သစ္ရြက္လႈပ္ေတာင္ ရင္ခုန္တတ္တဲ့အရြယ္ဆိုေတာ့ ဒီအရြယ္ျဖတ္သန္းဖူးသူတိုင္း စိတ္ကစားဖူးတာမို႔ စိတ္မကစားခဲ့ဖူးဘူးေျပာတဲ့သူဟာ ညာေျပာတာပါပဲ။ စိတ္ကစားခဲ့ဖူးေပမယ့္ ဒီစိတ္ကို ထိန္းသိမ္းနိုင္ခဲ့တာနဲ႔ လုံးဝ စိတ္မကစားဖူးတာ ကြဲျပားတယ္ေလ။ စိတ္ကစားတယ္ဆိုတာဘာလဲ လြယ္လြယ္နဲ႔ရွင္းရွင္းေျပာရရင္ တဘက္လိင္အေပၚ သေဘာက်ႏွစ္ၿခိဳက္တဲ့စိတ္ ၊ သူ႔အေပၚ သာယာတဲ့စိတ္ေတြ ဝင္လာတယ္ေလ။ သူ႔ကို သေဘာက်စိတ္ေတြဝင္ေနေတာ့ သူ႔ကိုျမင္ရင္ ရင္ခုန္တာ ၊ သူ႔ကိုပဲ ျမင္ခ်င္ေနတာ ၊ သူနဲ႔ပတ္သက္တာေတြဆို (အခ်ိန္ကာလတခုတိုင္) အမွတ္တရ သိမ္းထားမိေနတာ စသျဖင့္ေသာ စိတ္ပိုင္းဆိုင္ရာ သာယာမႈေတြမွာ အရင္နဲ႔မတူတဲ့ ခံစားခ်က္ ၊ တျခားသူေတြနဲ႔ မတူတဲ့ ခံစားခ်က္မ်ိဳး ျဖစ္ေပၚခံစားလာတာမ်ိဳးေပါ့။
စိတ္ကစားတဲ့အရြယ္ဟာ ဆယ္ေက်ာ္သက္အရြယ္ပဲလို႔ ထင္ရင္မွားပါတယ္။ မိမိစိတ္ကို မိမိမထိန္းသိမ္းနိုင္ေသးတဲ့သူေတြဟာ ဘယ္အရြယ္ေရာက္ေရာက္ ရင့္က်က္တဲ့ခံစားမႈနဲ႔ အေတြးအေခၚမ်ိဳး မကိန္းေအာင္းေသးတာမို႔ ဟိုလူ႔ျမင္ စိတ္ဝင္စားလိုက္ ၊ ဒီလူနဲ႔အေနမ်ားရင္ စိတ္ယိမ္းယိုင္လိုက္နဲ႔ စိတ္ကစားတတ္ပါေသးတယ္။ ဒီေတာ့ စိတ္ကစားတယ္ဆိုတဲ့ စကားလုံးရဲ့ေနာက္မွာ မရင့္က်က္မႈေတြက ပါဝင္ေနေသးတာျဖစ္ပါတယ္။ စိတ္သာယာမႈေနာက္ တေကာက္ေကာက္ လိုက္ပါတတ္သူေတြဟာ မၾကာခဏဆိုသလို စိတ္မတည္မၿငိမ္နဲ႔ စိတ္ေနာက္ကိုယ္ပါ ခံစားတတ္ၾကပါတယ္။
ဆယ္ေက်ာ္သက္အရြယ္အမ်ားစုဟာ အတန္းထဲမွာေသာ္လည္းေကာင္း ၊ ေက်ာင္းထဲမွာေသာ္လည္းေကာင္း ၊ ရပ္ကြက္ထဲမွာေသာ္လည္းေကာင္း မိမိက်င္လည္ရာ ပတ္ဝန္းက်င္က မိမိစိတ္ကို လႈပ္ရွားေစနိုင္တဲ့ တဘက္လိင္အေပၚ စိတ္ကစားတတ္ၾကပါတယ္။ စိတ္ခံစားမႈ မရင့္က်က္ေသးသူေတြမွ စိတ္ကစားတတ္ၾကတာဆိုေတာ့ သူတို႔စိတ္ကစားတဲ့သူေတြဟာ ပ်ိဳပ်ိဳ အိုအို အကုန္ပါဝင္နိုင္ပါတယ္။ ဒီလိုစိတ္ကစားတတ္တဲ့ မႏူးမနပ္ေလးေတြကို စားေနက်ေၾကာင္ပါးေတြက တမင္စိတ္ကစားေအာင္လုပ္ ၊ ၿပီးရင္သိမ္းသြင္းၿပီး သူတို႔လိုခ်င္ရာ အရယူတတ္ၾကတယ္။ တဖက္ မႏူးမနပ္စိတ္ကေလးနဲ႔ စိတ္လႈပ္ရွားမိသူက စိတ္ေနာက္ကိုယ္ပါခံစားရင္ သူတို႔လွည့္ကြက္ထဲ သက္ဆင္းရၿပီေပါ့။
စိတ္ကစားတယ္ဆိုတာ တခါတေလက်ေတာ့လည္း နီးစပ္မႈအရေသာ္လည္းေကာင္း ၊ ပတ္ဝန္းက်င္ အေျပာင္းအလဲအရေသာ္လည္းေကာင္း ၊ အားကိုးလိုတဲ့အခ်ိန္မွာေသာ္လည္းေကာင္း ၊ အထီးက်န္စိတ္အားငယ္ေနခ်ိန္မွာေသာ္လည္းေကာင္း ျဖစ္ေပၚလာတတ္ပါေသးတယ္။ ဥပမာ အေနနီးလို႔စိတ္နီးၿပီး တြဲျဖစ္သြားတာမ်ိဳး ၊ ခရီးသြားလာရင္း အတြဲေလးေတြပါလာတာမ်ိဳး ၊ သၾကၤန္ေလးငါးရက္အတြင္းမွာ ဇတ္လမ္းေလးေတြ ျဖစ္သြားတာမ်ိဳး ၊ ကိုယ္လိုအပ္ေနခ်ိန္မွာ ေပၚလာၿပီး ကိုယ့္ကိုအေဖာ္လုပ္ေပးသူ ၊ ကူညီေပးတတ္တဲ့သူကိုလည္း အားကိုးစိတ္ကေလးနဲ႔ တြယ္ၿငိသြားျပန္ေရာ။ ဒီလိုၿငိတြယ္လာတဲ့စိတ္ေတြဟာ လတ္တေလာျဖစ္ခ်ိန္ကေလးမွာ အခ်စ္ဆိုတဲ့ ခံစားမႈနဲ႔ ဆင္တူယိုးမွား တူေနတတ္တယ္။ ဒါေပမယ့္ တကယ္ကြာျခားခ်က္ႀကီးကေတာ့ အခ်ိန္ျခားနားခ်က္ႀကီးပါပဲ။
