အိမ္ေမြးတိရစာၦန္လို႔ ဆိုလိုက္ရင္ ေခြး၊ ေၾကာင္၊ ပူး၊ ေရႊငါး၊ ဘဲကေလး၊ ၾကက္ကေလးစတဲ့ သတၱ၀ါေတြကိုသာ စိတ္ကူးထဲ ျမင္မိၾကပါတယ္။ ဒါေပမယ့္ ရုရွားအမ်ိဳးသားတစ္ဦးကေတာ့ ထူးထူးဆန္းဆန္း ပိုးဟပ္တစ္ေကာင္ကို အိမ္ေမြးတိရစာၦန္အေနနဲ႔ ေမြးခဲ့ၿပီး ၄င္းပိုးဟပ္ကို ကေလးေမြးေပးခဲ့တာကို storypick သတင္းမွာ ေတြ႔ရပါတယ္။
ပိုးဟပ္ေၾကာက္တတ္သူေတြအေနနဲ႔ ဆိုရင္ေတာ့ ဒီသတင္းဟာ အသဲယားစရာပါ။ အဲ့ဒီအမ်ိဳးသားက သူ႔ပိုးဟပ္ကို သူသိ္ပ္ခ်စ္ပါတယ္။ ဘယ္ေလာက္ထိေတာင္ ပိုးဟပ္ကို ဂရုစိုက္သလဲဆိုရင္ အဲ့ဒီပိုးဟပ္မက ကေလးမေမြးႏိုင္လို႔ တိရစာၦန္ဆရာ၀န္ေဆးခန္းဆီ သြားျပေပးတဲ့ အထိပါပဲ။ ပိုးဟပ္မဟာ တကယ္ပဲ ပိုးဟပ္ဥအိမ္ကို အျပင္ေကာင္းေကာင္းမထုတ္ႏိုင္တာပါ။ ဥအိမ္ဟာ အျပင္ကို ထြက္ေနတဲ့အတြက္ အခန္႔မသင့္ရင္ ပိုးဟပ္မကို ကူးစက္ေရာဂါ၀င္မွာေတာင္ စိုးရိမ္ေနရပါတယ္။
ဒါေၾကာင့္ ကေလးမေမြးႏိုင္ပဲ ဒုကၡေရာက္မွာ စိုးလို႔ဆိုၿပီး သူမသခင္က အိမ္နားက တိေမြးကုဆရာ၀န္ဆီကို ေခၚသြားခဲ့တာ ျဖစ္ပါတယ္။ တိရစာၦန္ကုေဆးခန္းက ဆရာ၀န္ေတြဟာ ၄င္းပိုးဟပ္ကို ကူညီေပးခဲ့ပါတယ္။ သူမကို စစ္ေဆးၾကည့္ၿပီးတဲ့ေနာက္ ခြဲစိတ္မႈအေသးစားကေလး ျပဳလုပ္ေပးဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ပထမဆံုး ပိုးဟပ္ကို အနာကိုက္ေပ်ာက္ေဆး (၃) လံုးေပးၿပီး ထံုေဆးေပးလိုက္ပါတယ္။ ၿပီးတဲ့ေနာက္မွ သူမရဲ႕ ခႏၶာကိုယ္မွာ အျပင္မထြက္ႏိုင္ပဲ ျပဴတစ္ျပဴတစ္ျဖစ္ေနတဲ့ ဥအိမ္ကို ဖယ္ထုတ္ေပးခဲ့ပါတယ္။
ေအာက္မွာ ေတြ႔ရမွာကေတာ့ သူမကို ထံုေဆးေပးၿပီး ခြဲစိတ္ထားတဲ့ ဗီဒီိယုိဖိုင္ေလးပဲ ျဖစ္ပါတယ္။
လင္းလင္း (ShweMom)
Unicode
ကလေးမမွေးနိုင်လို့ ဆရာဝန်ဆီသွားပြီး ဗိုက်ခွဲမွေးခဲ့ရတဲ့ ပိုးဟပ်
twitter/vesti_news
အိမ်မွေးတိရစ္ဆာန်လို့ ဆိုလိုက်ရင် ခွေး၊ ကြောင်၊ ပူး၊ ရွှေငါး၊ ဘဲကလေး၊ ကြက်ကလေးစတဲ့ သတ္တဝါတွေကိုသာ စိတ်ကူးထဲ မြင်မိကြပါတယ်။ ဒါပေမယ့် ရုရှားအမျိုးသားတစ်ဦးကတော့ ထူးထူးဆန်းဆန်း ပိုးဟပ်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးခဲ့ပြီး ၄င်းပိုးဟပ်ကို ကလေးမွေးပေးခဲ့တာကို storypick သတင်းမှာ တွေ့ရပါတယ်။
ပိုးဟပ်ကြောက်တတ်သူတွေအနေနဲ့ ဆိုရင်တော့ ဒီသတင်းဟာ အသဲယားစရာပါ။ အဲ့ဒီအမျိုးသားက သူ့ပိုးဟပ်ကို သူသိ်ပ်ချစ်ပါတယ်။ ဘယ်လောက်ထိတောင် ပိုးဟပ်ကို ဂရုစိုက်သလဲဆိုရင် အဲ့ဒီပိုးဟပ်မက ကလေးမမွေးနိုင်လို့ တိရစ္ဆာန်ဆရာဝန်ဆေးခန်းဆီ သွားပြပေးတဲ့ အထိပါပဲ။ ပိုးဟပ်မဟာ တကယ်ပဲ ပိုးဟပ်ဥအိမ်ကို အပြင်ကောင်းကောင်းမထုတ်နိုင်တာပါ။ ဥအိမ်ဟာ အပြင်ကို ထွက်နေတဲ့အတွက် အခန့်မသင့်ရင် ပိုးဟပ်မကို ကူးစက်ရောဂါဝင်မှာတောင် စိုးရိမ်နေရပါတယ်။
ဒါကြောင့် ကလေးမမွေးနိုင်ပဲ ဒုက္ခရောက်မှာ စိုးလို့ဆိုပြီး သူမသခင်က အိမ်နားက တိမွေးကုဆရာဝန်ဆီကို ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ တိရစ္ဆာန်ကုဆေးခန်းက ဆရာဝန်တွေဟာ ၄င်းပိုးဟပ်ကို ကူညီပေးခဲ့ပါတယ်။ သူမကို စစ်ဆေးကြည့်ပြီးတဲ့နောက် ခွဲစိတ်မှုအသေးစားကလေး ပြုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပထမဆုံး ပိုးဟပ်ကို အနာကိုက်ပျောက်ဆေး (၃) လုံးပေးပြီး ထုံဆေးပေးလိုက်ပါတယ်။ ပြီးတဲ့နောက်မှ သူမရဲ့ ခန္ဓာကိုယ်မှာ အပြင်မထွက်နိုင်ပဲ ပြူတစ်ပြူတစ်ဖြစ်နေတဲ့ ဥအိမ်ကို ဖယ်ထုတ်ပေးခဲ့ပါတယ်။
အောက်မှာ တွေ့ရမှာကတော့ သူမကို ထုံဆေးပေးပြီး ခွဲစိတ်ထားတဲ့ ဗီဒီိယိုဖိုင်လေးပဲ ဖြစ်ပါတယ်။
လင်းလင်း (ShweMom)
0 Comments