ငယ္ငယ္ကတည္းက က်န္းမာေရး မၾကာခဏဆိုသလို ခ်ဴ ခ်ာတတ္တဲ့ ကၽြန္မတစ္ေယာက္ ေဆး႐ုံသို႔ တစ္ေခါက္ေရာက္ရျပန္တယ္။ ျမန္မာနိုင္ငံအလည္ျပန္တုန္း စားခ်င္တာေတြ စားခ်င္တဲ့ဆိုင္ေတြမွာ စားခဲ့တဲ့ကၽြန္မတစ္ေယာက္ စကၤာပူျပန္လာတဲ့ ေလယာဥ္ေပၚမွာ အန္ၿပီးဖ်ားတာ ရက္သတၱပတ္တပတ္လုံးလည္းဖ်ား ၊ မစားမေသာက္ခ်င္လို႔ မစားမေသာက္နဲ႔ ကိုယ္အေလးခ်ိန္လည္း တပတ္အတြင္း ႏွစ္ကီလိုေလာက္က်သြားၿပီး မသကၤာလို႔ နီးရာေဆးခန္းကဆရာဝန္ျပေတာ့ ဆရာဝန္ကစမ္းသပ္စစ္ေဆးၿပီး ေဆး႐ုံတက္ဖို႔ ေဆးစာခ်က္ခ်င္းေရးေပးပါတယ္။ ဒီလိုနဲ႔ စကၤာပူေဆး႐ုံကို ကၽြန္မခ်က္ခ်င္း ေရာက္ခဲ့ပါတယ္။
ပထမေတာ့ Observation Room မွာ နာရီပိုင္းထား ဆီးစစ္ ၊ ေသြးစစ္နဲ႔ ေစာင့္ၾကည့္ၿပီး ကုသမႈအခ်ိဳ႕ စတင္ပါတယ္။ ဒါေပမယ့္ ဘာေရာဂါေၾကာင့္ ကၽြန္မဒီလိုျဖစ္ေနတယ္ဆိုတဲ့ အေျဖေတာ့ မသိရေသးပါဘူး။ ေဆး႐ုံတက္ဖို႔ ေသြးေၾကာေတြထဲ အပ္ေတြလည္း အဆင္သင့္ထည့္ၿပီး ေဆး႐ုံကေပးတဲ့ ဝတ္စုံလည္း ဝတ္ၿပီးအဆင္သင့္နဲ႔ေပါ့။ ဒါေပမယ့္ အဲဒီေန႔က ကၽြန္မက်န္းမာေရး ဘာမွထူးထူးျခားျခားမဆိုးရြားလာဘဲ အဖ်ားက်ေဆးအရွိန္ေတြေၾကာင့္ အဖ်ားလည္း အေတာ္ၾကာက်သြားခဲ့တာမို႔ အိမ္ျပန္ခြင့္ရခဲ့တယ္။
ေနာက္တေန႔မနက္ပိုင္းမွာ ေဆး႐ုံကကၽြန္မကိုဖုန္းဆက္ေခၚၿပီး ေဆး႐ုံအျမန္ဆုံးလာတက္ဖို႔ေျပာပါတယ္။ ကၽြန္မရဲ့ေသြးထဲမွာ ဘက္တီးရီးယားေတြကို စစ္ေဆးေတြ႕ရွိရတာမို႔ ဒီဘက္တီးရီးယားေတြ ဘယ္ကလာတယ္ဆိုတာကို အျမန္ဆုံးရွာၿပီး ဒီဘက္တီးရီးယားေတြကို သုတ္သင္ရွင္းလင္းရမယ္ေပါ့။ ဒီလိုနဲ႔ ကၽြန္မေဆး႐ုံတက္ခဲ့ရတယ္။
ပထမဆုံး ျပင္ပလူနာဌာနမွာ ၂၄နာရီထားပါတယ္။ ကၽြန္မကိုထားတဲ့ ျပင္ပလူနာဌာနမွာ ခုတင္၁ဝလုံးရွိပါတယ္။ ဒါကလည္း လူနာက တစ္ေယာက္တည္းအခန္းယူမလား ၊ အမ်ားနဲ႔ေနမလားဆိုတာကို ေရြးခ်ယ္ရတာပါ။ ကၽြန္မက အမ်ားနဲ႔ေနဖို႔ ေရြးခ်ယ္ခဲ့တာပါ။ ေရာက္တုန္းေရာက္ခိုက္ စကၤာပူေဆး႐ုံဆိုတာကို စပ္စုခ်င္ေသးတယ္ေလ။
ကေလးေမြးတုန္းတေခါက္ေလာက္ပဲ စကၤာပူမွာ ေဆး႐ုံတက္ဖူးတာဆိုေတာ့ အျခားေရာဂါနဲ႔တက္တဲ့အခါ ဘယ္လိုလူနာေတြနဲ႔ ေတြ႕ဆုံရမလဲ ၊ ဘယ္လိုထူးျခားမႈေတြရွိေနမလဲ ၊ ျမန္မာနိုင္ငံနဲ႔ ဘာေတြ ကြာျခားေနမလဲဆိုတာကို သိခ်င္ခဲ့တာပါ။ ကၽြန္မကိုထားတဲ့ ျပင္ပလူနာဌာနမွာ အငယ္ဆုံးလူနာက ကၽြန္မတစ္ေယာက္တည္းပါ။ က်န္တဲ့အရြယ္ေတြက အသက္(၅၀)ေက်ာ္ကေန (၈၀)ေက်ာ္အရြယ္အထိ အမ်ိဳးမ်ိဳးရွိၾကပါတယ္။
ကၽြန္မရဲ ့ခုတင္ေျခရင္း ဟိုဘက္နံရံမွာ ကၽြန္မ အား ၊ ဘား ၊ မား လို႔ နာမည္ေပးထားတဲ့ အဖြားတစ္ေယာက္ရယ္ ၊ ကၽြန္မရယ္ပဲ ခုတင္နား လူနာေစာင့္မရွိတာ။ က်န္တဲ့လူနာေတြက ညအိပ္ခ်ိန္ကလြဲရင္ အိမ္ကလာၿပီး အေဖာ္လုပ္ၾကတယ္။ ည(၈)နာရီေက်ာ္ဆို ျပန္ၾကတယ္။ ကၽြန္မအမ်ိဳးသားက ကၽြန္မသမီးေလးၾကည့္ေနရလို႔ ကၽြန္မကို လာမေစာင့္နိုင္ဘူး။ သမီးေလးကိုလည္း ေဆး႐ုံကို ဘာေရာဂါမွန္းမသိတဲ့ လူနာေတြၾကား မေခၚလာေစခ်င္လို႔ ကၽြန္မအနားမွာ လူနာေစာင့္မရွိတာပါ။
အား ဘား မား လို႔ ကၽြန္မနာမည္ေပးထားတဲ့အဖြားက ခန႔္မွန္းအသက္ (၈၀)ေက်ာ္ေလာက္ရွိမယ္။ မ်က္လုံးေတြက အျမဲ ပတ္ဝန္းက်င္ကိုေဝ့ဝိုက္ၾကည့္ေနေပမယ့္ ဘာမွျမင္ရပုံမေပၚဘူး။ သူ႔ဘာသာသူလည္း မထနိုင္ဘူး။ အသိလည္းကပ္ေနတဲ့ပုံမရွိဘူး။ နာရီပိုင္းေလာက္ ခဏေလး အိပ္ေပ်ာ္ေနခ်ိန္ကလြဲရင္ အျမဲတမ္း အား ဘား မား ဆိုၿပီး ေယာင္ ေယာင္ ေအာ္ေနတတ္တာ။ ဒါေၾကာင့္ အား ဘား မားလို႔ နာမည္ေပးထားတာ။ ဒီဝါ့ဒ္ထဲ စေရာက္စကေတာ့ ညပိုင္းမို႔ ကိုယ္က အအိပ္လည္းဆတ္ ၊ လက္ႏွစ္ဘက္လုံးမွာ ပိုက္ေတြနဲ႔သြင္းထားတဲ့ ေဆးရွိန္ေတြေၾကာင့္လည္း အိပ္ခ်င္ေနတတ္တဲ့အခ်ိန္ေတြမွာ အဖြားရဲ့ အား ဘား မား ေအာ္သံေၾကာင့္ ခဏ ခဏ လန႔္နိုးခဲ့ရတယ္။
စိတ္ဝင္စားစရာေကာင္းတာက လူနာေစာင့္မရွိတဲ့ အား ဘား မား အဖြားကို ဆရာဝန္ေတြ ဂ႐ုစိုက္ၾကပုံပါ။ အသိမကပ္တာမို႔ ဆန္ျပဳတ္လိုအရာကို အဖြားမနက္စာစားတယ္။ ဆန္ျပဳတ္ထည့္တဲ့ခြက္ကလည္း ခပ္ေသးေသးမို႔ နည္းနည္းေလးသာ ပါမွာပါ။ ဒါေပမယ့္ အသိမကပ္တဲ့အဖြားကို ေဖာ္ေရြတဲ့ ဆရာဝန္မေလးႏွစ္ေယာက္က မနက္စာေခ်ာ့ၿပီးခြံ့ေနၾကတာကို အံ့အားတသင့္နဲ႔ ၾကည္ႏူးဖြယ္ျမင္ေတြ႕ရတာပါ။ အသက္ႏွစ္ဆယ္စြန္းစြန္းအရြယ္ ႏုႏုငယ္ငယ္ဆရာဝန္မေလးႏွစ္ေယာက္က အဖြားကို တ႐ုတ္လိုႏႈတ္ဆက္လိုက္ ျမႇဴလိုက္ ျပဳံးျပလိုက္ ထမင္းေကၽြးေတာ့မယ္လို႔ေျပာၿပီး ပါးစပ္ဟဖို႔ အာ … အာ နဲ႔ ကေလးတစ္ေယာက္လို စိတ္ရွည္ရွည္ ေခ်ာ့ေကၽြးေနတဲ့ ျမင္ကြင္းက ကၽြန္မအတြက္ ၾကည္ႏူးစရာပါ။
တစ္ဦးက အဖြားကို အာလို႔ ပါးစပ္ဟခိုင္းၿပီး တဇြန္းခပ္ေကၽြးခ်ိန္ က်န္တစ္ဦးက အဖြားရဲ့ လည္မ်ိဳ နား နားၾကပ္ကပ္ထားတယ္။ ပထမေတာ့ ဘာေၾကာင့္မွန္း ကၽြန္မနားမလည္ေပမယ့္ နားၾကပ္ကပ္ထားတဲ့တစ္ေယာက္က ေနာက္တစ္လုတ္ကိုခြံ့ဖို႔ေျပာမွ ခြံ့တဲ့ဆရာဝန္မက အဖြားကို အာလို႔ ပါးစပ္ဟခိုင္းၿပီး ခြံ့တယ္။ ခြံ့ၿပီးရင္ ျမန္ … ျမန္ … ျမန္ လို႔ ဝါးဟန္လုပ္ၿပီး ဝါးစားမ်ိဳ ခ်ခိုင္းတဲ့ အမူအရာေတြကို ေတြ႕ေတာ့မွ ဘာေၾကာင့္ လည္မ်ိဳ နား နားၾကပ္ကပ္နားေထာင္သလဲဆိုတာကို ကၽြန္မနားလည္ခဲ့တာ။ အဖြား အစာတလုပ္မ်ိဳခ်ၿပီးမွ ေနာက္တစ္လုပ္ကို ခြံ့ခိုင္းဖို႔ လည္မ်ိဳနား နားၾကပ္ကပ္ထားတာကို နားလည္ခဲ့တာ။
