အီသီယိုးပီးယား  ေလယာဥ္ပ်က္က်မႈ  ျဖစ္ပြားရာ ေနရာကို  ေတြ႕ရစဥ္။

ဒီဇင္ဘာ   ၂၃   -     ဘိုးရင္း 737  Max      ေလ ယာဥ္ပ်က္က်မႈ ႏွစ္ခု  ျဖစ္ပြားၿပီး ေနာက္ ကုမၺဏီအေပၚ   ယုံၾကည္မႈ ေတြ  ျပန္လည္ရရွိေစဖို႔  ဘိုးရင္းကုမၺ ဏီရဲ့   စီအီးအို  Dennis   Muile-burg      ဟာ    ရာထူးကေန  ႏုတ္ထြက္ သြားၿပီျဖစ္ပါတယ္။





ခရီးသည္  ၃၄၀  ေက်ာ္ေသဆုံး ခဲ့တဲ့    ေလယာဥ္ပ်က္က်မႈ  ႏွစ္ခုအ ၿပီးမွာ    ဘိုးရင္းကုမၺဏီဟာ    လုံျခဳံ စိတ္ခ်ရမႈ   ထက္  အျမတ္ရေရးကို သာ     လုပ္ ေဆာင္ေနတယ္ဆိုတဲ့   စြပ္စြဲခ်က္ ေတြ    ထြက္ေပၚလာခဲ့ပါ တယ္။



ေလယာဥ္ပ်က္က်မႈ  ႏွစ္ခုမွာ ေသဆုံးသြားသူေတြရဲ့   မိသားစုဝင္ ေတြကေတာ့   ဘိုးရင္း  စီအီးအို ႏုတ္ ထြက္မႈကို  ႀကိဳဆိုတယ္လို႔  ဆိုပါ တယ္။





ဘိုးရင္းဟာ      စီအီးအိုနဲ႔  နာယ က   အျဖစ္   David    Calhoun     ကို  ေရြးခ်ယ္လိုက္ပါတယ္။    သူဟာ ၂ဝဝ၉  ခုႏွစ္ကတည္းက   ဘိုးရင္း ဘုတ္အဖြဲ႕မွာ   ထမ္းေဆာင္ေနသူ ျဖစ္ၿပီး  လက္ရွိဥကၠ႒လည္း  ျဖစ္ပါ တယ္။




“Dennis    Muileburg     ႏုတ္ ထြက္သြားတာဟာ   မွန္ကန္တဲ့  လုပ္ ရပ္တစ္ခုပါ၊  ဘိုးရင္းကုမၺဏီဟာ  အုပ္ခ်ဳပ္ေရးပိုင္းကို   ျပန္လည္ျပဳ ျပင္ဖို႔ လိုအပ္ေနပါတယ္” လို႔ မတ္ လက   အီသီယိုးပီးယား ေလယာဥ္ ပ်က္က်ရာမွာ    ဇနီး၊   ကေလးသုံး ေယာက္နဲ႔   ေယာကၡမ တို႔ကို   ဆုံးရႈံး လိုက္ရတဲ့ Paul    Njoroge    က  ေျပာ ပါတယ္။



David    Calhoun      ဟာလည္း  သည္ရာထူးအတြက္  လူမွန္ေနရာ မွန္မဟုတ္ဘူးလို႔ လည္း  သူက ဆို ပါတယ္။



အီသီယိုးပီးယား ေလယာဥ္ ပ်က္က်မႈမွာ   ဖခင္ကို   ဆုံးရႈံးလိုက္ရ တဲ့  Zipporah    Kuria      ကေတာ့  “အခု  စီအီးအို ျဖစ္လာမယ့္ သူ  အပါ အဝင္   ဘိုးရင္းက     လူေတာ္ေတာ္ မ်ားမ်ား ရာထူးကေန   ႏုတ္ထြက္ သင့္တယ္လို႔  ကၽြန္ေတာ္ ခံစား ေန ရတယ္”လို႔   ဘီဘီစီကို  ေျပာပါ တယ္။



ဘိုးရင္းဟာ     ငါးလအတြင္း   737  Max    ေလယာဥ္ပ်က္က်မႈ ႏွစ္ခု (အင္ဒိုနီးရွားနဲ႔  အီသီယိုးပီး ယား) ျဖစ္ပြားခဲ့ၿပီးကတည္းက    ႀကီးမား တဲ့    စုံစမ္းစစ္ေဆးမႈေတြ     ျပဳလုပ္ ခံ ေနရပါတယ္။   737  Max      ေလ ယာဥ္ေတြကိုလည္း   မတ္လက တည္းက   ပ်ံသန္းမႈ  ရပ္နားထားခဲ့ ရပါတယ္။