စိတ္ကစား႐ုံပဲ ၿငိတြယ္မိသူေတြက ကြယ္တာနဲ႔ေမ့ေမ့ေပ်ာက္ေပ်ာက္ ၊ အေနေဝးရင္ေသြးေအး ၊ ကြယ္တာနဲ႔ေဖာက္ဆိုတာမ်ိဳးေတြ ရွိပါတယ္။ ေဝးသြားလို႔ ေနမထိထိုင္မသာ ခံစားရလွ အလြန္ဆုံး လပိုင္း ၊ ႏွစ္ပိုင္းေလာက္ပါပဲ။ ေပါ့ေပါ့ေလးခံစားေလ ျမန္ျမန္ေလးေမ့ေပ်ာက္ေလ ၊ ခံစားခ်က္ေတြတိမ္ေလ လြယ္လြယ္ေလးေမ့ေပ်ာက္ေလပါပဲ။ စိတ္ကစား႐ုံကစတဲ့ခံစားမႈ နက္ရွိုင္းလာေလ အခ်စ္တစ္ခုလို ပုံစံေျပာင္းသြားေလပါ။ ဒီလူနဲ႔ပတ္သက္ၿပီး ေလးနက္တဲ့စိတ္ထား ၊ ေရရွည္အတူလက္တြဲလိုမႈ ၊ နားလည္မႈေပးနိုင္ျခင္း ၊ သည္းညည္းခံနိုင္ျခင္းေတြဆိုတာ အခ်ိန္ၾကာေလ ထုတည္ျမင့္မားလာေလ သံေယာဇဥ္ေတြ ရစ္ပတ္လာေလပဲေပါ့။
စိတ္ကစားရင္းခ်စ္ႀကိဳက္ရာက တအိုးတအိမ္ ထူေထာင္သြားၾကတဲ့ စုံတြဲေတြရွိတယ္။ တကယ္အခ်စ္စစ္နဲ႔ ခ်စ္ခဲ့ၾကတဲ့သူေတြက ဘဝကိုရိုးေျမက် ခ်စ္ခင္ၾကင္နာစြာ မိသားစုေပ်ာ္ေပ်ာ္ပါးပါး ေပါင္းသင္းေနၾကတာလည္း ေတြ႕ဖူးတယ္။ စိတ္ကစားရင္း ဆုံးျဖတ္ခ်က္မွားခဲ့လို႔ ဘဝေရတိမ္နစ္သြားရသူေတြလည္း ေတြ႕ဖူးတယ္။ ကၽြန္မ အတန္းေဖာ္ေတြထဲက တခ်ိဳ႕ဟာ (၁၀)တန္းမတိုင္မီ ခိုးရာလိုက္ေျပးခဲ့သူေတြလည္း ေတြ႕ဖူးတယ္။ (၁၀)ေနာက္ဆုံးေန႔ ခိုးရာလိုက္ေျပးသူနဲ႔ တကၠသိုလ္မတက္ခင္ လိုက္ေျပးသြားသူ ၊ ဘြဲ႕မရခင္ အိမ္ေထာင္က်သြားသူေတြလည္း ရွိေနပါတယ္။
ဒီအရြယ္က က်င္လည္ရာအသိုင္းအဝန္းက်ဥ္းေျမာင္းေတာ့ ရြယ္တူေတြ ၊ နီးစပ္ရာေတြနဲ႔ ပါသြားခဲ့တာပါ။ သူတို႔ထဲကမွ အိမ္ေထာင္ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ျမဲတဲ့သူဆိုလို႔ ႏွစ္ဦးတည္း ေတြ႕ဖူးတယ္။ အတန္းေဖာ္နဲ႔ လိုက္ေျပးသြားခဲ့တဲ့ သူငယ္ခ်င္းမႏွစ္ဦးေလ။ သိပ္မရင္းခဲ့ေပမယ့္ ဆရာကန္ေတာ့ပြဲမွာ ျပန္ဆုံေတာ့ ဘဝအေျခအေနခ်င္း ကြာျခားသြားခဲ့ၿပီျဖစ္တဲ့ ကၽြန္မတို႔ေတြ အေတြ႕အၾကဳံေတြ ဖလွယ္ျဖစ္ခဲ့တယ္။ ကၽြန္မတို႔ေတြ မိဘရင္ခြင္မွာ ေအးေအးလူလူ ပညာဆုံးခန္းတိုင္ ဆက္သင္ေနနိုင္တဲ့အရြယ္မွာ သူတို႔ကေတာ့ အိမ္ေထာင္ဘက္ရင္ခြင္မွာ မိဘအသိုင္းအဝန္း အၿငိဳအျငင္ခံၿပိး ဘဝကို ခက္ခဲစြာ ႐ုန္းကန္ခဲ့ၾကရတယ္။ အဲဒီမွာ အခ်စ္စစ္နဲ႔ စိတ္ကစားတာ ကြာသြားတာပဲ။
တကယ္ခ်စ္တဲ့သူေတြက်ေတာ့ ဆင္းရဲဒဏ္ ၊ ခ်မ္းသာဒဏ္နဲ႔ ေလာကဓံဆိုတာကို ခံနိုင္ၾကတယ္။ အခ်စ္စစ္ဆိုတာ ေလာကဓံေၾကာင့္ ေျပာင္းလဲသြားတာမ်ိဳးမွမဟုတ္တာ။ အစမ္းသပ္ခံနိုင္တယ္။ စိတ္ကစားခဲ့ၿပီး အိမ္ေထာင္ေရးေျခလွမ္းကၽြံခဲ့သူေတြက်ေတာ့ ဒီလိုမဟုတ္ေတာ့ဘူး။ ဆင္းရဲဒဏ္ ၊ ခ်မ္းသာဒဏ္နဲ႔ ေလာကဓံဆိုတာကို မေျပာနဲ႔။ တစ္ဦးဒဏ္ကိုေတာင္ တစ္ဦးက သည္းမခံနိုင္ၾကဘူး။ ခြင့္လႊတ္မယ္ဆိုတာလည္းမေတြး ၊ ေလာကဓံကို ႏွစ္ေယာက္လက္တြဲလို႔ ႀကံ့ႀကံ့ခံမယ္ဆိုတာလည္းမေတြးဘူး။ အိမ္ေထာင္ဖက္ထက္ သာသူတစ္ဦးဦးမ်ား အနားမွာရွိၾကည့္ အေနနီးစပ္မႈနဲ႔ ပါသြားေရာ။ ဒါေတြက စိတ္ကစားတဲ့ခံစားခ်က္ကို အခ်စ္လို႔ထင္ခဲ့သူေတြ ျဖစ္တတ္တာေတြေပါ့။ ႏွစ္ေယာက္စလုံးက အခ်စ္စစ္နဲ႔ လက္တြဲခဲ့တာမ်ိဳးမဟုတ္ရင္ အေၾကာင္းေၾကာင္းနဲ႔ ကြဲၾကျပဲၾက ၊ စိတ္ဒဏ္ရာေတြရၾကေပါ့။
ကၽြန္မဟာ အျမင့္ဆုံးဆိုတဲ့ေနရာမွာ ရပ္တည္ေနတာမဟုတ္ေပမယ့္ ကိုယ္ရပ္တည္ေနတဲ့ေနရာကို ေက်နပ္ၿပီး အခ်ိန္နဲ႔အမၽွ ဆက္လွမ္းေနသူပါ။ လွမ္းေနသမၽွ ခရီးေရာက္မယ္လို႔လည္း ယုံၾကည္တယ္ေလ။ State ေက်ာင္းတုန္းက ကၽြန္မသူငယ္ခ်င္းေတြနဲ႔ ျပန္ေတြ႕တဲ့အခါ သူတို႔နဲ႔အေျခအေနေတြ ျခားနားသြားခဲ့ၿပီျဖစ္တဲ့ ကၽြန္မကို သူတို႔က စိတ္ဝင္တစားေမးၾကတယ္။ ဘယ္လိုကဘယ္လို ဒီလိုအေျခအေနေတြ ျဖစ္သြားတာလဲတဲ့။ ေျပာရင္အရွည္ႀကီးမို႔ သူတို႔နားလည္နိုင္မယ့္တခြန္းတည္း ေျပာျဖစ္တယ္။ ငါက ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္မျပဳခဲ့လို႔ ဒီလိုအေျခအေနမ်ိဳး ေရာက္ေနတာပါလို႔။ သူတို႔ေတြဟာ ႏုံခ်ာတဲ့အေျခအေနလို႔ ကၽြန္မ မဆိုလိုဘူးေနာ္။ ျပည့္စုံသူေတြလည္းရွိၾကတယ္။ ဒါေပမယ့္ ရွင္းေအာင္ေျပာရရင္ ေရအိုင္ထဲကငါးနဲ႔ သမုဒၵရာထဲကငါး က်င္လည္ရာကြာသြားသလိုေပါ့။
ကၽြန္မေရးတဲ့စာေတြ အထူးသျဖင့္ အခ်စ္ေရး ၊ အိမ္ေထာင္ေရးနဲ႔ပတ္သက္တဲ့ (Relationship) ဆိုင္ရာ အေၾကာင္းအရာေတြကို ဖတ္တဲ့သူေတြထဲမွာ State ေက်ာင္းသား ၊ ေက်ာင္းသူအရြယ္ေတြနဲ႔ ဆယ္ေက်ာ္သက္ေတြ ၊ အပ်ိဳ ၊ လူပ်ိဳေတြပါမွာပါ။ သူတို႔အတြက္ ရည္ရြယ္ၿပီး ဒီပို႔စ္ေရးျဖစ္တာပဲေလ။ ဆယ္ေက်ာ္သက္အသိုင္းအဝိုင္း ဝင္ဆန႔္မႈဆိုတာဟာ သုံးဆယ္အရြယ္ အသိုင္းအဝန္း ဝင္ဆန႔္မႈနဲ႔ ကြာျခားလွပါတယ္။ ဗဟုသုတ ၊ အတတ္ပညာ ၊ အေပါင္းအသင္း ၊ သတင္းအခ်က္အလက္ ၊ အေတြ႕အၾကဳံ ဆိုတာေတြဟာလည္း အရြယ္ရလာေလ တိုးတက္ျပည့္စုံလာေလပါ။ ဒါေၾကာင့္ အိမ္ေထာင္ျပဳမယ္ဆိုရင္ ငယ္ငယ္ရြယ္ရြယ္အခ်ိန္မွာ စိတ္ကစားၿပီး ကိုယ္က်င္လည္ရာဝန္းက်င္က ကိုယ္အေကာင္းဆုံးလို႔ ထင္ျမင္ရာနဲ႔ ေပါင္းစပ္လိုက္မယ္ဆို မျမဲရင္ တခုလပ္ ၊ ႏွစ္ခုလပ္ ျဖစ္မွာေပါ့။ ျမဲရင္လည္း ဒီ့ထက္ပိုသာလြန္ေကာင္းမြန္တဲ့ ေယာက်္ားေကာင္းနဲ႔ ဖူးစာဆုံခြင့္ ဒီဘဝမွာေဝးသြားၿပီေလ။ ရရာနဲ႔ ေက်နပ္လိုက္ရတဲ့သေဘာေပါ့။
ႏွစ္ဦးႏွစ္ဖက္သာ အခ်စ္စစ္ရင္ ဘယ္ဘဝမွာပဲ ရပ္တည္ရ ၊ ရပ္တည္ရ ဒီအိမ္ေထာင္ ၊ ဒီမိသားစုေလးရရွိတာ ေပ်ာ္ရႊင္ေက်နပ္တယ္။ တကယ္မခ်စ္ခဲ့ဘဲ စိတ္ကစားတဲ့ကာလအတြင္း ယူခဲ့ရင္သာ ရေနတဲ့ဘဝကို မေက်နပ္ ၊ သူမ်ားေတြဘဝကိုအားက် ဒီ့ထက္တဆင့္တက္လာရင္ သူမ်ားဘဝေတြလို ရလိုရျငား တအိမ္ေထာင္ေျပာင္းဖို႔ စိတ္တြန္းအားေတြ ျဖစ္ေပၚလာပါတယ္။ သူ႔ကို ခ်စ္မိတယ္လို႔ ထင္ေနရင္ သူ႔ကိုခ်စ္ေရးမဆိုခင္ ၊ သူ႔အခ်စ္ကို လက္မခံခင္ ငါဟာ စိတ္ကစားေနမိတာလားလို႔ ျပန္သုံးသပ္ဖို႔လိုတယ္။ ဘယ္လိုသိနိုင္မလဲ ဒီလူနဲ႔ ေဝးေဝးခြါခြါေနၾကည့္ ၊ အဆက္အဆံကင္းကင္းေနၾကည့္ ၊ သူနဲ႔ေဝးတဲ့ေနရာ ခရီးထြက္ၾကည့္။
လအနည္းငယ္ကေန ႏွစ္ပိုင္းအတြင္း ခံစားခ်က္ေတြပါးလ်ၿပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ ရွိသြားၿပီဆိုရင္ မီးေဝးလို႔ခ်ိတ္ေအး ၊ နီးစပ္လို႔ စိတ္ကစားမိခဲ့တာပါလို႔ အႀကံေပးခ်င္တယ္။ ကၽြန္မ စိတ္ကစားတဲ့ ငယ္ႏုစဥ္အရြယ္ေတြတုန္းက ဒီလိုလုပ္ခဲ့ၿပီး မိမိ စိတ္ကစားမႈမွန္သမၽွ ပယ္ရွားနိုင္ခဲ့တယ္။ ဒီလူ႔အေၾကာင္းေတြးမယ့္အစား ကိုယ္ေလ့လာစရာရွိတာေတြ ၊ လုပ္ကိုင္စရာရွိတာေတြကိုပဲ အာ႐ုံစိုက္တယ္။ တကယ္မခ်စ္ရင္ ခံစားခ်က္ေတြ ပါးသြားတာပဲ။ ဒီလိုကာလအတြင္းမွာ သူဟာ အတြဲေတြ႕သြားတယ္ဆိုလည္း လြတ္တဲ့ငါးႀကီးၿပီး ဝမ္းမနည္းေနဘူး။ ဒီကာလအတြင္းမွာေတာင္ သူဟာ နီးစပ္ရာနဲ႔ျဖစ္သြားတယ္ဆိုရင္ သူလည္း ကိုယ့္ကိုစိတ္ကစား႐ုံရွိခဲ့လို႔ေပါ့။ ဒီလိုလူနဲ႔ ရည္းစားမျဖစ္ခင္ကြဲခဲ့တာ ဘယ္ေလာက္ကံေကာင္းလိုက္သလဲ။ ယူၿပီးမွ နီးစပ္ရာနဲ႔ ေဖာက္ျပန္ေနရင္ မခက္ေပဘူးလား။
တကယ္ခ်စ္တဲ့သူက လပိုင္း ၊ ႏွစ္ပိုင္းအတြင္း ေကာက္ယူမွာလား။ ခ်စ္ခြင့္ရဖို႔ ၊ လက္ထပ္ခြင့္ရဖို႔ ကိုယ့္ကို စိတ္ရွည္လက္ရွည္ေစာင့္ေမၽွာ္ေနမွာေပါ့။ သူ႔အိမ္ေထာင္ဖက္ေနရာကို ကိုယ့္အတြက္လို႔ စရံသတ္ထားမွာေပါ့။ ဟုတ္ဘူးလား။ ဒီေတာ့ သူကိုယ့္ကို တကယ္ခ်စ္မခ်စ္လည္း တကယ္သိရ ၊ ကိုယ္သူ႔ကို ခ်စ္မခ်စ္တကယ္သိရ တခါစမ္းသပ္ၾကည့္႐ုံနဲ႔ ႏွစ္ခုပြဲျပတ္ၿပီး အခ်စ္စစ္ကိုရွာေတြ႕မယ္ေလ။ ဒါဟာ စိတ္ကစားတဲ့သူနဲ႔ တကယ္ခ်စ္တဲ့သူေတြရဲ့ ခံစားခ်က္နဲ႔အျပဳအမူ ကြဲျပားခ်က္ေတြပဲေပါ့။ အပ်ိဳ ၊ လူပ်ိဳတိုင္းလည္း စိတ္ကစားျခင္းနဲ႔ အခ်စ္စစ္ ကြဲကြဲျပားျပားနားလည္လို႔ အခ်စ္စစ္နဲ႔ေတြ႕ဆုံ ေပါင္းဖက္နိုင္ၾကပါေစေနာ္။
ရတု (Burmesehearts.com)
Unicode
စိတ်ကစားခြင်းနှင့် ချစ်ခြင်းမေတ္တာကွာခြားပုံ
သစ်ရွက်လှုပ်တောင် ရင်ခုန်တတ်တဲ့အရွယ်ဆိုတော့ ဒီအရွယ်ဖြတ်သန်းဖူးသူတိုင်း စိတ်ကစားဖူးတာမို့ စိတ်မကစားခဲ့ဖူးဘူးပြောတဲ့သူဟာ ညာပြောတာပါပဲ။ စိတ်ကစားခဲ့ဖူးပေမယ့် ဒီစိတ်ကို ထိန်းသိမ်းနိုင်ခဲ့တာနဲ့ လုံးဝ စိတ်မကစားဖူးတာ ကွဲပြားတယ်လေ။ စိတ်ကစားတယ်ဆိုတာဘာလဲ လွယ်လွယ်နဲ့ရှင်းရှင်းပြောရရင် တဘက်လိင်အပေါ် သဘောကျနှစ်ခြိုက်တဲ့စိတ် ၊ သူ့အပေါ် သာယာတဲ့စိတ်တွေ ဝင်လာတယ်လေ။ သူ့ကို သဘောကျစိတ်တွေဝင်နေတော့ သူ့ကိုမြင်ရင် ရင်ခုန်တာ ၊ သူ့ကိုပဲ မြင်ချင်နေတာ ၊ သူနဲ့ပတ်သက်တာတွေဆို (အချိန်ကာလတခုတိုင်) အမှတ်တရ သိမ်းထားမိနေတာ စသဖြင့်သော စိတ်ပိုင်းဆိုင်ရာ သာယာမှုတွေမှာ အရင်နဲ့မတူတဲ့ ခံစားချက် ၊ တခြားသူတွေနဲ့ မတူတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်ခံစားလာတာမျိုးပေါ့။
စိတ်ကစားတဲ့အရွယ်ဟာ ဆယ်ကျော်သက်အရွယ်ပဲလို့ ထင်ရင်မှားပါတယ်။ မိမိစိတ်ကို မိမိမထိန်းသိမ်းနိုင်သေးတဲ့သူတွေဟာ ဘယ်အရွယ်ရောက်ရောက် ရင့်ကျက်တဲ့ခံစားမှုနဲ့ အတွေးအခေါ်မျိုး မကိန်းအောင်းသေးတာမို့ ဟိုလူ့မြင် စိတ်ဝင်စားလိုက် ၊ ဒီလူနဲ့အနေများရင် စိတ်ယိမ်းယိုင်လိုက်နဲ့ စိတ်ကစားတတ်ပါသေးတယ်။ ဒီတော့ စိတ်ကစားတယ်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ မရင့်ကျက်မှုတွေက ပါဝင်နေသေးတာဖြစ်ပါတယ်။ စိတ်သာယာမှုနောက် တကောက်ကောက် လိုက်ပါတတ်သူတွေဟာ မကြာခဏဆိုသလို စိတ်မတည်မငြိမ်နဲ့ စိတ်နောက်ကိုယ်ပါ ခံစားတတ်ကြပါတယ်။
ဆယ်ကျော်သက်အရွယ်အများစုဟာ အတန်းထဲမှာသော်လည်းကောင်း ၊ ကျောင်းထဲမှာသော်လည်းကောင်း ၊ ရပ်ကွက်ထဲမှာသော်လည်းကောင်း မိမိကျင်လည်ရာ ပတ်ဝန်းကျင်က မိမိစိတ်ကို လှုပ်ရှားစေနိုင်တဲ့ တဘက်လိင်အပေါ် စိတ်ကစားတတ်ကြပါတယ်။ စိတ်ခံစားမှု မရင့်ကျက်သေးသူတွေမှ စိတ်ကစားတတ်ကြတာဆိုတော့ သူတို့စိတ်ကစားတဲ့သူတွေဟာ ပျိုပျို အိုအို အကုန်ပါဝင်နိုင်ပါတယ်။ ဒီလိုစိတ်ကစားတတ်တဲ့ မနူးမနပ်လေးတွေကို စားနေကျကြောင်ပါးတွေက တမင်စိတ်ကစားအောင်လုပ် ၊ ပြီးရင်သိမ်းသွင်းပြီး သူတို့လိုချင်ရာ အရယူတတ်ကြတယ်။ တဖက် မနူးမနပ်စိတ်ကလေးနဲ့ စိတ်လှုပ်ရှားမိသူက စိတ်နောက်ကိုယ်ပါခံစားရင် သူတို့လှည့်ကွက်ထဲ သက်ဆင်းရပြီပေါ့။
စိတ်ကစားတယ်ဆိုတာ တခါတလေကျတော့လည်း နီးစပ်မှုအရသော်လည်းကောင်း ၊ ပတ်ဝန်းကျင် အပြောင်းအလဲအရသော်လည်းကောင်း ၊ အားကိုးလိုတဲ့အချိန်မှာသော်လည်းကောင်း ၊ အထီးကျန်စိတ်အားငယ်နေချိန်မှာသော်လည်းကောင်း ဖြစ်ပေါ်လာတတ်ပါသေးတယ်။ ဥပမာ အနေနီးလို့စိတ်နီးပြီး တွဲဖြစ်သွားတာမျိုး ၊ ခရီးသွားလာရင်း အတွဲလေးတွေပါလာတာမျိုး ၊ သင်္ကြန်လေးငါးရက်အတွင်းမှာ ဇတ်လမ်းလေးတွေ ဖြစ်သွားတာမျိုး ၊ ကိုယ်လိုအပ်နေချိန်မှာ ပေါ်လာပြီး ကိုယ့်ကိုအဖော်လုပ်ပေးသူ ၊ ကူညီပေးတတ်တဲ့သူကိုလည်း အားကိုးစိတ်ကလေးနဲ့ တွယ်ငြိသွားပြန်ရော။ ဒီလိုငြိတွယ်လာတဲ့စိတ်တွေဟာ လတ်တလောဖြစ်ချိန်ကလေးမှာ အချစ်ဆိုတဲ့ ခံစားမှုနဲ့ ဆင်တူယိုးမှား တူနေတတ်တယ်။ ဒါပေမယ့် တကယ်ကွာခြားချက်ကြီးကတော့ အချိန်ခြားနားချက်ကြီးပါပဲ။
စိတ်ကစားရုံပဲ ငြိတွယ်မိသူတွေက ကွယ်တာနဲ့မေ့မေ့ပျောက်ပျောက် ၊ အနေဝေးရင်သွေးအေး ၊ ကွယ်တာနဲ့ဖောက်ဆိုတာမျိုးတွေ ရှိပါတယ်။ ဝေးသွားလို့ နေမထိထိုင်မသာ ခံစားရလှ အလွန်ဆုံး လပိုင်း ၊ နှစ်ပိုင်းလောက်ပါပဲ။ ပေါ့ပေါ့လေးခံစားလေ မြန်မြန်လေးမေ့ပျောက်လေ ၊ ခံစားချက်တွေတိမ်လေ လွယ်လွယ်လေးမေ့ပျောက်လေပါပဲ။ စိတ်ကစားရုံကစတဲ့ခံစားမှု နက်ရှိုင်းလာလေ အချစ်တစ်ခုလို ပုံစံပြောင်းသွားလေပါ။ ဒီလူနဲ့ပတ်သက်ပြီး လေးနက်တဲ့စိတ်ထား ၊ ရေရှည်အတူလက်တွဲလိုမှု ၊ နားလည်မှုပေးနိုင်ခြင်း ၊ သည်းညည်းခံနိုင်ခြင်းတွေဆိုတာ အချိန်ကြာလေ ထုတည်မြင့်မားလာလေ သံယောဇဉ်တွေ ရစ်ပတ်လာလေပဲပေါ့။
စိတ်ကစားရင်းချစ်ကြိုက်ရာက တအိုးတအိမ် ထူထောင်သွားကြတဲ့ စုံတွဲတွေရှိတယ်။ တကယ်အချစ်စစ်နဲ့ ချစ်ခဲ့ကြတဲ့သူတွေက ဘဝကိုရိုးမြေကျ ချစ်ခင်ကြင်နာစွာ မိသားစုပျော်ပျော်ပါးပါး ပေါင်းသင်းနေကြတာလည်း တွေ့ဖူးတယ်။ စိတ်ကစားရင်း ဆုံးဖြတ်ချက်မှားခဲ့လို့ ဘဝရေတိမ်နစ်သွားရသူတွေလည်း တွေ့ဖူးတယ်။ ကျွန်မ အတန်းဖော်တွေထဲက တချို့ဟာ (၁၀)တန်းမတိုင်မီ ခိုးရာလိုက်ပြေးခဲ့သူတွေလည်း တွေ့ဖူးတယ်။ (၁၀)နောက်ဆုံးနေ့ ခိုးရာလိုက်ပြေးသူနဲ့ တက္ကသိုလ်မတက်ခင် လိုက်ပြေးသွားသူ ၊ ဘွဲ့မရခင် အိမ်ထောင်ကျသွားသူတွေလည်း ရှိနေပါတယ်။
ဒီအရွယ်က ကျင်လည်ရာအသိုင်းအဝန်းကျဉ်းမြောင်းတော့ ရွယ်တူတွေ ၊ နီးစပ်ရာတွေနဲ့ ပါသွားခဲ့တာပါ။ သူတို့ထဲကမှ အိမ်ထောင်ပျော်ပျော်ရွှင်ရွှင်နဲ့ မြဲတဲ့သူဆိုလို့ နှစ်ဦးတည်း တွေ့ဖူးတယ်။ အတန်းဖော်နဲ့ လိုက်ပြေးသွားခဲ့တဲ့ သူငယ်ချင်းမနှစ်ဦးလေ။ သိပ်မရင်းခဲ့ပေမယ့် ဆရာကန်တော့ပွဲမှာ ပြန်ဆုံတော့ ဘဝအခြေအနေချင်း ကွာခြားသွားခဲ့ပြီဖြစ်တဲ့ ကျွန်မတို့တွေ အတွေ့အကြုံတွေ ဖလှယ်ဖြစ်ခဲ့တယ်။ ကျွန်မတို့တွေ မိဘရင်ခွင်မှာ အေးအေးလူလူ ပညာဆုံးခန်းတိုင် ဆက်သင်နေနိုင်တဲ့အရွယ်မှာ သူတို့ကတော့ အိမ်ထောင်ဘက်ရင်ခွင်မှာ မိဘအသိုင်းအဝန်း အငြိုအငြင်ခံပြိး ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ကြရတယ်။ အဲဒီမှာ အချစ်စစ်နဲ့ စိတ်ကစားတာ ကွာသွားတာပဲ။