ဒီလိုမွမလုပ္ရင္ အသိမရွိတဲ့အဖြား အစာသီးနိုင္တယ္။ အစာေတြ အသက္ရႉလမ္းေၾကာင္းထဲပိတ္ေနရင္ ပိုဒုကၡေရာက္နိုင္တယ္။ အဖြားလို လူနာရွင္အနားမွာမရွိ ၊ အသိလည္းမရွိတဲ့ လူနာကို သူတို႔လို ဆရာဝန္ေတြရဲ့ အေသးစိတ္ကေလးကအစ ဂ႐ုစိုက္မႈအတြက္ ကၽြန္မၾကည္ႏူးရတာပါ။ စိတ္ထဲကေန ဒီဆရာဝန္မေလးေတြကို ခ်ီးက်ဴးမိတယ္။ သူတို႔ဟာ အလုပ္သေဘာအရ လုပ္ေနတာထက္ တကယ့္ကို အဖြားအေပၚဂ႐ုတစိုက္ ေပ်ာ္ေအာင္ ၊ စားခ်င္စိတ္ရွိေအာင္ ၾကင္နာစြာျပဳစုေနတာ ျမင္ရတဲ့ကၽြန္မ ၾကည္ႏူးမိတယ္။ အဲဒီေဆး႐ုံမွာ Special Nurse ငွါးမလားလို႔ ကၽြန္မကို လာေမးတဲ့သူမရွိသလို Special Nurse လည္းမထားဘူး။ ဝါ့ဒ္ထဲတာဝန္က်တဲ့ ဆရာဝန္နဲ႔ သူနာျပဳေတြကပဲ အလွည့္က် ျပဳစုလုပ္ကိုင္သြားၾကရတာ။
ဒီလိုအေျခအေနမ်ိဳးမွာ ကၽြန္မအေမကို သတိရမိတယ္။ ျမန္မာနိုင္ငံက ပုဂၢလိက ေဆး႐ုံတစ္ခုမွာ အစာအဆိပ္သင့္ၿပီး ဝမ္းေလၽွာလို႔ ေဆး႐ုံတက္ခဲ့ရတဲ့ ကၽြန္မအေမဟာ ေဆး႐ုံတက္စက အေကာင္းႀကီး လမ္းေလၽွာက္နိုင္ ၊ အသိရွိရွိနဲ႔ စားနိုင္ ၊ ေသာက္နိုင္ ၊ စကားေတြေျပာနိုင္ပါရက္နဲ႔ လူနာရွင္ျဖစ္တဲ့ သားသမီးေတြ နိုင္ငံရပ္ျခားေရာက္ေနလို႔ အနားမွာ လူနာေစာင့္မရွိတဲ့အေမ့ကို Special Nurse ေန႔ညငွါးခိုင္းတယ္။
ဒီလိုနဲ႔ အေမဟာ ေဆး႐ုံေပၚ ဝမ္းဆက္ေလၽွာရာက ရက္ပိုင္းအတြင္း သတိလစ္သြားတယ္။ ေဆး႐ုံမွာ ေငြႀကိဳသြင္းထားတာမို႔ ၊ အမ်ိဳးေတြကိုလည္း စိတ္မပူနဲ႔ ျပန္ေကာင္းလာမယ္ေျပာတာမို႔ အမ်ိဳးေတြက ကၽြန္မတို႔သားသမီးေတြ အေဝးကစိတ္ပူမွာစိုးလို႔ သတိလစ္ေနတာကို ျပန္မေျပာဘူး။ ႏွစ္ပတ္ေလာက္ေနလို႔ သတိျပန္မလည္လာဘဲ တကိုယ္လုံး ေဖာေရာင္ေနေတာ့မွ ကၽြန္မတို႔ကို အမ်ိဳးက အသိလွမ္းေပးခဲ့တာ အေျခအေနမေကာင္းဘူးတဲ့။
အမ်ိဳးေတြကိုေမးေတာ့ ဘာေရာဂါမွန္းမသိသလို ၊ ဆရာဝန္ေတြကလည္း မေျပာဘူး ၊ Special Nurse ေတြကလည္း မသိဘူးလို႔ေျပာတယ္တဲ့။ ကၽြန္မေလယာဥ္လက္မွတ္ခ်က္ခ်င္းစီစဥ္ၿပီး အေမ့ဆီလိုက္ေတာ့ အသိမရွိတဲ့ အေမ့နားမွာ ဝတၳဳဖတ္ေနတဲ့ Special Nurse ကိုေတြ႕ခဲ့တယ္။ အေမ့ေရာဂါအေၾကာင္း ေမးေတာ့ တုန္တုန္လႈပ္လႈပ္နဲ႔ ဘာမွမရွင္းျပနိုင္ဘူး။ ဘာေတြ on ထားသလဲဆိုတာလဲ မေျပာနိုင္ဘူး။ တေန႔ထက္တေန႔ တိုးတက္လား ၊ ဆိုးရြားလာလားဆိုတာလည္း မသိဘူး။ ဝါ့ဒ္ကနာ့စ္နဲ႔ ဆရာဝန္ေတြကိုေမးေတာ့လည္း ကၽြန္မနားမလည္တဲ့ ေဆးပညာမို႔လို႔ မရွင္းျပနိုင္ဘူးဆိုေတာ့ ကၽြန္မထေသာင္းက်န္းမွ အေမ့တာဝန္ယူတဲ့ ဆရာဝန္ႀကီးဆိုတာကို အေရးတႀကီး ဖုန္းေခၚေပးတယ္။