ဘိုးရင္း  ကုမၺဏီႀကီးဟာ     အခု ႏွစ္ကုန္ပိုင္းမွာ       737  Max  ေလ ယာဥ္ေတြ   ေဝဟင္မွာ   ျပန္လည္ ပ်ံ သန္းနိုင္ဖို႔   ေမၽွာ္လင့္ခဲ့တာပါ။  ဒါေပ မဲ့   အေမရိကန္  ေလေၾကာင္း  အာ ဏာပိုင္ေတြကေတာ့   737  Max ေလယာဥ္ေတြ      ေဝဟင္မွာ   လ်င္ ျမန္စြာ  ပ်ံသန္းနိုင္ဖို႔ကိုေတာ့  အ ာမ မခံ  ထားပါဘူး။



ဘိုးရင္း ကုမၺဏီဘုတ္အဖြဲ႕က  ဘိုးရင္းအေနနဲ႔    အာဏာပိုင္ေတြ၊ ခရီးသည္ေတြ၊  စီးပြားေရး လုပ္ငန္း ေတြနဲ႔   ဆက္ဆံေရးကို  ျပန္လည္ ျပဳ ျပင္ခ်င္သလို  ကုမၺဏီႀကီးရဲ့   ေရွ႕ လုပ္ငန္းစဥ္ေတြအတြက္  ယုံၾကည္ မႈ ေတြ  ျပန္လည္တည္ေဆာက္ဖို႔  လိုအပ္ေနတာေၾကာင့္   ေခါင္း ေဆာင္ပိုင္းကို    အေျပာင္းအလဲ ျပဳ လုပ္ဖို႔   ဆုံးျဖတ္ခဲ့တာလို႔  ဆိုပါ  တယ္။



စီအီးအိုအျဖစ္  တာဝန္ထမ္း ေဆာင္မယ့္    David   Calhoun   ဟာ      ဇန္နဝါရီ  ၁၃ ရက္ေန႔မွာ   တာ ဝန္ေတြကို  လႊဲေျပာင္းရယူမွာ  ျဖစ္ပါ တယ္။        



Author:



Unicode


ဘိုးရင်းကုမ္ဗဏီ စီအီးအိို  နုတ်ထွက်


အီသီယိုးပီးယား  လေယာဉ်ပျက်ကျမှု  ဖြစ်ပွားရာ နေရာကို  တွေ့ရစဉ်။

ဒီဇင်ဘာ   ၂၃   -     ဘိုးရင်း 737  Max      လေ ယာဉ်ပျက်ကျမှု နှစ်ခု  ဖြစ်ပွားပြီး နောက် ကုမ္ဗဏီအပေါ်   ယုံကြည်မှု တွေ  ပြန်လည်ရရှိစေဖို့  ဘိုးရင်းကုမ္ဗ ဏီရဲ့   စီအီးအို  Dennis   Muile-burg      ဟာ    ရာထူးကနေ  နုတ်ထွက် သွားပြီဖြစ်ပါတယ်။





ခရီးသည်  ၃၄၀  ကျော်သေဆုံး ခဲ့တဲ့    လေယာဉ်ပျက်ကျမှု  နှစ်ခုအ ပြီးမှာ    ဘိုးရင်းကုမ္ဗဏီဟာ    လုံခြုံ စိတ်ချရမှု   ထက်  အမြတ်ရရေးကို သာ     လုပ် ဆောင်နေတယ်ဆိုတဲ့   စွပ်စွဲချက် တွေ    ထွက်ပေါ်လာခဲ့ပါ တယ်။



လေယာဉ်ပျက်ကျမှု  နှစ်ခုမှာ သေဆုံးသွားသူတွေရဲ့   မိသားစုဝင် တွေကတော့   ဘိုးရင်း  စီအီးအို နုတ် ထွက်မှုကို  ကြိုဆိုတယ်လို့  ဆိုပါ တယ်။





ဘိုးရင်းဟာ      စီအီးအိုနဲ့  နာယ က   အဖြစ်   David    Calhoun     ကို  ရွေးချယ်လိုက်ပါတယ်။    သူဟာ ၂ဝဝ၉  ခုနှစ်ကတည်းက   ဘိုးရင်း ဘုတ်အဖွဲ့မှာ   ထမ်းဆောင်နေသူ ဖြစ်ပြီး  လက်ရှိဥက္ကဋ္ဌလည်း  ဖြစ်ပါ တယ်။




