မြင်သာ ကညနရုံးတွင် သက်တမ်းလာတိုးသည့် မော်တော်ယာဉ်များကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

Unicode



လက်ရှိတွင် ယာဉ်အမည်ပေါက်ပြောင်းလဲလျှင် အခွန်သုံးရာခိုင်နှုန်းသာ ပေးရမည်ဖြစ်သော်လည်း ၂၀၂၀ စက်တင်ဘာနောက်ပိုင်း ၁၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရနိုင်ဟုဆို


လက်ရှိတွင် မော်တော်ယာဉ်အမည်ပေါက် ပြောင်းလဲလျှင် ယာဉ်၏တန်ဖိုး သုံးရာခိုင်နှုန်းသာ အခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း ၂၀၂ဝခုနှစ် စက်တင်ဘာ နောက်ပိုင်း ၁၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရနိုင်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ဒီဇင်ဘာ၂ရရက်တွင် Daily Eleven သတင်းစာသို့ ပြောကြားသည်။


ယခင်က မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာတွင် ယာဉ်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းအထိ အခွန်ငွေပေးခဲ့ရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ၂၀၂၀ ခုနှစ် စက်တင်ဘာလကုန်အထိ တစ်နှစ်အတွင်း ယာဉ်ပိုင်ရှင်အမည် ပြောင်းလဲလျှင် ယာဉ်၏ တန်ဖိုးသုံးရာခိုင်နှုန်းသာ အခွန်ဆောင်ရမည်ဟု လျော့ပေါ့ခဲ့သည်။အခွန်ငွေ သုံးရာခိုင်နှုန်း လျော့ပေါ့ပေးထားချိန်တွင် ယာဉ်အမည်ပေါက်ပြောင်းလဲကြရန်နှင့်၂၀၂၀ စက်တင်ဘာ ၃၀ ရက် နောက်ပိုင်းတွင် အခွန်သုံးရာခိုင်နှုန်းသာပေးရမည်ဟု သေချာခြင်းမရှိဘဲ ယခင်ကဲ့သို့ အခွန် ၁၅ ရာခိုင်နှုန်း ပြန်လည်ဖြစ်သွားနိုင်ကြောင်း သတင်းရရှိသည်။“ နိုင်ငံတော်က သုံးရာခိုင်နှုန်းအထိ လျော့နေတဲ့အချိန်မှာ ယာဉ်ပိုင်ရှင်တွေကို တင်ပြချင်ပါတယ်။ မေတ္တာရပ်ခံချင်ပါတယ်။ အမည်ပြောင်းတွေလာလုပ်ကြပါ။ ၂၀၂၀ စက်တင်ဘာ ၃၀ နောက်ပိုင်းကို သုံးရာခိုင်နှုန်းပဲ ဖြစ်မယ်ဆိုတာ အာမခံလို့မရပါဘူး။ အရင်လို ၁၅ ရာခိုင်နှုန်းလည်း ဖြစ်သွားနိုင်တယ်” ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။

Image result for ယခင်က မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာ

၂၀၂၀ ဇန်နဝါရီ ၁ ရက်မှစတင်ကာ မော်တော်ယာဉ်သက်တမ်းတိုးလျှင် ပိုင်ရှင်အမည်ပေါက် ဟုတ် မဟုတ် က.ည.နက စစ်ဆေးမည်ဖြစ်ပြီး ပိုင်ရှင်ကိုယ်တိုင် အမည်ပေါက်သည့်ယာဉ်များသာ သက်တမ်း တိုးပေးမည်ဖြစ်သည်။ အမည်မပေါက်သေးသော ယာဉ်များအား ယာဉ်တန်ဖိုး၏ သုံးရာခိုင်နှုန်း အခွန်ကောက်ခံ၍ နာမည်ပြောင်း သက်တမ်းတိုးပေးမည်ဟု က.ည.န က ကြေညာထားသည်။ရန်ကုန်တိုင်းရှိ မော်တော်ယာဉ်များအား RFID (Radio Frequency Identifization) စနစ်ကျင့်သုံးမည်ဖြစ်ပြီး လက်ရှိတွင် မော်တော်ယာဉ်များ၏ ပိုင်ရှင်အမည်ပေါက် နေရပ်လိပ်စာသည် ရာခိုင်နှုန်း ၂၀ ခန့်သာ မှန်ကန်သည့်အတွက် ပိုင်ရှင်နေရပ်လိပ်စာ မှန်ကန်မှသာ RFID စနစ်တပ်လျှင် အဓိပ္ပာယ်ရှိမည် ဖြစ်သဖြင့်အမည်ပေါက် ပြောင်းစေချင်တာဖြစ်ကြောင်း ဦးလျန်ကျင့်မန်က ပြောကြားသည်။

Image result for ယခင်က မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာ

RFID (Radio Frequency Identifization) စနစ်ကျင့်သုံးမှာ ဖြစ်ပါတယ်။ လက်ရှိ မော်တော်ယာဉ်တွေမှာ ပိုင်ရှင် အမည်ပေါက် နေရပ်လိပ်စာတွေ ရာခိုင်နှုန်း ၂၀ လောက်ပဲ မှန်ကန်ပါတယ်။ ပိုင်ရှင် နေရပ်လိပ်စာမှန်ကန်မှသာ RFID စနစ်တပ်ရင် အဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်။ အမည်ပြောင်းစေချင်တယ်။ ပိုင်ရှင်နေရပ် လိပ်စာမှန်ကန်စေချင်လို့ ဒီလိုလုပ်တာဖြစ်ပါတယ်။ ဒီလိုလုပ်နေတဲ့အချိန်မှာ နိုင်ငံတော်က ဝင်ငွေခွန်ကို သုံးရာခိုင်နှုန်းအထိ လျော့ချပေးပါတယ်” ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။လက်ရှိတွင် ယာဉ်ပိုင်ရှင်များသည် အမည်ပေါက်ပြောင်းလဲမှု နည်းပါးနေသေးပြီး ၂၀၂၀ စက်တင်ဘာလကုန်မတိုင်မီ မူဝါဒအသစ်ပြောင်းလဲခြင်း သို့မဟုတ် လက်ရှိအခွန် သုံးရာနှုန်းထက် ထပ်မံလျော့ကျလာခြင်း ရှိ၊ မရှိ စောင့်ဆိုင်းနေကြကြောင်း စုံစမ်းသိရသည်။