နာရီပိုင္းအတြင္း ဆရာဝန္ႀကီးကိုယ္တိုင္ ကၽြန္မတို႔ကို လာေတြ႕မွ အေမဟာ ဝမ္းေလၽွာရင္း ေက်ာက္ကပ္ထိသြားတာျဖစ္ေၾကာင္း ၊ အခ်ိန္မီေက်ာက္ကပ္မေဆးရင္ အသက္မမီနိုင္ေၾကာင္းနဲ႔ အခုေတာင္မွ အသက္မီလိမ့္မယ္လို႔ မေသခ်ာေၾကာင္းဆိုတာေတြ သိခြင့္ရခဲ့တာပါ။ အိမ္နဲ႔ နီးနီးနားနား အေမတက္တဲ့ မဟာၿမိဳင္ေဆး႐ုံမွာ ေက်ာက္ကပ္ေဆးတဲ့စက္မရွိဘူး။ ကိုယ့္ေဆး႐ုံမွာမရွိတဲ့စက္နဲ႔ လူနာကုသမႈလိုတယ္ဆိုတာကို လူနာနဲ႔ လူနာရွင္ေတြ (ကၽြန္မတို႔အမ်ိဳးေတြ)ကို အသိမေပးဘဲ ပိုက္ဆံကို ရသေလာက္ လူနာဆီက ညာယူရင္းဒီေလာက္ထိ လူနာအေျခအေနဆိုးသြားခဲ့တာကို အဲဒီဝါ့ဒ္က ဆရာဝန္က သူၾကည့္ခ သုံးေသာင္းေလၽွာ့ေပးတာကလြဲရင္ ဘာမွ တာဝန္ယူတာမ်ိဳး ၊ ေတာင္းပန္တာမ်ိဳး ၊ မ်က္ႏွာခ်င္းဆိုင္တာမ်ိဳးေတြ မလုပ္ခဲ့ပါဘူး။
ကၽြန္မဆိုလိုတာက တာဝန္ယူမႈနဲ႔ တာဝန္ခံမႈအပိုင္းေတြကို ႏွိုင္းယွဥ္ျပခ်င္တာ။ တာဝန္ယူတဲ့ေနရာဟာ လူနာေစာင့္မရွိလည္း တာဝန္သိၿပီး တာဝန္ယူတယ္။ တာဝန္မယူတတ္သူေတြက သူတို႔ေၾကာင့္ မွားယြင္းသြားပေစဦး ဘာမွတာဝန္ယူမႈ မရွိပါဘူး။ ေျပာင္းလဲသင့္ၿပီဆိုတဲ့အထဲမွာ စိတ္ဓါတ္ေတြ အဓိက ေျပာင္းလဲပစ္ရမယ္ဆိုရင္မွားမလား။ တာဝန္ယူမႈနဲ႔ တာဝန္ခံမႈေတြ ၊ တာဝန္သိတတ္မႈဆိုတဲ့ စိတ္ဓါတ္ေတြဆီေရာက္ဖို႔ ေျပာင္းလဲပစ္ရမယ္ဆိုလည္း တာဝန္မယူတတ္သူေတြရွိေနသမၽွ တာဝန္မဲ့မႈေတြ ရွိေနမွာပဲ။
ကံေကာင္းေထာက္မစြာ အဲဒီေဆး႐ုံကေငြေပးဆင္းခဲ့ၿပီး ေဆး႐ုံေျပာင္းကုသခဲ့တဲ့ အေမ ေသကံမေရာက္အသက္မေပ်ာက္ခဲ့ပါဘူး။ အေမအသက္မရွင္ခဲ့ရင္ေတာင္ အဲဒီေဆး႐ုံနဲ႔ အဲဒီဆရာဝန္ေတြကို တရားစြဲဖို႔ ကၽြန္မမွာ အစီအစဥ္မရွိပါဘူး။ တာဝန္မဲ့သူေတြ မ်ားေနတဲ့အရပ္မွာ ဘယ္ေလာက္ပဲမွန္ေနပေစ အခ်ိန္နဲ႔ေငြေတြ ရင္းႏွီးၿပီး အမွန္တရားကို ဘဲဥအစရွာသလို လိုက္ရွာေနရဦးမွာမို႔ ဒီလူေတြနဲ႔ လုံးဝမ်က္ႏွာခ်င္းမဆိုင္ခ်င္တာ ၊ မပတ္သက္ခ်င္တာ ၊ ခပ္ကင္းကင္း ေနလိုက္ခ်င္တဲ့စိတ္ေတြေၾကာင့္ပဲ ဘာမွ အရွည္ အရွည္ မလုပ္ျဖစ္ေတာ့ဘူး။
တိုးတက္တဲ့နိုင္ငံနဲ႔ မတိုးတက္တဲ့နိုင္ငံ ဘာေတြကြာေနသလဲဆို ခံယူခ်က္ေတြနဲ႔ လုပ္ရပ္ေတြ ၊ စိတ္ေနစိတ္ထားေတြ၊ တာဝန္ခံလုပ္ကိုင္မႈေတြ ကြာေနတာပါ။ ဆရာဝန္ဆိုတဲ့အလုပ္မွာ သင္ယူထားတဲ့ပညာေတြအျပင္ လူနာအေပၚထားတဲ့ ေမတၱာ ၊ လူနာကို အသက္သာဆုံးျဖစ္ေစခ်င္တဲ့ ေစတနာေတြမရွိဘဲ လူနာနဲ႔ လူနာရွင္ေတြ စိတ္ခ်မ္းသာေအာင္ ကုသမႈေတြ မေပးနိုင္ဘူးဆိုတာ ကၽြန္မလက္ေတြ႕ သိခဲ့ရၿပီေလ။ လူနာနဲ႔လူနာရွင္တိုင္းဟာ တာဝန္ခံၿပီး တာဝန္ယူတတ္တဲ့ဆရာဝန္ ၊ ပညာသာမက ေမတၱာနဲ႔ ေစတနာပါစြက္ၿပီး ကုသေပးေနတဲ့ ဆရာဝန္ေကာင္း ၊ ေဆးဝန္ထမ္းေကာင္းေတြနဲ႔ ျမန္မာနိုင္ငံမွာ ေတြ႕ဆုံၾကပါေစလို႔ ဆုေတာင္း႐ုံမွတပါး အျခားမတတ္နိုင္ၿပီေလ။
ရတု (Burmesehearts.com)
Unicode
မေတ္တာ ၊ စေတနာ နှင့် ပညာအရင်းခံမှသာ အောင်မြင်သောအလုပ်