တကယ်ချစ်တဲ့သူတွေကျတော့ ဆင်းရဲဒဏ် ၊ ချမ်းသာဒဏ်နဲ့ လောကဓံဆိုတာကို ခံနိုင်ကြတယ်။ အချစ်စစ်ဆိုတာ လောကဓံကြောင့် ပြောင်းလဲသွားတာမျိုးမှမဟုတ်တာ။ အစမ်းသပ်ခံနိုင်တယ်။ စိတ်ကစားခဲ့ပြီး အိမ်ထောင်ရေးခြေလှမ်းကျွံခဲ့သူတွေကျတော့ ဒီလိုမဟုတ်တော့ဘူး။ ဆင်းရဲဒဏ် ၊ ချမ်းသာဒဏ်နဲ့ လောကဓံဆိုတာကို မပြောနဲ့။ တစ်ဦးဒဏ်ကိုတောင် တစ်ဦးက သည်းမခံနိုင်ကြဘူး။ ခွင့်လွှတ်မယ်ဆိုတာလည်းမတွေး ၊ လောကဓံကို နှစ်ယောက်လက်တွဲလို့ ကြံ့ကြံ့ခံမယ်ဆိုတာလည်းမတွေးဘူး။ အိမ်ထောင်ဖက်ထက် သာသူတစ်ဦးဦးများ အနားမှာရှိကြည့် အနေနီးစပ်မှုနဲ့ ပါသွားရော။ ဒါတွေက စိတ်ကစားတဲ့ခံစားချက်ကို အချစ်လို့ထင်ခဲ့သူတွေ ဖြစ်တတ်တာတွေပေါ့။ နှစ်ယောက်စလုံးက အချစ်စစ်နဲ့ လက်တွဲခဲ့တာမျိုးမဟုတ်ရင် အကြောင်းကြောင်းနဲ့ ကွဲကြပြဲကြ ၊ စိတ်ဒဏ်ရာတွေရကြပေါ့။
ကျွန်မဟာ အမြင့်ဆုံးဆိုတဲ့နေရာမှာ ရပ်တည်နေတာမဟုတ်ပေမယ့် ကိုယ်ရပ်တည်နေတဲ့နေရာကို ကျေနပ်ပြီး အချိန်နဲ့အမျှ ဆက်လှမ်းနေသူပါ။ လှမ်းနေသမျှ ခရီးရောက်မယ်လို့လည်း ယုံကြည်တယ်လေ။ State ကျောင်းတုန်းက ကျွန်မသူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အခါ သူတို့နဲ့အခြေအနေတွေ ခြားနားသွားခဲ့ပြီဖြစ်တဲ့ ကျွန်မကို သူတို့က စိတ်ဝင်တစားမေးကြတယ်။ ဘယ်လိုကဘယ်လို ဒီလိုအခြေအနေတွေ ဖြစ်သွားတာလဲတဲ့။ ပြောရင်အရှည်ကြီးမို့ သူတို့နားလည်နိုင်မယ့်တခွန်းတည်း ပြောဖြစ်တယ်။ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မပြုခဲ့လို့ ဒီလိုအခြေအနေမျိုး ရောက်နေတာပါလို့။ သူတို့တွေဟာ နုံချာတဲ့အခြေအနေလို့ ကျွန်မ မဆိုလိုဘူးနော်။ ပြည့်စုံသူတွေလည်းရှိကြတယ်။ ဒါပေမယ့် ရှင်းအောင်ပြောရရင် ရေအိုင်ထဲကငါးနဲ့ သမုဒ္ဒရာထဲကငါး ကျင်လည်ရာကွာသွားသလိုပေါ့။
ကျွန်မရေးတဲ့စာတွေ အထူးသဖြင့် အချစ်ရေး ၊ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ (Relationship) ဆိုင်ရာ အကြောင်းအရာတွေကို ဖတ်တဲ့သူတွေထဲမှာ State ကျောင်းသား ၊ ကျောင်းသူအရွယ်တွေနဲ့ ဆယ်ကျော်သက်တွေ ၊ အပျို ၊ လူပျိုတွေပါမှာပါ။ သူတို့အတွက် ရည်ရွယ်ပြီး ဒီပို့စ်ရေးဖြစ်တာပဲလေ။ ဆယ်ကျော်သက်အသိုင်းအဝိုင်း ဝင်ဆန့်မှုဆိုတာဟာ သုံးဆယ်အရွယ် အသိုင်းအဝန်း ဝင်ဆန့်မှုနဲ့ ကွာခြားလှပါတယ်။ ဗဟုသုတ ၊ အတတ်ပညာ ၊ အပေါင်းအသင်း ၊ သတင်းအချက်အလက် ၊ အတွေ့အကြုံ ဆိုတာတွေဟာလည်း အရွယ်ရလာလေ တိုးတက်ပြည့်စုံလာလေပါ။ ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်အချိန်မှာ စိတ်ကစားပြီး ကိုယ်ကျင်လည်ရာဝန်းကျင်က ကိုယ်အကောင်းဆုံးလို့ ထင်မြင်ရာနဲ့ ပေါင်းစပ်လိုက်မယ်ဆို မမြဲရင် တခုလပ် ၊ နှစ်ခုလပ် ဖြစ်မှာပေါ့။ မြဲရင်လည်း ဒီ့ထက်ပိုသာလွန်ကောင်းမွန်တဲ့ ယောကျ်ားကောင်းနဲ့ ဖူးစာဆုံခွင့် ဒီဘဝမှာဝေးသွားပြီလေ။ ရရာနဲ့ ကျေနပ်လိုက်ရတဲ့သဘောပေါ့။
