တွေ ရှိနေဦးမှာပါ။ ကိုယ့်မှာလည်း လိုအပ်ချက်တွေ ၊ ထောက်ပြစရာတွေ ရှိနေမှာအသေအချာပါပဲ။ ဒီလို သူစိမ်းနှစ်ယောက်က အစပြုတဲ့ အချစ်ရေးမှာ မြင့်သူမှန်းရင် သူနဲ့ထိုက်တန်တဲ့နေရာမှာ ကိုယ်တိုင်က ရပ်တည်နေနိုင်တဲ့ အရည်အချင်းမျိုးတွေရှိနေရမှာပါ။
ကိုယ်လိုချင်တဲ့ အမြင့်ကလူကို အနိမ့်မှာရရှိနေတဲ့ ကိုယ်က လှမ်းနိုင်ရုံ ၊ မှန်းနိုင်ရုံ ၊ သမီးရည်းစားအဖြစ် လက်တွဲခွင့်ရရုံ ၊ ပတ်သက်ခွင့်ရရုံလေးဟာ အဆုံးသတ်သွားတဲ့ အဖြစ်တော့ မဟုတ်သေးပါဘူး။ ရေရှည်လက်တွဲမမြဲတဲ့ သမီးရည်းစားတွေရှိတယ်။ နှစ်ရှည်တွဲပြီးကာမှ ကွဲကွာသွားခဲ့ကြတဲ့ သမီးရည်းစားတွေလည်းရှိတယ်။ အကြောင်းအကျိုးမတိုက်ဆိုင်လို့ လမ်းခွဲကြတဲ့ သမီးရည်းစားတွေလည်း မနည်းတာမို့ သမီးရည်းစားတွေ အိမ်ထောင်ပြုသည်အထိ လက်တွဲမြဲသွားဖို့ဆိုတာ စိန်ခေါ်မှုတရပ်လိုပါပဲ။
ဘာအကြောင်းကြောင့်ပဲ ကွေကွင်းသွားပါစေ ကိုယ်တိုင်က တန်ဖိုးရှိတဲ့သူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်အတွက် မိမိရဲ့တန်းဖိုးကို မသိ ၊ တန်းဖိုးထားမှုမရှိတဲ့ အမျိုးသားကို ချစ်သူရည်းစားအဖြစ် လက်တွဲခဲ့မိတာ ကိုယ့်ရဲ့အပြစ်လို့ပဲသတ်မှတ်ရုံရှိတာပေါ့။
ဥပမာ(၂)။ ။ သူများအိမ်ထောင်ရေးတွေ ပျော်ပျော်ရွှင်ရွှင် သာသာယာယာပဲနော်။ ကိုယ့်အိမ်ထောင်ရေးကျတော့ အဆင်မပြေမှုတွေ ၊ စိတ်ဆင်းရဲမှုတွေ အတိဖြစ်နေတယ်လို့ ထင်နေသလား။ အိမ်ထောင်ရေးကံမကောင်းဘူးလို့ မှတ်ယူထားသလား။
သူစိမ်းနှစ်ယောက် တမိုးအောက်နေထိုင်ကြတဲ့ အိမ်ထောင်ရေးမှာ ကိုယ့်ချို့ယွင်းချက်တွေ ၊ အားနည်းချက်တွေကို ခွင့်လွှတ်ဖေးမနိုင်တဲ့သူ ၊ ကိုယ့်အားသာချက်တွေကို တောက်ပြောင်အောင် ထောက်ပံ့မှုပေးပြီး အရောင်တင်ပေးနိုင်တဲ့သူ ၊ အပြန်အလှန် ကြင်နာမှုတွေကို ဆယ်စုနှစ်တွေ ပြောင်းသွားသည့်တိုင် အချစ်တွေမပြောင်းဘဲ သစ္စာရှိစွာချစ်ခင်ယုယနိုင်တဲ့သူနဲ့ အိမ်ထောင်ထူထောင်ဖို့ဟာ အိမ်ထောင်ရှင်တိုင်းမက်တဲ့ အိမ်မက်တခုပါ။
အိမ်ထောင်ပြုစက သာယာသလိုရှိနေပေမယ့် ကြာလေခါးလေ ဆက်ဆံရေးနဲ့ ဒီအိမ်ထောင်ထဲ ခါးသီးမှုတွေချည်း လွှမ်းမိုးနေရင် ဒီအိမ်ထောင်ထဲက ဇနီး ၊ ခင်ပွန်း ၊ သားသမီးလေးတွေမှာ စိတ်ဆင်းရဲမှုတွေ ရှိနေမှာပါ။ ရှုပ်ထွေးသယောင်ရှိတဲ့ အချစ်ရေးထက် အတွင်းကျကျ ပိုရှုပ်ထွေးတာ အိမ်ထောင်ရေးပါပဲ။ အိမ်ထောင်သက်ကြာလာလေလေ ၊ အိမ်ထောင်စုဝင်တွေ တိုးပွားလာလေလေ တာဝန်တွေများလာလေလေပဲ။
စားဝတ်နေရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ သားသမီးရဲ့ပညာရေး စတာတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရပ်တည်နေသမျှ လင်မယားနှစ်ဦးအကြားက အချစ်ရေးဟာ တဖြည်းဖြည်းမှေးမှိန်လာပါတော့တယ်။ တာဝန်တွေပိလာတော့ မကျေနိုင်တဲ့တာဝန်တွေအကြားမှာ တာဝန်ကျေဖို့နေ့နေ့ညည ကြိုးစားရင်း ကိုယ်တွေနှစ်ဦးအကြားက အချစ်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ တဖြည်းဖြည့် မှိန်ဖျော ့လာတာပါ။ ဒီကြားတဲ့ မကျေနိုင်တဲ့တာဝန်တွေဟာ သူ့ကြောင့် ကိုယ့်ကြောင့်လို့ အပြစ်ဖို့စိတ်ကလေးများ ဝင်လာရင်ဖြင့် ရန်ပွဲတွေလည်း စလာပါပြီ။ ဒီအခါ ဇနီးမောင်နှံနှစ်ဦးအကြား မေတ္တာပျက်လာတော့မှာပေါ့။ ဒီကြားထဲ သွေးထိုးစကားတွေကဝင် ၊ အနှောင့်တွေကဝင် ၊ နီးတဲ့သူနဲ့သာ ငြိကြမယ်ဆိုရင် သိပ်မကြာခင် ဒီအိမ်ထောင်ထဲက မိသားစုဝင်တွေဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ အိမ်ထောင်ကွဲရင်ကွဲ ၊ မကွဲရင် စိတ်ဝမ်းကွဲပြီး သူစိမ်းထက်ပိုစိမ်း ၊ ရန်သူထက်ပိုမုန်းကြတော့မယ်။
တခြားသူတွေဟာ မြင်တွေ့ကြုံဆုံနေရတဲ့ ဒီအိမ်ထောင်ရေး ပြဿနာတွေ ကိုယ့်မှာလည်း ဖြစ်နိုင်တယ်။ ဒါတွေမဖြစ်အောင် ဘယ်လိုပြင်ဆင်ထားမယ် ၊ ကိုယ်တွေနှစ်ဦး ဘယ်လိုတိုင်ပင် လုပ်ဆောင်သွားမယ် စသဖြင့်ကို အစကတည်းက သူနဲ့ကိုယ် စိတ်သဘောထားချင်း ၊ တွေးခေါ်လုပ်ဆောင်မှုချင်း ၊ အရည်အချင်းတွေ ၊ မိသားစုတွေပေါင်းစပ်သွားကြဖို့ စသဖြင့်ကို အိမ်ထောင်မပြုခင်ကတည်းက နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစား ၊ မတွေးခေါ်ခဲ့တာ ကိုယ့်အပြစ်ပါ။ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းရရင်ပြီးရောစိတ်ထားခဲ့မိတာ ကိုယ့်အားနည်းချက်ပါ။ နေ့ရက်တွေ ၊ အချိန်တွေနဲ့အမျှ လူ့စိတ်ဆိုတာဟာလည်း အခြေအနေအပေါ်မူတည်လို့ ခံစားချက်တွေ ပြောင်းလဲတတ်ကြတာ မမေ့ခဲ့ရင်ကောင်းမယ်။
ဥပမာ(၃)။ ။ သူများသားသမီးတွေ မိဘကို ငယ်ငယ်လေးနဲ့သိတတ် ၊ တော်လိုက်ကြတာ။ ကိုယ့်သားသမီးများ ဆိုဆုံးမလို့မရ ၊ ပြောစကားနားမထောင် ၊ မသိတတ် ၊ မိဘနဲ့ ကန့်လန့်လုပ်လိုက်ရမှ နေသာထိုင်သာရှိလို့ မိဘဖြစ်တဲ့ကိုယ့်မှာ သားသမီးကြောင့် စိတ်ဆင်းရဲနေရတယ်ဆိုတာ သားသမီးကံမကောင်းလို့လား။