“Dennis    Muileburg     နုတ် ထွက်သွားတာဟာ   မှန်ကန်တဲ့  လုပ် ရပ်တစ်ခုပါ၊  ဘိုးရင်းကုမ္ဗဏီဟာ  အုပ်ချုပ်ရေးပိုင်းကို   ပြန်လည်ပြု ပြင်ဖို့ လိုအပ်နေပါတယ်” လို့ မတ် လက   အီသီယိုးပီးယား လေယာဉ် ပျက်ကျရာမှာ    ဇနီး၊   ကလေးသုံး ယောက်နဲ့   ယောက္ခမ တို့ကို   ဆုံးရှုံး လိုက်ရတဲ့ Paul    Njoroge    က  ပြော ပါတယ်။



David    Calhoun      ဟာလည်း  သည်ရာထူးအတွက်  လူမှန်နေရာ မှန်မဟုတ်ဘူးလို့ လည်း  သူက ဆို ပါတယ်။



အီသီယိုးပီးယား လေယာဉ် ပျက်ကျမှုမှာ   ဖခင်ကို   ဆုံးရှုံးလိုက်ရ တဲ့  Zipporah    Kuria      ကတော့  “အခု  စီအီးအို ဖြစ်လာမယ့် သူ  အပါ အဝင်   ဘိုးရင်းက     လူတော်တော် များများ ရာထူးကနေ   နုတ်ထွက် သင့်တယ်လို့  ကျွန်တော် ခံစား နေ ရတယ်”လို့   ဘီဘီစီကို  ပြောပါ တယ်။



ဘိုးရင်းဟာ     ငါးလအတွင်း   737  Max    လေယာဉ်ပျက်ကျမှု နှစ်ခု (အင်ဒိုနီးရှားနဲ့  အီသီယိုးပီး ယား) ဖြစ်ပွားခဲ့ပြီးကတည်းက    ကြီးမား တဲ့    စုံစမ်းစစ်ဆေးမှုတွေ     ပြုလုပ် ခံ နေရပါတယ်။   737  Max      လေ ယာဉ်တွေကိုလည်း   မတ်လက တည်းက   ပျံသန်းမှု  ရပ်နားထားခဲ့ ရပါတယ်။



ဘိုးရင်း  ကုမ္ဗဏီကြီးဟာ     အခု နှစ်ကုန်ပိုင်းမှာ       737  Max  လေ ယာဉ်တွေ   ဝေဟင်မှာ   ပြန်လည် ပျံ သန်းနိုင်ဖို့   မျှော်လင့်ခဲ့တာပါ။  ဒါပေ မဲ့   အမေရိကန်  လေကြောင်း  အာ ဏာပိုင်တွေကတော့   737  Max လေယာဉ်တွေ      ဝေဟင်မှာ   လျင် မြန်စွာ  ပျံသန်းနိုင်ဖို့ကိုတော့  အ ာမ မခံ  ထားပါဘူး။



ဘိုးရင်း ကုမ္ဗဏီဘုတ်အဖွဲ့က  ဘိုးရင်းအနေနဲ့    အာဏာပိုင်တွေ၊ ခရီးသည်တွေ၊  စီးပွားရေး လုပ်ငန်း တွေနဲ့   ဆက်ဆံရေးကို  ပြန်လည် ပြု ပြင်ချင်သလို  ကုမ္ဗဏီကြီးရဲ့   ရှေ့ လုပ်ငန်းစဉ်တွေအတွက်  ယုံကြည် မှု တွေ  ပြန်လည်တည်ဆောက်ဖို့  လိုအပ်နေတာကြောင့်   ခေါင်း ဆောင်ပိုင်းကို    အပြောင်းအလဲ ပြု လုပ်ဖို့   ဆုံးဖြတ်ခဲ့တာလို့  ဆိုပါ  တယ်။



စီအီးအိုအဖြစ်  တာဝန်ထမ်း ဆောင်မယ့်    David   Calhoun   ဟာ      ဇန်နဝါရီ  ၁၃ ရက်နေ့မှာ   တာ ဝန်တွေကို  လွှဲပြောင်းရယူမှာ  ဖြစ်ပါ တယ်။        



Author: