Wikimedia Commons
ဘူေဂရီးယားႏုိင္ငံသူ ကမာၻေက်ာ္ ေရွ႕ျဖစ္ေဟာပညာရွင္ ဘာဘာဗန္ဂါကေတာ့ လြန္ခဲ့တဲ့ အႏွစ္(၂၀)ေလာက္က သူမ ကြယ္လြန္သြားခဲ့တာမွန္ေပမယ့္၊ ကမာၻႀကီးအတြက္ မဆုံးႏုိင္ေသာ ေဟာစာတမ္းေတြ ထားရစ္ခဲ့သူ ျဖစ္ပါတယ္။ သူမဟာ 9/11 တုိက္ခုိက္မႈကို (၁၂)ႏွစ္ေစာၿပီး ေဟာကိန္းထုတ္ခဲ့သလုိ၊ တစ္ျခား ေသြးထြက္ေအာင္မွန္ကန္တဲ့ ေဟာေျပာမႈေတြ အမ်ားႀကီးပါ။
အခု (၂၀၂၀)ခုႏွစ္အတြက္ ေဟာစာတမ္းကေတာ့ ကမာၻေက်ာ္ေခါင္းေဆာင္ေတြျဖစ္တဲ့ အေမရိကန္သမၼတ ထရမ့္နဲ႔၊ ႐ုရွားသမၼတ ပူတင္တုိ႔အတြက္ေတာ့ သတင္းေကာင္းေတြ ေဆာင္ၾကဥ္းလာတာေတာ့ မဟုတ္ပါဘူး။ သမၼတႏွစ္ေယာက္စလုံးဟာ အႏၱရာယ္ေတြ က်ဥ္းထဲက်ပ္ထဲေတြနဲ႔ ရင္ဆုိင္ရမွာပါလို႔ The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
Twitter/Vlaimar Putin
အဖြားဗန္ဂါဟာ ႐ုရွားေရငုပ္သေဘၤာ Kursk နစ္ျမဳပ္မယ့္အေၾကာင္းရယ္၊ 9/11 တုိက္ခိုက္မႈျဖစ္မယ့္အေၾကာင္းရယ္ကို ေရွ႕ဆင့္ေနာက္ဆင့္ျဖစ္လိမ့္မယ္လုိ႔ ေဟာေျပာခဲ့ပါတယ္။ ဒီေဟာေျပာမႈေတြကို (၁၉၈၉)ခုႏွစ္မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး၊ အေမရိကန္တုိ႔ တုိက္ခုိက္ခဲ့ရမယ့္အေၾကာင္းကုိ-
“ အုိ .. ေၾကာက္စရာ ထိတ္စရာပဲ … အေမရိကန္တုိ႔ ညီအစ္ကိုတစ္စု သံမဏီငွက္ေတြ တုိက္ခုိက္ခံရမႈေၾကာင့္ က်ဆုံးမယ္ … ဝံပုေလြေတြက ခ်ဳံပုတ္ေတြထဲကေန အူေနလိမ့္မယ္ … အျပစ္မဲ့ေသြးေတြဟာ တသြင္သြင္း စီးဆင္းေနလိမ့္မယ္”လုိ႔ ေျပာခဲ့ပါတယ္။ သံမဏိငွက္ဆုိတာ ေလယာဥ္ကို ရည္ညႊန္းတယ္လုိ႔ ေကာက္ယူလုိ႔ရပါတယ္။
အဖြားဗန္ဂါဟာ သကၠရာဇ္(၅၀၇၉)ခုႏွစ္အထိ ေဟာစာတမ္းထုတ္ခဲ့ၿပီး၊ အဲဒီခုႏွစ္မွာ စၾကဝဠာတစ္ခုလုံး ပ်က္စီးသြားမယ္လုိ႔လည္း ဆုိပါတယ္။ သူမ ေသဆုံးခါနီး ခုတင္ေပၚကုိ လဲေလွ်ာင္းေနခ်ိန္မွာ (၂၀၂၀)အတြက္ ေဟာစာတမ္းကို ေဟာခဲ့တာလုိ႔ ဆုိပါတယ္။ အဲဒီေဟာစာတမ္းက ထူးျခားပါတယ္။