ကလေးကိုယ့်ကို တွယ်တာချစ်ခင်စေချင်ရင် ကလေးကို ကိုယ်ဝန်မဆောင်ခင်အချိန်ကတည်းက သူ့အတွက်လိုအပ်မယ့် ပံ့ပိုးမှုတွေလုပ်ပေးဖို့ ငွေကြေးအခြေအနေတောင့်တင်းနိုင်ဖို့ ကြိုးစားပါ။ ကလေးမွေးပြီးမှ သူ့အလိုလိုဖြည့်တင်းပေးသွားမယ်လို့တွေးနေတဲ့ ယခုလုံးလည်ချာလည် ရရစားစား ဘဝမျိုးမှာဆို ကလေးကို အချိန်ပေးနိုင်ဖို့အချိန် ရှားနေပါပြီ။ ကလေးအတွက် လိုအပ်တာတွေဟာ ကလေးမွေးပြီးချိန်ကစလို့ ကလေးအရွယ်ရလာလေလေ စားဝတ်နေရေး ၊ ပညာရေးစတာတွေမှာ ငွေပိုလိုအပ်လာတော့ လိုနေတဲ့ဒီငွေတွေ အပိုရှာဖို့ ကလေးကို အဓိကအုပ်ထိန်းရမယ့်မိခင်ဟာ ကလေးနားမနေနိုင်ဘဲ ငွေရှာနေရပြီလေ။
ကလေးအနားနေရမယ့်အချိန် ကလေးအနားမနေနိုင်ကတည်းက ကလေးနဲ့ ကိုယ့်အကြားမှာ စိတ်ချင်းဝေးနေပါပြီ။ မိဘနဲ့သားသမီးအကြား စိတ်ချင်းဝေးနေရင် ကလေးဟာ မိဘအပေါ် သွေးသားဆက်စပ်မှုအရသာ အဖေ ၊ အမေ ခေါ်နေရပေမယ့် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချစ်ခင်တွယ်တာတာမျိုး ပါးလျနေပါတယ်။ ဒီကြားထဲ မိဘက လုံလောက်စွာမပံ့ပိုးပေးနိုင်ဘူး ၊ တွေ့ရင် အချစ်ခံရတာထက် အဆူခံအရိုက်ခံရတာတွေလည်း များနေမယ် ၊ သားသမီးလုပ်ချင်တာထက် မိဘလုပ်စေချင်တာကိုပဲ ဖိအားပေး လုပ်နေရမယ်ဆိုရင် ကလေးဟာ အရွယ်ရလာလေလေ ဂျစ်ကန်ကန်နဲ့ မိဘနဲ့အစေးမကပ်ဖြစ်နေမှာပါ။
ဆိုဆုံးမလို့မရတဲ့ သားသမီးကို ရနေတာဟာ နည်းမှန်လမ်းမှန် ဆိုဆုံးမမှုတွေ မလုပ်ခဲ့တဲ့ ကိုယ့်ရဲ့အားနည်းချက်ပါပဲ။ ကိုယ့်လက်အောက်မှာရှိနေတဲ့ ကလေးအရွယ်မှာတောင် ကိုယ့်စကားနားမထောင် ကလန်ကဆန်ကလေးဖြစ်နေရင် ကိုယ့်လက်အောက်ကလွတ်သွားတဲ့အရွယ် (ကိုယ်အိုမင်းသွားတဲ့အရွယ်)မှာ သားသမီးဖြစ်သူဆီက ယုယကြင်နာမှုတွေ ၊ သိတတ်မှုတွေဆိုတာ ကိုယ်ခံစားရနိုင်ပါ့မလား။ ကိုယ့်အမွေတွေယူပြီး ကိုယ့်ကိုယ်မစွန့်ပစ်ရင် အတော်ကံကောင်းတယ်လို့များ ဆိုရလေမလား။ ခုနောက်ပိုင်း စွန့်ပစ်ခံဘိုးဘွားတွေ များလာလို့ ဒီလိုရေးရတာပါ။ နောင်နှစ်နှစ်ဆယ်ဆို ဒီ့ထက်များ ပိုဆိုးရွားလာလေမလားလို့ …. အဲဒီစွန့်ပစ်ခံ ဘိုးဘွားတွေထဲ ကိုယ်မပါချင်ရင် ကလေးငယ်စဉ် ကလေးငယ်ကို အချိန်ပေးပါ ၊ မေတ္တာပေးပါ ၊ ဂရုစိုက်ပေးပါ ၊ ကြင်နာမှုတွေပေးပါ ၊ အစွမ်းကုန်ပံ့ပိုးပေးပါ။ မေတ္တာပေးမှ မေတ္တာရတာပါ။