ငယ်ငယ်ကတည်းက ကျန်းမာရေး မကြာခဏဆိုသလို ချူ ချာတတ်တဲ့ ကျွန်မတစ်ယောက် ဆေးရုံသို့ တစ်ခေါက်ရောက်ရပြန်တယ်။ မြန်မာနိုင်ငံအလည်ပြန်တုန်း စားချင်တာတွေ စားချင်တဲ့ဆိုင်တွေမှာ စားခဲ့တဲ့ကျွန်မတစ်ယောက် စင်္ကာပူပြန်လာတဲ့ လေယာဉ်ပေါ်မှာ အန်ပြီးဖျားတာ ရက်သတ္တပတ်တပတ်လုံးလည်းဖျား ၊ မစားမသောက်ချင်လို့ မစားမသောက်နဲ့ ကိုယ်အလေးချိန်လည်း တပတ်အတွင်း နှစ်ကီလိုလောက်ကျသွားပြီး မသင်္ကာလို့ နီးရာဆေးခန်းကဆရာဝန်ပြတော့ ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီး ဆေးရုံတက်ဖို့ ဆေးစာချက်ချင်းရေးပေးပါတယ်။ ဒီလိုနဲ့ စင်္ကာပူဆေးရုံကို ကျွန်မချက်ချင်း ရောက်ခဲ့ပါတယ်။
ပထမတော့ Observation Room မှာ နာရီပိုင်းထား ဆီးစစ် ၊ သွေးစစ်နဲ့ စောင့်ကြည့်ပြီး ကုသမှုအချို့ စတင်ပါတယ်။ ဒါပေမယ့် ဘာရောဂါကြောင့် ကျွန်မဒီလိုဖြစ်နေတယ်ဆိုတဲ့ အဖြေတော့ မသိရသေးပါဘူး။ ဆေးရုံတက်ဖို့ သွေးကြောတွေထဲ အပ်တွေလည်း အဆင်သင့်ထည့်ပြီး ဆေးရုံကပေးတဲ့ ဝတ်စုံလည်း ဝတ်ပြီးအဆင်သင့်နဲ့ပေါ့။ ဒါပေမယ့် အဲဒီနေ့က ကျွန်မကျန်းမာရေး ဘာမှထူးထူးခြားခြားမဆိုးရွားလာဘဲ အဖျားကျဆေးအရှိန်တွေကြောင့် အဖျားလည်း အတော်ကြာကျသွားခဲ့တာမို့ အိမ်ပြန်ခွင့်ရခဲ့တယ်။
နောက်တနေ့မနက်ပိုင်းမှာ ဆေးရုံကကျွန်မကိုဖုန်းဆက်ခေါ်ပြီး ဆေးရုံအမြန်ဆုံးလာတက်ဖို့ပြောပါတယ်။ ကျွန်မရဲ့သွေးထဲမှာ ဘက်တီးရီးယားတွေကို စစ်ဆေးတွေ့ရှိရတာမို့ ဒီဘက်တီးရီးယားတွေ ဘယ်ကလာတယ်ဆိုတာကို အမြန်ဆုံးရှာပြီး ဒီဘက်တီးရီးယားတွေကို သုတ်သင်ရှင်းလင်းရမယ်ပေါ့။ ဒီလိုနဲ့ ကျွန်မဆေးရုံတက်ခဲ့ရတယ်။
ပထမဆုံး ပြင်ပလူနာဌာနမှာ ၂၄နာရီထားပါတယ်။ ကျွန်မကိုထားတဲ့ ပြင်ပလူနာဌာနမှာ ခုတင်၁ဝလုံးရှိပါတယ်။ ဒါကလည်း လူနာက တစ်ယောက်တည်းအခန်းယူမလား ၊ အများနဲ့နေမလားဆိုတာကို ရွေးချယ်ရတာပါ။ ကျွန်မက အများနဲ့နေဖို့ ရွေးချယ်ခဲ့တာပါ။ ရောက်တုန်းရောက်ခိုက် စင်္ကာပူဆေးရုံဆိုတာကို စပ်စုချင်သေးတယ်လေ။
ကလေးမွေးတုန်းတခေါက်လောက်ပဲ စင်္ကာပူမှာ ဆေးရုံတက်ဖူးတာဆိုတော့ အခြားရောဂါနဲ့တက်တဲ့အခါ ဘယ်လိုလူနာတွေနဲ့ တွေ့ဆုံရမလဲ ၊ ဘယ်လိုထူးခြားမှုတွေရှိနေမလဲ ၊ မြန်မာနိုင်ငံနဲ့ ဘာတွေ ကွာခြားနေမလဲဆိုတာကို သိချင်ခဲ့တာပါ။ ကျွန်မကိုထားတဲ့ ပြင်ပလူနာဌာနမှာ အငယ်ဆုံးလူနာက ကျွန်မတစ်ယောက်တည်းပါ။ ကျန်တဲ့အရွယ်တွေက အသက်(၅၀)ကျော်ကနေ (၈၀)ကျော်အရွယ်အထိ အမျိုးမျိုးရှိကြပါတယ်။
ကျွန်မရဲ ့ခုတင်ခြေရင်း ဟိုဘက်နံရံမှာ ကျွန်မ အား ၊ ဘား ၊ မား လို့ နာမည်ပေးထားတဲ့ အဖွားတစ်ယောက်ရယ် ၊ ကျွန်မရယ်ပဲ ခုတင်နား လူနာစောင့်မရှိတာ။ ကျန်တဲ့လူနာတွေက ညအိပ်ချိန်ကလွဲရင် အိမ်ကလာပြီး အဖော်လုပ်ကြတယ်။ ည(၈)နာရီကျော်ဆို ပြန်ကြတယ်။ ကျွန်မအမျိုးသားက ကျွန်မသမီးလေးကြည့်နေရလို့ ကျွန်မကို လာမစောင့်နိုင်ဘူး။ သမီးလေးကိုလည်း ဆေးရုံကို ဘာရောဂါမှန်းမသိတဲ့ လူနာတွေကြား မခေါ်လာစေချင်လို့ ကျွန်မအနားမှာ လူနာစောင့်မရှိတာပါ။
အား ဘား မား လို့ ကျွန်မနာမည်ပေးထားတဲ့အဖွားက ခန့်မှန်းအသက် (၈၀)ကျော်လောက်ရှိမယ်။ မျက်လုံးတွေက အမြဲ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်နေပေမယ့် ဘာမှမြင်ရပုံမပေါ်ဘူး။ သူ့ဘာသာသူလည်း မထနိုင်ဘူး။ အသိလည်းကပ်နေတဲ့ပုံမရှိဘူး။ နာရီပိုင်းလောက် ခဏလေး အိပ်ပျော်နေချိန်ကလွဲရင် အမြဲတမ်း အား ဘား မား ဆိုပြီး ယောင် ယောင် အော်နေတတ်တာ။ ဒါကြောင့် အား ဘား မားလို့ နာမည်ပေးထားတာ။ ဒီဝါ့ဒ်ထဲ စရောက်စကတော့ ညပိုင်းမို့ ကိုယ်က အအိပ်လည်းဆတ် ၊ လက်နှစ်ဘက်လုံးမှာ ပိုက်တွေနဲ့သွင်းထားတဲ့ ဆေးရှိန်တွေကြောင့်လည်း အိပ်ချင်နေတတ်တဲ့အချိန်တွေမှာ အဖွားရဲ့ အား ဘား မား အော်သံကြောင့် ခဏ ခဏ လန့်နိုးခဲ့ရတယ်။
စိတ်ဝင်စားစရာကောင်းတာက လူနာစောင့်မရှိတဲ့ အား ဘား မား အဖွားကို ဆရာဝန်တွေ ဂရုစိုက်ကြပုံပါ။ အသိမကပ်တာမို့ ဆန်ပြုတ်လိုအရာကို အဖွားမနက်စာစားတယ်။ ဆန်ပြုတ်ထည့်တဲ့ခွက်ကလည်း ခပ်သေးသေးမို့ နည်းနည်းလေးသာ ပါမှာပါ။ ဒါပေမယ့် အသိမကပ်တဲ့အဖွားကို ဖော်ရွေတဲ့ ဆရာဝန်မလေးနှစ်ယောက်က မနက်စာချော့ပြီးခွံ့နေကြတာကို အံ့အားတသင့်နဲ့ ကြည်နူးဖွယ်မြင်တွေ့ရတာပါ။ အသက်နှစ်ဆယ်စွန်းစွန်းအရွယ် နုနုငယ်ငယ်ဆရာဝန်မလေးနှစ်ယောက်က အဖွားကို တရုတ်လိုနှုတ်ဆက်လိုက် မြှူလိုက် ပြုံးပြလိုက် ထမင်းကျွေးတော့မယ်လို့ပြောပြီး ပါးစပ်ဟဖို့ အာ … အာ နဲ့ ကလေးတစ်ယောက်လို စိတ်ရှည်ရှည် ချော့ကျွေးနေတဲ့ မြင်ကွင်းက ကျွန်မအတွက် ကြည်နူးစရာပါ။
တစ်ဦးက အဖွားကို အာလို့ ပါးစပ်ဟခိုင်းပြီး တဇွန်းခပ်ကျွေးချိန် ကျန်တစ်ဦးက အဖွားရဲ့ လည်မျို နား နားကြပ်ကပ်ထားတယ်။ ပထမတော့ ဘာကြောင့်မှန်း ကျွန်မနားမလည်ပေမယ့် နားကြပ်ကပ်ထားတဲ့တစ်ယောက်က နောက်တစ်လုတ်ကိုခွံ့ဖို့ပြောမှ ခွံ့တဲ့ဆရာဝန်မက အဖွားကို အာလို့ ပါးစပ်ဟခိုင်းပြီး ခွံ့တယ်။ ခွံ့ပြီးရင် မြန် … မြန် … မြန် လို့ ဝါးဟန်လုပ်ပြီး ဝါးစားမျို ချခိုင်းတဲ့ အမူအရာတွေကို တွေ့တော့မှ ဘာကြောင့် လည်မျို နား နားကြပ်ကပ်နားထောင်သလဲဆိုတာကို ကျွန်မနားလည်ခဲ့တာ။ အဖွား အစာတလုပ်မျိုချပြီးမှ နောက်တစ်လုပ်ကို ခွံ့ခိုင်းဖို့ လည်မျိုနား နားကြပ်ကပ်ထားတာကို နားလည်ခဲ့တာ။
ဒီလိုမှမလုပ်ရင် အသိမရှိတဲ့အဖွား အစာသီးနိုင်တယ်။ အစာတွေ အသက်ရှူလမ်းကြောင်းထဲပိတ်နေရင် ပိုဒုက္ခရောက်နိုင်တယ်။ အဖွားလို လူနာရှင်အနားမှာမရှိ ၊ အသိလည်းမရှိတဲ့ လူနာကို သူတို့လို ဆရာဝန်တွေရဲ့ အသေးစိတ်ကလေးကအစ ဂရုစိုက်မှုအတွက် ကျွန်မကြည်နူးရတာပါ။ စိတ်ထဲကနေ ဒီဆရာဝန်မလေးတွေကို ချီးကျူးမိတယ်။ သူတို့ဟာ အလုပ်သဘောအရ လုပ်နေတာထက် တကယ့်ကို အဖွားအပေါ်ဂရုတစိုက် ပျော်အောင် ၊ စားချင်စိတ်ရှိအောင် ကြင်နာစွာပြုစုနေတာ မြင်ရတဲ့ကျွန်မ ကြည်နူးမိတယ်။ အဲဒီဆေးရုံမှာ Special Nurse ငှါးမလားလို့ ကျွန်မကို လာမေးတဲ့သူမရှိသလို Special Nurse လည်းမထားဘူး။ ဝါ့ဒ်ထဲတာဝန်ကျတဲ့ ဆရာဝန်နဲ့ သူနာပြုတွေကပဲ အလှည့်ကျ ပြုစုလုပ်ကိုင်သွားကြရတာ။
ဒီလိုအခြေအနေမျိုးမှာ ကျွန်မအမေကို သတိရမိတယ်။ မြန်မာနိုင်ငံက ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ အစာအဆိပ်သင့်ပြီး ဝမ်းလျှောလို့ ဆေးရုံတက်ခဲ့ရတဲ့ ကျွန်မအမေဟာ ဆေးရုံတက်စက အကောင်းကြီး လမ်းလျှောက်နိုင် ၊ အသိရှိရှိနဲ့ စားနိုင် ၊ သောက်နိုင် ၊ စကားတွေပြောနိုင်ပါရက်နဲ့ လူနာရှင်ဖြစ်တဲ့ သားသမီးတွေ နိုင်ငံရပ်ခြားရောက်နေလို့ အနားမှာ လူနာစောင့်မရှိတဲ့အမေ့ကို Special Nurse နေ့ညငှါးခိုင်းတယ်။
ဒီလိုနဲ့ အမေဟာ ဆေးရုံပေါ် ဝမ်းဆက်လျှောရာက ရက်ပိုင်းအတွင်း သတိလစ်သွားတယ်။ ဆေးရုံမှာ ငွေကြိုသွင်းထားတာမို့ ၊ အမျိုးတွေကိုလည်း စိတ်မပူနဲ့ ပြန်ကောင်းလာမယ်ပြောတာမို့ အမျိုးတွေက ကျွန်မတို့သားသမီးတွေ အဝေးကစိတ်ပူမှာစိုးလို့ သတိလစ်နေတာကို ပြန်မပြောဘူး။ နှစ်ပတ်လောက်နေလို့ သတိပြန်မလည်လာဘဲ တကိုယ်လုံး ဖောရောင်နေတော့မှ ကျွန်မတို့ကို အမျိုးက အသိလှမ်းပေးခဲ့တာ အခြေအနေမကောင်းဘူးတဲ့။
အမျိုးတွေကိုမေးတော့ ဘာရောဂါမှန်းမသိသလို ၊ ဆရာဝန်တွေကလည်း မပြောဘူး ၊ Special Nurse တွေကလည်း မသိဘူးလို့ပြောတယ်တဲ့။ ကျွန်မလေယာဉ်လက်မှတ်ချက်ချင်းစီစဉ်ပြီး အမေ့ဆီလိုက်တော့ အသိမရှိတဲ့ အမေ့နားမှာ ဝတ္ထုဖတ်နေတဲ့ Special Nurse ကိုတွေ့ခဲ့တယ်။ အမေ့ရောဂါအကြောင်း မေးတော့ တုန်တုန်လှုပ်လှုပ်နဲ့ ဘာမှမရှင်းပြနိုင်ဘူး။ ဘာတွေ on ထားသလဲဆိုတာလဲ မပြောနိုင်ဘူး။ တနေ့ထက်တနေ့ တိုးတက်လား ၊ ဆိုးရွားလာလားဆိုတာလည်း မသိဘူး။ ဝါ့ဒ်ကနာ့စ်နဲ့ ဆရာဝန်တွေကိုမေးတော့လည်း ကျွန်မနားမလည်တဲ့ ဆေးပညာမို့လို့ မရှင်းပြနိုင်ဘူးဆိုတော့ ကျွန်မထသောင်းကျန်းမှ အမေ့တာဝန်ယူတဲ့ ဆရာဝန်ကြီးဆိုတာကို အရေးတကြီး ဖုန်းခေါ်ပေးတယ်။
နာရီပိုင်းအတွင်း ဆရာဝန်ကြီးကိုယ်တိုင် ကျွန်မတို့ကို လာတွေ့မှ အမေဟာ ဝမ်းလျှောရင်း ကျောက်ကပ်ထိသွားတာဖြစ်ကြောင်း ၊ အချိန်မီကျောက်ကပ်မဆေးရင် အသက်မမီနိုင်ကြောင်းနဲ့ အခုတောင်မှ အသက်မီလိမ့်မယ်လို့ မသေချာကြောင်းဆိုတာတွေ သိခွင့်ရခဲ့တာပါ။ အိမ်နဲ့ နီးနီးနားနား အမေတက်တဲ့ မဟာမြိုင်ဆေးရုံမှာ ကျောက်ကပ်ဆေးတဲ့စက်မရှိဘူး။ ကိုယ့်ဆေးရုံမှာမရှိတဲ့စက်နဲ့ လူနာကုသမှုလိုတယ်ဆိုတာကို လူနာနဲ့ လူနာရှင်တွေ (ကျွန်မတို့အမျိုးတွေ)ကို အသိမပေးဘဲ ပိုက်ဆံကို ရသလောက် လူနာဆီက ညာယူရင်းဒီလောက်ထိ လူနာအခြေအနေဆိုးသွားခဲ့တာကို အဲဒီဝါ့ဒ်က ဆရာဝန်က သူကြည့်ခ သုံးသောင်းလျှော့ပေးတာကလွဲရင် ဘာမှ တာဝန်ယူတာမျိုး ၊ တောင်းပန်တာမျိုး ၊ မျက်နှာချင်းဆိုင်တာမျိုးတွေ မလုပ်ခဲ့ပါဘူး။
ကျွန်မဆိုလိုတာက တာဝန်ယူမှုနဲ့ တာဝန်ခံမှုအပိုင်းတွေကို နှိုင်းယှဉ်ပြချင်တာ။ တာဝန်ယူတဲ့နေရာဟာ လူနာစောင့်မရှိလည်း တာဝန်သိပြီး တာဝန်ယူတယ်။ တာဝန်မယူတတ်သူတွေက သူတို့ကြောင့် မှားယွင်းသွားပစေဦး ဘာမှတာဝန်ယူမှု မရှိပါဘူး။ ပြောင်းလဲသင့်ပြီဆိုတဲ့အထဲမှာ စိတ်ဓါတ်တွေ အဓိက ပြောင်းလဲပစ်ရမယ်ဆိုရင်မှားမလား။ တာဝန်ယူမှုနဲ့ တာဝန်ခံမှုတွေ ၊ တာဝန်သိတတ်မှုဆိုတဲ့ စိတ်ဓါတ်တွေဆီရောက်ဖို့ ပြောင်းလဲပစ်ရမယ်ဆိုလည်း တာဝန်မယူတတ်သူတွေရှိနေသမျှ တာဝန်မဲ့မှုတွေ ရှိနေမှာပဲ။
ကံကောင်းထောက်မစွာ အဲဒီဆေးရုံကငွေပေးဆင်းခဲ့ပြီး ဆေးရုံပြောင်းကုသခဲ့တဲ့ အမေ သေကံမရောက်အသက်မပျောက်ခဲ့ပါဘူး။ အမေအသက်မရှင်ခဲ့ရင်တောင် အဲဒီဆေးရုံနဲ့ အဲဒီဆရာဝန်တွေကို တရားစွဲဖို့ ကျွန်မမှာ အစီအစဉ်မရှိပါဘူး။ တာဝန်မဲ့သူတွေ များနေတဲ့အရပ်မှာ ဘယ်လောက်ပဲမှန်နေပစေ အချိန်နဲ့ငွေတွေ ရင်းနှီးပြီး အမှန်တရားကို ဘဲဥအစရှာသလို လိုက်ရှာနေရဦးမှာမို့ ဒီလူတွေနဲ့ လုံးဝမျက်နှာချင်းမဆိုင်ချင်တာ ၊ မပတ်သက်ချင်တာ ၊ ခပ်ကင်းကင်း နေလိုက်ချင်တဲ့စိတ်တွေကြောင့်ပဲ ဘာမှ အရှည် အရှည် မလုပ်ဖြစ်တော့ဘူး။
တိုးတက်တဲ့နိုင်ငံနဲ့ မတိုးတက်တဲ့နိုင်ငံ ဘာတွေကွာနေသလဲဆို ခံယူချက်တွေနဲ့ လုပ်ရပ်တွေ ၊ စိတ်နေစိတ်ထားတွေ၊ တာဝန်ခံလုပ်ကိုင်မှုတွေ ကွာနေတာပါ။ ဆရာဝန်ဆိုတဲ့အလုပ်မှာ သင်ယူထားတဲ့ပညာတွေအပြင် လူနာအပေါ်ထားတဲ့ မေတ္တာ ၊ လူနာကို အသက်သာဆုံးဖြစ်စေချင်တဲ့ စေတနာတွေမရှိဘဲ လူနာနဲ့ လူနာရှင်တွေ စိတ်ချမ်းသာအောင် ကုသမှုတွေ မပေးနိုင်ဘူးဆိုတာ ကျွန်မလက်တွေ့ သိခဲ့ရပြီလေ။ လူနာနဲ့လူနာရှင်တိုင်းဟာ တာဝန်ခံပြီး တာဝန်ယူတတ်တဲ့ဆရာဝန် ၊ ပညာသာမက မေတ္တာနဲ့ စေတနာပါစွက်ပြီး ကုသပေးနေတဲ့ ဆရာဝန်ကောင်း ၊ ဆေးဝန်ထမ်းကောင်းတွေနဲ့ မြန်မာနိုင်ငံမှာ တွေ့ဆုံကြပါစေလို့ ဆုတောင်းရုံမှတပါး အခြားမတတ်နိုင်ပြီလေ။
ရတု (Burmesehearts.com)
0 Comments