အဖြားဗန္ဂါရဲ႕အဆုိအရ ဗလာဒီမာပူတင္ဟာ အႏၱရာယ္ဇုံအတြင္း က်ေရာက္ေနၿပီး၊ ကရင္မလင္နန္းေတာ္အတြင္း တာဝန္ထမ္းေဆာင္ေနသူတစ္ဦးက လုပ္ႀကံဖုိ႔ရွိတယ္လုိ႔ ဆုိပါတယ္။ ဒီလုိပဲ သမၼတထရမ့္အေနနဲ႔လည္း ေဘးအႏၱရာယ္ဆုိးႀကီး က်ေရာက္မွာျဖစ္ၿပီး၊ ဦးေႏွာက္အက်ိတ္ေၾကာင့္ ေသမွာလား၊ နားပင္းသြားေလမလား တစ္ခုခု ျဖစ္မယ္လုိ႔ ေျပာပါတယ္။
သူမဟာ ဥေရာပအတြက္ကိုလည္းေဟာကိန္းထုတ္ခဲ့ၿပီး၊ အစြန္းေရာက္မြတ္စလင္ေတြရဲ႕လက္ထဲကုိ က်ေရာက္လိမ့္မယ္ျဖစ္ေၾကာင္း ဆုိပါတယ္။ သုိ႔ေသာ္လည္း ဒီေဟာစာတမ္းက (၂၀၂၀)ထက္ေစာၿပီး ျဖစ္လိမ့္မယ္လုိ႔ ေဟာခဲ့တာလုိ႔လည္း ဆုိပါတယ္။ အစြန္းေရာက္ေတြဟာ ဓာတုလက္နက္ေတြနဲ႔ တုိက္ခုိက္မွာပါတဲ့။
Twitter/DonaldJTrump
Bulgarian Institute of Suggestology မွ ပါေမာကၡ Georgi Lozanov. ရဲ႕ စစ္တမ္းအရ အဖြားဗန္ဂါရဲ႕ ေဟာေျပာခ်က္ေတြဟာ (၈၅)%အထိ မွန္ကန္တယ္လုိ႔ ဆုိပါတယ္။ ဆုိရရင္ ေဟာေျပာခ်က္ (၁၀၀)မွာ (၈၅)ခု မွန္တယ္ဆုိတဲ့ သေဘာျဖစ္ပါတယ္။
ဒါေပမယ့္ (၂၀၁၂)ခုႏွစ္တုန္းက ဒီေဟာေျပာခ်က္ဆုိတာေတြကို Washington Post က စုံစမ္းစစ္ေဆးခဲ့ပါတယ္။ ေတြ႕ရွိခ်က္ကေတာ့ ဒီလုိ ေဟာစာတမ္းေယာင္ေယာင္၊ ေရွျဖစ္ေဟာ ေယာင္ေယာင္ကိစၥရပ္ေတြဟာ ႐ုရွားဆုိရွယ္မီဒီယာေတြဘက္ကေန ပ်ံ႔ႏွံ႔လာခဲ့တာေတြျဖစ္ေၾကာင္း အခိုင္အမာ ေဖာ္ထုတ္ခဲ့ပါတယ္။
ေနာက္ၿပီး ဘူေဂးရီးယားသတင္းစာတစ္ေစာင္က အဖြားဗန္ဂါေဟာေျပာခဲ့တယ္ဆုိတဲ့ Kursk ေရငုပ္သေဘၤာ နစ္ျမဳပ္မယ့္အေၾကာင္းရယ္၊ 9/11 တုိက္ခိုက္မႈျဖစ္မယ့္အေၾကာင္ရယ္ကို အဖြားဗန္ဂါက ကိုယ္တုိင္ေဟာခဲ့တာမဟုတ္ဘဲ၊ အခင္းျဖစ္စဥ္ေတြ ျဖစ္ၿပီးကာမွ သူမရဲ႕ ေနာက္လုိက္ေနာက္ပါေတြက ေဟာသေယာင္ေယာင္ ေရာင္ျပန္ေရာလႊတ္ခဲ့တာလုိ႔ ေရးသားခဲ့ဖူးပါတယ္။
လင္းသူရိန္


