ရန္ကုန္၊ဒီဇင္ဘာ ၂၆

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ကြမ္တာေက်းရြာအနီး၊ ေမာ္လၿမိဳင္-သံျဖဴဇရပ္ လမ္းမႀကီးတြင္ ဒီဇင္ဘာ ၂၆ရက္ နံနက္ ၁၀နာရီခန႔္က သဲတင္ထား ေသာ၆ဘီးကားႏွင့္ Musubishi minicap ယာဥ္တိုက္မႈျဖစ္ပြားေသာေၾကာင့္ ၁၀ဦး ေသဆုံးခဲ့ၿပီး ၅ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕က ဘုရားဖူးလာသည့္ Musubishi minicap ယာဥ္မွာ သဲတင္ထားေသာ ၆ ဘီးကားကို ေက်ာ္တက္ရာမွ မလြတ္ဘဲ ၆ ဘီးကားေအာက္ ဝင္သြားခဲ့ျခင္းျဖစ္ေၾကာင္း မုဒုံၿမိဳ႕နယ္၊ မီးသတ္စခန္းထံမွ သိရသည္။

“ထိခိုက္ဒဏ္ရာရရွိတဲ့ငါးဦးက မစိုးရိမ္ရပါဘူး။ ပြန္းပဲ့ဒဏ္ရာရတာ၊ ေပါင္ေတြထိတာ၊ လက္ေတြပြန္းတာ၊ နဖူးျခစ္မိတာေတြျဖစ္တယ္။ က်န္တဲ့ ၉ ဦးကေတာ့ေနရာမွာ ပြဲခ်င္းၿပီး ေသဆုံးတယ္။ တစ္ေယာက္က ေဆး႐ုံပို႔တုန္း လမ္းမွာေသဆုံးသြားပါတယ္” ဟုမုဒုံၿမိဳ႕နယ္၊ မီးသတ္စခန္းမွ ဦးစီးအရာရွိျဖစ္သူ ဦးျမင့္ဦးက ေျပာသည္။

ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အမ်ိဳးသမီး ၃ဦး၊ အမ်ိဳးသား ၇ ဦး ေသဆုံးခဲ့ကာ အမ်ိဳးသမီး ၄ဦးႏွင့္ အမ်ိဳးသားထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူငါးဦးကို ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း မုဒုံၿမိဳ႕နယ္၊ မီးသတ္စခန္းထံမွ သိရသည္။

ေမာ္လၿမိဳင္ခရိုင္မီးသတ္စခန္းႏွင့္ မုဒုံၿမိဳ႕နယ္မီးသတ္စခန္းတို႔မွ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားပူးေပါင္း၍ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူႏွင့္ ေသဆုံးသူမ်ားကို ေမတၱာမြန္လူငယ္ပရဟိတ လူမႈကူညီေရးအသင္းယာဥ္ျဖင့္ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႏွင့္ မုဒုံၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ကြမ္တာေက်းရြာအနီး၊ ေမာ္လၿမိဳင္-သံျဖဴဇရပ္လမ္းမႀကီးတြင္ ျဖစ္ပြားသည့္ ယာဥ္တိုက္မႈုျဖစ္စဥ္ေၾကာင့္ ေန႔လည္ ၁နာရီအထိ ယာဥ္ေၾကာပိတ္ဆို႔မႈ ျဖစ္ပြားခဲ့ေၾကာင္း မုဒုံၿမိဳ႕ေဒသခံမ်ားထံမွ သိရသည္။

(J-10)




မုဒုံတွင် ဘုရားဖူးယာဉ်နှင့် ၆ ဘီးကားတိုက်၊ ၁၀ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရ



ရန်ကုန်၊ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ် လမ်းမကြီးတွင် ဒီဇင်ဘာ ၂၆ရက် နံနက် ၁၀နာရီခန့်က သဲတင်ထား သော၆ဘီးကားနှင့် Musubishi minicap ယာဉ်တိုက်မှုဖြစ်ပွားသောကြောင့် ၁၀ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့က ဘုရားဖူးလာသည့် Musubishi minicap ယာဉ်မှာ သဲတင်ထားသော ၆ ဘီးကားကို ကျော်တက်ရာမှ မလွတ်ဘဲ ၆ ဘီးကားအောက် ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း မုဒုံမြို့နယ်၊ မီးသတ်စခန်းထံမှ သိရသည်။

“ထိခိုက်ဒဏ်ရာရရှိတဲ့ငါးဦးက မစိုးရိမ်ရပါဘူး။ ပွန်းပဲ့ဒဏ်ရာရတာ၊ ပေါင်တွေထိတာ၊ လက်တွေပွန်းတာ၊ နဖူးခြစ်မိတာတွေဖြစ်တယ်။ ကျန်တဲ့ ၉ ဦးကတော့နေရာမှာ ပွဲချင်းပြီး သေဆုံးတယ်။ တစ်ယောက်က ဆေးရုံပို့တုန်း လမ်းမှာသေဆုံးသွားပါတယ်” ဟုမုဒုံမြို့နယ်၊ မီးသတ်စခန်းမှ ဦးစီးအရာရှိဖြစ်သူ ဦးမြင့်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသမီး ၃ဦး၊ အမျိုးသား ၇ ဦး သေဆုံးခဲ့ကာ အမျိုးသမီး ၄ဦးနှင့် အမျိုးသားထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူငါးဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မုဒုံမြို့နယ်၊ မီးသတ်စခန်းထံမှ သိရသည်။

မော်လမြိုင်ခရိုင်မီးသတ်စခန်းနှင့် မုဒုံမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူများကို မေတ္တာမွန်လူငယ်ပရဟိတ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံနှင့် မုဒုံမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုုဖြစ်စဉ်ကြောင့် နေ့လည် ၁နာရီအထိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့ဒေသခံများထံမှ သိရသည်။

(J-10)