နှစ်ဦးနှစ်ဖက်သာ အချစ်စစ်ရင် ဘယ်ဘဝမှာပဲ ရပ်တည်ရ ၊ ရပ်တည်ရ ဒီအိမ်ထောင် ၊ ဒီမိသားစုလေးရရှိတာ ပျော်ရွှင်ကျေနပ်တယ်။ တကယ်မချစ်ခဲ့ဘဲ စိတ်ကစားတဲ့ကာလအတွင်း ယူခဲ့ရင်သာ ရနေတဲ့ဘဝကို မကျေနပ် ၊ သူများတွေဘဝကိုအားကျ ဒီ့ထက်တဆင့်တက်လာရင် သူများဘဝတွေလို ရလိုရငြား တအိမ်ထောင်ပြောင်းဖို့ စိတ်တွန်းအားတွေ ဖြစ်ပေါ်လာပါတယ်။ သူ့ကို ချစ်မိတယ်လို့ ထင်နေရင် သူ့ကိုချစ်ရေးမဆိုခင် ၊ သူ့အချစ်ကို လက်မခံခင် ငါဟာ စိတ်ကစားနေမိတာလားလို့ ပြန်သုံးသပ်ဖို့လိုတယ်။ ဘယ်လိုသိနိုင်မလဲ ဒီလူနဲ့ ဝေးဝေးခွါခွါနေကြည့် ၊ အဆက်အဆံကင်းကင်းနေကြည့် ၊ သူနဲ့ဝေးတဲ့နေရာ ခရီးထွက်ကြည့်။
လအနည်းငယ်ကနေ နှစ်ပိုင်းအတွင်း ခံစားချက်တွေပါးလျပြီး မေ့မေ့ပျောက်ပျောက် ရှိသွားပြီဆိုရင် မီးဝေးလို့ချိတ်အေး ၊ နီးစပ်လို့ စိတ်ကစားမိခဲ့တာပါလို့ အကြံပေးချင်တယ်။ ကျွန်မ စိတ်ကစားတဲ့ ငယ်နုစဉ်အရွယ်တွေတုန်းက ဒီလိုလုပ်ခဲ့ပြီး မိမိ စိတ်ကစားမှုမှန်သမျှ ပယ်ရှားနိုင်ခဲ့တယ်။ ဒီလူ့အကြောင်းတွေးမယ့်အစား ကိုယ်လေ့လာစရာရှိတာတွေ ၊ လုပ်ကိုင်စရာရှိတာတွေကိုပဲ အာရုံစိုက်တယ်။ တကယ်မချစ်ရင် ခံစားချက်တွေ ပါးသွားတာပဲ။ ဒီလိုကာလအတွင်းမှာ သူဟာ အတွဲတွေ့သွားတယ်ဆိုလည်း လွတ်တဲ့ငါးကြီးပြီး ဝမ်းမနည်းနေဘူး။ ဒီကာလအတွင်းမှာတောင် သူဟာ နီးစပ်ရာနဲ့ဖြစ်သွားတယ်ဆိုရင် သူလည်း ကိုယ့်ကိုစိတ်ကစားရုံရှိခဲ့လို့ပေါ့။ ဒီလိုလူနဲ့ ရည်းစားမဖြစ်ခင်ကွဲခဲ့တာ ဘယ်လောက်ကံကောင်းလိုက်သလဲ။ ယူပြီးမှ နီးစပ်ရာနဲ့ ဖောက်ပြန်နေရင် မခက်ပေဘူးလား။
တကယ်ချစ်တဲ့သူက လပိုင်း ၊ နှစ်ပိုင်းအတွင်း ကောက်ယူမှာလား။ ချစ်ခွင့်ရဖို့ ၊ လက်ထပ်ခွင့်ရဖို့ ကိုယ့်ကို စိတ်ရှည်လက်ရှည်စောင့်မျှော်နေမှာပေါ့။ သူ့အိမ်ထောင်ဖက်နေရာကို ကိုယ့်အတွက်လို့ စရံသတ်ထားမှာပေါ့။ ဟုတ်ဘူးလား။ ဒီတော့ သူကိုယ့်ကို တကယ်ချစ်မချစ်လည်း တကယ်သိရ ၊ ကိုယ်သူ့ကို ချစ်မချစ်တကယ်သိရ တခါစမ်းသပ်ကြည့်ရုံနဲ့ နှစ်ခုပွဲပြတ်ပြီး အချစ်စစ်ကိုရှာတွေ့မယ်လေ။ ဒါဟာ စိတ်ကစားတဲ့သူနဲ့ တကယ်ချစ်တဲ့သူတွေရဲ့ ခံစားချက်နဲ့အပြုအမူ ကွဲပြားချက်တွေပဲပေါ့။ အပျို ၊ လူပျိုတိုင်းလည်း စိတ်ကစားခြင်းနဲ့ အချစ်စစ် ကွဲကွဲပြားပြားနားလည်လို့ အချစ်စစ်နဲ့တွေ့ဆုံ ပေါင်းဖက်နိုင်ကြပါစေနော်။
ရတု (Burmesehearts.com)
0 Comments