Unicode



ဘူဂေးရီယား ရှေ့ဖြစ်ဟောဆရာမကြီးရဲ့ ကမ္ဘာကြီးအတွက် (၂၀၂၀)ခုနှစ်ဟောစာတမ်း


Wikimedia Commons
ဘူဂေရီးယားနိုင်ငံသူ ကမ္ဘာကျော် ရှေ့ဖြစ်ဟောပညာရှင် ဘာဘာဗန်ဂါကတော့ လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်က သူမ ကွယ်လွန်သွားခဲ့တာမှန်ပေမယ့်၊ ကမ္ဘာကြီးအတွက် မဆုံးနိုင်သော ဟောစာတမ်းတွေ ထားရစ်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ 9/11 တိုက်ခိုက်မှုကို (၁၂)နှစ်စောပြီး ဟောကိန်းထုတ်ခဲ့သလို၊ တစ်ခြား သွေးထွက်အောင်မှန်ကန်တဲ့ ဟောပြောမှုတွေ အများကြီးပါ။


အခု (၂၀၂၀)ခုနှစ်အတွက် ဟောစာတမ်းကတော့ ကမ္ဘာကျော်ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့၊ ရုရှားသမ္မတ ပူတင်တို့အတွက်တော့ သတင်းကောင်းတွေ ဆောင်ကြဉ်းလာတာတော့ မဟုတ်ပါဘူး။ သမ္မတနှစ်ယောက်စလုံးဟာ အန္တရာယ်တွေ ကျဉ်းထဲကျပ်ထဲတွေနဲ့ ရင်ဆိုင်ရမှာပါလို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။


Twitter/Vlaimar Putin
အဖွားဗန်ဂါဟာ ရုရှားရေငုပ်သင်္ဘော Kursk နစ်မြုပ်မယ့်အကြောင်းရယ်၊ 9/11 တိုက်ခိုက်မှုဖြစ်မယ့်အကြောင်းရယ်ကို ရှေ့ဆင့်နောက်ဆင့်ဖြစ်လိမ့်မယ်လို့ ဟောပြောခဲ့ပါတယ်။ ဒီဟောပြောမှုတွေကို (၁၉၈၉)ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အမေရိကန်တို့ တိုက်ခိုက်ခဲ့ရမယ့်အကြောင်းကို-

“ အို .. ကြောက်စရာ ထိတ်စရာပဲ … အမေရိကန်တို့ ညီအစ်ကိုတစ်စု သံမဏီငှက်တွေ တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးမယ် … ဝံပုလွေတွေက ချုံပုတ်တွေထဲကနေ အူနေလိမ့်မယ် … အပြစ်မဲ့သွေးတွေဟာ တသွင်သွင်း စီးဆင်းနေလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။ သံမဏိငှက်ဆိုတာ လေယာဉ်ကို ရည်ညွှန်းတယ်လို့ ကောက်ယူလို့ရပါတယ်။

အဖွားဗန်ဂါဟာ သက္ကရာဇ်(၅၀၇၉)ခုနှစ်အထိ ဟောစာတမ်းထုတ်ခဲ့ပြီး၊ အဲဒီခုနှစ်မှာ စကြဝဠာတစ်ခုလုံး ပျက်စီးသွားမယ်လို့လည်း ဆိုပါတယ်။ သူမ သေဆုံးခါနီး ခုတင်ပေါ်ကို လဲလျှောင်းနေချိန်မှာ (၂၀၂၀)အတွက် ဟောစာတမ်းကို ဟောခဲ့တာလို့ ဆိုပါတယ်။ အဲဒီဟောစာတမ်းက ထူးခြားပါတယ်။