ဥပမာ (၄)။ ။ ကိုယ့်ကလေးဟာ တခြားကလေးတွေနဲ့တန်းတူ ဉာဏ်ရည်လည်းမီတယ် ၊ သူများတန်းတူလည်း ကလေးကို ပံ့ပိုးသင်ယူခွင့်ပေးတယ်။ ဒါပေမယ့် ရလဒ်မှာ သူများကလေးတွေလောက်မကောင်းဘူး။ ဒီလိုရလဒ်ကို မြင်ပြီဆိုတာနဲ့ လူကြီးမိဘတွေဟာ ကလေးကို တန်းပြီးဆူပူကြိမ်းမောင်း ရိုက်နှက်တာမျိုးအထိ လုပ်တတ်ကြတယ်။ ၁၀၀% ကလေးအပြစ်လား ….. အရွယ်ရောက်ပြီး လူကြီးမိဘနဲ့အတူနေတဲ့သားသမီးတွေတောင် မိဘရဲ့ လမ်းပြထိန်းကျောင်းမှုမျိုးမရှိရင် ကိုယ်လုပ်ချင်ရာ ပျော်သလို လုပ်နေတတ်ကြတာမဟုတ်လား။ ကျောင်းနေတဲ့ ကလေးငယ်ငယ်လေးတွေဟာ ကျောင်းပို့ရင် ကျောင်းသွားမယ် ၊ ကျူရှင်ပို့ရင် ကျူရှင်သွားမယ်။ စာကြည့်ခိုင်းရင်ကြည့်မယ်။ စာမကြည့်ခိုင်းရင် တီဗွီ ၊ ဂိမ်း ၊ သူငယ်ချင်း ၊ ကစားစရာ စတာတွေကို အဖော်ပြုကြမှာပါ။ ဒီလို အချိန်တန်ဖိုးချပုံချင်း မတူညီတဲ့အလျောက် ရလဒ်တွေဟာ ကွာသွားမှာပါ။
ကျောင်းနဲ့ကျူရှင်က သင်လိုက်တာတွေကို နှစ်ရက် သုံးရက်တခါ ၊ တပတ်တခါ မိဘက ပြန်မနွေးပေးရင် သင်ပြီးသားဟာတွေ မေ့သွားတတ်တာ သဘာဝပါ။ ကိုယ်ငယ်ငယ်တုန်းကလည်း မေ့ခဲ့ဖူးမယ်။ ဒီကလေးငယ်ငယ်ဟာလည်း မေ့ကောင်းမေ့သွားမှာပါ။ တအားကြာသွားမှ ပြန်ခေါ်နွေးမယ်ဆို အစက ပြန်သင်ရသလို ခက်ခဲကြန့်ကြာနေမှာပါ။ ဒါကြောင့် သင်ပြီးသားစာတွေကို မိဘက ပြန်ဆိုခိုင်း ၊ ပြန်နွေးခိုင်းတာမျိုးတွေ အိမ်မှာအချိန်ပေးမလုပ်ရင် ကျောင်းနဲ့ကျူရှင်က သင်လိုက်တဲ့စာတွေဟာ တကယ့်စာမေးပွဲနားနီးရင် လပေါင်းများစွာ စာကြွေးတင်သမျှ စာပိတော့တာပါပဲ။ စာမေးပွဲနီးမှာ စာအတင်းကျက်ခိုင်းတော့ ကလေးဟာ သူမှတ်နိုင်သမျှလေးနဲ့ပဲ ဖြေခဲ့မှာပါ။ ဒီတော့ တူတူချင်းတက်ပေမယ့် ရလဒ်ကွာသွားတာမျိုးဖြစ်တာပါ။ ဒါဟာ ကလေးအပြစ်ချည်းပဲမဟုတ်ပါဘူး။ ကလေးကို အချိန်ပေးပြီး အိမ်မှာစာလုပ်ဖို့ ကြပ်မတ်မှုမျိုးမပေးနိုင်တဲ့ ကိုယ့်အားနည်းချက်လည်း ပါဝင်တာနေလို့ ကိုယ်မျှော်လင့်ထားတဲ့ ရလဒ်ကောင်းမျိုး မရရှိတာပါ။
အခုဆိုရင် အဘက်ဘက်သောရှုထောင့်က သုံးသပ်ပြထားတဲ့ မမြင်နိုင်သော အားနည်းချက်များ၏နောက်ကွယ်မှာ ဘာတွေဖြစ်နေနိုင်သလဲဆိုတာကို စာဖတ်သူတွေ ကောင်းစွာသဘောပေါက်နားလည်ရင်း ဆောင်သင့်တာတွေဆောင် ၊ ရှောင်သင့်တာတွေရှောင်လို့ ပျော်ရွှင်စရာ မိသားစုဘဝ ၊ ချစ်သူဘဝမှာ ကျေနပ်ပျော်ရွှင်ကြစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ရတု (Burmesehearts.com)
0 Comments