ကုတင္ေပၚက အေၾကာင္းေတြပဲ ေရးသားတဲ့သူလို႔ လူသိမ်ားလာျခင္းကို အရမ္းစိတ္မေကာင္း ျဖစ္ေနေၾကာင္း လွႏုထြန္းက သူမ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္ကို ေတြ႕ရွိရသည္။
Image may contain: 1 person
လွႏုထြန္းဟာ အိမ္ေထာင္ေရးႏွင့္ပတ္သက္ၿပီး ေဆာင္ရန္၊ ေရွာင္ရန္မ်ားကို အမ်ိဳးသမီးမ်ား အားလုံးသိေစရန္အတြက္ ရည္႐ြယ္၍ ေရးသားျခင္းျဖစ္ၿပီး သူမ ယခုလိုပဲ ေရးသားေဖာ္ျပထားသည္။သူမ၏ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ အမ်ိဳးသမီးေရးရာ၊ အိမ္ေထာင္ေရးရာစာသားမ်ား ေရးသားမႈေပၚ ေဝဖန္မႈမ်ားႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
Image may contain: 1 person, standing
“ အိမ္ေထာင္သည္ေတြႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကိုဘယ္လိုေျဖရွင္းမလဲဆိုတာကို စဥ္းစားၾကည့္တဲ့အခ်ိန္မွာ လွႏုသိလာရင္းနဲ႔ ေရးမိတယ္။ ေရးလာတာၾကာလွၿပီေပါ့ေနာ္။ ဒါေပမဲ့ ဧၿပီလကေနစၿပီးေတာ့မွ လွႏုကိုလူအနည္းအက်ဥ္းသိလာတယ္။ၿပီးမွ ဟိုတေလာကစကၤာပူက ျပန္လာၿပီးတဲ့ေနာက္မွာေတာ့ လွႏုကိုလူပိုသိလာတယ္။
Image may contain: 1 person, smiling, standing
သိတဲ့အတြက္ေၾကာင့္ ေပ်ာ္ေနလားဆိုရင္ လွႏုမေပ်ာ္ဘူး။ဘာလို႔လဲဆိုရင္ လွႏုကို ကုတင္ေပၚကအေၾကာင္းေတြပဲေရးတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ လွႏုကို သိၾကတဲ့အခ်ိန္မွာ စိတ္မေကာင္းေတာ့ျဖစ္တယ္” ဟု လွႏုထြန္းက ေျပာသည္။Hla Nu Tun အမည္ျဖင့္ Facebook Page သုံးစြဲသူ၏ေရးသားခ်က္မ်ားမွာဖတ္ရႈသူမ်ားအတြက္ အဆိပ္အေတာက္ျဖစ္ေစသျဖင့္ဟုဆိုကာ Facebook မွဖယ္ရွားေပးရန္လက္မွတ္စုေဆာင္းမႈမ်ားကို ၿပီးခဲ့ေသာရက္ပိုင္းကလည္း ေဆာင္႐ြက္မႈမ်ားလည္း ရွိခဲ့ပါသည္။
Source-MON


Unicode



ကုတင်ပေါ်ကအကြောင်းတွေပဲ ရေးသားတဲ့သူလို့ လူသိများလာခြင်းကို စိတ်မကောင်းဖြစ်နေတဲ့ လှနုထွန်း


ကုတင်ပေါ်က အကြောင်းတွေပဲ ရေးသားတဲ့သူလို့ လူသိများလာခြင်းကို အရမ်းစိတ်မကောင်း ဖြစ်နေကြောင်း လှနုထွန်းက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

Image may contain: 1 person

လှနုထွန်းဟာ အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို အမျိုးသမီးများ အားလုံးသိစေရန်အတွက် ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပြီး သူမ ယခုလိုပဲ ရေးသားဖော်ပြထားသည်။သူမ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အမျိုးသမီးရေးရာ၊ အိမ်ထောင်ရေးရာစာသားများ ရေးသားမှုပေါ် ဝေဖန်မှုများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

Image may contain: 1 person, standing

“ အိမ်ထောင်သည်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာကို စဉ်းစားကြည့်တဲ့အချိန်မှာ လှနုသိလာရင်းနဲ့ ရေးမိတယ်။ ရေးလာတာကြာလှပြီပေါ့နော်။ ဒါပေမဲ့ ဧပြီလကနေစပြီးတော့မှ လှနုကိုလူအနည်းအကျဉ်းသိလာတယ်။ပြီးမှ ဟိုတလောကစင်္ကာပူက ပြန်လာပြီးတဲ့နောက်မှာတော့ လှနုကိုလူပိုသိလာတယ်။

Image may contain: 1 person, smiling, standing

သိတဲ့အတွက်ကြောင့် ပျော်နေလားဆိုရင် လှနုမပျော်ဘူး။ဘာလို့လဲဆိုရင် လှနုကို ကုတင်ပေါ်ကအကြောင်းတွေပဲရေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ လှနုကို သိကြတဲ့အချိန်မှာ စိတ်မကောင်းတော့ဖြစ်တယ်” ဟု လှနုထွန်းက ပြောသည်။Hla Nu Tun အမည်ဖြင့် Facebook Page သုံးစွဲသူ၏ရေးသားချက်များမှာဖတ်ရှုသူများအတွက် အဆိပ်အတောက်ဖြစ်စေသဖြင့်ဟုဆိုကာ Facebook မှဖယ်ရှားပေးရန်လက်မှတ်စုဆောင်းမှုများကို ပြီးခဲ့သောရက်ပိုင်းကလည်း ဆောင်ရွက်မှုများလည်း ရှိခဲ့ပါသည်။

Source-MON