အဖွားဗန်ဂါရဲ့အဆိုအရ ဗလာဒီမာပူတင်ဟာ အန္တရာယ်ဇုံအတွင်း ကျရောက်နေပြီး၊ ကရင်မလင်နန်းတော်အတွင်း တာဝန်ထမ်းဆောင်နေသူတစ်ဦးက လုပ်ကြံဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ သမ္မတထရမ့်အနေနဲ့လည်း ဘေးအန္တရာယ်ဆိုးကြီး ကျရောက်မှာဖြစ်ပြီး၊ ဦးနှောက်အကျိတ်ကြောင့် သေမှာလား၊ နားပင်းသွားလေမလား တစ်ခုခု ဖြစ်မယ်လို့ ပြောပါတယ်။

သူမဟာ ဥရောပအတွက်ကိုလည်းဟောကိန်းထုတ်ခဲ့ပြီး၊ အစွန်းရောက်မွတ်စလင်တွေရဲ့လက်ထဲကို ကျရောက်လိမ့်မယ်ဖြစ်ကြောင်း ဆိုပါတယ်။ သို့သော်လည်း ဒီဟောစာတမ်းက (၂၀၂၀)ထက်စောပြီး ဖြစ်လိမ့်မယ်လို့ ဟောခဲ့တာလို့လည်း ဆိုပါတယ်။ အစွန်းရောက်တွေဟာ ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်မှာပါတဲ့။


Twitter/DonaldJTrump

Bulgarian Institute of Suggestology မှ ပါမောက္ခ Georgi Lozanov. ရဲ့ စစ်တမ်းအရ အဖွားဗန်ဂါရဲ့ ဟောပြောချက်တွေဟာ (၈၅)%အထိ မှန်ကန်တယ်လို့ ဆိုပါတယ်။ ဆိုရရင် ဟောပြောချက် (၁၀၀)မှာ (၈၅)ခု မှန်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ဒါပေမယ့် (၂၀၁၂)ခုနှစ်တုန်းက ဒီဟောပြောချက်ဆိုတာတွေကို Washington Post က စုံစမ်းစစ်ဆေးခဲ့ပါတယ်။ တွေ့ရှိချက်ကတော့ ဒီလို ဟောစာတမ်းယောင်ယောင်၊ ရှေဖြစ်ဟော ယောင်ယောင်ကိစ္စရပ်တွေဟာ ရုရှားဆိုရှယ်မီဒီယာတွေဘက်ကနေ ပျံ့နှံ့လာခဲ့တာတွေဖြစ်ကြောင်း အခိုင်အမာ ဖော်ထုတ်ခဲ့ပါတယ်။

နောက်ပြီး ဘူဂေးရီးယားသတင်းစာတစ်စောင်က အဖွားဗန်ဂါဟောပြောခဲ့တယ်ဆိုတဲ့ Kursk ရေငုပ်သင်္ဘော နစ်မြုပ်မယ့်အကြောင်းရယ်၊ 9/11 တိုက်ခိုက်မှုဖြစ်မယ့်အကြောင်ရယ်ကို အဖွားဗန်ဂါက ကိုယ်တိုင်ဟောခဲ့တာမဟုတ်ဘဲ၊ အခင်းဖြစ်စဉ်တွေ ဖြစ်ပြီးကာမှ သူမရဲ့ နောက်လိုက်နောက်ပါတွေက ဟောသယောင်ယောင် ရောင်ပြန်ရောလွှတ်ခဲ့တာလို့ ရေးသားခဲ့ဖူးပါတယ်။

လင်းသူရိန်