မိုမိုလေး

Unicode

ကလေးချီပြီးသီချင်းဆိုရတဲ့ ကလေးအမေအဆိုတော် တစ်ယောက်ရဲ့အဖြစ်ကိုပြသလာတဲ့ ချစ်သုဝေ


ပေါ့ပါးလွတ်လပ်ပြီး ချစ်စရာကောင်းတဲ့ ချစ်သုဝေကို ပရိသတ်တွေက အချိန်အတော်ကြာ အားပေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သုဝေက ဆရာဝန်မလေးတစ်ဦးဖြစ်ပြီး သီချင်းတွေအဆိုကောင်းတဲ့ အဆိုတော်၊ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပြန်ပါတယ်။ ဘက်စုံထူးချွန်တဲ့ အဆိုတော်၊ မင်းသမီးလေး ချစ်သုဝေက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်ပေမယ့် သီချင်းတွေကို သီဆိုနေဆဲ ဖြစ်ပါတယ်။



ဒီတစ်ခေါက်မှာတော့ ချစ်သုဝေက ကလေးမေမေတွေရဲ့ ကိုယ်စိတ်၊ ကိုယ့်ခန္ဓာကိုယ်ကို မပိုင်တဲ့အဖြစ်ကို သူမရဲ့အဖြစ်နဲ့ ဥပမာယှဉ်ပြီး ပြသလာပါတယ်။



ချစ်သုဝေက စတိတ်ရှိုးတစ်ခုမှာ သီချင်းဆို ဖျော်ဖြေနေတုန်း ခေတ်နဲ့သစ်က စင်ပေါ်တက်လာပြီး သီချင်းဆိုတဲ့ မေမေ့အနား ပြေးကပ်ကြတာဖြစ်ပါတယ်။ ချစ်သုဝေခမျာ သမီးတစ်ယောက်ကို လက်ကချီပြီး သီချင်းဆုံးအောင် ဆက်ဆိုခဲ့ရပါတယ်။



ချစ်သုဝေက ခေတ်နဲ့သစ်ကို အချိန်ပေး ဂရုစိုက်ချင်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်တာ (၅) နှစ်ကျော်ပြီဆိုပေမယ့် သီချင်းတွေကိုတော့ သီဆိုနေဆဲ ဖြစ်ပါတယ်။



ချစ်သုဝေရဲ့အဖြစ်ကတေည့ တကယ့်ကို ရီချင်စရာပါပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး