ခ်င္းတိုင္းရင္းသူေလး သက္မြန္ျမင့္ဟာ အသံဝဲဝဲေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ မင္းသမီးေလးတစ္လက္ပဲ ျဖစ္ပါတယ္။ သက္မြန္ျမင့္က သူမရဲ့ အႏုပညာသက္တမ္း ႏွစ္(၂၀) တစ္ေလၽွာက္ ေအာင္ျမင္မွုေတြ မ်ားစြာ ရရွိပိုင္ဆိုင္ခဲ့ၿပီး ပရိသတ္အားေပးမွုကို အခိုင္အမာ ပိုင္ဆိုင္ထားသူေလးပါ။ ဒါ့အျပင္ သက္မြန္ျမင့္က “အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ “ခ်စ္လွစြာေသာအမုန္း” စတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးန႔ဲ အကယ္ဒမီဆုေတြကို ပိုင္ဆိုင္ထားသူေလးလည္း ျဖစ္ပါတယ္။
သက္မြန္ျမင့္က လက္ရိွမွာ အႏုပညာလုပ္ငန္းေတြလုပ္ကိုင္ေနၿပီး သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ခ်ည္” ႐ုပ္႐ွင္ဇာတ္ကားႀကီးရဲ႕ ပြဲအခမ္းအနားေတြကို ဆက္တိုက္ဆိုသလို တက္ေရာက္ေနတာ ျဖစ္ပါတယ္။
သက္မြန္ျမင့္က ဒီေန႔ ဒီဇင္ဘာလ (၂၉) ရက္ေန႔မွာေတာ့ သမၼတ႐ုပ္႐ွင္ရံုမွာ “ခ်ည္” ႐ုပ္႐ွင္ဇာတ္ကားၾကည့္႐ႈေနတဲ့ ပရိသတ္ေတြကို မစီစဥ္ထားပဲ surprise လုပ္ၿပီး ႐ုတ္တရက္ဝင္ႏႈတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။
ပရိသတ္ေတြကလည္း ႐ုပ္႐ွင္ၾကည့္ေနတုန္း သက္မြန္ျမင့္က ႐ုတ္တရက္ဝင္လာေတာ့ ေတာ္ေတာ္ေလး အံ့အားသင့္ဝမ္းသာခဲ့ၾကတာပဲ ျဖစ္ပါတယ္။
“ခ်ည္” ႐ုပ္႐ွင္ဇာတ္ကားႀကီးကို ဒါ႐ိုက္တာ ၫႊန္႔ျမန္မာညီညီေအာင္က ႐ိုက္ကူးပံုေဖာ္ထားၿပီး ေနတိုး၊ သက္မြန္ျမင့္နဲ႔ ေရႊသမီးတို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။
မုိမုိေလး


Unicode

ရုပ်ရှင်ကြည့်နေတဲ့ပရိသတ်တွေကို ရုံထဲထိဝင်ပြီး surprise လုပ်ခဲ့တဲ့ သက်မွန်မြင့်


ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်ဟာ အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က သူမရဲ့ အနုပညာသက်တမ်း နှစ်(၂၀) တစ်လျှောက် အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ပိုင်ဆိုင်ထားသူလေးပါ။ ဒါ့အပြင် သက်မွန်မြင့်က “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “ချစ်လှစွာသောအမုန်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။



သက်မွန်မြင့်က လက်ရှိမှာ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပွဲအခမ်းအနားတွေကို ဆက်တိုက်ဆိုသလို တက်ရောက်နေတာ ဖြစ်ပါတယ်။



သက်မွန်မြင့်က ဒီနေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာတော့ သမ္မတရုပ်ရှင်ရုံမှာ “ချည်” ရုပ်ရှင်ဇာတ်ကားကြည့်ရှုနေတဲ့ ပရိသတ်တွေကို မစီစဉ်ထားပဲ surprise လုပ်ပြီး ရုတ်တရက်ဝင်နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။



ပရိသတ်တွေကလည်း ရုပ်ရှင်ကြည့်နေတုန်း သက်မွန်မြင့်က ရုတ်တရက်ဝင်လာတော့ တော်တော်လေး အံ့အားသင့်ဝမ်းသာခဲ့ကြတာပဲ ဖြစ်ပါတယ်။


“ချည်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားပြီး နေတိုး၊ သက်မွန်မြင့်နဲ့ ရွှေသမီးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

မိုမိုလေး